ဗီလာရှုံးပွဲအပြီးတွင် ရေဗူးဖြင့် ပစ်ပေါက်မှုအတွက် စွဲချက်တင်ခံလာရတဲ့ ချဲလ်ဆီး
=====================

ချဲလ်ဆီးဟာ ဒီဇင်ဘာလနှောင်းပိုင်းတုန်းက ပွဲအပြီးတွင် ဗီလာအရန်ခုံရှိရာ ပရိသတ်တစ်ဦးက ရေဗူးဖြင့် ပစ်ပေါက်မှုအတွက် အက်ဖ်အေရဲ့ စွဲချက်တင်ခြင်းခံလာရပါတယ်။
စတမ်းဖို့ဒ်ဘရစ်ချ်တွင် ဗီလာတို့ နောက်ကကစားပြီး ၂-၁ ဖြင့် အနိုင်ရတဲ့ပွဲအပြီးတွင် ဗီလာအရန်ခုံရှိရာသို့ ပရိသတ်တစ်ဦးက ရေဗူးဖြင့် ပစ်ပေါက်ခဲ့တာလည်း ဖြစ်ပါတယ်။
ယင်းရေဗူးကို ပွဲကြည့်စင်မှ ပရိသတ် ပစ်တာလား၊ နည်းစနစ်ဧရိယာအတွင်း ရှိသူတစ်ဦးဦးက ပစ်တာလား မရှင်းလင်းပေမယ့် ရေသန့်ဗူးဖြစ်ကြောင်း အတည်ပြုထားနိုင်ခဲ့ပါတယ်။
ဗီလာနည်းပြအဖွဲ့ဝင်တစ်ဦးဟာ ကလပ်သမိုင်းတွင် ဒုတိယအကြိမ်မြောက် ၁၁ ပွဲဆက် နိုင်ပွဲ ရရှိပြီးနောက် ရေဗူးဖြင့် ပစ်ပေါက်ခံလာရချိန်တွင် ချဲလ်ဆီးအရန်ခုံဘက်သို့ လက်ညှိုးထိုးခဲ့တာလည်း တွေ့ရပါတယ်။
လက်ရှိအချိန်တွင် ချဲလ်ဆီးဘက်က ယင်းဖြစ်ရပ်ကို စုံစမ်းစစ်ဆေးမှု ပြုလုပ်နေဆဲ ဖြစ်ပြီး တစုံတရာ မှတ်ချက်ပြု ပြောကြားထားခြင်း မရှိသေးပါဘူး။

image