တရုတ်သမ္မတက သံအမတ်ကြီးအများအပြားကို ပြောင်းလဲခန့်အပ်
တရုတ်နိုင်ငံ၏ အမြင့်ဆုံးဥပဒေပြုလွှတ်တော်ဖြစ်သည့် အမျိုးသားပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ၏ ဆုံးဖြတ်ချက်နှင့်အညီ တရုတ်နိုင်ငံတော်သမ္မတ ရှီကျင့်ဖျင်သည် အောက်ဖော်ပြပါ သံအမတ်ကြီးများကို ခန့်အပ်လိုက်ကြောင်း တနင်္လာနေ့တွင် ထုတ်ပြန်သည့် တရားဝင်ထုတ်ပြန်ချက်အရ သိရသည်။
မစ္စတာ ကျင်ချွမ်း ကို မစ္စတာ ဟွမ်ရှီလျန် အစား ဖိလစ်ပိုင်သမ္မတနိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ်လည်းကောင်း၊ မစ္စတာ ဆင်ဘို ကို မစ္စတာ ထန်ကျန့် အစား နယ်သာလန်ဘုရင့်နိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ်လည်းကောင်း၊ မစ္စတာ ကျန်းဝေ ကို မစ္စတာ ကျန်းယန်လင်း အစား အန်တီဂွါနှင့် ဘာဘူဒါနိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ် လည်းကောင်း၊ မစ္စတာ လီရှန့် ကို မစ္စတာ ချန်ကျိဟုန် အစား မာလီသမ္မတနိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ် လည်းကောင်း၊ မစ္စတာ ရန်ရှင်း ကို မစ္စတာ ကျန်းကျန့်ဝေ အစား ကူဝိတ်နိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ် လည်းကောင်း၊ မစ္စတာ ကျောက်ယုံ ကို မစ္စတာ ဝမ်ချင့် အစား ဆီယာရာလီယွန်သမ္မတနိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ် လည်းကောင်း၊ မစ္စတာ ခန်းယန် ကို မစ္စတာ ဝမ်ရွှန်ချင့် အစား ဆလိုဗေးနီးယားသမ္မတနိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ် လည်းကောင်း၊ မစ္စတာ ရန်ရိရွှေ ကို မစ္စတာ ကျောက်ဘန်ထန် အစား ပေါ်တူဂီသမ္မတနိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ် လည်းကောင်း၊ မစ္စတာ ကျားကွေ့သဲ ကို မစ္စတာ ချန်ရွှိ အစား ဂျီနီဗာရှိ ကုလသမဂ္ဂရုံးနှင့် ဆွစ်ဇာလန်နိုင်ငံရှိ အခြားသော နိုင်ငံတကာအဖွဲ့အစည်းများဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်နှင့် သံအမတ်ကြီးအဖြစ်လည်းကောင်း ခန့်အပ်လိုက်ကြောင်း သိရှိရပါသည်။