ဖရုံညွန့်ဟာ စားလို့ကောင်းပြီး အကျိုးကျေးဇူးများတဲ့ ရိုးရာဟင်းသီးဟင်းရွက်တစ်မျိုးဆိုတာ လူတော်တော်များများ သိကြပါတယ်။ ဒါပေမဲ့ ဖရုံညွန့်မှာ ဒီထက်ပိုပြီး နက်နဲတဲ့ ဆေးဖက်ဝင်စွမ်းအားတွေ ဝှက်ထားတယ်ဆိုတာ လူတိုင်း မသိနိုင်ပါဘူး 👇
🧠 ၁။ အခြားအရွက်များထက် ပိုမိုလွယ်ကူစွာ စုပ်ယူနိုင်သော ဘီတာကယ်ရိုတင်း အရင်းအမြစ်ဖြစ်သည်
ဖရုံညွန့်မှာ ဘီတာကယ်ရိုတင်း (Beta-Carotene) အလွန်မြင့်မားစွာ ပါဝင်ပြီး၊ အပူပေးလိုက်တဲ့အခါ (ဥပမာ- ရေနွေးဖျောခြင်း သို့မဟုတ် အမြန်ကြော်ခြင်း) ခန္ဓာကိုယ်က ဒီဓာတ်ကို အခြားဟင်းရွက်များထက် ပိုမိုကောင်းမွန်စွာ စုပ်ယူနိုင်စေပါတယ် → ဒါဟာ အမြင်အာရုံ၊ အသားအရေနဲ့ ကိုယ်ခံအားကို တိုက်ရိုက် အားကောင်းစေပါတယ်။
🌿 ၂။ ခန္ဓာကိုယ် မျှတစေရန် ကူညီပေးသော “အေးတဲ့သတ္တိ” ရှိသည့် ဟင်းသီးဟင်းရွက်ဖြစ်သည်
ထိုင်းရိုးရာဆေးပညာအရ ဖရုံညွန့်မှာ အေးတဲ့သတ္တိ အပျော့စား ရှိပါတယ် → ကိုယ်တွင်းအပူများသူ၊ ပါးစပ်တွင် အပူဖုများ မကြာခဏ ပေါက်သူ၊ အသည်းနှင့် အစာအိမ်တွင် အပူစုဆောင်းမှု ရှိသူများအတွက် သင့်လျော်ပါတယ်။ ဒါဟာ ကိုယ်တွင်းက အပူဒဏ်ကို ညင်သာစွာ ဖယ်ရှားပေးနိုင်ပါတယ်။
💪 ၃။ အူလမ်းကြောင်းအတွင်းမှ အညစ်အကြေးများကို သဘာဝအတိုင်း ဆေးကြောပေးသည်
ဖရုံညွန့်ရှိ အမျှင်ဓာတ်ဟာ သိမ်မွေ့ပြီး အူလမ်းကြောင်းကို မထိခိုက်ပါဘူး။ နာတာရှည် ဝမ်းချုပ်ခြင်းပြဿနာရှိသူများအတွက် သင့်လျော်ပါတယ် → ပုံမှန်စားသုံးခြင်းဟာ အူလမ်းကြောင်းထဲမှာ ကျန်ရှိနေတဲ့ အဆိပ်အတောက်တွေနဲ့ အညစ်အကြေးတွေကို သန့်စင်ပေးပြီး အသားအရေကို မသိမသာ ကြည်လင်တောက်ပလာစေပါတယ်။
🫀 ၄။ သွေးကြောများကို ဂရုစိုက်ပြီး ဆေးမသောက်ဘဲ သွေးပေါင်ချိန်ကို လျှော့ချပေးနိုင်သည်
ဖရုံညွန့်ရှိ ပိုတက်စီယမ် (Potassium) ဟာ ခန္ဓာကိုယ်ထဲက “ပိုလျှံနေတဲ့ ဆိုဒီယမ်ဓာတ်ကို ဖယ်ရှားခြင်း” မှာ အခန်းကဏ္ဍတစ်ရပ်မှ ပါဝင်ပါတယ် → ဒါဟာ သွေးပေါင်ချိန်ကို မျှတစေပြီး နှလုံးရောဂါနှင့် သွေးကြောကျဉ်းရောဂါ ဖြစ်နိုင်ခြေကို တိတ်တဆိတ် လျှော့ချပေးပါတယ်။
🍵 ၅။ ရှေးရိုးစွဲ ဆေးနည်းများတွင် အပူကျစေရန်နှင့် မီးဖွားပြီး အမျိုးသမီးများ အားပြန်ဖြည့်ရန် အသုံးပြုသည်
မြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်းဒေသများစွာတွင် ရှေးလူကြီးများသည် ဖရုံညွန့်ကို ပိတ်ချင်းရွက် သို့မဟုတ် ပင်စိမ်းရွက် တို့နှင့် ရောပြုတ်ပြီး မီးဖွားပြီးနောက် အားပြန်လည်ကောင်းမွန်စေရန်၊ သွေးအားကောင်းစေရန်နှင့် အမြန်ဆုံးပြန်လည်ကျန်းမာလာစေရန် ဆေးရည်အဖြစ် သောက်သုံးခဲ့ကြသည်။
⚡ အနှစ်ချုပ် “လျှို့ဝှက်ချက်”
> 📝 ဖရုံညွန့်ဟာ ရိုးရိုးရှင်းရှင်း ဟင်းသီးဟင်းရွက်တစ်ခုသာ မဟုတ်ပါဘူး — ဒါဟာ အမြင်အာရုံကို အားဖြည့်ပေး၊ အဆိပ်အတောက်တွေကို ဖယ်ရှားပေး၊ ကိုယ်တွင်းမျှတမှုကို ထိန်းညှိပေးပြီး ကိုယ်ခံအားကိုပါ မြှင့်တင်ပေးနိုင်တဲ့ “မီးဖိုချောင်ထဲက လျှို့ဝှက်ဆေးဖက်ဝင်အပင်” တစ်ခု ဖြစ်ပါတယ်။
#ကျန်းမာရေးဗဟုသုတ

image

Disk (C အနီပြနေတာ ဘာကြောင့်လဲ? ဘယ်လိုဖြေရှင်းရမလဲ?
++++++++++++++++++++++++++++++++++++++
ကွန်ပျူတာသုံးတဲ့သူတိုင်း Disk (C မှာအနီ‌ပြနေတာကို မြင်ဖူးကြမယ်လို့ထင်ပါတယ်။ အဲဒီအနီပြတာက ဘာကိုဆိုလိုတာလဲဆိုရင် — သင့် System Drive (C မှာ လွတ်တဲ့ memory/space နည်းနည်းပဲကျန်နေပြီဆိုတဲ့ သတိပေးချက်ပါ။
ဘာကြောင့် အနီပြလဲ?🤔
✨Windows System Files – Update များ၊ Cache များကြောင့် system file size ကြီးလာတတ်ပါတယ်။
✨Software & Program များ – C drive ထဲမှာ သွင်းထားတဲ့ application တွေ၊ games တွေက နေရာများများစားပါတယ်။
✨Downloads Folder – မဖျက်ဘဲ စုထားတဲ့ file များကြောင့်လဲ Drive နေရာပြည့်တတ်ပါတယ်။
✨Temporary Files – Browser cache, Windows temp file တွေ များလာတာကြောင့်ဖြစ်ပါတယ်။
✨Recycle Bin မလွတ်ခြင်း – ဖျက်ထားတဲ့ file တွေ Recycle Bin ထဲမှာနေရင်လည်း C drive ကို ဆက် occupy လုပ်နေပါတယ်။
⚠️ ဘာတွေဖြစ်လာနိုင်မလဲ?
++++++++++++++
ကွန်ပျူတာ နှေးလာမယ်။
Program တချို့ မဖွင့်နိုင်တော့ဘဲ error ပြတတ်တယ်။
Update တွေ install မဖြစ်နိုင်တော့ဘဲ system error တွေဖြစ်တတ်တယ်။
✅ ဖြေရှင်းနည်း (Step by Step)�Disk Cleanup သုံးပါ။�Start > Search “Disk Cleanup” > C Drive ရွေး > Temporary Files, System Cache, Recycle Bin အကုန်ရွေးပြီး Clean လုပ်ပါ။
2. မသုံးတဲ့ Program / Games တွေ ဖျက်ပါ
Control Panel > Programs > Uninstall a Program > မသုံးတဲ့ software တွေကို ဖျက်ပါ။
3. Personal Files တွေရွှေ့ပါ။
Photos, Videos, Movies တို့ကို D Drive သို့မဟုတ် External HDD/SSD ထဲကိုရွှေ့ပါ။
4. Recycle Bin ကို Empty လုပ်ပါ။
Desktop ပေါ်က Recycle Bin ကိုမကြာခဏ ရှင်းပေးပါ။
5. Storage Sense သုံးပါ (Windows 10/11)
Settings > System > Storage > Storage Sense ကို ON လုပ်ထားပါ။
6. System Restore Point မလိုအပ်တာတွေ ဖျက်ပါ။
Control Panel > System > System Protection ထဲဝင်ပြီး Restore Point မလိုတာတွေကို Delete လုပ်ပါ။
🌟အကြံပြုချက်
=========
C Drive ကို အနည်းဆုံး 15% – 20% လောက် အလွတ်ထားပါ။
တစ်လတစ်ကြိမ်လောက် Disk Cleanup လုပ်ပေးတာက PC ကို မြန်ဆန်စေပါတယ်။
C drive ကို System Drive အတွက်ပဲ သုံးပြီး Personal Data မထားတာ အကောင်းဆုံးဖြစ်ပါတယ်။
#crd_to_owner_with_respect

image

✡ ခေါက်ဆွဲထုပ်ကို အန္တာရာယ်ကင်းအောင် ချက်ပြုတ်စားသောက်နည်း
လူအများစုဟာ ရေးနွေးထဲ အဆင်သင့် ထည့်စားရုံ လွယ်ကူတဲ့ ခေါက်ဆွဲခြောက် ထုပ်တွေကို စားသုံးမှု များကြပါတယ်။ ဒါတွေက ကြာရှည်လည်း အထားခံတဲ့အတွက် နောက်ပိုင်းမှာ တဖြည်း ဖြည်း ပိုမိုတွင်ကျယ်လာပါတယ်။အဆင်သင့် ခေါက်ဆွဲခြောက်ထုပ်( Instant Noddle) တွေကို ဂျပန်ကုမ္ပဏီ တစ်ခုက စတင်ထုတ်လုပ်ခဲ့တာဖြစ်ပါ တယ်။ အဆင်သင့် ခေါက်ဆွဲခြောက်ထုပ် တွေကို နေ့စဉ် စားနေတာဟာ ကျန်းမာရေးကို အန္တရာယ်ပေးနိုင်ပါတယ်။
အကြောင်းကတော့ အာဟာရတန်ဖိုး နည်းပါးပြီး ဆား(ဆိုဒီယမ်)၊ အဆီ၊ အချို မှုန့်၊ အရသာ စတဲ့ အရာတွေ ပါဝင်မှု များတာကြောင့်ပါ။ ဆား(ဆိုဒီယမ်) ပါဝင်မှု များတာကြောင့် အဆင်သင့် ခေါက်ဆွဲခြောက် ထုပ်တွေကို နေ့တိုင်းစားရင် သွေးတိုးရော ဂါ ဖြစ်စေနိုင်ပါတယ်။အဲဒီကတစ်ဆင့် နှလုံးရောဂါ၊ လေဖြတ်တာနဲ့ ကျောက်ကပ်ထိခိုက်တာတို့ ဖြစ်တတ်ပါတယ်။
အရွယ်ရောက်သူနဲ့ လေးနှစ်ကျော်တဲ့ ကလေးတွေရဲ့ တစ်နေ့မှာ ဆိုဒီယမ် စားနိုင်တဲ့ ပမာဏက ၁၅၀ဝ မီလီဂရမ်ဖြစ်ပြီး ပျမ်းမျှအားဖြင့် ခေါက်ဆွဲထုပ်တစ်ထုပ်မှာ ပါဝင်တဲ့ ဆိုဒီယမ်က ၂၇၀ဝ မီလီဂရမ်ဖြစ်ပါတယ်။ ခေါက်ဆွဲ ခြောက်ထုပ်မှာ ပါဝင်တဲ့ ဆီဟာ ချက်ပြုတ်စားသောက်နည်း မမှန်ရင် ကင်ဆာဖြစ်စေနိုင်ပါတယ်။အချိုမှုန့် (Flavour) ပါဝင်တာကြောင့် သွေးတိုးရောဂါနဲ့ တခြားရောဂါဝေဒနာတွေကို ဖြစ်စေ နိုင်ပါတယ်။
အရသာ (Junk Food ) အဖြစ် အမဲသားအနံ့၊ ပင်လယ်စာအနံ့ စတာတွေကို ထည့်သွင်းထားကာ ထုတ်လုပ်တဲ့ ကုမ္ပဏီ ပေါ်မူတည်ပြီး အမျိုးအစား မတူပေမယ့် အများအားဖြင့် အန္တရာယ်ရှိပါတယ်။ခေါက်ဆွဲထုပ်ကို အများကြီး စားရင် အစာမကြေဖြစ်တတ်ပါတယ်။ ခေါက် ဆြဲထုပ်ကို အဆင်သင့်အစာ (Junk Food) အဖြစ် ကျန်းမာရေးနဲ့ မညီညွတ် တဲ့ အစာလို့ ဝေဖန်ကြပါတယ်။ ခေါက်ဆွဲထုပ်တစ်ထုပ်မှာ ကာဗိုဟိုက်ဒရိတ်နဲ့ အဆီပါဝင်မှု များပေမယ့် အမျှင်ဓာတ်၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပါဝင်မှုက လျော့နည်းပါတယ်။
ခေါက်ဆွဲထုပ်ကို အန္တာရာယ်ကင်းအောင် ချက်ပြုတ်စားသောက်နည်း
ခေါက်ဆွဲထုပ်ကို ဖောက်ပြီး ခေါက်ဆွဲတွေကို အရင်ဆုံး ရေနွေးထဲ ထည့်ပြုတ်ပါ။ ပြီးရင် ရေကို သွန်ပစ်လိုက်ပါ။ ဒါဆိုရင် ခေါက်ဆွဲတွေ မကပ်ငြိအောင် ကာကွယ်ပေးတဲ့ ဖယောင်း (Wax) ကျက်သွားပါလိမ့်မယ်။ ပြီးမှ ဟင်းအရည်နဲ့ စားချင်ရင် ရေနွေး ထပ်ထည့်ရပါမယ်။ ခေါက်ဆွဲကျက်မှ ဆီ၊ ဆား စတဲ့ ပါဝင်တဲ့ အရသာအမှုန့်တွေကို ထည့်ပေးရမှာ ဖြစ်ပါတယ်။
ဒီနည်းက လုံးဝ အန္တရာယ်ကင်းတာတော့ မဟုတ်ပါဘူး။ အရင်က လူအများစုဟာ ရေနွေးပြုတ်ထဲ ခေါက်ဆွဲနဲ့ ပါဝင်တဲ့ ပစ္စည်းတွေ အကုန်ထည့်ပြီး ခေါက်ဆွဲကျက်ရင် စားလေ့ရှိကြပါတယ်။ ဒီနည်းနဲ့ စာရင် အခုပြောပြတဲ့ ချက်ပြုတ် နည်းက အန္တရာယ် ပိုလျော့ပါးသွားတာ ဖြစ်ပါတယ်။နောက်တစ်ချက်က လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်တွေ ထည့်ပြီး ပြုတ်စားရင် ခေါက်ဆွဲထုပ်မှာ ပါဝင်မှု နည်းတဲ့ အမျှင်ဓာတ်၊ ဗီတာမင်နဲ့ သတ္တုဓာတ် တွေကို ရရှိစေနိုင်တာကြောင့် ကျန်းမာ ရေးအတွက် ကောင်းပါတယ်။
အန္တာရယ်ကင်းချင်ရင် ခေါက်ဆွဲ ထုပ်ကို နေ့တိုင်း မစားသင့်ပါဘူး။ တစ်နေ့ သုံး-လေးထုပ်စားတာကို ရှောင်ရပါမယ်။ ကြိုက်လို့ စားချင်ရင် သုံးရက်ကြာမှ တစ် ထုပ်လောက်ပဲ စားပါလို့ ပြောချင်ပါတယ်
Credit original writter

image

၂၀၂၆ ကမ္ဘာ့ဖလားမတိုင်မီ အင်တာမိုင်ယာမီရဲ့ လေ့ကျင့်ရေးကွင်းတွင် လေ့ကျင့်ခန်းဆင်းရန် အင်္ဂလန်အသင်း ဆွေးနွေးနေ

အောက်တိုဘာ ၁၇

အက်ဖ်အေဟာ ၂၀၂၆ ကမ္ဘာ့ဖလားမတိုင်မီ အင်တာမိုင်ယာမီရဲ့ လေ့ကျင့်ရေးကွင်းအား အင်္ဂလန်အသင်း အသုံးပြုနိုင်ရေးအတွက် ကလပ်ပူးတွဲပိုင်ရှင် အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်းဒေးဗစ်ဘက်ခမ်းနှင့် ဆွေးနွေးမှုများ ပြုလုပ်နေပါတယ်၊

သောမတ်စ်တူချယ်ဦးဆောင်တဲ့ အင်္ဂလန်အသင်းဟာ အင်္ဂါနေ့တုန်းက လတ်ဗီးယားကို ၅-၀ ဂိုးဖြင့် အနိုင်ရရှိပြီးနောက် ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ခဲ့ပါတယ်။

အင်္ဂလန်ဟာ ကမ္ဘာ့ဖလားစောစီးစွာ အောင်မြင်လာမှုနှင့်အတူ နှစ်ပေါင်း ၆၀ အတွင်း ပထမဆုံး ကမ္ဘာ့ဖလားဆွတ်ခူးနိုင်ရေး ပြင်ဆင်ချိန်အပြည့်အဝ ရရှိနေပါတယ်။

ယနေ့တွင် Sky Sports ရဲ့ ဖော်ပြလာမှုအရ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ဟာ ဒေးဗစ်ဘက်ဟမ်းပူးတွဲပိုင်ဆိုင်တဲ့ အင်တာမိုင်ယာမီရဲ့ လေ့ကျင့်ရေးစခန်းအား အသံးပြုကာ ပူနွေးရာသီ လေ့ကျင့်ခန်းဆင်းမှု ပြုလုပ်ရေး ဆွေးနွေးနေကြောင်း သိရပါတယ်။

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများဟာ ဒေးဗစ်ဘက်ဟမ်းကို တရားဝင် ဆက်သွယ်မေးမြန်းမှုများ ပြုလုပ်ထားပေမယ့် အတိအကျတော့ မဆုံးဖြတ်ရသေးပါဘူး။

အက်ဖ်အေဟာ လာမယ့် ဒီဇင်ဘာလ ၅ ရက်နေ့ ၂၀၂၆ ကမ္ဘာ့ဖလားအုပ်စုမဲခွဲပြီးဆုံးချိန်တွင်မှ ဘယ်နေရာတွင် အခြေစိုက်မှု ပြုလုပ်ရမလဲဆိုတာ ဆုံးဖြတ်ရပါမယ်။

အင်တာမိုင်ယာမီပူးတွဲပိုင်ရှင် ဒေးဗစ်ဘက်ဟမ်းဟာ အင်္ဂလန်အသင်းတွင် ကစားစဉ်တုန်းက ၁၁၆ ပွဲကစားကာ ပွဲအများဆုံးကစားသူ စံချိန်တင်ခဲ့ဖူးပြီး ၂၀၁၆ ခုနှစ်တွင် ဝိန်းရွန်းနီရဲ့ ရိုက်ချိုးခြင်းခံခဲ့ရပါတယ်။

အင်္ဂလန်အသင်းကို ခြောက်နှစ်တိုင်တိုင် အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့တဲ့ ဒေးဗစ်ဘက်ဟမ်းဘက်ကလည်း အင်္ဂလန်အသင်းအောင်မြင်မှု ရရှိရေး အတတ်နိုင်ဆုံးကူညီရန် အသင့် ရှိနေပါတယ်။

ဒေးဗစ်ဘက်ဟမ်းပူးတွဲပိုင်ဆိုင်တဲ့ အင်တာမိုင်ယာမီဟာ ကွင်းခြောက်ကွင်းပါ Floria Blue Training Center တွင် လေ့ကျင့်နေတာ ဖြစ်ပြီး အနီးတွင် ပရိသတ် ၁၉၁၀၀ ဆန့် Chase Stadium လည်း ရှိပါတယ်။

#ဘောလုံးသတင်းစုံ

image
21 w - Translate

"Be careful of your surroundings."

image

တစ်နေ့တာ အမောပြေစေဖို့?

အောက်တိုဘာ ၁၇ ရက်နေ့ စက်သုံးဆီစျေးနှုန်းများ

#centralnewsnaypyitaw

image

အောက်တိုဘာ ၁၇ ရက်နေ့ စက်သုံးဆီစျေးနှုန်းများ

#သတင်းဟင်းလေးအိုးကြီး

image
21 w - Translate

📚🌿💸အသက်ကြီးမှပိုသိလာတာ " ကိုယ့်ရှိမှ ကိုယ့်ပိုက်ဆံ" ဆိုတာပါပဲ...💸
ကိုယ်နဲ့ နီးစပ်တဲ့ ဘယ်သူ့ဆီမှာပဲ ရှိရှိ သူတို့ရှိတာ သူတို့ပိုက်ဆံပေါ့...
ညီအစ်ကို မောင်နှမတွေ ဘယ်လောက်ဝင်ငွေ ကောင်းကောင်း သူတို့ဆီမှာရှိတာ သူတို့ပိုက်ဆံပဲ ၊ကိုယ်လိုအပ်လို့ ယူလည်း တခါနှစ်ခါတော့ အဆင်ပြေတာပေါ့... နောက်ပိုင်းဆို သူတို့အမြင်တွေပြောင်း လာမှာပဲ မဟုတ်လား....
အဖေအမေမှာရှိတာ အားမနာရဘူး ဆိုပေမယ့် ဒီအသက်ဒီအရွယ်ထိ မိဘဆီကယူနေရတုန်းဆိုတာ သူတို့က ဘာမှမဖြစ်ပေမယ့် ကိုယ့်စိတ်က အဆင်ပြေနေမှာမဟုတ်တာတော့ အမှန်ပဲ ။
သူငယ်ချင်း အပေါင်းအသင်းတွေ ရှိတာ ကရှိတာပဲ လိုတုန်းယူပြီးရင် ပြန်ဆပ်ရမှာပဲ၊ လက်ဝါးဖြန့်တောင်းဖို့ဆိုတာ တွေးတောင်မတွေးရဲတဲ့အလုပ်...
ဒါဆို အိမ်ထောင်ဖက်ဆီကရော … "အတူတူသုံးကြမယ်"ဆိုတာ နားထောင်လို့ကောင်းပေမယ့် မရှာနိုင်တဲ့လူက ရှာနိုင်တဲ့လူကို ဦးစားပေးရမယ် သည်းခံရမယ် ငွေမရှာနိုင်ရင်ကျန်တဲ့ supporting ပေးနိုင်ရ မယ် ဒါတွေဟာ မဖြစ်မနေသိနေရမယ့် အခြေအနေတွေပေါ့ ...
ဒါ့ကြောင့် "ကိုယ့်ရှိမှ ကိုယ့်ပိုက်ဆံ"ဆိုတာ အမှန်ပဲ
ကိုယ့်ပိုက်ဆံ ကိုယ်သုံးရတဲ့လွတ်လပ်မှု မျိုးက ဘယ်အရာနဲ့မှ နှိုင်းယှဉ်လို့မရဘူး..
ဘယ်သူ့အထောက် အပံ့မှ မပါဘဲ ဘယ်အခြေအနေမျိုးမှာမဆို ကိုယ့်ဟာကိုယ်ရပ်တည်နိုင်တာ လူတစ်ယောက်ရဲ့ ပကတိတန်ဖိုးမဟုတ်လား ။😊📚🌿

တီး တဲ့သူနဲ့ အဆိုတော်နဲ့က အဆင်ကိုပြေလို့?