ဝရက်စ်ဟမ်းအား ရှုံးနိမ့်ကာ အက်ဖ်အေဖလားမှ ထွက်ခဲ့ရပြီးနောက် ဖောရက်စ်ကစားသမားများအား ကိုယ့်ကိုယ်ကို မှန်တွင် ပြန်ကြည့်ရန် ဒိုက်ချီပြောကြားလာ
===================
ရှောင်ဒိုက်ချီဟာ ဝရက်စ်ဟမ်းအား ရှုံးနိမ့်ကာ အက်ဖ်အေဖလားတတိယအဆင့်မှ ထွက်ခွာခဲ့ရပြီးနောက် နော်တင်ဟမ်ဖောရက်စ်ကစားသမားအချို့အနေဖြင့် ကိုယ့်ကိုယ်ကို မှန်တွင် ပြန်ကြည့်ရန် ပြောကြားလာပါတယ်။
ပရီးမီးယားလိဂ်ကလပ်ဟာ အက်ဖ်အေဖလားတတိယအဆင့်တွင် ပထမဆုံးကစားရတဲ့ ပရီးမီးယားလိဂ်ကလပ် ဖြစ်ပြီး အဆင့်နိမ့်လိဂ်မှ ကလပ်နှင့် ရင်ဆိုင်ရတာပါ။
ရှောင်ဒိုက်ချီဟာ အင်္ဂါနေ့တုန်းက ဝက်စ်ဟမ်းကို အနိုင်ရတဲ့ပွဲစဉ်မှ လူစာရင်းကို ၈ ဦးအထိ အပြောင်းအလဲ ပြုလုပ်ခဲ့ပါတယ်။
မနေ့ညကပွဲတွင် နော်တင်ဟမ်ဖောရက်စ်ဟာ ၂-၀ ဂိုးဖြင့် ပထမပိုင်းတွင် ရှုံးနိမ့်နေခဲ့ပြီး ၃-၃ ဖြစ်တဲ့အထိ တိုက်ပွဲဝင်ခဲ့ပေမယ့်လည်း ပင်နယ်တီအဆုံးအဖြတ်မှာတော့ ၄-၃ ဖြင့် အရေးနိမ့်သွားခဲ့ပါတယ်။
ဒိုက်ချီက "ပထမပိုင်းခြေစွမ်းကတော့ လုံးဝ လက်ခံနိုင်စရာ မရှိဘူး။ ကစားသမားတွေလည်း သိကြပါတယ်။ တချို့ ကိုယ့်ကိုယ်ကို မှန်မှာ ပြန်ကြည်သင့်တယ်။ ဒါပေမယ့် ဘောလုံးမှာ ထူးဆန်းတယ်။ ဒုတိယပိုင်းမှာ ဝင်ကစားတဲ့သူတွေကိုတော့ ချီးကျူးရမယ်။ ပရီးမီးယားလိဂ်အသင်းတစ်သင်းလို ပြန်ဖြစ်သွားတယ်။ ပထမပိုင်းမှာလို ကစားလို့ မရပါဘူး။ လုံးဝ လက်ခံနိုင်စရာ မရှိပါဘူး။ ကျုပ်လည်း လက်မခံဘူး။ ကိုယ့်ကိုယ်ကို မှန်မှာ ပြန်ကြည့်ရမယ်။ ဒီလိုဂိုအတက် လက်ခံနိုင်စရာ မရှိပါဘူး။ သူတို့ တံခါးခေါက်ပြီး ဘာလို့ ကစားခွင့်မရတာလဲ မေးကြတယ်။ တချို့အတွက် သက်သေအထောက်အထားက ရှိပြီးသားပါ။ အားလုံးအတွက် မရှိသေးဘူး"လို့ ပြောကြားသွားပါတယ်။