တပ်မတော် ဘောလုံးအကယ်ဒမီ ချန်ပီယံဆု ဆွတ်ခူး

လူငယ်မျိုးဆက်သစ်များအတွက် မြန်မာဘောလုံး အကယ်ဒမီများ ပြိုင်ပွဲတွင် တပ်မတော်ဘောလုံးအကယ်ဒမီ ချန်ပီယံဆု ဆွတ်ခူးရရှိခဲ့သည်။
ဗိုလ်လုပွဲအဖြစ် မြန်မာဘောလုံးအကယ်ဒမီ (မန္တလေး) ယူ - ၁၅ နှင့် တပ်မတော်အကယ်ဒမီအသင်းတို့ ယမန်နေ့ညနေပိုင်းက ယှဉ်ပြိုင်ကစားရာ တပ်မတော် အကယ်ဒမီအသင်းက (၃) ဂိုး (၁) ဂိုးဖြင့် အနိုင်ရပြီး ချန်ပီယံဆုဖလား ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် မြန်မာဘောလုံးအကယ်ဒမီ (မန္တလေး) ယူ-၁၅ အသင်းက ဒုတိယရရှိခဲ့သည်။
အလားတူ တတိယနေရာလုပွဲအတွက် အမျိုးသားဘောလုံးအကယ်ဒမီ (ရန်ကုန်) ယူ-၁၅ အသင်းနှင့် ISPE (Mawla myine) အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ အမျိုးသား ဘောလုံးအကယ်ဒမီ (ရန်ကုန်) ယူ-၁၅ အသင်းက (၅) ဂိုး (၃) ဂိုးဖြင့် အနိုင်ရခဲ့သည်။
Myanmar Football Academies Tour- nament 2025 -26 ပြိုင်ပွဲကို ဇန်နဝါရီ (၃) ရက်မှ (၁၁) ရက်အထိ ကျင်းပခဲ့ခြင်းဖြစ်ပြီး၊ အဆိုပါ ပြိုင်ပွဲသည် လူငယ်မျိုးဆက်သစ်များ ပေါ်ထွက်လာရေးအတွက် ရည်ရွယ်ကျင်းပပြုလုပ်ခြင်းဖြစ်သည်ဟု အဖွဲ့ချုပ်က ထုတ်ပြန်ထားသည်။

image