ပြိုင်ဘက်ကစားသမား ၂ ဦးရဲ့ မတော်ရာကို ရည်ရွယ်ချက်ရှိရှိကန်ခဲ့မှုအတွက် ၇ ပွဲပယ်ခံလာရတဲ့ ဆွင်ဒန်တောင်းအသင်းခေါင်းဆောင်
====================

ဆွင်ဒန်တောင်းအသင်းခေါင်းဆောင်အိုလီကလပ်ခ်ဟာ ပွဲတစ်ပွဲအတွင်းတွင် ပြိုင်ဘက်ကစားသမား ၂ ဦးရဲ့ မတော်ရာကို ရည်ရွယ်ချက်ရှိရှိ ကန်ခဲ့မှုအတွက် ၇ ပွဲပယ်ပြစ်ဒဏ်ချမှတ်ခြင်းခံလာရပါတယ်။
အသက် ၃၃ နှစ်ရှိ အလယ်တန်းကစားသမားဟာ ပြီးခဲ့တဲ့လတုန်းက အက်ဖ်အေရဲ့ စွဲချက် ၂ ခုတင်မှုအား လက်ခံပြီးနောက် ပေါင် ၂၇၅၀ ဒဏ်ရိုက်ခြင်းခံခဲ့ရသူလည်း ဖြစ်ပါတယ်။
သူဟာ ဩဂုတ်လ ၁၂ ရက်နေ့တုန်းက ကာဒစ်ဖ်စီးတီးအား ရှုံးနိမ့်တဲ့ ခါရာဘောင်ဖလားပွဲစဉ်ရဲ့ ပွဲချိန် ၅၇ မိနစ်နှင့် ၉၄ မိနစ်တို့မှာ အထက်ပါ လုပ်ရပ်များကို လုပ်ဆောင်ခဲ့တာပါ။
ယင်းပွဲအပြီးတွင် မတော်ရာကို အကန်ခံခဲ့ရတဲ့ ကစားသမားတစ်ဦးက ဒိုင်လူကြီးအား အသိပေးခဲ့ကြောင်း သိရပါတယ်။
အက်ဖ်အေဟာ ကလပ်ခ်ရဲ့ လုပ်ရပ်အချက်အလက်အတိအကျကိုတော့ ကြေညာသွားခဲ့ခြင်း မရှိပါဘူး။
ကလပ်ခ်ဟာ ၇ ပွဲပယ်ပြစ်ဒဏ်မှ ၄ ပွဲပယ်ပြစ်ဒဏ်အား ကျခံထားပြီး ဖြစ်ကာ နောက်ထပ် ၃ ပွဲပယ်ပြစ်ဒဏ်အား ကျခံရပါဦးမယ်။

image