ဝက်အူကင်နဲ့ဆော့လုပ်နည်း
ပါဝင်ပစ္စည်းများ
၁။ ဝက်အူ- ၁ ကီလိုဂရမ်
၂။ နံနံစေ့ - ၂ ဇွန်း
၃။ ပဲငံပြာရည်အကြည် - ၁ ဇွန်းခွဲ
၄။ သကြား - ဇွန်းတစ်ဝက်
၅။ ခရုဆီ - ၂ ဇွန်း
### အချဉ်ရည်အတွက် ပါဝင်ပစ္စည်းများ**
၁။ ငရုတ်သီးမှုန့် - ၁ ဇွန်း
၂။ ဆန်‌ေလှာ်မှုန့် - ဇွန်းတစ်ဝက်
၃။ ငါးငံပြာရည် - ၃ ဇွန်း
၄။ သကြား - ၁ ဇွန်း
၅။ သံပုရာသီး - ၁ လုံးခွဲ
၆။ အချဉ်ရည် (သို့) မက်မန်းသီးချဉ်ရည် - ၃ ဇွန်း
၇။ ကြက်သွန်နီ - ၁ လုံး
၈။ နံနံပင် - ၁ပင်
---
### **ပြင်ဆင်နည်း**
၁။ ဝက်အူကို **ဆားနဲ့ ၂-၃ ကြိမ်** သေချာဆေးကြောပါ။
၂။ ရေနွေးဆူဆူထဲ ထည့်ပြုတ်ပြီး အေးအောင်ထားကာ **ခရင်းနဲ့ အပေါက်များဖောက်ပါ**။
၃။ ကင်ဖို့ အူကို လှီးပြီး ပန်းကန်လုံးထဲထည့်ကာ နံနံစေ့၊ ခရုဆီ၊ သကြား၊ ပဲငံပြာရည်တို့နဲ့ နယ်ပြီး **မိနစ် ၃၀ မှ ၁ နာရီအထိ စိမ်ထားပါ**။ (စိမ်ချိန်ကြာလေ အရသာပိုဝင်လေ!)
၄။ **မီးအပူချိန်နည်းနည်းနဲ့ အူကို ရွှေညိုရောင်ရအောင် ကင်ပါ** (သို့) **လေပူဖောင်အိုး** သုံးနိုင်ပါတယ်။
၅။ အချဉ်ရည်အတွက် **ပါဝင်ပစ္စည်းအားလုံးကို ရောမွှေ**၊ သံပုရာရည်ညှစ်ထည့်ပါ။
---
### **အကြံပြုချက်**
ဝက်အူကိုအချဉ်ရည်နဲ့နှယ်ပြီးထမင်းနဲ့တွဲစားလည်း ကောင်းပါတယ်။
- ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း ထည့်ရင် အရသာပိုပြည့်ဝမယ်!
**ကျေးဇူးတင်ပါတယ်

image

ထုက္ကန်သိမ်
.
.
.
၀၉၁၀၂၀၂၅
.
ဖိုတို - ရှစ်သောင်းဘုရားကြီးပေါ်မှ မြင်ကွင်း ၊ မြောက်ဦးမြို့ ။

image

မင်္ဂလာ ညချမ်းပါ -
ကျောက်စိမ်းစေတီတော်ကြီး.
မန္တလေး ...

image
15 w - Translate

Labubu အရုပ်ဟာ ဟောင်ကောင်အနုပညာရှင် Kasing Lung ဖန်တီးခဲ့တဲ့ "The Monsters" ဇာတ်ကောင်စီးရီးမှ ထွက်ပေါ်လာတဲ့ အရုပ်ဖြစ်ပါတယ် ၎င်းကို တရုတ်ကုမ္ပဏီ Pop Mart က Blind Box စနစ်နဲ့ ရောင်းချခဲ့ရာမှ ကမ္ဘာကျော် လူကြိုက်များလာခဲ့တဲ အရုပ်ဖြစ်လာခဲ့ပါတယ်
Labubu အရုပ်တွေ အလွန်အမင်း ရေပန်းစားလာမှုကြောင့် Pop Mart ရဲ့တည်ထောင်သူ Wang Ning ဟာ ၂၀၂၅ ခုနှစ် ဇွန်လမှာ ဒေါ်လာ ၂၂.၁ ဘီလီယံခန့်နဲ့ တရုတ်နိုင်ငံရဲ့ အသက်အငယ်ဆုံး ဘီလီယံနာတွေထဲမှ တစ်ဦး ဖြစ်လာခဲ့ပါတယ် အဲ့ဒီအချိန်က သူဟာ Alibaba တည်ထောင်သူ Jack Ma ရဲ့ပိုင်ဆိုင်မှုကိုတောင် ကျော်သွားခဲ့ပါတယ်
ဒါပေမဲ့ Labubu ရဲ့ ရေပန်းစားမှုဟာ ရုတ်တရက် အေးစက်သွားခဲ့ပြီး ကုမ္ပဏီအတွက် ကြီးမားတဲ့ ဘဏ္ဍာရေးဆုံးရှုံးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ် Pop Mart ကုမ္ပဏီရဲ့ အစုရှယ်ယာဈေးနှုန်းတွေဟာ ကျဆင်းခဲ့ပြီး ၂၀၂၅ ခုနှစ် သဩဂုတ်လမှစပြီး ဈေးကွက်တန်ဖိုး စုစုပေါင်း ဒေါ်လာ ၁၃ ဘီလီယံခန့် ဆုံးရှုံးခဲ့ရပါတယ်
ကုမ္ပဏီရဲ့ စတော့ရှယ်ယာတွေ ကျဆင်းမှုကြောင့် တည်ထောင်သူ Wang Ning ရဲ့ ပိုင်ဆိုင်မှုဟာလည်း တစ်လအတွင်း ဒေါ်လာ ၆ ဘီလီယံခန့် ဆုံးရူံးသွားခဲ့ပါတယ်
ဒီလိုတွေကျဆင်းသွားရခြင်းရဲ့ နောက်ကွယ်မှာ အကြောင်းရင်းတွေ ရှိပါတယ် Labubu ရဲ့ နောက်ဆုံးမျိုးဆက်ဖြစ်တဲ့ Labubu 4.0 စတင်ရောင်းချပြီးနောက် Pop Mart က ထုတ်လုပ်မှု ပမာဏကို တိုးမြှင့်ခဲ့ပါတယ် အရုပ်တွေကို လွယ်လွယ်ကူကူ ဝယ်ယူရရှိလာတဲ့အခါ ယခင်လို ရှားပါးမှု နဲ့ စုဆောင်းရတဲ့ စိတ်လှုပ်ရှားမှုတွေလျော့နည်းသွားခဲ့ပါတယ်
ထုတ်လုပ်မှု တိုးမြှင့်လာတာကြောင့် Resale စျေးကွက် ရှိ အရုပ်ဈေးနှုန်းတွေဟာ သိသိသာသာ ထိုးကျခဲ့ပါတယ် အချို့အရုပ်တွေရဲ့ ဈေးနှုန်းတွေဟာ မူလထုတ်လုပ်စဉ်ကထက် ၄၀% မှ ၅၀% အထိ လျော့ကျသွားခဲ့ရာ စုဆောင်းသူတွေဟာ ဝယ်ယူမှုကိုရပ်ဆိုင်းခဲ့ကြပါတယ်
နောက်ပြီး တရုတ်နိုင်ငံမှာ "Blind Box" စနစ်ကို နိုင်ငံပိုင်မီဒီယာတွေက ဝေဖန်မှုတွေရှိလာပြီး အတုအပပြဿနာတွေကလည်း ပေါ်ပေါက်ခဲ့ပါတယ် ဒါတွေကြောင့်ဘဲ စျေးကွက်တန်ဖိုး ကျဆင်းသွားခဲ့ရတာဖြစ်ပါတယ်
#knowledge #ဗဟုသုတ #facts #whatthefacts

image
16 w - Translate

လန်ဒန်မြို့က အမျိုးသမီးတစ်ဦးဟာ ဘယ်နေရာကိုမှ သွားဖို့မဟုတ်ဘဲ သူမရဲ့ ကွယ်လွန်သွားပြီဖြစ်တဲ့ ခင်ပွန်းသည်ရဲ့အသံကို နားထောင်ဖို့အတွက် နေ့တိုင်း မြေအောက်ရထားကို စီးလေ့ရှိပါတယ်
လွန်ခဲ့တဲ့ ဆယ်စုနှစ်များစွာက သူမရဲ့ ခင်ပွန်းဟာ ခရီးသည် သန်းပေါင်းများစွာ ကြားနေရတဲ့ လန်ဒန်မြေအောက်ရထားရဲ့ ထင်ရှားကျော်ကြားတဲ့ သတိပေးသံ “Mind the Gap” (ရထားနဲ့ ပလက်ဖောင်းကြား အကွာအဝေးကို သတိထားပါ) ကို အသံသွင်းပေးခဲ့ဖူးပါတယ် သူဆုံးပါးသွားတဲ့အခါမှာ အဲဒီရင်းနှီးကျွမ်းဝင်တဲ့ အသံဟာ သူမအတွက် သူ့ခင်ပွန်းနဲ့ နောက်ဆုံးကျန်ရှိနေတဲ့ ဆက်သွယ်မှုတစ်ခု ဖြစ်လာခဲ့ပါတယ် နှစ်ပေါင်းများစွာကြာအောင် သူမဟာ ခင်ပွန်းရဲ့ အသံကို ကြားချင်ရုံသက်သက်နဲ့နေ့တိုင်း အဲဒီလမ်းကြောင်းအတိုင်း စီးနင်းလေ့ရှိပါတယ်
ပို့ဆောင်ရေးစနစ် ခေတ်မီပြီး အသံသွင်းမှုအသစ်နဲ့ အစားထိုးလိုက်တဲ့အခါ သူမဟာ အရမ်းကို ဝမ်းနည်းပူဆွေးခဲ့ရပါတယ် ဒါပေမဲ့ သူမရဲ့ ဇာတ်လမ်းဟာ လူသိရှင်ကြား ဖြစ်သွားတဲ့နောက်မှာတော့ အရာရှိတွေဟာ သူမခင်ပွန်းရဲ့ မူရင်းအသံ ကို ပြန်လည်အသုံးပြုပေးခဲ့ပါတယ် ဒါကြောင့် သူမဟာ အဲဒီအသံကို ဆက်လက်နားဆင်ခွင့် ရခဲ့ပါတယ်
#knowledge #ဗဟုသုတ #facts #whatthefacts

image

အေး🥲

image

Me : ငါနဲ့ ရ” ၊ န်ဖြ” ၊စ်ထားချိန် ငါ့ကော” င်လေး ဝမ်းနည်းနေမလား စိ” ၊တ်မကော” င်းဖြစ်နေမလား
ငါ့ကော” င်လေး :

image
15 w - Translate

Ro-n’s Go-ne Wro-ng (2021)

IMDB - 7/10
Genre - Comedy/Family

“ခင်ဗျားတိုတွေ အထီးကျန်တယ်လို ခံစားရဖူးလား?”

“ထောင့်စွန်းတစ်နေရာမှာ ရပ်နေရပြီး ကသိကအောက်နဲ့ ဘယ်သူ့ကိုမှ စကားသွားမစရဲဘဲနဲ့လေ” တော်ရုံတန်ရုံ စကားမပြောရဲတဲ့လူတွေ၊ သူငယ်ချင်းရှာဖိုခက်တဲ့သူတွေအတွက် နည်းပညာဟာ အထောက်အပံ့တစ်ခု ဖြစ်လာပါတယ်။ ဒီလိုနဲ့ နည်းပညာကုမ္ပဏီတစ်ခုဖြစ်တဲ့ Bubble ဟာ Bubble Robot ဆိုတဲ့ စက်ရုပ်လေးတွေကို လူတွေအတွက် “Best Friend”  အဖြစ် ဖန်တီးထုတ်လုပ်လိုက်ပါတယ်။ ဖုန်းတွေ၊ Tablet တွေထက်လုပ်ဆောင်နိုင်စွမ်းမြင့်တဲ့ ဒီစက်ရုပ်လေးတွေက ပိုင်ရှင်ရဲ့ ဒေတာအချက်အလက်တွေကိုသိမ်းယူပြီးတော့ Bubble Network ကနေတစ်ဆင့် ဝါသနာတူ အကြိုက်တူ သူငယ်ချင်းတွေကို ရှာဖွေပေးပါတယ်။ သူငယ်ချင်းတွေကို ရှာဖွေပေးတဲ့အပြင် သူကိုယ်တိုင်ကိုက ပိုင်ရှင်အနီးနား ၆ ပေအတွင်းမှာနေပေး၊ ကူညီပေး၊ စကားပြောပေးတဲ့ သူငယ်ချင်းတစ်ယောက်အဖြစ် ရှိနေတာပေါ့။ ဒီလိုနဲ့ ကလေးတွေကြားမှာ Bubble Robot တွေ ခေတ်စားလာပြီး မပိုင်ဆိုင်သူကတော့ မရှိသလောက် ဖြစ်လာပါတယ်။ Nonsuch ဆိုတဲ့ မြိုလေးကကျောင်းသားတွေထဲမှာ Barnaby ဆိုတဲ့ ကောင်လေးတစ်ယောက်ပဲ Bubble Robot ကို မပိုင်ဆိုင်တာပါ။ သူကိုယ်တိုင်က လူအေးလေး ဖြစ်တဲ့အပြင် လူတိုင်းက ကိုယ်စီရဲ့ Bubble Robot တွေနဲ့ပဲ အလုပ်ရှုပ်နေကြတော့ သူ့မှာ သူငယ်ချင်းဆိုတာမရှိပါဘူး။ အဲဒီအပြင် Bubble Robot မရှိတဲ့အတွက် စနောက်လှောင်ပြောင် ခံရပါသေးတယ်။ တစ်နေ့မှာတော့ Barnaby ရဲ့ မွေးနေ့လေးကို ရောက်ရှိလာပါရော။ ဒီလိုနဲ့ Bubble Robot ကို လိုချင်နေတဲ့ Barnaby တစ်ယောက် လိုချင်တာကိုမွေးနေ့လက်ဆောင်အဖြစ်ရသွားပြီးတဲ့နောက် ဘာတွေဆက်ဖြစ်မလဲဆိုတာအားပေးကြည့်ရှုလိုက်ကြရအောင်နော်။

image
16 w - Translate

Mum-mies (2023)

ဟာသကာတွန်းရုပ်ရှင်အသစ်လေးတစ်ခုလာပါပြီ။ ဒီကာတွန်းထဲမှာတော့ မံမီအားလုံးဟာ တမလွန်မြိုကြီးတစ်ခုမှာ ထာဝရအသက်ရှင်နေထိုင်ကြပါတယ်။ မံမီအားလုံးကို ဖာရိုးဘုရင်ကြီးက အုပ်ချုပ်ပါတယ်။ ဖာရိုးဘုရင်ကြီးရဲ့ သမီးတော် Nefertari အတွက် ကြင်ယာဖက်ရွေးဖို အချစ်နတ်ဘုရားမရဲ့ ဖီးနစ်ငှက်ကို ရွေးခိုင်းရင်းနဲ့ တလွဲတွေဖြစ်ပြီး လှည်းပြိုင်သမား Thut ကို ရွေးချယ်ခံလိုက်ရပါတော့တယ်။ ဒါပေမဲ့ မင်းသမီးက လက်မထပ်ချင်လို ထွက်ပြေးရင်း၊ Thut ကလည်း သူ့ကိုသိမ်းဆည်းခိုင်းထားတဲ့ လက်ထပ်လက်စွပ် အခိုးခံရလို အပြစ်ပေးခံရမှာကြောက်ပြီး ပြန်လိုက်ရှာရင်း နှစ်ယောက်လုံး လူသားကမ္ဘာထဲကို ရောက်လာပါတော့တယ်။ မံမီတွေ လူသားကမ္ဘာထဲမှာ ဘာတွေတလွဲလုပ်ပြီး ဘာတွေရင်ဆိုင်ရမလဲဆိုတာ

Credit

image
Zaycho added new product for sell.
16 w
imageimage
+2

0 Reviews
YGN· In stock· New

?ခေါက်ချိုးကားအမှိုက်ပုံး Portable Foldable Car Trash Can?

Ks7,000.00 (MMK)

မော်တော်ယာဉ်ထဲမှာ အမှိုက်တွေကြောင့် မသန့်မရှင်းဖြစ်နေတတ်တဲ့အခါ ဒီအမှိုက်ပုံးလေးက သင့်အတွက် အကောင်းဆုံးဖြေရှင်းချက်ဖြစ်ပါတယ်။

✅ Oxford Fabric နဲ့ 210T Polyester Cloth ဖြင့်ပြုလုပ်ထားပြီး ရေစိုခံ၊ ခိုင်ခံ့ပြီး သုံးရတာအရမ်းအဆင်ပြေပါတယ်။
✅ Foldable ဒီဇိုင်းဖြင့် မသုံးချိန်မှာ ချုံ့ထားလို့ရပြီး ကားထဲမှာနေရာမယူပါဘူး။
✅ Buckle နဲ့ Hook Strap ပါဝင်လို့ Gear Shift Console, Seat Backrest, Door Handle စတဲ့နေရာတွေမှာ ချိတ်ထားလို့ရပါတယ်။
✅ Trash Can အဖြစ်သုံးလို့ရသလို Water Bottle, Snacks, Toys, Cosmetics စတဲ့အရာလေးတွေကိုလည်း သေသပ်စွာသိမ်းဆည်းနိုင်ပါတယ်။
✅ Velcro နဲ့ Rubber Tape ပါဝင်လို့ မျက်နှာပြင်ပေါ်မှာတောင် တပ်ဆင်ထားလို့ရပြီး လှုပ်ရှားမှုမှာလည်း မလွဲမလှဲ ဖြစ်ပါတယ်။
? အရွယ်အစား – 16x16x20cm / 20x20x25cm
⚖️ အလေးချိန် – 0.07kg
? အရောင် – Black
? ပါဝင်သောပစ္စည်း – 1 Pcs

မော်တော်ယာဉ်ထဲကို သန့်ရှင်းသပ်ရပ်စေဖို့
ခရီးသွားချိန်မှာ အမှိုက်တွေကို အလွယ်တကူ စုဆောင်းဖယ်ရှားနိုင်ဖို့
အခြားသော အသုံးအဆောင်များကိုလည်း သိမ်းဆည်းနိုင်တဲ့ Multi-functional Design
ချောမွေ့လှပတဲ့ ဒီဇိုင်းနဲ့ အဆင်ပြေမှုအပြည့်အဝ
? #Shop, #KBZmarketplace , #UAB market , Page chat တို့မှ တစ်နိုင်ငံလုံးသို့ အိမ်အရောက်ငွေခြေ. Banking တို့ဖြင့် ကြိုက်နှစ်သက်ရာရွေးခြယ် ဝယ်ယူနိုင်ပါသည်။ ဖုန်း ၀၉၈၉၄၂၇၃၉၁၁ (ရုံးချိန်အတွင်းဆက်သွယ်နိုင်ပါသည်) . အမှတ် ၂၈. သိန္ဒီလမ်း. သီတာရပ်ကွက်. ကြည့်မြင်တိုင်.ရန်ကုန်မြို. www.shop.com.mm/shop/zaycho

? သင့်ကားအတွက် အကောင်းဆုံး ရွေးချယ်မှု!
အိမ်မှာပဲဖြစ်ဖြစ်၊ ခရီးသွားချိန်မှာပဲဖြစ်ဖြစ် အသုံးပြုနိုင်တဲ့ အရမ်းအဆင်ပြေတဲ့ Trash Can လေးပါ။
? #CarTrashCan #FoldableTrashBin #CarAccessories #TravelEssentials #CarOrganizer #မော်တော်ယာဉ်အတွက်အဆင်ပြေတဲ့အမှိုက်ပုံး #ခရီးသွားအတွက်အဆင်ပြေ #CarStorageBag #TrashCanMyanmar