Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
အားလုံးမတူပေမဲ့ တန်ဖိုးကတော့ တူပါတယ်။
ကျနော့်ကို လာပြောပြတဲ့သူဟာ မန်စီဘက်က ရှမ်းလူမျိုးတစ်ယောက်ပါ။
သူ့ ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ အသည်း ကျောက်ကပ်နဲ့ နှလုံးအပါဝင် အစိတ်ပိုင်းအများစုဟာ အားနည်းနေပြီး လုပ်ဆောင်နိုင်စွမ်းသိပ်မရှိတော့ကြောင်း...
ဆရာဝန်က ပြောတယ်တဲ့။
ငွေကြေးတတ်နိုင်သူတွေမို့ ဆေးကောင်းဝါးကောင်းလည်း ဝယ်သုံးပေမဲ့ အဆင်မပြေတာကြာပြီမို့...
တိုင်းရင်းဆေးမှာ နည်းလမ်းရှိရင် ပြောပြပေးပါ...
ဒါမှမဟုတ် ဆေးဖော်ထားတာရှိရင် ဝယ်ချင်ပါတယ် ဆိုပြီး ပြောလာတာကြောင့်...
ကျနော်ဘက်ကလည်း မေးစရာရှိတာမေးရတာပေါ့...
နှလုံး၊အသည်း ကျောက်ကပ် အားနည်းနေပြီဆိုထဲက အိပ်တာ စားတာ မမှန်နိုင်တော့ဘူး...
မအိပ် အစား နည်းခဲ့တာကြောင့်လည်း ဒီကလီစာတွေ အားနည်းကုန်တာ ဖြစ်တယ်....
အထက်ပါအချက်က အများဆုံးဖြစ်ရတဲ့အကြောင်း။
ဒါကြောင့် မေးလိုက်တယ်....
မိတ်ဆွေ အိပ်ရေးမဝသလို ခံစားနေရတယ်မို့လား ဆိုပြီး.....?
ဟုတ်တယ်...ကျနော် အဲလိုခံစားနေရတယ် တဲ့။
အကြောတွေတက် အကြောတွေကပ်သလိုဖြစ်နေပြီး ညောင်းကျဝေဒနာခံစားလာရတယ်ဆိုတာရော....?
ချက်ချင်းပဲ ပြန်ပြောတယ် ဟုတ်ပါတယ်တဲ့။
ဒါဆို ကျနော်ပြောပြမဲ့ နည်းလမ်းလေးကို လုပ်ပြီး
ကုသကြည့်ပါ။
မိတ်ဆွေက ပိုက်ဆံပေါလို့ အကုန်ခံချင်တယ်ဆိုရင်တောင် ကုန်စရာမရှိပါဘူး..?
ခရမ်းခဆော့ပင် (ကသော့မျိုး)နဲ့
ခဆော့ခါးပင် (အရိုင်း) ကို သိလား လို့ မေးတော့
ပုံပြပေးဆိုပြီး ပြောတာကြောင့် ပိုစ့်မှာတင်ထားတဲ့
ဓာတ်ပုံ ၂ပုံပို့ပေးလိုက်တယ်။
အဲ့ဒီ အပင်၂မျိုးလုံးက မျိုးရင်းတူပြီး...
အာနိသင်ကွဲပေမဲ့ ဆေးဖက်ဝင်ပုံခြင်းက တယ်။
မိတ်ဆွေခံစားနေရတဲ့ ဝေဒနာတွေအတွက် ...
ဒီနည်းလမ်းက အကူညီဖြစ်စေလိမ့်မယ်...
ယုံကြည်စိတ်ချစွာ ပြုလုပ် သုံးစွဲကြည့်ပါ ...
ခရမ်းကဆော့ သီး (သို့) ကဆော့ခါးသီး (၁၀)လုံး
ခန့်အား ရေသေခြာဆေးပြီး ပေါက်ရုံလေး ဓားပြားရိုက်ပါ။
(အစေ့တွေ ဘေးထွက်ကုန်အောင် မလုပ်ရ)
ကွံရုံ ပေါက်ရုံသာ ဓားပြားရိုက်ထားတဲ့ ၎င်း အသီးများအား ငါးကြင်းခွက်ထဲသို့ထည့်(အခြားခွက်လည်းရ) ပွက်ပွက်ဆူနေတဲ့ရေနွေးအားလောင်းထည့်ပြီး
ခဏမျှ အဖုံးအုပ်ပေးထားပါ။
ရေနွေးရဲ့အရောင်ကာလာက အဝါရောင်သမ်းပြီဆိုပါက နွေးနွေးလေး မှုတ်သောက်ပေးပါ။
တစ်နေ့ ၂ကြိမ် နံနက် ညအိပ်ယာဝင်တဲ့အချိန်သောက်ပါ။
အသည်း အားနည်းသူ
ကျောင်ကပ်အားနည်းသူ
ကောင်းစွာအိပ်မပျော်သူ
အစားအသောက် ပျက်သူ
ညောင်းကျ ပိန်ကပ် အကြောတက် အကြောကပ်သူများ အထက်ပါနည်းလမ်းဖြင့် ကုသနိုင်ပါရန်
မေတ္တာဖြင့် မျှဝေပေးလိုက်ခြင်းဖြစ်ပါတယ်ဗျ။
ကျနော့်မိတ်ဆွေများအားလုံး အနာရောဂါဘေးမှ
ကင်းဝေးကြပါစေ။
"တိမ်တွေဟာ သိပ်လှတာပဲလို့ ကိုယ်ပြောရင် မင်းယုံလိုက်ပါ"☁☁
----------
☁☁တိမ်နဲ့ချည်တဲ့ကြိုး - ဂျူး☁☁
ရင်ထဲတန်းလန်းကြီး ကျန်ခဲ့လို့ တော်တော်နဲ့ Review မရေးနိုင်သေးတဲ့ စာအုပ်လေး။ တိမ်တွေဝေနေတဲ့ ချင်းပြည်ရဲ့ အရသာ...ဖတ်ပြီး ချင်းပြည်နယ်ကို အပြေးသွားချင်လောက်တဲ့အထိ ချင်းပြည်နယ်ကို နောက်ခံထားကာ ရေးဖွဲ့ထားတဲ့ ရသစာအုပ် တစ်အုပ်ဖြစ်ပါသည်။
ဇာတ်လမ်း၏အစတွင် ငွေဝန်း၏ နောင်တများ၊ စိတ်ကျရောဂါ ဝေဒနါများနှင့် ဟားခါးခရီးကို ထွက်လာတော့ အတိတ်ကနာကျဥ်မှုများကို တောင်ပေါ်က တိမ်ငွေ့တွေနဲ့ ကုစားဖို့ ခရီးထွက်တာလား၊ တောင်ပေါ်က ရလာတဲ့ ဒဏ်ရာ တောင်ပေါ်မှာပဲကုဖို့ ချင်းတောင်ကို ပြန်သွားတာလား ထိုသို့အတွေးပွားမိသည်။ သူမရဲ့ ဒါဏ်ရာတွေကရော ဘယ်ကရလာတာပါလိမ့်။ နတ်ဆေးဂမုန်းပင်ကို တွေ့လိုက်ရုံနဲ့ သူမ ဘာကြောင့် အတိတ်က ဒဏ်ရာကို သတိရသွားတာပါလိမ့်ဟု နောက်မှ အဖြေသိရသည်။ သူမကြောင့်..သူမကြောင့်..လူတစ်ယောက် ဆုံးရှုံးခဲ့ရတယ်...သေဆုံးခဲ့ရတယ်...ဒီနောင်တကနေဝေးရာ ဘယ်မှ မပြေးနိုင်တော့ တောင်တန်းဒေသတွေဆီကို ပြန်ရောက်လာခဲ့တဲ့ သုတေသန လုပ်နေတဲ့ ဆရာမလေး ငွေဝန်းသော်တာ။ သူကြောင့် နောက်ထက်လူတစ်ယောက် ဆုံးရှုံးမှာစိုးရိမ်စိတ်နဲ့ နောက်ဆုံး......။
တိမ်နဲ့ချည်တဲ့ကြိုး ဆိုတဲ့အတိုင်း အေးအေးလေးနဲ့ ငြိမ့်ငြိမ့်ညောင်းညောင်းလေး ဖတ်ရပြီး သံယောဇဥ်တစ်ခုခု ရစ်ကျန်ခဲ့သလို ရသစွမ်းရည်ကို ခံစားရစေမယ့် စာအုပ်လေး။ ထို့ပြင် ချင်းပြည်နယ်ရဲ့အလှ ၊ တိမ်တွေဝေတဲ့ အရပ်ဒေသ ဖတ်နေရင်း အိပ်ယာထဲ တိမ်တွေဝင်လာသလို ခံစားမှု ပေးနိုင်မယ့် စာအုပ်လေး။ အောက်ချင်းငှက်တို့၏ သဘာဝ ၊ချင်းတိုင်းရင်းသားတို့၏ စကားပြောပုံ ခပ်ပြတ်ပြတ်နှင့် ချစ်စရာ ထျန်းအုခ်ထန် တို့မောင်နှမတို့ရဲ့ ဘဝများကို ကြည်နူးဖွယ် ခံစားရပေဦးမည်။
ဆရာမဂျူးရဲ့ ထုံးစံအတိုင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအကြောင်း ပြောပေးတဲ့ ဇာတ်ကောင် ပိုင်စိုး။ သံယောဇဥ်တွေ ဘယ်တွယ်တာ နှောင်ဖွဲ့မှုတွေက ပိုင်းစိုးနဲ့ ဘွေ့ပီးတို့ရဲ့ အနာဂတ်ကို မချုပ်နှောင်နိုင်ခဲ့ပေမယ့် ဘွေ့ပီးကို ချစ်ရသူ ဆုတ်ကျဲရ်လျန်ကတော့...နာကျဥ်စွာနဲ့ ခါးသီးစွာ ပြုံးပြီး နှုတ်ဆက် ကဗျာလေး ရွတ်ဆိုပြခဲ့တယ်။
" ဆုံးရှုံးရခြင်း အတတ်ပညာဟာ တစ်ဖက်ကမ်းခတ် တတ်မြောက်ဖို့ မခက်ခဲပါဘူး။
အများစု အရာတွေဟာ ပျောက်ဆုံးဖို့သက်သက် ရည်ရွယ်ထားသလို ပဲမို့
သူတို့ကိုဆုံးရှုံးရလို့တော့ ဆောက်တည်ရာမရ ဖြစ်ဖို့မလို။
နေ့တိုင်း နေ့တိုင်း တစ်ခုခုတော့ ပျောက်ဆုံးနေကြတာပဲ။
တံခါးသော့ပျောက်တဲ့ စိတ်တိုခြင်းတွေ၊
ဆိုးဆိုးရွားရွား ကုန်ဆုံးသွားတဲ့ အချိန်နာရီတွေ။ ဆုံးရှုံးရခြင်း အတတ်ပညာဟာ တစ်ဖက်ကမ်းခတ် တတ်မြောက်ဖို့ မခက်ခဲပါဘူး။
ဒီတော့ နေရာတွေ နာမည်တွေ နောက်ထပ် နောက်ထပ် ဆုံးရှုံးဖို့ ပိုပြီး မြန်မြန်ဆုံးရှုံးဖို့ လေ့ကျင့်ရမှာပေါ့...."
----
စာဖတ်ခြင်းသည် သင်၏အနာဂတ်ကို တိုးတတ်ပြောင်းလဲစေသည်။
Angelfish Male Vs Female🐠
Angelfish တွေက တည်ငြိမ်တယ် ငြိမ်းချမ်းတယ် အန္တရာယ် တွေလာရင်လဲ လျှင်မြန်စွာဖြေရှင်းကြတယ် ဒီငါးတွေက Stable ဖြစ်နေရင် အလွန်မှ တည်ငြိမ်အေးဆေးကြပြီး အန္တရာယ် ကျရောက်လာရင်လဲ အလျှင်အမြန် ကာကွယ်နိုင်စွမ်းတွေရှိကြပါတယ်
ကျွန်တော်တို့ နေ့စဥ်ကြုံတွေနေရတဲ့ အလုပ်တွေကို တည်ငြိမ် စွာ ဖြေရှင်းပြီး ပြဿနာတွေကို လျှင်မြန်စွာဖြေရှင်း ရမဲ့သဘော သဘာဝပုံစံငါးမျိုးဖြစ်ပါတယ်
ဒီငါးလေးတွေက အိမ်တိုင်းမဖြစ်မနေမွေးသင့်ပါတယ် ထိန်းသိမ်းရလွယ်တယ် စောင့်ရှောက်ရ သက်သာတယ် သားပွားနှုန်းမြန်တယ် စိတ်ရှုပ်စိတ်ညစ် စိတ်မကျန်းမာတာတွေကို ဖြေရှင်းဖို့ အကောင်းဆုံးနည်းကတော့ Angel Fish တစုံ ကို ဝယ်မွေးလိုက်ခြင်းပါပဲ။ အဆုံးထိဖတ်ပေးလို့ကျေးဇူးပါခင်ဗျ ငါးလှလှလေးတွေအများကြီးပိုင်ဆိုင်ပါစေခင်ဗျာ 🥰