မန္တလေးမြို့၊ မဟာဝိဇိတာရုံကျောင်းတိုက် ပဓာနနာယကဆရာတော်ကြီး၏ ကျန်းမာရေးအခြေအနေများအား နိုင်ငံတော် ယာယီသမ္မတနှင့် ဇနီးတို့မေးမြန်းလျှောက် ထား

မန္တလေးမြို့၊ မဟာဝိဇိတာရုံကျောင်းတိုက် ပဓာနနာယက၊ နိုင်ငံတော်ဩဝါဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိက အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝိစာရိန္ဒာဘိဝံသ (သက်တော် ၉၈) နှစ်၊ ဝါတော် (၇၈) ဝါရှိ သက်တော်ရှည်ဆရာတော်ကြီးအား နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီးတို့မှ ယနေ့ ဇန်နဝါရီ ၂၅ ရက်မွန်းလွဲပိုင်းက ဖူးမြှော်ကြည်ညိုခဲ့ကြသည်။
ထိုသို့ ဖူးမြော်ကြည်ညိုပြီးနောက် နိုင်ငံတော် ယာယီသမ္မတနှင့်လဇနီးတို့မှ ဆရာတော်ကြီး၏ ကျန်းမာရေးဆိုင်ရာများနှင့် သာသနာတော်ထွန်းကားပြန့်ပွားရေးဆိုင်ရာများအားမေးမြန်းလျှောက်ထားပြီး လိုအပ်သည်များကိုဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် နိုင်ငံတော်ယာယီသမ္မတနှင့်ဇနီးတို့မှ ဆရာတော်ကြီးအား လှူဖွယ်ပစ္စည်းများ၊ ဆေးပစ္စည်းများ၊ အာဟာရဖြည့်စားသောက်ဖွယ်ရာများနှင့် နဝကမ္မအလှူတော်ငွေများကိုဆက်ကပ်လှူဒါန်းပြီး ဆရာတော်ကြီး၏ ကျန်းမာရေးဆိုင်ရာလိုအပ်ချက်များအား အမြဲမပြတ်ဖြည့်ဆည်းဆောင်ရွက်ပေးရန် တာဝန်ရှိသူများကို မှာကြားခဲ့သည်။

image