15 w - Translate

An American Tail: Fievel Goes West (1991)

ဖုန်ထူထူ ကန္တာရတွေထဲ လက်နက်ကြီးတွေ တကားကားနဲ့ကောင်းဘွိင်တွေကို ကျွန်တော်တိုငယ်ငယ်တုန်းက အားကျကောင်းအားကျခဲ့ကြဖူးမှာပါ။သိပ်ကို မိမိုက်ကြတာကိုး။

အခုလည်း(၁၉၉၁)က ထွက်ရှိခဲ့တဲ့ “An American Tail-Fievel Goes West”ဆိုတဲ့ကာတွန်းကားလေးထဲမှာကျွန်တော်တို ငယ်ငယ်ကလိုပဲ ကောင်းဘွိင်သူရဲကောင်းကြီး ဝိုင်လီဘာ့ကို အားကျတဲ့ ဖိုက်ဗဲလ်ဆိုတဲ့ကြွက်ကလေးရဲ့ ဇာတ်လမ်းလေးကို ကြည့်ရှုခံစားလို ရမှာပဲ ဖြစ်ပါတယ်။

ဟုတ်ပါတယ်။ငယ်ငယ်ကကြည့်သလို ခန့်ချောချောကောင်းဘွိင်ကြီးတွေ လက်နက်တွေနဲ့ တဒုန်းဒုန်းတဒိုင်းဒိုင်းတိုက်ခိုက်တာကိုကြည့်ရမှာထက်ကမ္ဘာ့ရန်တွေဖြစ်တဲ့ ကြောင်တွေနဲ့ ကြွက်တွေကြားက အဖြစ်အပျက်တွေကို ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။

😍ကြည့်ရန်နှိပ်ပါ👇

t.me/animemovie1005/268

🎬 Main channel 🔗

t.me/addlist/43SAvNGGjGExNWVl

image

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ

အောက်တိုဘာ ၁၃

#ရွှေဈေး

-ကမ္ဘာ့ရွှေဈေး
တအောင်စ ၄၀၄၅ ဒေါ်လာ

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း

- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၅၉၉၀၀၀၀ ကျပ်

ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း

* စနစ်ဟောင်း
(၁ိ - ၁၆.၆၀၆ ဂရမ် = ၁၂၈ ရွေး)

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၈၃၂၀၀၀၀ ကျပ်
ဝယ်ဈေး ၈၂၈၀၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၇၉၂၀၀၀၀ ကျပ်
ဝယ်ဈေး ၇၈၈၀၀၀၀ ကျပ်

* စနစ်သစ်
(၁ိ - ၁၆.၃၂၉၃၂၅ ဂရမ် = ၁၂၀ ရွေး)

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၈၂၀၀၀၀၀ ကျပ်
ဝယ်ဈေး ၈၁၆၀၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၇၈၀၀၀၀၀ ကျပ်
ဝယ်ဈေး ၇၇၆၀၀၀၀ ကျပ်

“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”

(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)

#နိုင်ငံခြားငွေလဲလှယ်နှုန်း

-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၅၉၉ ကျပ်

ပြင်ပပေါက်စျေး

-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၀၇၅ ကျပ်
ဝယ်ဈေး - ၃၉၇၅ ကျပ်

-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၁၄၅ ကျပ်
ဝယ်ဈေး - ၃၀၆၅ ကျပ်

-ယူရို
ရောင်းဈေး - ၄၇၃၅ ကျပ်
ဝယ်ဈေး - ၄၆၂၀ ကျပ်

-ထိုင်းဘတ်
ရောင်းဈေး - ၁၂၅ ကျပ်
ဝယ်ဈေး - ၁၂၁.၉၅ ကျပ်

-မလေးရှားရင်းဂစ်
ရောင်းဈေး - ၉၆၄ ကျပ်
ဝယ်ဈေး - ၉၄၁ ကျပ်

-တရုတ်ယွမ်
ရောင်းဈေး - ၅၇၂ ကျပ်
ဝယ်ဈေး - ၅၅၈ ကျပ်

-ဂျပန်ယန်း
ရောင်းဈေး - ၂၆.၈၁ ကျပ်
ဝယ်ဈေး - ၂၆.၁၆ ကျပ်

-အိန္ဒိယရူပီး
ရောင်းဈေး - ၄၅.၉၁ ကျပ်
ဝယ်ဈေး - ၄၄.၇၉ ကျပ်

-ကိုရီးယားဝမ်
ရောင်းဈေး - ၂.၈၅ ကျပ်
ဝယ်ဈေး - ၂.၇၈ ကျပ်

-စတာလင်ပေါင်
ရောင်းဈေး - ၅၄၄၀ ကျပ်
ဝယ်ဈေး - ၅၃၁၀ ကျပ်

-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၂၆၆၀ ကျပ်
ဝယ်ဈေး - ၂၅၉၅ ကျပ်

-ကနေဒါဒေါ်လာ
ရောင်းဈေး - ၂၉၁၀ ကျပ်
ဝယ်ဈေး - ၂၈၄၀ ကျပ်

-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၂၄ ကျပ်
ဝယ်ဈေး - ၅၁၁ ကျပ်

-ယူအေအီး
ရောင်းဈေး - ၁၁၀၉ ကျပ်
ဝယ်ဈေး - ၁၀၈၂ ကျပ်

ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

***သတ်မှတ်ဈေးအတိုင်း အရောင်းအဝယ်မလုပ်ပါက အရေးယူခံရနိုင်သည်။

Credit - Voice of Myanmar News Agency

#သတင်းဟင်းလေးအိုးကြီး

image

Ottoia (အော့တ်တိုယာ)

​Ottoia ဆိုတာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀၈ သန်းလောက်က ကမ်ဘရီယန်ခေတ် (Cambrian period) မှာ ရှင်သန်ခဲ့တဲ့ ပင်လယ်ရေအောက်မြေကြီးထဲမှာ တွင်းတူးပြီး နေထိုင်ခဲ့တဲ့ တီကောင်တစ်မျိုး ဖြစ်ပါတယ်။

​သူတို့ဟာ ပျမ်းမျှအားဖြင့် ၈ စင်တီမီတာ (၃ လက်မ) လောက်ရှည်ပြီး ခန္ဓာကိုယ်ကို အပိုင်းနှစ်ပိုင်း ခွဲခြားလို့ရပါတယ်။ ရှေ့ဘက်မှာ proboscis လို့ခေါ်တဲ့ ခေါင်းနဲ့တူတဲ့ အစိတ်အပိုင်းတစ်ခုရှိပြီး အဲဒီအပေါ်မှာ အစာရှာဖွေဖို့နဲ့ ဖမ်းဆုပ်ဖို့ အသုံးပြုတဲ့ ချိတ်တွေ၊ ဆူးတွေနဲ့ သွားတွေ ပါရှိပါတယ်။

​Ottoia ဟာ အသားစားသတ္တဝါ (predator) တစ်မျိုးဖြစ်ပြီး အခြားသေးငယ်တဲ့ တီကောင်တွေ၊ hyoliths လို့ခေါ်တဲ့ အခွံပါတဲ့ သတ္တဝါတွေနဲ့ သူတို့ရဲ့ မျိုးနွယ်တူတွေကိုပါ စားသောက်ကြပါတယ်။

​Ottoia ရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းတွေကို ကနေဒါနိုင်ငံ၊ ဗြိတိသျှကိုလမ်ဘီယာမှာရှိတဲ့ Burgess Shale လို့ခေါ်တဲ့ ကျောက်ဆောင်ထဲမှာ အများဆုံး တွေ့ရပါတယ်။ ဒီနေရာဟာ သတ္တဝါတွေရဲ့ ပျော့ပျောင်းတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကိုပါ အသေးစိတ် ထူးထူးခြားခြား ထိန်းသိမ်းထားနိုင်တဲ့အတွက် နာမည်ကျော်ကြားပါတယ်။

image

တရုတ်သွင်းကုန်တွေအပေါ် (၁၀၀)ရာခိုင်နှုန်း အခွန်စည်းကြပ်သွားမယ်လို့ ဒေါ်နယ်ထရမ့် ခြိမ်းခြောက်

အောက်တိုဘာ ၁၃

အမေရိကန်နိုင်ငံဟာ တရုတ်သွင်းကုန်တွေအပေါ် နောက်ထပ်(၁၀၀)ရာခိုင်နှုန်း အခွန်စည်းကြပ်မှုကို လုပ်ဆောင်သွားမှာဖြစ်ပြီး လာမယ့်နိုဝင်ဘာလ(၁)ရက်ကနေ စတင်ကာ အရေးကြီးတဲ့ အမေရိကန်လုပ် ဆော့ဖ်ဝဲလ်တွေ အားလုံးအပေါ် ပို့ကုန်ထိန်းချုပ်မှုတွေ ချမှတ်သွားမယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ဒေါ်နယ်ထရမ့်က “(၂၀၂၅)ခုနှစ် နိုဝင်ဘာလ(၁)ရက်ကနေ စတင်ကာ တရုတ်ရဲ့နောက်ထပ်လုပ်ဆောင်မှုတွေ ဒါမှမဟုတ် အပြောင်းအလဲတွေအပေါ်မူတည်ပြီး အမေရိကန်ဟာ တရုတ်အပေါ် (၁၀၀)ရာခိုင်နှုန်း အခွန်စည်းကြပ် မှုကို လုပ်ဆောင်သွားမှာပါ။ အဲဒီလိုမဟုတ်ရင်တောင် တရုတ်ကလက်ရှိပေးနေတဲ့ အခွန်ထက် ပိုများတဲ့ အခွန်စည်းကြပ်မှုတွေကို လုပ်ဆောင်သွားမှာပါ” လို့ ပြောခဲ့ပါတယ်။

ယခုလအတွင်း တရုတ်သမ္မတရှီကျင့်ဖျင်နဲ့ ထိပ်သီးအစည်းအဝေးတွေလုပ်ဆောင်ဖို့ မလိုအပ်တော့ဘူးလို့ ခံစားမိတယ်လို့ ဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် ယခုလိုခြိမ်းခြောက်မှုတွေ ထွက်ပေါ်လာတာပဲ ဖြစ်ပါတယ်။

ဒါ့ပြင် ရန်လိုတဲ့ကုန်သွယ်မှုအလေ့အကျင့်တွေအတွက် တရုတ်ကို ဒေါ်နယ်ထရမ့်က ပြစ်တင်ရှုတ်ချခဲ့တယ်လို့ လည်း သိရပါတယ်။ ခေတ်သစ်နည်းပညာမှာ အရေးပါတဲ့အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ ရှားပါးမြေထွက်သတ္တုတွေ တင်ပို့မှုအပေါ်ထိန်းချုပ်မှုနဲ့ပတ်သက်ပြီး တရုတ်ကို ဒေါ်နယ်ထရမ့်က ပြစ်တင်ရှုတ်ချခဲ့တယ်လို့လည်း သိရပါတယ်။

ဒေါ်နယ်ထရမ့်က “တရုတ်မှာ အရမ်းထူးဆန်းတဲ့အရာတွေဖြစ်ပျက်နေပါတယ်။ တရုတ်တွေဟာ အရမ်းကို ရန်လိုလာကြပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

Credit - NP News Agency

#centralnewsnaypyitaw

image

ကမ္ဘာ့ဖလားပလေးအော့ဖ်နေရာ သေချာသွားပြီ ဖြစ်တဲ့ စကော့တလန်

အောက်တိုဘာ ၁၃

စကော့တလန်ဟာ ဟမ်ဒန်မှာ ဖီဖာကမ္ဘာ့အဆင့် ၁၀၀ မှ ဘီလာရုစ်ကို ၂-၁ ဂိုးဖြင့် အနိုင်ယူပြီးနောက် ၂ ပွဲကျန် အနေအထားမှာ ကမ္ဘာ့ဖလားပလေးအော့ဖ်နေရာအတွက် သေချာသွားခဲ့ပြီ ဖြစ်ပါတယ်။

စကော့တလန်ဟာ အုပ်စု(C) မှာ ၁၁ ဂိုးအထိ ပေးထားရတဲ့ ဘီလာရုစ်နှင့်ပွဲမှာ ပွဲအစ ၁၅ မိနစ်မှာ ချီအဒမ်ရဲ့ လျှင်မြန်လှတဲ့ အဆုံးသတ်ဖြင့် ဦးဆောင်ဂိုး ရခဲ့ပါတယ်။

ယင်းနောက် ပွဲချိန် ၈၄ မိနစ်မှာ စကော့မက်တိုမီနေးက အင်ဒီရောဘတ်ဆင်ရဲ့ ပေးပို့မှုကနေ ပိတ်သွင်းပြီး စကော့တလန်အတွက် အနိုင်သေချာစေမယ့် ဂိုးကို သွင်းယူခဲ့ပါတယ်။

ဘီလာရုစ်ဟာ အချိန်ပို ၉၆ မိနစ်မှာ ကတ်ချ်ကိုရဲ့ ဂိုးဖြင့် နှစ်သိမ့်ဂိုး ရရှိခဲ့ပါတယ်။

တဖက်မှာ ဒိန်းမတ်ကလည်း ဂရိကို အနိုင်ရရှိလာမှုနှင့်အတူ စကော့တလန်ကို ဂိုးကွာခြားချက်ဖြင့် အုပ်စု(C) ကို ဦးဆောင်ထားနိုင်ခဲ့ပါတယ်။

ဒိန်းမတ်နှင့် ဂရိတို့ဟာ အုပ်စု ထိပ်ဆုံးနှစ်နေရာအတွက် သေချာသွားခဲ့ပြီ ဖြစ်ကာ ပလေးအော့ဖ်နေရာအတွက် စိတ်ချရသွားပြီ ဖြစ်ပါတယ်။

စကော့တလန်ဟာ လက်ကျန် ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်အဖြစ် နိုဝင်ဘာလ ၁၆ ရက်နေ့မှာ ဂရိကို အဝေးကွင်းမှာ ကစားရမှာ ဖြစ်ပြီး ၃ ရက်အကြာမှာ ကမ္ဘာ့ဖလားခြေစစ်ပွဲ တိုက်ရိုက်အောင်မြင်ရေး အဆုံးအဖြတ်ပွဲစဉ်အဖြစ် ဒိန်းမတ်အား ဧည့်ခံကစားရပါမယ်။

ဒိန်းမတ်မှာလည်း စကော့တလန်နှင့်ပွဲမတိုင်မီ ဘီလာရုစ်အား ဧည့်ခံကစားရပါမယ်။

#ဘောလုံးသတင်းစုံ

image
15 w - Translate

ဒါမျိုးကို မျှော်နေတာ
ကြိုက်တယ် JK ရေ✨👑

image
15 w - Translate

ဒါမျိုးကို မျှော်နေတာ
ကြိုက်တယ် JK ရေ✨👑

image
15 w - Translate

ဒါမျိုးကို မျှော်နေတာ
ကြိုက်တယ် JK ရေ✨👑

image
15 w - Translate

ဒါမျိုးကို မျှော်နေတာ
ကြိုက်တယ် JK ရေ✨👑

image
15 w - Translate

ဒါမျိုးကို မျှော်နေတာ
ကြိုက်တယ် JK ရေ✨👑

image
image
image
image