တရုတ်စစ်တပ်ထိပ်တန်းဗိုလ်ချုပ်ကြီး စုံစမ်းစစ်ဆေးခံရ
-----------------------

စည်းကမ်းနဲ့ဥပဒေကို ပြင်းထန်စွာချိုးဖောက်တယ်လို့ သံသယရှိမှုအတွက် တရုတ်စစ်တပ်ထိပ်တန်းဗိုလ်ချုပ်ကြီး စုံစမ်းစစ်ဆေးခံနေရတယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ဇန်နဝါရီလ ၂၄ ရက်က ပြောကြားလာတာကို CNN သတင်းမှာ ဖော်ပြထားပါတယ်။ ဗိုလ်ချုပ်ကြီး ဂျန် ယူရှားအပေါ် စွဲဆိုထားတဲ့ စွဲချက်တွေနဲ့ ပတ်သက်လို့ ကာကွယ်ရေးဝန်ကြီးဌာနက အသေးစိတ် ထုတ်ဖော်ပြောဆိုတာတော့ မရှိခဲ့ပါဘူး။ သူ့ကို သမ္မတ ရှီကျင့်ဖျင်ရဲ့ အရင်းနှီးဆုံး စစ်ဘက်ဆိုင်ရာ မိတ်ဆွေအဖြစ် အများက ရှုမြင်ထားကြတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီလို မလျော် မကန် လုပ်တယ်ဆိုတဲ့ စွပ်စွဲချက်မျိုးဟာ အဂတိလိုက်စားမှု ကျူးလွန်သူတွေအပေါ် သုံးစွဲလေ့ရှိတဲ့ စွဲချက်မျိုး ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် ရှီ အာဏာရလာပြီးကတည်းက အရာရှိ ၂၀၀,၀၀၀ ကျော်ကို အပြစ်ပေးခဲ့တဲ့ ပိုမိုကျယ်ပြန့်တဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ် တစ်စိတ်တစ်ပိုင်းမှာလည်း ပါဝင်ခဲ့သူတစ်ဦး ဖြစ်ပါတယ်။ ဒါ့အပြင် နောက်ထိပ်တန်းစစ်အရာရှိကြီးတစ်ဦးဖြစ်တဲ့ ဗိုလ်ချုပ်ကြီး လီယူ ဂျန်လီကိုလည်း စုံစမ်းစစ်ဆေးနေတယ်လို့ ကာကွယ်ရေး၀န်ကြီးဌာနက အဲဒီထုတ်ပြန်ချက်ထဲမှာ ဖော်ပြခဲ့ပါတယ်။

image