16 w - Translate

လက်ဆောင်ရ

image

ID..Blue-throated barbet
မြန်မာအမည် ကုပ်ကလောင်ငှက်
Location..Taunggyi

image
16 w - Translate

🎬 SAN ANDREAS 2: REPLICA (2025)
🌍 “The fault awakens… again.”
Years after the catastrophic quake that shook California, scientists discover a terrifying new threat: a chain reaction of seismic activity replicating across fault lines worldwide. When a groundbreaking experiment to stabilize the earth backfires, it unleashes destruction on a scale humanity has never seen.
Ray Gaines (Dwayne Johnson), now retired from rescue missions, is pulled back into the chaos when disaster strikes again—this time across multiple continents. Racing against time, he must reunite with his family and lead survivors through collapsing cities, tsunamis, and volcanic eruptions triggered by the unstable core.
From skyscrapers crumbling in Asia to coastlines swallowed by waves, San Andreas 2: Replica raises the stakes with heart-pounding disaster sequences, global peril, and a story of survival, sacrifice, and family.
💥 San Andreas 2: Replica delivers breathtaking visuals, edge-of-your-seat tension, and nonstop disaster spectacle that takes the franchise to an unprecedented level.
⭐ Review (expected): Explosive, gripping, and emotionally powerful—the sequel proves the earth’s deadliest enemy may be itself.
#sanandreas2 #replica

image

image

လာမယ့်နှစ်တွင် ဆော်ဒီသို့ ပြောင်းရွှေ့နိုင်မှုနှင့်ပတ်သက်ပြီး ဘရူနိုဖာနန်ဒက်စ် ဖွင့်ဟလာ

အောက်တိုဘာ ၁၁

ဘရူနိုဖာနန်ဒက်စ်ဟာ လာမယ့်နှစ် ကမ္ဘာ့ဖလားအပြီးတွင် ဆော်ဒီပရိုလိဂ်သို့‌ ပြောင်းရွှေ့ကစားနိုင်မှုနှင့်ပတ်သက်ပြီး ဖွင့်ဟ ပြောကြားလာပါတယ်။

အလယ်တန်းကစားသမားဟာ နွေရာသီတုန်းက ဆော်ဒီပရိုလိဂ်ကလပ်များဖြစ်ကြတဲ့ Al Hilal နှင့် Al lttihad တို့ရဲ့ ကြိုးပမ်းခြင်းခံခဲ့ရပေမယ့်လည်း ပယ်ချခဲ့သူပါ။

ဒါပေမယ့်လည်း ယူနိုက်တက်အသင်းခေါင်းဆောင်ဟာ လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးတွင် ဆော်ဒီသို့ ပြောင်းရွှေ့နိုင်ကြောင်း ထပ်မံ သတင်းများ ကျယ်ပြန့်စွာ ထွက်ပေါ်နေပြန်ပါတယ်။

တဖက်တွင် ဖာနန်ဒက်စ်က အမိုရမ်လက်အောက် ယူနိုက်တက်ရဲ့ စီမံကိန်းအပေါ် အပြည့်အဝ ယုံကြည်နေကာ အသင်းပြောင်းဖို့ အစီအစဉ် မရှိကြောင်းလည်း သတင်းထွက်နေပါတယ်။

ယနေ့ည အိုင်ယာလန်နှင့်ပွဲမတိင်မီ သတင်းစာရှင်းလင်းပွဲမှာတော့ ဘရူနိုဖာနန်ဒက်စ်ဟာ နွေရာသီတုန်းက ဆော်ဒီရဲ့ ကမ်းလှမ်းမှုအား ပယ်ချခဲ့မှုအပေါ် ဖွင့်ဟလာပါတယ်။

၎င်းက "စိတ်ကူးထဲမှာတောင် မရှိခဲ့ပါဘူး။ မန်ချက်စတာယူနိုက်တက်မှာ ဆက်နေချင်ခဲ့တယ်။ ကလပ်ကလည်း ကျွန်တော်ကို ဆက်နေချင်တယ်။ ဒီတော့ အားလုံးက ဒီလိုပဲ ဖြစ်စေချင်တယ်"လို့ ဆိုသွားပါတယ်။

လာမယ့်နှစ်တွင် ပြောင်းလာနိုင်သလားလို့ မေးမြန်းလာချိန်မှာတော့ အသက် ၃၁ နှစ်ရှိ ဖာနန်ဒက်စ်က "ကျွန်တော့်ဘက်က ဆွေးနွေးထားတာ မရှိတော့ တွေးဖို့ ခက်ခဲတယ်။ အခု အခိုက်အတန့်မှာပဲ ပျော်အောင် နေတယ်။ တကယ်လို့ ဒီမှာ ဆက်မရှိရင်လည်း ကျွန်တော့်အပေါ် ရိုက်ခတ်လာမှာ မဟုတ်ပါဘူး"လို့ ပြောကြားသွားပါတယ်။

ဘရူနိုဖာနန်ဒက်စ်ဟာ ယခုရာသီတွင် အမိုရမ်လက်အောက်တွင် ကွင်းလယ်အဖျက်ကစားသမားအဖြစ် ကစားနေရမှုနှင့်အတူ အကောင်းဆုံးပုံစံ ရရှိရေး ရုန်းကန်နေရသူလည်း ဖြစ်ပါတယ်။

သူဟာ ကန်ညာနှင့် အမ်ဘူမိုတို့အား တိုက်စစ်ပိုမို လိုက်ပါနိုင်စေရန်အတွက် နောက်သို့ ဆင်းကစားနေရပါတယ်။

ဒါ့အပြင် သူဟာ ယခုရာသီတွင် ပင်နယ်တီ နှစ်ကြိမ် လွဲချော်ထားပြီးလည်း ဖြစ်ပါတယ်။

#ဘောလုံးသတင်းစုံ

image

မန္တလေးက အိုးဝေလုယက်တဲ့အဖွဲ့မှာ အမျိုးသမီးတွေ ပါဝင်လာ

အောက်တိုဘာ ၁၁

မန္တလေးမြို့၊ အမရပူရမြို့နယ်က တောင်သမန်အင်းဘေးမှာရှိတဲ့ ဗူးဘုရားအနီးကနေ လက်ကောင်းကျေးရွာဘက်ကို အကြွေးသွားတောင်ချင်လို့ဆိုကာ အိုးဝေတားစီးတဲ့ အသက် ၄၀ ဝန်းကျင် အမျိုးသမီးနှစ်ဦးဟာ ပုသိမ်ကြီးမြို့နယ်က ပန်းစျေး အနီးက မြောင်းဘောင်တခုအရောက်မှာ ကြံရာပါ အမျိုးသားတဦးနဲ့အတူ အိုးဝေမောင်းနှင်သူကို ဓားထောက်ပြီး လုယက်မှုတခုဖြစ်ခဲ့ပါတယ်။

အသက် ၄၀ အရွယ်နဲ့ ၅၀ ဝန်းကျင်ရှိတဲ့ အမျိုးသမီး နှစ်ဦးက တောင်သမန်အင်းဘေးမှာရှိတဲ့ ဗူးဘုရားကနေ ပုသိမ်ကြီးမြို့နယ် လက်ကောင်းကျေးရွာဘက်ကို အကြွေးတောင်းစရာရှိလို့ဆိုပြီး အောက်တိုဘာ ၈ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်မှာ အိုးဝေမောင်းနှင်တဲ့ အသက် ၄၁ နှစ်အရွယ်ရှိ ဦးကျော်လွင် မောင်နှင်တဲ့ အိုးဝေကို အသွာအပြန်ငှားချင်တယ်လို့ ပြောဆိုခဲ့ပြီး ငှားရမ်းခဲ့တယ်လို့ အိုးဝေမောင်းနှင်သူ ဦးကျော်လွင်က VOM ကိုပြောပါတယ်။

" အဲ့ဒီအမျိုးသမီးတွေက လက်ကောင်းရွာထိပ်က လမ်းကြားတခုမှာ အကြွေးတောင်းစရာရှိတယ်ဆိုပြီး တယောက်က လမ်းကြားထဲဝင်သွားတယ်၊ ကျနော့်အထင် ပြန်စဥ်းစားကြည့်တော့ ဖုန်းဆက်ပြီး လုဖို့ ချိန်းနေတယ်ထင်တယ်၊ ပန်းစျေးအနီးက မြောင်းဘောင်တခုနားရောက်တော့ ဓားနဲ့ထိုးတဲ့မယ့်သူက ကျနော့်အိုးဝေနဲ့ မျက်နှာချင်းဆိုင် ကနေ မောင်းလာတာ၊ အဲ့နေရာမှာ အိုးဝေစီးတဲ့ အမျိုးသမီးတယောက်က အန်ချင်နေပြီ မရတော့ဘူး အပေါ့လည်းသွားချင်တယ် ပြောလို့ အမရေ ဒီနေရာက မသင့်တော်ဘူး လူရှင်းတဲ့နေရာမှာ ရပ်ပေးမယ်လို့ပြောပြီး ရှေ့နားရောက်တော့ အိုးဝေကိုရပ်ပေးလိုက်တယ် ကိုယ်က ယောင်္ကျားသားဆိုတော့ ညာဘက် ဘက်မှန်ကို ကြည့်လို့ မသင့်ဘူးလေ၊ အဲ့ဒီမှာ ဟိုဆိုင်ကယ်ကလည်း အနောက်မှာ ရပ်နေတာ၊ ပြန်လှည့်လာပြီး ကျနော့်ကို ဓားနဲ့ တန်းပြီးထိုးတာ ကျနော်လည်း ဘယ်အချိန် အိုးဝေအောက်ကို ရောက်သွားမှန်းမသိပါဘူး၊ လက်ကတော့ ဓားထိသွားတယ်၊ ဖုန်းတွေ ပိုက်ဆံအိတ်တွေ၊ မှတ်ပုံတင်တွေရော အိုးဝေကိုပါ ပေးလိုက်ရတယ် " လို့ပြောပါတယ်။

MDY 23 U / 3933 လိုင်စင်နံပါတ်နဲ့ မီနီအိုးဝေ မောင်းနှင်သူ အသက် ၄၁ နှစ်အရွယ်ရှိ ဦးကျော်လွင် ဟာ အသက်အန္တရာယ် မစိုးရိမ်ရပေမယ့်လို့ လက်မှာ ဓားဒဏ်ရာ ရရှိထားပြီး ဖြစ်စဥ်နဲ့ ပတ်သက်ပြီးတော့ ပုသိမ်ကြီးရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ ပြောပါတယ်။

အောက်တိုဘာ ၈ ရက်နေ့ ည ၇ နာရီဝန်းကျင်ကစလို့ လုယက်ခဲ့တဲ့သူတွေကို ဒီကနေ့ အောက်တိုဘာ ၁၀ ရက်နေ့အထိ သဲလွန်စရထားခြင်းမရှိသေးဘူးလို့ သိရာပါတယ်။

၂၀၂၂ ခုနှစ်နောက်ပိုင်း မန္တလေးမြို့ပေါ်မှာ ဆိုင်ကယ်၊ ကား၊ အိုးဝေတွေကို ပစ်မှတ်ထား လုယက်သတ်ဖြတ်ခံရတဲ့ အရေ အတွက် တစနဲ့ တစ များပြားလာတာကိုတွေ့ရပါတယ်။

ဇူလိုင် ၉ ရက် နံနက်က ချမ်းမြသာစည်မြို့နယ်မှာနေထိုင်တဲ့ ဦးသိန်းဦး ၇၂ နှစ်ဟာ အမရပူရမြို့နယ်၊ တမာလမ်းမှာ Click ဆိုင်ကယ်မောင်းနှင်နေချိန် လူတစုက ရိုက်နှက်ပြီးလုယက်ခဲ့တာကြောင့် ဆေးရုံမှာ အဲ့ဒီဒဏ်ရာတွေကြောင့် သေဆုံးခဲ့ရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ဧပြီ ၁၀ ရက်နေ့ကလည်း မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်၊ မန္တလေး - မတ္တရာကားလမ်းအရှေ့ဘက် အင်ကျယ်ရွာနဲ့ မင်းကန်ရွာကြား အိမ်ရှေ့ မင်းထန်းတောအနီးမှာ အိုးဝေမောင်းတဲ့သူကို သတ်ပြီး TVS ယာဥ်အမျိုးစား အိုးဝေတစီး လုယူခံရမှု ဖြစ်ခဲ့ပါတယ်။

၂၀၂၄ ဇန်နဝါရီ ၁၈ ရက်နေ့ကလည်း ပြင်ဦးလွင်ကို ကားအဌားလိုက်သွားတဲ့ အမျိုးသားတဦး သတ်ဖြတ်ခံရပြီး Suzuki ကားလုခံရသလို ပြီးခဲ့တဲ့ မတ်လအတွင်းမှာလည်း ရွှေစာရံဘုရားဖူးလိုက်ပို့တဲ့ မီနီအိုးဝေ တစီး ခိုးခံရပြီး ဒီကနေ့အချိန်ထိ ပြန်မတွေ့သေးဘူးလို့သိရပါတယ်။

Credit - Voice of Myanmar News Agency

#centralnewsnaypyitaw

image

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ

အောက်တိုဘာ ၁၁

#ရွှေဈေး

-ကမ္ဘာ့ရွှေဈေး
တအောင်စ ၄၀၁၇ ဒေါ်လာ

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း

- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၅၉၉၀၀၀၀ ကျပ်

ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း

* စနစ်ဟောင်း
(၁ိ - ၁၆.၆၀၆ ဂရမ် = ၁၂၈ ရွေး)

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၈၂၅၀၀၀၀ ကျပ်
ဝယ်ဈေး ၈၂၁၀၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၇၈၅၀၀၀၀ ကျပ်
ဝယ်ဈေး ၇၈၁၀၀၀၀ ကျပ်

* စနစ်သစ်
(၁ိ - ၁၆.၃၂၉၃၂၅ ဂရမ် = ၁၂၀ ရွေး)

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၈၁၃၀၀၀၀ ကျပ်
ဝယ်ဈေး ၈၀၉၀၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၇၇၃၀၀၀၀ ကျပ်
ဝယ်ဈေး ၇၆၉၀၀၀၀ ကျပ်

“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”

(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)

#နိုင်ငံခြားငွေလဲလှယ်နှုန်း

-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၅၉၉ ကျပ်

ပြင်ပပေါက်စျေး

-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၀၅၅ ကျပ်
ဝယ်ဈေး - ၃၉၅၅ ကျပ်

-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၁၂၅ ကျပ်
ဝယ်ဈေး - ၃၀၅၀ ကျပ်

-ယူရို
ရောင်းဈေး - ၄၇၁၀ ကျပ်
ဝယ်ဈေး - ၄၆၀၀ ကျပ်

-ထိုင်းဘတ်
ရောင်းဈေး - ၁၂၄.၂၂ ကျပ်
ဝယ်ဈေး - ၁၂၁.၂၁ ကျပ်

-မလေးရှားရင်းဂစ်
ရောင်းဈေး - ၉၅၉ ကျပ်
ဝယ်ဈေး - ၉၃၆ ကျပ်

-တရုတ်ယွမ်
ရောင်းဈေး - ၅၆၈ ကျပ်
ဝယ်ဈေး - ၅၅၄ ကျပ်

-ဂျပန်ယန်း
ရောင်းဈေး - ၂၆.၈၂ ကျပ်
ဝယ်ဈေး - ၂၆.၁၇ ကျပ်

-အိန္ဒိယရူပီး
ရောင်းဈေး - ၄၅.၆၉ ကျပ်
ဝယ်ဈေး - ၄၄.၅၈ ကျပ်

-ကိုရီးယားဝမ်
ရောင်းဈေး - ၂.၈၄ ကျပ်
ဝယ်ဈေး - ၂.၇၇ ကျပ်

-စတာလင်ပေါင်
ရောင်းဈေး - ၅၄၁၅ ကျပ်
ဝယ်ဈေး - ၅၂၈၅ ကျပ်

-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၂၆၂၅ ကျပ်
ဝယ်ဈေး - ၂၅၆၀ ကျပ်

-ကနေဒါဒေါ်လာ
ရောင်းဈေး - ၂၈၉၅ ကျပ်
ဝယ်ဈေး - ၂၈၂၅ ကျပ်

-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၂၁ ကျပ်
ဝယ်ဈေး - ၅၀၉ ကျပ်

-ယူအေအီး
ရောင်းဈေး - ၁၁၀၄ ကျပ်
ဝယ်ဈေး - ၁၀၇၇ ကျပ်

ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

***သတ်မှတ်ဈေးအတိုင်း အရောင်းအဝယ်မလုပ်ပါက အရေးယူခံရနိုင်သည်။

Credit - Voice of Myanmar News Agency

#သတင်းဟင်းလေးအိုးကြီး

image
16 w - Translate

မိုးအကုန် ဆောင်းအကူး
မြို့ဘားအံရဲ့ နံနက်ခင်း . . .

image
16 w - Translate

မိုးအကုန် ဆောင်းအကူး
မြို့ဘားအံရဲ့ နံနက်ခင်း . . .

image
16 w - Translate

မိုးအကုန် ဆောင်းအကူး
မြို့ဘားအံရဲ့ နံနက်ခင်း . . .

image