#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
⬛ပါကစ္စတန်နှင့် အာဖဂန်တို့ ၄၈ နာရီကြာ အပစ်ရပ်
ကဘူးလ်နှင့် ကန်ဒါဟာတို့ကို ပါကစ္စတန်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း သတင်းများ ထွက်ပေါ်နေစဉ်တွင် ပါကစ္စတန်နှင့် အာဖဂန်တို့အကြား ယာယီအပစ်အခတ်ရပ်စဲရန် သဘောတူလိုက် ကြောင်း တာဝန်ရှိသူများက အောက်တိုဘာ ၁၅ ရက်တွင် ပြောသည်။
၄၈ နာရီကြာ အပစ်အခတ်ရပ်စဲရေးသည် အောက်တိုဘာ ၁၅ ရက်မွန်းလွဲ ၁ နာရီတွင် စတင်အသက် ဝင်မည်ဖြစ်ကြောင်း ပါကစ္စတန်ကပြောသည်။ပါကစ္စတန်၏ ပစ်ခတ်မှုကြောင့် အရပ်သား ၁၂ ဦး သေဆုံးပြီး ၁၀၀ ကျော်ဒဏ်ရာရရှိခဲ့ကြောင်း တာလီဘန် ပြောရေးဆိုခွင့်ရှိသူက အစောပိုင်းတွင် ပြောသည်။
လွန်ခဲ့သည့် သီတင်းပတ်က အာဖဂန်နစ္စတန်တွင် ဗုံးပေါက်ကွဲမှုများဖြစ်ပွားပြီးကတည်းက နှစ်နိုင်ငံ ဆက်ဆံရေး ယိုယွင်းလာခဲ့သည်။ အာဖဂန်နယ်စပ်ရှိ စစ်သွေးကြွများကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ ကြောင်း ပါကစ္စတန်ကထုတ်ဖော်ပြောဆိုထားသော်လည်း အာဖဂန်ကမူ စစ်သွေးကြွများမရှိဟုဆိုသည်။
ထို့နောက် ကဘူးလ်နှင့်ကန်ဒါဟာတွင် ပေါက်ကွဲမှုများ ဖြစ်ပွားပြီးနောက်တင်းမာမှုများ ပိုမိုမြင့်တက် ခဲ့သည်။ အပစ်ရပ်ကာလအတွင်း ရှုပ်ထွေးသည့်ပြဿနာကို အပြုသဘောဆောင်ဖြေရှင်းရန် စိတ်ရင်း မှန်ဖြင့် ကြိုးပမ်းသွားမည်ဟုပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
အာဖဂန်တပ်ဖွဲ့များအနေဖြင့် ပြည်ပကျူးကျော်တိုက်ခိုက်မှု တစ်စုံတစ်ရာမရှိမချင်း အပစ်အခတ်ရပ်စဲ ရေးကို လေးစားလိုက်နာရန် ညွှန်ကြားထားကြောင်းတာလီဘန်အစိုးရပြောရေးဆိုခွင့်ရှိသူက ထုတ်ဖော် ပြောကြားထားသည်။
ကိုးကား-ဘီဘီစီ

image

#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
⬛ဩဇာအကြီးဆုံးနိုင်ငံကူးလက်မှတ်အဖြစ် စင်ကာပူနိုင်ငံကူးလက်မှတ်ရပ်တည်နေဆဲဖြစ်
အမေရိကန်ပြည်ထောင်စု၏နိုင်ငံကူးလက်မှတ်သည် နှစ်ပေါင်း ၂၀အတွင်း ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ့ဩဇာအကြီးဆုံး နိုင်ငံကူးလက်မှတ်၁၀ခုစာရင်းမှ ဖယ်ထုတ်ခံခဲ့ရကြောင်း အောက်တိုဘာ ၁၅ ရက်သတင်းများတွင် ရေးသားတင်ပြထားသည်။
ဗြိတိန်အခြေစိုက် ဟင်နလေနိုင်ငံတကာ အတိုင်ပင်ခံအုပ်စုကထုတ်ပြန်ခဲ့သော ဟင်နလေနိုင်ငံကူး လက်မှတ် အညွှန်းကိန်း(၂၀၂၅)တွင်အမေရိကန်နိုင်ငံကူးလက်မှတ်မှာမလေးရှား နိုင်ငံကူးလက်မှတ်နှင့် အတူ အဆင့် (၁၂) နေရာတွင် ရပ်တည်နေကြောင်း သိရသည်။
အမေရိကန် နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူများအနေဖြင့်ကမ္ဘာ့နိုင်ငံနှင့်ဒေသပေါင်း ၂၂၇ခုအနက် ၁၈၀ သို့ ဗီဇာမဲ့ဝင်ရောက်ခွင့်ရှိသည်။
ဟင်နလေနိုင်ငံကူးလက်မှတ်အညွှန်းကိန်း(၂၀၂၅)တွင် ကမ္ဘာ့ဩဇာအကြီးဆုံး နိုင်ငံကူးလက်မှတ်အဖြစ် ရပ်တည်နေသော နိုင်ငံကူးလက်မှတ်မှာ စင်ကာပူနိုင်ငံကူးလက်မှတ်ဖြစ်ပြီး ယင်းနိုင်ငံကူးလက်မှတ်ဖြင့် ကမ္ဘာ့နိုင်ငံနှင့်ဒေသပေါင်း ၁၉၃ခုဆီသို့ ဗီဇာမဲ့ဝင်ရောက်ခွင့်ရှိသည်။
ဒုတိယဩဇာအကြီးဆုံး နိုင်ငံကူးလက်မှတ်မှာ နိုင်ငံနှင့်ဒေသ ၁၉၀သို့ ဗီဇာမဲ့ဝင်ရောက်နိုင်သော တောင်ကိုရီးယား နိုင်ငံကူးလက်မှတ်ဖြစ်ပြီးဂျပန်နိုင်ငံကူးလက်မှတ်မှာ ဗီဇာမဲ့ဝင်ရောက်နိုင်သော နိုင်ငံနှင့်ဒေသ၁၈၉ခုဖြင့် တတိယဩဇာအကြီးဆုံးနိုင်ငံကူးလက်မှတ်အဖြစ် ရပ်တည်လျက်ရှိသည်။
အမေရိကန် နိုင်ငံကူးလက်မှတ်သည် ၂၀၁၄ ခုနှစ်တွင် ကမ္ဘာ့ဩဇာအကြီးဆုံး နိုင်ငံကူးလက်မှတ်အဖြစ် ရပ်တည်နိုင်ခဲ့သော်လည်း နောက်ပိုင်းတွင် ဩဇာအရှိန်အဝါ တဖြည်းဖြည်းကျဆင်းခဲ့သည်။
ကိုးကား-ရိုက်တာ

image

ငိုရတာ ပင်ပန်းတာပေါ့
ငါသိတယ်
ငိုလို့မရတော့တာ ပိုပင်ပန်းတဲ့အကြောင်း
မင်းကိုပြောပြချင်ပါသေးတယ်

အေးခဲမာကြော နေပေမယ့်
ပျော်ဖြစ်ဖို့ နေရောင် ကိုစောင့်နေတဲ့
ရေခဲကျောက်ဆောင်လို
ငါ .......

- Moriarty

ဘင်္ဂလားပင်လယ်အော်အခြေအနေ
====================
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက်နေ့ မြန်မာစံတော်ချိန် ၀၉:၃၀ နာရီအချိန် ထုတ်ပြန်ချက်
--------------------------------------------------------------------------
ယနေ့မြန်မာစံတော်ချိန် ၀၈:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အရှေ့ တောင်ပိုင်းတွင် ၂၄-၁၀-၂၀၂၅ ရက်နေ့၌ လေဖိအားနည်းရပ်ဝန်း (Low Pressure Area) တစ်ခု ဖြစ်ပေါ် နိုင်သည်ဟု ခန့်မှန်းရပါသည်။

အင်္ဂလန်အသင်းအတွက် ၉ပွဲဆက်တိုက် ပေးဂိုးမပေးရအောင် စွမ်းဆောင်ပေးထားသည့် ဂိုးသမား ပစ်ဖတ်ဒ်

Credit Photo
#sbdsports

image

ပြည်တွင်းရွှေဈေး ကျပ် ၈၇ သိန်းအထိ ရောက်ရှိလာ

အောက်တိုဘာ ၁၇

ကမ္ဘာ့ရွှေဈေး ဆက်တိုက် မြင့်တက်နေမှုနဲ့အတူ လက်ရှိမှာ ပြည်တွင်း ရွှေဈေးဟာလည်း ကျပ် ၈၇ သိန်းဝန်းကျင်အထိ ရောက်ရှိလာတယ်လို့ ရွှေလုပ်ငန်းရှင်တွေဆီက သိရပါတယ်။

လက်ရှိမှာ ကမ္ဘာ့ရွှေ‌ဈေးဟာ တအောင်စ ဒေါ်လာ ၄၂၀၀ ကျော်အထိ ရောက်ရှိနေတာဖြစ်ပြီး တပတ်အတွင်း တအောင်စ ဒေါ်လာ ၂၂၀ နီးပါး မြင့်တက်လာတာကို တွေ့ရပါတယ်။

ပြည်တွင်း ရွှေဈေးကတော့ လက်ရှိမှာ အခေါက်ရွှေ တကျပ်သား ၈၇ သိန်းဝန်းကျင်ကို ရောက်ရှိနေတာဖြစ်ပြီး တပတ်အတွင်း ကျပ် ငါးသိန်းကျော် မြင့်တက်လာတာ ဖြစ်ပါတယ်။

ဒါနဲ့ပတ်သက်လို့ ရွှေလုပ်ငန်းရှင် တယောက်က “၈၇ ဖြစ်တယ် ဆိုတော့လည်း အန္တရာယ်လည်း ရှိတယ်ပေါ့။ ဖမ်းတယ်၊ စီးတယ်၊ ခေါ်စစ်ဆေးမယ် ဆိုတဲ့ သတင်းတွေလည်း တောက်လျှောက် ထွက်နေတော့လေ၊ အခြေအနေတွေကတော့ သိပ်မကောင်းဘူးပေါ့” လို့ ပြောပါတယ်။

လက်ရှိမှာ ကမ္ဘာ့ရွှေဈေးဟာ ခန့်မှန်းရ အလွန်ခက်နေပြီး ရံဖန်ရံခါ ပြန်လည် ထိုးကျတတ်တာမျိုးလည်း ရှိနိုင်သလို တောက်လျှောက် တက်သွားတာမျိုးလည်း ဖြစ်နိုင်တယ်လို့ သူက ပြောပါတယ်။

ဒါအပြင် လက်ရှိမှာ အမေရိကန် ဒေါ်လာဈေးဟာလည်း ၄၀၀၀ စွန်းစွန်းလေးမှာ ငြိမ်သက်နေတယ်လို့ ပြောလို့ ရပေမယ့် ဈေးအနည်းငယ် ပြန်မာလာနေတယ်လို့ သူက ပြောပါတယ်။

“ဒီအချိန်မှာ ဒေါ်လာဈေးသာ ပြန်ထောင်တက်လာမယ် ဆိုရင်တော့ ပြည်တွင်းရွှေဈေးက မှန်းလို့ မရအောင်အထိ ဖြစ်သွားနိုင်တယ်။ လက်ရှိ ဒေါ်လာဈေး ငြိမ်နေတယ် ဆိုတာကတော့ သွင်းကုန်တွေ ကန့်သတ်ထားတာကြောင့်လည်း ပါမယ်။ ဟိုတလောက လုံးဝ ပိတ်လိုက်တုန်းကဆို ၄၀၀၀ အောက်တောင် ရောက်သွားသေးတယ်လေ။ အခုတော့ အကန့်အသတ်နဲ့ နည်းနည်းပါးပါး ပြန်ဖွင့်ပေးတော့ ၄၀၀၀ နည်းနည်းလေး ပြန်စွန်းလာတယ်။ အဲဒီလို ထိန်းချုပ်ထားတော့လည်း ငြိမ်နေတာပေါ့” လို့ သူက ပြောပါတယ်။

လက်ရှိ ပြည်တွင်းရွှေဈေး မြင့်တက်နေတာဟာ ကမ္ဘာ့ရွှေဈေးကြောင့်သာ ဖြစ်ပြီး ဒီအချိန် အမေရိကန်ဒေါ်လာဈေး ၅၀၀၀ ၊ ၆၀၀၀ အထိ ဈေးမာလာမယ် ဆိုရင်တော့ ပြည်တွင်းရွှေဈေး သိန်း ၁၀၀ အထက်ကို ရောက်ရှိသွားနိုင်တယ်လို့ သူက ပြောပါတယ်။

ရွှေဈေးကွက် လေ့လာ စောင့်ကြည့်သူတွေကတော့ လက်ရှိမှာ ကမ္ဘာ့ရွှေဈေး ပြန်လည်ကျဆင်းဖို့ ဆိုတာဟာ ဒေါ်လာဈေးလောက် မရိုးရှင်းဘဲ မြန်မာနိုင်ငံအတွင်းမှာ ကမ္ဘာ့ရွှေဈေးကို ဆွဲချနိုင်သူ မရှိသေးဘူးလို့ ပြောပါတယ်။

“မြန်မာပြည်မှာ တချို့တွေက ရွှေဈေး ပြန်ကျမယ်လို့ ခန့်မှန်းကြတယ်။ မနှစ်က ၈၀ ကျော်အထိတက်ပြီး ၆၅ လောက်အထိ ပြန်ကျတာကို အမှတ်တရ ဖြစ်နေကြတယ်။ သူတို့ သတိမထားမိတာက ခုချိန် ပြည်တွင်းရွှေဈေး တက်တာက ဒေါ်လာနဲ့ လုံးဝ မဆိုင်ဘူး။ ကမ္ဘာ့ရွှေကြောင့် တက်နေတာ။ လက်ရှိ ကမ္ဘာ့အရေး မငြိမ်သေးတာတွေကြောင့် ရေရှည်မှာလည်း အတက်ဘက်ကို တက်သွားနိုင်ခြေ ရှိနေတယ်။ အဲဒီတော့ ဒီအချိန်မှာ ရောင်းတာထက် ဝယ်တာကို ပိုပြီး ဦးစားပေး လုပ်သင့်တယ်” လို့ ရွှေဈေးကွက် လေ့လာ စောင့်ကြည့်သူ တယောက်က ပြောပါတယ်။

ရွှေလုပ်ငန်းရှင် အများစုကတော့ လက်ရှိ ရွှေဈေးနှုန်း ဆက်တိုက်ဆိုသလို မြင့်တက်နေတာတွေကြောင့် အဖမ်းအစီးတွေ ရှိလာမှာကို စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။

ဒါကြောင့် ကြိုတင် တိမ်းရှောင်နေကြတဲ့ သူတွေလည်း ရှိနေပြီး ဈေးကွက်အတွင်းမှာလည်း အရောင်းအဝယ် အခြေအနေတွေက မရှိသလောက် နည်းပါးနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

“အခုက ခေါ်ယူမေးမြန်းမယ် ဆိုတဲ့ သတင်းတွေတော့ ထွက်နေတယ်။ ခေါ်ခံရတာတော့ မရှိသေးဘူး။ ဟိုးအရင်တုန်းက မေးမြန်းခံနေရတယ် ဆိုတဲ့ သူတွေလည်း အခုအချိန်အထိ နှစ်ပတ်တခါ လက်မှတ် သွားထိုးနေရတုန်းပဲ။ သူတို့တွေလည်း ခုထိ မလွတ်သေးဘူး။ သူတို့ကို လွန်ခဲ့တဲ့ တနှစ်‌လောက်တောင် ရှိပြီလားမသိပါဘူး၊ နှစ်လ၊ သုံးလလောက် ခေါ်ထားပြီး စစ်ဆေးတယ်လေ။ အဲဒီလို စစ်ဆေးပြီး ပြန်လွှတ်လိုက်တဲ့ အချိန်ကစပြီး နှစ်ပတ်တခါ ရုံးမှာ လက်မှတ် လာထိုးခိုင်းထားတာ အခုထိပဲ။ ခံဝန်ကတိ သဘောမျိုးလို့ပဲ ပြောရမှာပေါ့” လို့ ရွှေလုပ်ငန်းရှင် တယောက်က ပြောပါတယ်။

လက်ရှိ ပြင်ပ ရွှေဈေးကွက်အတွင်း ကမ္ဘာ့ဈေးနဲ့အတူ ရွှေဈေးနှုန်းတွေ ပြောင်းလဲ မြင့်တက်နေပေမယ့် ရန်ကုန်တိုင်းရွှေအသင်း (YGEA) ရဲ့ ရည်ညွှန်းဈေးကတော့ ပြီးခဲ့တဲ့ စက်တင်ဘာ ၃၀ ရက်နေ့ကနေ ဒီကနေ့ အောက်တိုဘာ ၁၆ ရက်အထိ ကျပ် ငါးဆယ့်ကိုးသိန်း ကိုးသောင်းဝန်းကျင်မှာ မပြောင်းမလဲ ရှိနေဆဲ ဖြစ်ပါတယ်။

Photo - CJ

Credit - Voice of Myanmar News Agency

#centralnewsnaypyitaw

image

သီပေါကို နလအတပ်ဖွဲ့ ပြန်လည် ဝင်ရောက်လာ

အောက်တိုဘာလ ၁၇

TNLA ထိန်းချုပ်ထားတဲ့ သီပေါမြို့ကို အောက်တိုဘာလ ၁၆ ရက်နေ့ ညနေပိုင်းက နလအ တပ်ဖွဲ့ ပြန်လည် ဝင်ရောက်လာပြီ ဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

"စစ်တပ် သီပေါ မြို့ထဲ ဝင်ပြီ။ ည ၈ နာရီဝန်းကျင်လောက်က စစ်တပ် ဝင်လာတာ သေချာတယ်ဆိုတာ သိရတာ" လို့ သီပေါ မြို့ခံ တယောက်က ပြောပါတယ်။

ညနေပိုင်း ၃ နာရီခွဲ ဝန်းကျင်ခန့်မှာ ရဲစခန်း၊ ထွေအုပ်ရုံး၊ မြေစာရင်းရုံး၊ စိုက်ပျိုးရေးရုံး၊ ထောင်ကြီး‌ေတွကို Mask တပ်ထားတဲ့ အရပ်ဝတ်လူ လေးယောက် မီးလိုက်ရှို့တာမြင်ရပြီး‌ေနာက် နာရီဝက်ခန့် မီးလောင်ကာ မိုးရွာလို့ မီးပြန်ငြိမ်းသွားခဲ့တယ်လို့ သူက ပြောပါတယ်။

ဟိုတယ်သီပေါမှာတော့ လက်နက်ကြီး ကျည်ထိမှန်တယ်လို့ ယူဆရကာ ည ၈ နာရီ ဝန်းကျင်ထိ မီးလောင်နေတာတွေ့ရတယ်လို့ သူက ပြောပါတယ်။

နလအနဲ့ နီးစပ်သူ တယာက်ကတော့ ကျောက်မဲမြို့ကို သိမ်းယူပြီး ၁၆ ရက်အကြာမှာ သီပေါမြို့ကို ရရှိကြောင်း ဆိုရှယ်မီဒီယာမှာ ရေးသားထားပါတယ်။

သီပေါမြို့ကနေ TNLA တပ်ဖွဲ့တွေ သီပေါ - မိုးတေ - နမ္မတူ လမ်းအတိုင်း အောက်တိုဘာလ ၁၆ ရက်နေ့ ညနေ ၆ နာရီကျော်ခန့်က ဆုတ်ခွာသွားကြောင်း တပ်ထောက်ခံ သူတယောက်ကလည်း လူမှုကွန်ယက်မှာ ရေသားထားပါတယ်။

သီပေါမြို့အဝင်နနဲ့ ဖာဖိတ်ကျေးရွာအနီး အောက်တိုဘာလ ၁၆ ရက်နေ့ နေ့လယ် ၁၁ နာရီကျော်ခန့်ကစ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားပြီး သီပေါမြို့တွင်းရှိ ယခင်စစ်ကောင်စီ ရုံးအချို့ မီးလောင်ကျွမ်းကာ ညနေပိုင်းထိ လက်နက်သံများ ဆက်ကြားရကြောင်း၊ မီးလောင်မှုကြောင့် ပျက်စီးမှုအတိအကျ မသိရသေးကြောင်း SSPP ဘက်က သတင်းထုတ်ထားပါတယ်။

နလအ စစ်ကြောင်းတွေသီပေါမြို့နဲ့ အနီးတဝိုက်ကို ပြန်လည်သိမ်းပိုက်ရရှိဖို့ ဆောင်ရွက်နေချိန် အောက်တိုဘာလ ၁၆ ရက်နေ့ ညနေပိုင်းမှာ သီပေါမြို့အဝင် Toll Gate ကို ရောက်ရှိချိန် မြို့တွင်း မီးခိုးလုံးတွေတွေ့ရှိ တာကြောင့် မြို့တွင်းထဲ ဝင်ရောက်ရှင်းလင်းခဲ့ကြောင်း သတင်းနဲ့ ပြန်ကြားရေး ဝန်ကြီးဌာနက သတင်းထုတ်ထားပါတယ်။

သီပေါမြို့အတွင်းရှိ ဌာနဆိုင်ရာအဆောက်အအုံ‌ေတွ ဖြစ်တဲ့ အကျဉ်းဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ မြေစာရင်းရုံး၊ သီပေါဟိုတယ်အပါအဝင် အခြားဌာနဆိုင်ရာအဆောက်အအုံတွေနဲ့ နေအိမ်တွေကို TNLA၊ DPLA ၊ PDF အဖွဲ့တွေက မီးရှို့ထွက်ပြေးသွားကြောင်း သိရှိရတယ် လို့လည်း ဖော်ပြထားပါတယ်။

နလအစစ်ကြောင်းတွေက အခြားအဆောက်အအုံတွေ မီးကူး စက်မှုမရှိစေရေး၊ မီးငြှိမ်းသတ်နိုင်ရေးနဲ့ လိုအပ်တဲ့ နယ်မြေလုံခြုံရေး ဆက်လုပ်နေကြောင်းလည်း ဖော်ပြထားပါတယ်။

TNLA ထိန်းချုပိထားတဲ့ ကျောက်မဲမြို့ကို အောက်တိုဘာလ ၁ ရက် နေ့မှာ နလအ တပ်ဖွဲ့က ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး နောင်ချိုမြို့ကိုတော့ ပြီးခဲ့တဲ့ ဇူလိုင် ၁၆ ရက်နေ့က ပြန်လည် ထိန်းချုပ်နိုင်ခဲ့ကြောင်းလည်း ဖော်ပြထားပါတယ်။

Photo Crd ဒေသခံ

Credit - Voice of Myanmar

#သတင်းဟင်းလေးအိုးကြီး

image

ကိုယ့်အခြေအနေ ကိုယ်သိရမယ်
~~~~~~~~~~~~~~~~~~~~~
#ကိုယ်ခံစားရတာ သူသိပါ့မလားလို့ တွေးမနေနဲ့။ သေချာတယ်မသိဘူး။ စိတ်လည်းမဝင်စားဘူး။ လူဆိုတဲ့ သတ္တဝါက ကိုယ့်အရေးပဲ ကိုယ်စိတ်ဝင်စားတတ်တယ်။ သူများအရေး စိတ်ဝင်စားတယ်ဆိုရင်လည်း ကိုယ့်အရေးနဲ့ ဆက်စပ်နေလို့ပဲ။ သိတယ်ဆိုဦးတော့ ကိုယ်ခံစားတာ သူခံစားရတာ မဟုတ်တဲ့အတွက် ဒီလောက်ကြီး နားလည်နိုင်မှာ မဟုတ်ဘူး။ ထပ်တူခံစားပေးနိုင်မှာ မဟုတ်ဘူး။
#ဒီတော့ ကိုယ့်ဝေဒနာ ကိုယ်အဖြေရှာဖို့ပဲရှိတယ်။ ကိုယ့်ခံစားချက် ကိုယ်ပဲချေဖျက်ရမယ်။ ကိုယ့်ဝေဒနာအတွက် သူ့ကိုထည့်တွက်နေရင် ခံစားချက်ကမလျော့ဘဲ ထပ်တိုးနေတတ်တယ်။ မျှော်လင့်နေမိတာကိုက ကိုယ့်အမှားပဲလေ။ ဝေဒနာထပ်တိုးတယ်ဆိုတာလည်း အဲဒီမျှော်လင့်စိတ်ကြောင့်ပဲ။ ဒီစိတ်ကို လျှော့ချလိုက်တာနဲ့ ကိုယ့်ခံစားချက်က အလိုလိုသက်သာသွားတော့တယ်။ လက်တွေ့လျှော့နိုင်အောင်တော့ ကြိုးစားရမှာပေါ့။
#ဆိုလိုတာက ကိုယ့်ပြဿနာ ကိုယ်ဖြေရှင်းတတ်ဖို့ပါပဲ။ ကိုယ့်ခံစားချက်ကို ကိုယ်ကိုယ်တိုင်ပဲ လျှော့ချကြည့်ဖို့ပါပဲ။ "ငါ့ကိုပစ်ထားတယ်"ဆိုတဲ့ အဲဒီအတွေးကိုက ကိုယ့်စိတ်ကိုလေးစေတာ၊ ခံစားစေတာဖြစ်တဲ့အတွက် အဲဒီစိတ်အတွေးကို အရင်ဘေးဖယ်ကြည့်ဖို့ပါပဲ။ "ဘယ်သူမှမရှိလည်း ဖြစ်တယ်"ဆိုတဲ့ စိတ်ဓာတ်ခွန်အား တိုးပွားအောင်ကြိုးစားကြည့်ဖို့ပါပဲ။ ဘဝခရီးသာ အတူလျှောက်လို့ရပေမယ့် သံသရာခရီကတော့ ကိုယ့်လမ်းကိုယ်လျှောက်ရမှာ မဟုတ်လား။
#တအားကြီး မတွေးနဲ့ တအားကြီးလေးနေလိမ့်မယ်။
#အများကြီးမမျှော်နဲ့ အများကြီးချော်နေလိမ့်မယ်။
#အကြာကြီးမခံစားနဲ့ ဘဝခရီးအမှန်သွားရဦးမယ်လေ။
မေတ္တာဖြင့်
#မနာပ_ဒါယီ_ကိုရီးယားဆရာတော်_အရှင်ဝိစိတ္တ

💛 "အူလမ်းကြောင်းသန့်စင်၊ အသားအရေကြည်လင်၊ ကိုယ်လုံးလှပစေဖို့... မနက်တိုင်း သင်္ဘောသီးလက်ဖက်ရည် တစ်ငုံသောက်ရုံဖြင့်။"
အူထဲမှာ ကျန်ရှိနေတဲ့ အဆီတွေနဲ့ အညစ်အကြေးတွေကို ညင်ညင်သာသာ ဖယ်ရှားပေးနိုင်တဲ့ သဘာဝမီးဖိုချောင် လျှို့ဝှက်ချက်!
​🍵 အူလမ်းကြောင်းမှ အဆီကို သန့်စင်ပေးမည့် သင်္ဘောသီးလက်ဖက်ရည် ပြုလုပ်နည်း.....
​ပါဝင်ပစ္စည်းများ
* ​သင်္ဘောသီးစိမ်း ၅၀-၇၀ ဂရမ် (အတုံးသေးများတုံးပါ)
​ * ဆွမ်းမွှေးရွက် ၂-၃ ရွက်
* ​ရေသန့် ၅၀၀ မီလီလီတာ
* ​ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
* ​သံပရာရည် အသီးတစ်ဝက်စာ
​ပြုလုပ်နည်း
၁။ သင်္ဘောသီးစိမ်းကို အခွံနွှာ၊ အတုံးများတုံးပြီး သန့်စင်အောင် ဆေးကြောပါ။
၂။ သင်္ဘောသီးစိမ်းနှင့် ဆွမ်းမွှေးရွက်တို့ကို အိုးထဲထည့်ပြီး ရေသန့်ထည့်ပါ။
၃။ မီးအေးအေးဖြင့် ဆူပွက်သည်အထိ (၁၀-၁၅ မိနစ်ခန့်) တည်ပါ။
၄။ ရေကိုစစ်ယူပြီး နွေးရုံမျှအထိ အအေးခံပါ။
၅။ ပျားရည်နှင့် သံပရာရည်တို့ကိုထည့်ကာ သမအောင် မွှေပါ။
၆။ နံနက်စာ မစားမီ နွေးနွေးလေး တစ်ငုံချင်းစီ သောက်သုံးပါ။
​အကျိုးကျေးဇူးများ....
👉 သင်္ဘောသီးစိမ်းထဲရှိ ပက်ပိန်း (Papain) ဓာတ်က ပရိုတင်းနဲ့ အဆီများကို ချေဖျက်ရာမှာ ကူညီပေးပြီး အူလမ်းကြောင်းထဲမှာ အညစ်အကြေးတွေ ကျန်ရှိတာကို လျှော့ချပေးပါတယ်။
👉 အစာခြေစနစ်ကို ပိုမိုကောင်းမွန်စွာ အလုပ်လုပ်စေပါတယ်။
👉 သံပရာရည်နှင့် ပျားရည်တို့က အရသာကို မြှင့်တင်ပေးပြီး ခန္ဓာကိုယ်ကို အားဖြည့်ပေးပါတယ်။

image

ဆူးပုပ်စိုက်ပျိုးနည်း
==============
မြန်မာအမည် - ဆူးပုပ်
အင်္ဂလိပ်အမည် - Fetid acacia
ရုက္ခဗေဒအမည် - Acawa pennata
မျိုးရင်းအမည် - MIMOSACEAE
၁။ မူရင်းဒေသ
ဆူပုပ်၏မူရင်းဒေသကို မှတ်တမ်းတင်ခြင်း မတွေ့ရသေးပါ။ ဆူးပုပ်ကို မြန်မာပြည်အနှံ့အပြား တွေ့ရှိရပါသည်။
၂။ ဆူးပုပ်မျိုးများ
ဆူးပုပ်ကလေးမျိုးနှင့် ဆူးပုပ်ကြီးမျိုးဟူ၍ (၂)မျိုးရှိသည်။
(က) ဆူးပုပ်ကလေးမျိုး
ဆူးပုပ်ကြီးမျိုးထက် အရွက်အရွယ်အစားရော အပင်အရွယ်အစားပါ သေးငယ်သည်။ အရွက်အနံ့မှာလည်း ဆူးပုပ်ကြီးလောက် မပြင်းချေ။ ဆူးပုပ်ကလေးသည် မကွေး၊ ကျောက်ပန်းတောင်းကဲ့သို့ မြေလတ်ဒေသများတွင် အစိုက်များသည်။ ထိုဒေသများတွင် ဆူးပုပ်ကြီးထက် ဆူးပုပ်ကလေးကို ပို၍အသုံးများသည်။
(ခ) ဆူးပုပ်ကြီးမျိုး
ဆူးပုပ်ကြီးမျိုးသည် ဆူးပုပ်ကလေးမျိုးထက် အပင်နှင့်အရွက် အရွယ်အစား ပိုကြီးသည်။ အရွက်အနံ့မှာလည်း ဆူးပုပ်ကလေးထက် ပို၍ပြင်းသည်။ ပဲကြီးဟင်းချိုချက်ရာတွင် ဆူးပုပ်ကြီးကို အများဆုံးထည့်ချက်သည်။
ဆူးပုပ်ကြီးမျိုး(၃)မျိုးရှိသည်။
(၁) ဆူးကျဲမျိုး
(၂) ဆူးလတ်မျိုး
(၃) ဆူးစိပ်မျိုး
၃။ ရေမြေ ရာသီဥတု
ဆူးပုပ်သည် မြန်မာပြည်အနှံ့အပြား တောင်ပေါ်မြေပြန့်မရွေး ဖြစ်ထွန်းသဖြင့် ရာသီဥတုမရွေးသော အပင်ဖြစ်သည်။ ဆူးပုပ်သည် ရေ၀ပ်သည့် စိမ့်စွဲမြေမျိုးကို အနှစ်သက်ပါ။ မြေစေး၊ စနယ်မြေစေးကိုလည်း အနှစ်သက်ပါ။ မြေအောက်ပိုင်းတွင် ဂဝံမြေ၊ သဲမြေ၊ ကျောက်စရစ် အနည်းငယ်ခံသောမြေတို့တွင် အပေါ်ယံမြေသား ထူကကောင်းပါသည်။ ရေနှုတ်အားကောင်းသော မြေမျိုးဖြစ်ရပါမည်။
၄။ စိုက်ခင်းမြေပြုပြင်ခြင်း
ဆူးပုပ်စိုက်ခင်း ပြုလုပ်မည့်နေရာသည် မြေရိုင်းဖြစ်ပါက မိုးမကျမီ သစ်ငုတ်တူးခြင်း၊ သစ်ငုတ်များပြောင်အောင် ကောက်ခြင်းများ ပြုလုပ်ရပါမည်။ မိုးကျပြီးနောက် ထယ်၀င်၍ရသည်နှင့် ထယ်တစ်လွှာထိုး၊ ထွန်မွှေပြီး မြေကိုပြန်ညှိထားရပါသည်။
စိုက်မြောင်းများဆွဲရာတွင် ၁၀ လံ( ၄၀ ပေ)မြောင်းများ ဆွဲလေ့ရှိသည်။ စိုက်မြောင်းများကို တောင်နှင့်မြောက် ဆွဲလေ့ရှိသည်။
၅။ စိုက်ပျိုးခြင်း
မြောင်ဆွဲဖေါ်ထားသော စိုက်မြောင်းများတွင် အနက်(၈)လက္မခန့်နှင့် အကျယ်(၄-၆)လက္မခန့် ကျင်းကလေးများ တူးရသည်။ ကျင်းတစ်ခုနှင့်တစ်ခု (၆)ပေစီခြား၍ တူးရသည်။ မြေထုပ်စည်းပင်ကို ကျင်းထဲတွင် (၄)လက္မမြှုပ်၍ စိုက်ရသည်။ စိုက်ရာတွင် အပင်ကိုထောင်မတ်နေအောင် စိုက်ပြီး မြေပြန်ဖုံးရသည်။ ထို့နောက် အပင်ခြေရင်း ရေမ၀ပ်စေရန်အတွက် (၆)လက္မအမြင့် ဦးချွန်မြေပုံကလေးကို အပင်ခြေရင်းတွင် ပြုလုပ်ပြီး မြေမဟာစေရန် ဖိသိပ်ပေးရသည်။
၆။ မြေသြဇာကျွေးခြင်း
စိုက်ပြီး(၁၁)ရက်ခန့်တွင် (၁၀)လံမြောင်းတစ်မြောင်းကို နွားချေး( ၁ - ၆ )တောင်းအထိထည့်သည်။ နွားချေး မြေသြဇာထည့်ပြီး ရေဝအောင်လောင်းပေးရသည်။
နို၀င်္ဘာ၊ ဒီဇင်္ဘာလခန့်တွင် အပင်များကိုနွားချေးမြေသြဇာထပ်ကျွေးရသည်။ (၁၀)လံမြောင်းတစ်မြောင်းကို တင်းတောင်းဖြင့် နွားချေး(၆)တောင်းခန့် ကျွေးရသည်။ နွားချေးကျွေးတိုင်း ဘောင်ခတ်ပြီး မြက်များကို ရှပ်၍ ဘောင်တွင်မြှုပ်ပေးရသည်။
၇။ အပင်ပြုစုခြင်း
ဆူးပုပ်စိုက်ခင်းတွင် မြေထုပ်စည်းပင် စိုက်ပြီး(၆)လခန့်အကြာတွင် အပင်မှ အတက်ကြီးများ ထွက်လာသည်။ ထိုအတက်ကြီးများကို(၁)ပေခန့်မြင့်လာလျှင် ဖြတ်ပေးရသည်။ ထိုအတက်များသည် အရွက်နုထွက်မည့် ကိုင်းတက်များဖြစ်လာသည်။ ထိုအတက်ကြီးများမှ အညွန့်သစ်များ လိုက်လာ၍ ခူးရန်အနေတော်ဖြစ်လျှင် အောက်ဆုံးအရွက် တစ်လက်ချန်၍ ခူးရသည်။ အောက်ဆုံးအရွက် တစ်လက်ချန်ရခြင်းမှာ အညွန့်သစ်ထပ်မံ လိုက်နိုင်ရန် ဖြစ်သည်။ ဆူးပုပ်သည် ကင်ပွန်းချဉ်ကဲ့သို့ ကိုင်းများစွာ ချိုင်ခြင်းကို မနှစ်သက်ချေ။ ကိုင်းဖြတ်များပါက အပင်သေသည်အထိ ဖြစ်နိုင်သည်။ သို့ရာတွင် ကိုင်းခြောက်များ၊ နာနေသောအကိုင်းများ ကိုမူ ဖြတ်တောက်ဖယ်ရှားပေးသင့်သည်။
၈။ မျိုးပွားနည်း
မျိုးကိုင်းအဖြစ် မြေထုပ်စည်းခြင်းကို သြဂုတ်လ၊ စက်တင်္ဘာလအတွင်း ပြုလုပ်ကြသည်။ နောက်တစ်လခန့်တွင် မြေထုတ်စည်းကိုင်းကို ဖြတ်ပြီး စိုက်ခင်းတွင်စိုက်ကြသည်။
မြေထုတ်စည်းရန် အသက်တစ်နှစ်သားခန့်ရှိပြီး လုံးပတ်လက်သန်းလုံးမှ လက်ညှိုးလုံးခန့်ရှိ၍ စိမ်းစိုနေသော အကိုင်းကို မြေထုတ်စည်းရန် ရွေးချယ်ရသည်။
၉။ ဆွတ်ခူးခြင်းနှင့် အထွက်
မြေထုတ်စည်းပင် စိုက်ပြီး(၆)လခန့်ရှိလျှင် ကိုင်းမကြီးများမှ ထွက်လာသော အညွန့်များကို အောက်ဆုံးမှ အရွက်တစ်လက်ချန်၍ ခူးရမည်။ အညွန့်သစ်ထွက်နိုင်ရန်အတွက် အရွက်တစ်လက်ချန်ရန် အရေးကြီးပါသည်။ အညွန့်ခူးခြင်းကို (၁)ရက်ခူး (၃)ရက်အနားပေး စနစ်ဖြင့် ခူးကြသည်။
ဆူးပုပ်ပင်သည် အသက်(၂၅)နှစ်ခန့် ရှိလျှင်အပင်အိုပြီး အထွက်နည်းလာတတ်သဖြင့် အပင်သစ်များ လဲလှယ်စိုက်ပျိုးနိုင်ပါက ပိုကောင်းပါသည်။
စိုက်ပြီးစ အပင်စတင်ခူးချိန်တွင် တစ်ဧက တစ်ကြိမ်ခူးလျှင် တစ်စည်း(၂-၃)ညွန့်ပါအစည်းပေါင်း (၄၀၀-၅၀၀)ခန့် ရသည်။ ဖေဖေါ်ဝါရီလမှ ဇွန်လအတွင်းခူးရာတွင် တစ်ဧက တစ်ကြိမ်ခူးလျှင် အစည်း(၁၀၀၀-၁၅၀၀)အထိ ထွက်သည်။ ဇူလိုင်လနှင့် သြဂုတ်လတွင် ပြန်နားပြီး စက်တင်္ဘာမှ နို၀င်္ဘာလအတွင်း တစ်ဧက တစ်ကြိမ်ခူးရာတွင် အစည်း(၁၀၀၀-၁၅၀၀)ထွက်သည်။
ဒုတိယနှစ်တွင် တစ်ဧကတစ်ကြိမ်ခူးလျှင် အစည်း(၂၀၀၀-၃၀၀၀)အထိ ထွက်နိုင်သည်။ တတိယနှစ်မှ နောက်ပိုင်းတွင် တစ်ဧကတစ်ကြိမ်ခူးလျှင် အစည်း(၅၀၀၀)ခန့် အထိထွက်နိုင်သည်။

image