ဒေါ်နယ်ထရမ့်သဘောကျ ကမ္ဘာ့ဖလားအပြောင်းအလဲလုပ်ဆောင်ပေးဖို့ အသင့် ဖြစ်နေတဲ့ ဖီဖာ
===================

ဖီဖာဥက္ကဌဂျီယန်လူဂီအင်ဖန်တီနိုက အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ဘက်ကသာ တောင်းဆိုလာပါက ကမ္ဘာ့ဖလားလက်ခံကျင်းပမယ့် မြို့ကို အပြောင်းအလဲ ပြုလုပ်လာနိုင်ကြောင်း အရိပ်အမြွက် ပြောကြားလာပါတယ်။
ဖီဖာဥက္ကဌအင်ဖန်တီနိုဟာ ဒုဥက္ကဌ ကနေဒါနိုင်ငံသားဗစ်တာမွန်တာဂလီယန်နှင့်အတူ ဒေါ်နယ်ထရမ့်ရဲ့ သမ္မတအိမ်ဖြူတော်သို့ ရောက်ရှိနေပါတယ်။
ယင်းသို့ ရောက်ရှိနေစဉ်အတွင်း ဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် ဖီဖာဥက္ကဌဒေါ်နယ်ထရမ့်က ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲတွင် ပြည်ဝင်ခွင့် ပိတ်ပင်ခံထားရတဲ့ နိုင်ငံမှ ပရိသတ်များကိုလည်း ကမ္ညာ့ဖလားပွဲ လက်မှတ်ပြသနိုင်ပါက ပြည်ဝင်ခွင့်ဗီဇာပေးလာမယ်လို့ ကြေညာလာပါတယ်။
ထရမ့်ဟာ အစောပိုင်းတုန်းက လုံခြုံမှု မရှိဘူးလို့ သူယူဆတဲ့ မြို့များမှ ကမ္ဘာ့ဖလားပွဲ လက်ခံကျင်းပရေးကို အခြားမြို့သို့ ရွှေ့ဆိုင်းနိုင်ကြောင်း ပြောကြားခဲ့ဖူးပါတယ်။ ထရမ့်ဟာ ဆက်တယ်၊ ဘော်စတွန်၊ ဆန်ဖရန်ဆစ္စကိုတိ့တွင် ကမ္ဘာ့ဖလားပွဲ လက်ခံကျင်းပရေးအား ဖယ်ရှားလာနိုင်တယ်လို့ သတင်းထွက်နေပါတယ်။
ပြီးခဲ့တဲ့အပတ်တုန်းက ဆက်တယ်မြို့တော်ဝန်သစ်အဖြစ် ရွေးချယ်ခံခဲ့ရတဲ့ ဒီမိုကရက်တစ်ပါတီဝင် ကေတီဝီလ်ဆင်က ဒေါ်နယ်ထရမ့်က ကမ္ဘာ့ဖလားပွဲ ကျင်းပရန် လျာထားတဲ့ မြို့ ၃ မြို့ကို ဒုစရိုက်မှုထူပြောတဲ့ မြို့အဖြစ် ပြောဆိုခဲ့ကြောင်း ဖွင့်ဟခဲ့ဖူးပါတယ်။
ဒါ့အပြင် ထရမ့်က "တကယ်လို့ ဒီမြို့သုံးမြို့က ပြဿနာရှိနိုင်တယ်လို့ ယူဆလာရင် အခြားမြို့သို့ ပြောင်းဖို့ ဂျီယန်နီကို တောင်းဆိုမယ်။ ကမ္ဘာ့ဖလားပွဲကျင်းပချင်တဲ့ မြို့တွေ အများကြီးပါ။ နံပါတ်တစ် ကျွန်တော်တို့ အဓိက လုပ်မယ့်အရာက လုံခြုံရေး အရမ်းစိတ်ချရဖို့ပါ။ အစိုးရနဲ့ မြို့တော်ဝန်တွေကလည်း ဒီအတွက်ပဲ လုပ်ရမယ်။ ကယ်လီဖိုးနီးယားမှာဆို ပြဿနာရှိတယ်။ အကြီးအကျယ်ပစ်ခတ်မှု ဖြစ်နေတဲ့ နေရာပါ။ အယ်လ်အေကို ကျွန်တော် ချစ်တယ်။ ပြိုင်ပွဲကာလအတွင်း အကူအညီလိုအပ်လာရင် National Guard သို့မဟုတ် အခြားလိုအပ်တာတွေ ပေးပို့သွားမယ်။ ကျုပ်က ကြီးကျယ်တဲ့ ပြိုင်ပွဲပဲ ဖြစ်စေချင်တယ်။ အယ်လ်အေကို ချစ်တယ်။ ဒီနေရာကို အရမ်းသဘောကျတယ်"လို့ ပြောကြားသွားပါတယ်။
ယခုအခါ ဖီဖာဥက္ကဌအင်ဖန်တီနိုက "လုံခြုံရေးနဲ့ လုံခြုံမှု ရှိဖို့က အောင်မြင်တဲ့ ကမ္ဘာ့ဖလားဖြစ်ဖို့ အရေးအကြီးဆုံး နံပါတ်တစ်ပါ။ ကျွန်တော်တို့ လက်မှတ်ရောင်းချတဲ့အခါ လူတွေက အမေရိကန်အပေါ် ယုံကြည်မှု ရှိတာ ဒီကနေ့ တွေ့နိုင်ပါတယ်။ ကမ္ဘာ့စံချိန်တင် နှစ်သန်းနီးပါး ရောင်းခဲ့ရတယ်။ သူတို့က ဒီနေရာကို လာနိုင်တယ်ဆိုတာ သိနေလို့ပါ။ သူတို့ဟာ ကမ္ဘာ့ဖလား လုံခြုံစိတ်ချရတဲ့ အတွေ့အကြုံခံစားရပါမယ်။ ဒီကိစ္စအတွက် ကျွန်တော်တို့ ဆွေးနွေးပါမယ်။ အတူတကွဲလက်တွဲလုပ်ပါမယ်။ နိုင်ငံခြားက ပရိသတ်တွေ သေချာပေါက် လာလို့ရအောင် လုပ်သွားမယ်။ လာမယ့်အားကစားမှာ အတွဲတကွ အောင်ပွဲခံကြမယ်။ ရာနှုန်းပြည့်လုံခြုံမှု ရှိရပါမယ်"လို့ ပြောကြားသွားပါတယ်။

image

မကြာမီ မြန်မာနှင့် ရင်ဆိုင်ရမယ့် ပါကစ္စတန်အသင်းကို ကိုင်တွယ်စဉ်အတွင်း ကွဲပြားတဲ့ ဘဝ ကြုံတွေ့နေရတဲ့ ပရီးမီးယားလိဂ်သူရဲကောင်းဆိုလာနို
======================

နိုဘီဆိုလာနိုဟာ ခရစ်ကတ် တစ်ခါမျှတောင် မကစားခဲ့ဖူးပါဘူး။
သူက "ဘုရားသခင်က ငါ့ကို ပါရမီပါတဲ့ ခြေထောက်ပေးတယ်။ လက်ပေးတာ မဟုတ်ဘူး"လို့ သွားပါတယ်။
နယူးကာဆယ်ဂန္ထဝင်ဆိုလာနိုဟာ လက်ရှိအချိန်မှာ ပါကစ္စတန်လက်ရွေးစင်အသင်းကို ကိုင်တွယ်နေပါတယ်။ သူ့ကိုင်တွယ်နေတဲ့ နိုင်ငံမှာ နံပါတ်တစ်အားကစားနည်းက ခရစ်ကတ်ပါ။ ဘောလုံးကို လူတွေ သိပ်စိတ်မဝင်စားကြပါဘူး။
လက်ရှိအချိန်မှာ သူဟာ မြို့တော် အစ္စလာမာဘတ်မှာ နေထိုင်နေပါတယ်။ သူဟာ ပြီးခဲ့တဲ့လတုန်းက အာဖကနစ္စတန်နှင့် ခြေစစ်ပွဲနှစ်ပွဲသရေကျခဲ့ပေမယ့် တတိယမြောက်ကိုင်တွယ်တဲ့ပွဲဖြစ်တဲ့ ဆီးရီးယားနဲ့ပွဲမှာတော့ ၅-၀ ဂိုးဖြင့် အရေးနိမ့်ခဲ့ပါတယ်။
သူဟာ ပါကစ္စတန်မှာ နေထိုင်နေတယ်ဆိုပေမယ့် တကယ်တမ်း အခြေချနေထိုင်တာက အင်္ဂလန်မှာပါ။ သူဟာ နယူးကာဆယ်အတွက် ပွဲပေါင်းနှစ်ရာကျော်ကစားခဲ့သူ ဖြစ်ပြီး ယခုတိုင် လူချစ်လူခင်ပေါပါသေးတယ်။
ဒါပေမယ့် ဘောလုံးကို စိတ်မဝင်စားတဲ့ အစ္စလာမာဘတ်မှာတော့ ကွဲပြားတဲ့ လူနေမှုဘဝနှင့် ကြုံနေရပါတယ်။
အသက် ၅၀ နှစ်ရှိ ချီလီတောင်ပံကစားသမားဟောင်းက "ဒီမှာ နေရတဲ့ဘဝကတော့ လုံးဝ ကွဲပြားတယ်။ နိုင်ငံတော်တော်များများမှာ ဘောလုံးကစားခဲ့တယ်။ ဒါပေမယ့် ဒီမှာတော့ ကျွန်တော် လမ်းလျှောက်နေတယ်ဆိုရင်တောင် ကျွန်တော့်ကို ဘယ်သူမှ မသိပါဘူး။ ဒါက သာမန်လား။ ဒီမှာတော့ ဒါက သာမန်ပါ။ ဒီနိုင်ငံက နိုင်ငံကြီးတစ်ခုပါ။ ဒီက လူတွေက ခရစ်ကတ်လို အခြားအရာတွေကိုပဲ စိတ်ဝင်စားကြတယ်။ ခရစ်ကတ်ကတော့ အရမ်းလူကြိုက်များတယ်။ နှစ်ပေါင်းများစွာ ကြာပြီလေ။ ဟော်လီလည်း လူကြိုက်များတယ်။ ဒါပေမယ့် ဘောလုံးလည်း တဖြည်းဖြည်း လူကြိုက်များလာနေပါတယ်။ ပန်းခြံတွေ၊ ကွင်းတွေမှာ လူတွေ အများကြီး ဘောလုံးကစားနေတာ မြင်ရပါမယ်။ ကျွန်တော့်ကို ပီရူးမှာ မွေးတယ်။ ကျွန်တော်ကြီးပြင်လာတဲ့ ပီရူးက ဘောလုံးနိုင်ငံ။ ကိုယ့်မှာ ပါရမီရှင်တယ်၊ အိပ်မက်ရှိရင် ဒီအတွက်ပဲ လုပ်ရမယ်။ ဒါက အိပ်မက်လေ။ ကျွန်တော်လ်း ဒီအတိုင်းပဲ လုပ်ခဲ့တယ်။ သူတို့မှာ သူတို့နိုင်ငံ ပါကစ္စတန်အတွက် ကစားဖို့ အိပ်မက်ရှိကြမှာပါ။ ဒါပေမယ့် ကလပ်တစ်ခုသို့ ပြောင်းနိုင်ဖို့ အခွင့်အရေးရဖို့ လိုတယ်။ ပြီးရင် ပိုကောင်းလာအောင်မယ်၊ ပိုတိုးတက်အောင် လုပ်ရမယ်။ ပါကစ္စတန်မှာ ပြည်တွင်းလိဂ်တစ်ခုလိုတယ်။ ကျွန်တော် ရှိနေစဉ်အတွင်း ဖြစ်လာဖို့တော့ မျှော်လင့်တယ်။ ဥက္ကဌကို ကူညီဖို့ ဒီကို ရောက်နေတာပါ"လို့ ပြောကြားသွားပါတယ်။
ပါကစ္စတန်ရဲ့ ရေရှည်အိပ်မက်က ၂၀၃၀ ကမ္ဘာ့ဖလား ဖြစ်ပါတယ်။ ယင်းကာလမှာ ပြိုင်ဆိုင်မှု ပြင်းထန်တဲ့အသင်း တည်ဆောက်နိုင်ဖို့ ရည်မှန်းထားပါတယ်။
ပါကစ္စတန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဌဆိုက်ဒ်မိုဆင်ဂီလာနီနှင့် ဆိုလာနိုက ပိုကောင်းတဲ့ လက်ရွေးစင်အသင်းတွေ ပိုင်ဆိုင်လာဖို့ အမျိုးသားအတွက်ရော အမျိုးသမီးအတွက်ပါ ပြည်တွင်းလိဂ် ဖန်တီးရှင်ကြပါတယ်။
တဖက်မှာ ဆိုလာနိုဟာ ပါကစ္စတန်နွယ်ဖွား ဥရောပ၊ အာရှ၊ အမေရိကန်ရောက် ကစားသမားတွေကို ကင်းထောက်နေပါတယ်။
သူဟာ မန်ဖီးလ်တိုက်စစ်သမားမက်ကယ်အဗ္ဗဒူလာနှင့် ဘလက်ဘန်းယူ-၂၀ ဂိုးသမားအဒမ်ခန်းတို့ကို အသင်းမှာ ကစားနိုင်အောင် ဆွဲဆောင်နိုင်ပြီ ဖြစ်ပါတယ်။ ဒါ့အပြင် ဆွီဒင်ချန်ပီယံမဂျယ်လ်ဘီမှ ယူနိုက်တက်လူငယ်ကစားသမားဟောင်း အဗ္ဗဒူလာအစ်ကဘယ်ကိုလည်း အသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ထားနိုင်ပြီး ဖြစ်ပါတယ်။
ဆိုလာနိုဦးဆောင်တဲ့ ပါကစ္စတန်အသင်းဟာ လာမယ့်မတ်လ ၃၁ ရက်နေ့မှာ အာရှဖလားခြေစစ်ပွဲအုပ်စု(E) ဒုတိယနေရာမှာ ရပ်တည်နေတဲ့ မြန်မာအသင်းနှင့် ရင်ဆိုင်ရပါမယ်။

image

ဒိန်းမတ်ကို အနိုင်ယူပြီး ယခုရာစုအတွင်း ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်လာတဲ့ စကော့တလန်
====================

စကော့တလန်ဟာ Hampden Park တွင် ဒိန်းမတ်အား သမိုင်းဝင် နိုင်ပွဲ ရယူပြီး ယခုရာစုအတွင်း ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်လာပါတယ်။
စကော့တလန်ဟာ လူစားဝင်ရောက်လာတဲ့ ဆဲလ်တစ်နောက်ခံလူကီရန်တီယာနေးနှင့် မက္ကလိန်းတို့ရဲ့ နာကျင်အချိန်ပို သွင်းဂိုးတွေကြောင့် ဒိန်းမတ်ကို ၄-၂ ဖြင့် အနိုင်ယူကာ ကမ္ဘာ့ဖလားခြေစစ်ပွဲ တိုက်ရိုက်အောင်မြင်လာတာလည်း ဖြစ်ပါတယ်။
စကော့တလန်ဟာ ၁၉၉၈ ခုနှစ် ကမ္ဘာ့ဖလားနောက်ပိုင်း ၂၈ နှစ်အတွင်း ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်လာတာပါ။
စကော့တလန်ဟာ ယခုပွဲစဉ်တွင် စကော့မက်တိုမီနေး လှပလွန်းလှတဲ့ Bicycle Kick ဂိုး၊ ရှန့်လန်းတို့ရဲ့ သွင်းဂိုးတွေနဲ့ ဒိန်းမတ်ကို နှစ်ကြိမ်တိုင်တိုင် ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ယခုအနိမ့်ဆုံး သရေကျလျှင် ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ခွင့် ရှိနေတဲ့ ဒိန်းမတ်ကလည်း ဟွိုင်းလန်း၊ ဒေါ်ဂူတို့ရဲ့ သွင်းဂိုးတွေနဲ့ ပြန်လည်ချေပဂိုးသွင်းခဲ့ပါတယ်။
စကော့တလန်ကို ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်အောင် ဦးဆောင်လာတဲ့ စတိဗ်ကလပ်ခ်ဟာ စကော့တလန်ကို နိုင်ငံတကာပြိုင်ပွဲကြီး ၃ ကြိမ် ခြေစစ်ပွဲအောင်မြင်အောင် ဦးဆောင်နိုင်တဲ့ ပထမဆုံးနည်းပြဖြစ်လာပါတယ်။

image

ကိုဆိုဗိုနှင့် သရေကျပေမယ့် ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်လာတဲ့ ဆွစ်ဇာလန်
=====================

ဆွစ်ဇာလန်က ပရီစတီနာတွင် ကိုဆိုဗိုနှင့် သရေကျခဲ့ပေမယ့် ရှုံးပွဲမရှိမှတ်တမ်းဖြင့် ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်လာပါတယ်။
ဆွစ်ဇာလန်ဟာ ဒုတိယပိုင်းအစ ၄၇ မိနစ်တွင် ဒီဂျီဘရယ်ဆောရဲ့ ဖြတ်တင်ဘောကနေ ရူဘင်ဗာဂက်စ်ရဲ့ လျှောထိုးသွင်းယူတဲ့ဂိုးဖြင့် ပွဲကို ဦးဆောင်နိုင်ခဲ့ပါတယ်။
ဒါပေမယ့် ၇၄ မိနစ်တွင် ဖလိုရင့်မူဆလီဂျာက လှပလှတဲ့ ဝေ့ဝိုက်ကန်ချက်ဖြင့် ကိုဆိုဗိုအတွက် ချေပဂိုးသွင်းယူခဲ့ပါတယ်။
အိမ်ရှင်ဟာ နောက်ကျအနိုင်ဂိုး ရရှိရေး တိုက်စစ်ဖွင့်ကစားခဲ့ပေမယ့်လည်း ဘာတွန်ဇာဘာဂျာနှင့် ဗီဒစ်မူရီကီတို့ရဲ့ ကန်ချက်တွေကို ဆွစ်ဇာလန်ဂိုးသမားဂရီဂေါ်ကိုဘယ် လက်စွမ်းပြကာကွယ်သွားခဲ့လို့ သရေဖြင့် ကျေနပ်ခဲ့ရပါတယ်။
ဆွစ်ဇာလန်ဟာ ယခုပွဲ အနိုင် (သို့မဟုတ်) သရေဆိုလျှင် ကမ္ဘာ့ဖလားခြေစစ်ပွဲ တိုက်ရိုက်အောင်မြင်လာမှာ ဖြစ်လို့ ပွဲကို အကောင်းဆုံးထိန်းကစားပြီး သရေရလဒ်ကို ဆက်ထိန်းကစားသွားခဲ့ပါတယ်။
ကိုဆိုဗိုဟာ ဆွစ်ဇာလန်နှင့် သရေကျမှုနှင့်အတူ အုပ်စု ဒုတိယနေရာရရှိခဲ့ပြီး ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ရေး ပလေးအော့ဖ်မှ တဆင့် ထပ်မံ ကြိုးစားခွင့် ရရှိလာပါတယ်။

image

တူရကီနှင့် သရေကျပေမယ့် ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်လာတဲ့ စပိန်
=====================

စပိန်ဟာ ဆဗီးလ်တွင် တူရကီနှင့် သရေကျပေမယ့်လည်း ၂၀၂၆ ကမ္ဘာ့ဖလား တိုက်ရိုက်ခြေစစ်ပွဲ အောင်မြင်လာပါတယ်။
လူးဝစ်ဒီလာဖူအန်တီရဲ့ စပိန်အသင်းဟာ အုပ်စု (E) ထိပ်ဆုံးနေရာမှာ ရပ်တည်နိုင်ခဲ့ပြီး ၆ ပွဲတွင် ၅ ပွဲ ဂိုးမပေးခဲ့ရတဲ့ မှတ်တမ်းပိုင်ဆိုင်ခဲ့ပါတယ်။
စပိန်ဟာ ပွဲအစ ၄ မိနစ်မှာပင် ဒါနီအိုလ်မိုရဲ့ ကူကူရယ်လာ ခင်းပေးမှုကနေ ၁၂ ဂိုးမြောက် နိုင်ငံတကာဂိုး သွင်းခဲ့လို့ ဂိုးစောစောစီးစီး ရခဲ့ပါတယ်။ ဒီပွဲဟာ ဘာစီလိုနာကွင်းလယ်ဖန်တီးရှင်အတွက် မတ်လနောက်ပိုင်း ပထမဆုံးအကြိမ် ပွဲထွက်ကစားခွင့်ရခဲ့တဲ့ပွဲလည်း ဖြစ်ပါတယ်။
ဒါပေမယ့် ဒန်ဇဲလ်ဂူလ်က ပထမပိုင်းမပြီးခင် ၃ မိနစ်အလိုတွင် ချေပဂိုးသွင်းယူခဲ့လို့ ပထမပိုင်းမှာ တစ်ဂိုးစီသရေကျနေခဲ့ပါတယ်။ စပိန်တို့ဟာ ပထမဆုံးအကြိမ် ဒီကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ဂိုးမပေးခဲ့ရတာလည်း ဖြစ်ပါတယ်။
ယင်းနောက် တူရကီဟာ ၅၄ မိနစ်တွင် ဆာလီအော့ဇ်ကန်ရဲ့ ဂိုးဖြင့် ဦးဆောင်ဂိုး သွင်းခဲ့တာကြောင့် စပိန်ရဲ့ ပွဲ ၃၀ ဆက် ရှုံးပွဲမရှိမှတ်တမ်း အဆုံးသတ်လာရေး စိုးရိမ်စရာ ဖြစ်ခဲ့ပါတယ်။
ဒါပေမယ့် ၈ မိနစ်အကြာမှာ အကောင်းဆုံးပုံစံ ရရှိနေတဲ့ အိုယာဇာဘယ်က ၆ ဂိုးမြောက် ကမ္ဘာ့ဖလားခြေစစ်ပွဲဂိုးဖြင့် စပိန်အတွက် ချေပဂိုးအား သွင်းယူပေးသွားခဲ့ပါတယ်။
တူရကီဟာ ယခုပွဲတွင် စပိန်ကို ၇ ဂိုးပြတ် အနိုင်ရမှသာလျှင် ကမ္ဘာ့ဖလားခြေစစ်ပွဲ တိုက်ရိုက်အောင်မြင်မှာ ဖြစ်ပေမယ့် စိတ်ဓာတ်ပိုင်း အကောင်းဆုံးနှင့် ရင်ဆိုင်ကစားသွားခဲ့တာ တွေ့ရပါတယ်။ တူရကီဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ရေး ပလေးအော့ဖ်မှ တဆင့် ထပ်မံ ကြိုးစားရပါဦးမယ်။
စပိန်တို့ ယခုပွဲမှာ ဂိုးပေးခဲ့ရမှုနှင့်အတူ အင်္ဂလန်က ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် ဂိုးမပေးရတဲ့ တစ်သင်းတည်းသော ဥရောပအသင်းအဖြစ် မှတ်တမ်းဝင်သွားပါတယ်။

image

၁၉၉၈ နောက်ပိုင်း ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်လာတဲ့ ဩစတြီးယား
======================

ရေးဖ်ရန်နစ်ခ်ဦးဆောင်တဲ့ ဩစတြီးယားဟာ ဘော့စနီးယားကို နောက်ကလိုက်ကစားကာ သရေကျပြီးနောက် ၁၉၉၈ ကမ္ဘာ့ဖလားနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်လာပါတယ်။
ဘော့စနီးယားဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ဖို့ ယခုပွဲ အနိုင်ရဖို့ လိုအပ်နေခဲ့တာ ဖြစ်ပြီး ပွဲချိန် ၁၂ မိနစ်တွင် ဟာရစ်တာဘာကိုဗစ်ရဲ့ ဂိုးဖြင့် ပွဲကို ဦးဆောင်နိုင်ခဲ့ပါတယ်။
ဒါပေမယ့် ၇၇ မိနစ်တွင် မိုက်ကယ်ဂရီဂိုရစ်ရှ်က ပြန်အံထွက်လာတဲ့ ဘောလုံးကို ပိတ်သွင်းပြီး ဩစတြီးယားအတွက် ချေပဂိုးအား သွင်းယူခဲ့ပါတယ်။
ဘော့စနီးယားဟာ ယခုပွဲ နိုင်ပွဲ မရရှိမှုနှင့်အတူ ကမ္ဘာဖ့လားခြေစစ်ပွဲ အောင်မြင်ရေး ပလေးအော့ဖ်မှ တဆင့် ထပ်မံ ကြိုးပမ်းလာရပါဦးမယ်။
ဩစတြီးယားဟာ ၁၉၅၄ ကမ္ဘာ့ဖလားတွင် တတိယ၊ ၁၉၃၄ ကမ္ဘာ့ဖလားတွင် စတုတ္ထအသီးသီး ချိတ်ခဲ့ပေမယ့်လည်း ၁၉၉၈ ကမ္ဘာ့ဖလားနောက်ပိုင်း ကမ္ဘာ့ဖလား ၆ ကြိမ်ဆက် လွဲခဲ့တဲ့အသင်း ဖြစ်ပါတယ်။
ယူနိုက်တက်ကို ၆ လတာ ယာယီနည်းပြအဖြစ် ဆောင်ရွက်ခဲ့တဲ့ ရေးဖ်ရန်းနစ်ခ်ဟာ ဩစတြီးယားကို ယူရို ၂၀၂၄ ခြေစစ်ပွဲ အောင်မြင်အောင် စွမ်းဆောင်နိုင်ပြီးတဲ့နောက် ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်အောင်လည်း ထပ်မံ စွမ်းဆောင်လာနိုင်ခဲ့ပါတယ်။

image

၁၉၉၈ နောက်ပိုင်း ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်လာတဲ့ ဩစတြီးယား
======================

ရေးဖ်ရန်နစ်ခ်ဦးဆောင်တဲ့ ဩစတြီးယားဟာ ဘော့စနီးယားကို နောက်ကလိုက်ကစားကာ သရေကျပြီးနောက် ၁၉၉၈ ကမ္ဘာ့ဖလားနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်လာပါတယ်။
ဘော့စနီးယားဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ဖို့ ယခုပွဲ အနိုင်ရဖို့ လိုအပ်နေခဲ့တာ ဖြစ်ပြီး ပွဲချိန် ၁၂ မိနစ်တွင် ဟာရစ်တာဘာကိုဗစ်ရဲ့ ဂိုးဖြင့် ပွဲကို ဦးဆောင်နိုင်ခဲ့ပါတယ်။
ဒါပေမယ့် ၇၇ မိနစ်တွင် မိုက်ကယ်ဂရီဂိုရစ်ရှ်က ပြန်အံထွက်လာတဲ့ ဘောလုံးကို ပိတ်သွင်းပြီး ဩစတြီးယားအတွက် ချေပဂိုးအား သွင်းယူခဲ့ပါတယ်။
ဘော့စနီးယားဟာ ယခုပွဲ နိုင်ပွဲ မရရှိမှုနှင့်အတူ ကမ္ဘာဖ့လားခြေစစ်ပွဲ အောင်မြင်ရေး ပလေးအော့ဖ်မှ တဆင့် ထပ်မံ ကြိုးပမ်းလာရပါဦးမယ်။
ဩစတြီးယားဟာ ၁၉၅၄ ကမ္ဘာ့ဖလားတွင် တတိယ၊ ၁၉၃၄ ကမ္ဘာ့ဖလားတွင် စတုတ္ထအသီးသီး ချိတ်ခဲ့ပေမယ့်လည်း ၁၉၉၈ ကမ္ဘာ့ဖလားနောက်ပိုင်း ကမ္ဘာ့ဖလား ၆ ကြိမ်ဆက် လွဲခဲ့တဲ့အသင်း ဖြစ်ပါတယ်။
ယူနိုက်တက်ကို ၆ လတာ ယာယီနည်းပြအဖြစ် ဆောင်ရွက်ခဲ့တဲ့ ရေးဖ်ရန်းနစ်ခ်ဟာ ဩစတြီးယားကို ယူရို ၂၀၂၄ ခြေစစ်ပွဲ အောင်မြင်အောင် စွမ်းဆောင်နိုင်ပြီးတဲ့နောက် ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်အောင်လည်း ထပ်မံ စွမ်းဆောင်လာနိုင်ခဲ့ပါတယ်။

image

ကိုယ်တိုင်ရိုက်ဇာတ်ကား ပေါက်ကြားမှုအတွက် မှားယွင်း ကလဲ့စားချေပစ်ခတ်ခံရကာ ဘောလုံးစတားသေဆုံး
=====================

ဘောလုံးစတားတစ်ဦးဟာ ကိုယ်တိုင်ိုက်ဇာတ်ကား ပေါက်ကြားမှုအတွက် မှားယွင်းကလဲ့စားချေပစ်ခတ်ခြင်းခံရကာ သေဆုံးသွားခဲ့ပါတယ်။
အသက် ၂၃ နှစ်ရှိ အမ်ဘာတိုကာတန်ဇာရိုဟာ စက်တင်ဘာလ ၁၅ ရက်နေ့တုန်းက နေပယ်တွင် တိုက်ခိုက်ခြင်းခံရပြီးနောက် နှစ်လခန့်အကြာ တနင်္လာနေ့ နံနက်ပိုင်းက သေဆုံးသွားခဲ့ပါတယ်။
ဒေသတွင်း လူဆိုးဂိုဏ်းခေါင်းဆောင်က သူ့သမီးဖြစ်သူရဲ့ ကိုယ်တိုင်ရိုက် ဗီဒီယို ပေါက်ကြားစေမှုအတွက် ချစ်သူကောင်လေးကို ပစ်ခတ်ရှင်းလင်းရှာဖွေခိုင်းခဲ့ပါတယ်။။ လူငယ်ကစားသမားဟာ ရင်ဘတ်ကို ပစ်ခတ်ခံခဲ့ရတာလည်း ဖြစ်ပါတယ်။
အသက် ၄၆ နှစ်ရှိ လူဆိုးခေါင်းဆောင်ဟာ အသက် ၁၆ နှစ်အရွယ်သားဖြစ်သူနှင့်အတူ ခိုးယူထားတဲ့ စကူတာနှင့်အတူ Spanish Quarter of Naples သို့ ရောက်လာခဲ့တာပါ။ ယင်းနောက် ၎င်းတို့ဟာ သမီးဖြစ်သူရဲ့ ချစ်သူကို ရှာဖွေခဲ့ကြပါတယ်။
သမီးဖြစ်သူရဲ့ ချစ်သူကို Smart Fortwo ကားတွင် ရှာဖွေတွေ့ရှိပြီးနောက် သားဖြစ်သူက သေနတ်ဖြင့် နှစ်ချက်ပစ်ခတ်ခဲ့ပါတယ်။ ဒါပေမယ့် ပစ်မှတ်ကို လွဲချော်ခဲ့ပါတယ်။
ယင်းကျည်မှာ ယင်းအချိန်တွင် ကားအတွင်းထဲတွင်ပင် ရှိနေတဲ့ ကန်တန်ဇာရိုကို ထိမှန်သွားခဲ့တာပါ။
ကန်တန်ဇာရိုဟာ ပထွေးဖြစ်သူရဲ့ နေအိမ်သို့ ထွက်ပြေးနိုင်ခဲ့ပြီး Pellegrini Hospital သို့ တက်ရောက်ခဲ့ပါတယ်။
သူဟာ ယင်းဆေးရုံတွင် အရေးပေါ် ကုသမှု ခံယူခဲ့ပေမယ့်လည်း တနင်္လာနေ့နံနက်ပိုင်းမှာတော့ သေဆုံးသွားခဲ့ပါတယ်။
သူဟာ အဆင့်နိမ့်လိဂ်ကလပ်များဖြစ်ကြတဲ့ Rione Terra Calcio နှင့် Monteruscello Calcio တို့မှာ ကစားခဲ့သူ ဖြစ်ပါတယ်။၏
Rione Terra မှ နည်းစနစ်ဒါရိုက်တာလူဂီတက်စတာက ကန်တန်ဇာရိုမှာ ယဉ်ကျေးသိမ်မွေ့ပြီး လေးစားစရာကောင်းတဲ့ လူငယ်တစ်ဦးဖြစ်ကြောင်း ချီးကျူးသွားပါတယ်။
ဒေသတွင်း မီဒီယာများရဲ့ဖော်ပြမှုအရ ကန်တန်ဇာရိုမှာ ဒုစရိုက်မှုများတွင် ပါဝင်ပတ်သက်သူ မဟုတ်ကြောင်း သိရပါတယ်။
လက်ရှိအချိန်တွင် ရဲတပ်ဖွဲ့ဟာ အောက်တိုဘာလ ၁၉ ရက်နေ့ တိုက်ခိုက်မှုနှင့်ဆက်စပ်ပြီး လူ ၄ ဦးအား ဖမ်းဆီးခဲ့သလို နိုဝင်ဘာလ ၅ ရက်နေ့ကလည်း ပဥ္စမမြောက်လူတစ်ဦးအား ဖမ်းဆီးခဲ့ပါတယ်။
ယင်းအမှုတွင် အမျိုးသမီးငယ်တစ်ဦးနှင့် အရွယ်မရောက်သေးသူ ကလေးနှစ်ဦးလည်း ပါဝင်နေကြောင်း အီတလီသတင်းစာ Virgilio က ဖော်ပြသွားပါတယ်။
လက်ရှိအချိန်တွင် အမှုကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေဆဲ ဖြစ်ပါတယ်။

image

ကမ္ဘာ့ဖလားနေရာနှင့်ပတ်သက်ပြီး နေမာကို နောက်ဆုံးအကြိမ် သတိပေးလာတဲ့ အန်ဆယ်လော့တီ
======================

ကာလိုအန်ဆယ်လော့တီက နေမာအား ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ဘရာဇီးအသင်းတွင် နေရာတစ်နေရာ ရရှိရေးအတွက် နောက်ဆုံးအကြိမ် သတိပေးမှု ပြုလုပ်လာပါတယ်။
အီတလီလူမျိုးနည်းပြအန်ဆယ်လော့တီဟာ ဘရာဇီးနည်းပြဖြစ်လာပြီးနောက် နေမာကို တစ်ကြိမ်မျှ ရွေးချယ်ခြင်း မရှိသေးပါဘး။ ဒါပေမယ့် ရီးရဲလ်မက်ဒရစ်နည်းပြဟောင်းဟာ ပီအက်စ်ဂျီနှင့် ဘာစီလိုနာစူပါစတားအတွက် တံခါးဖွင့်ပေးထားတုန်း ဖြစ်ပါတယ်.
နေမာဟာ ဘရာဇီးအတွက် ၁၂၈ ပွဲကစားထားရာမှာ ၇၉ ဂိုးသွင်းယူပြီး နိုင်ငံအတွက် ဂိုးအများဆုံးသွင်းယူထားသူအဖြစ် ရပ်တည်နေသူ ဖြစ်ပါတယ်။
ဒါပေမယ့် သူဟာ ၂၀၂၃ ခုနှစ် အောက်တိုဘာလတုန်းက ဥရုဂွေးနှင့် ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် ဘရာဇီးအတွက် ကစားစဉ် ဒူးအရွတ်ဒဏ်ရာပြင်းထန်စွာ ရရှိပြီးနောက် ရွေးချယ်ခံလာရခြင်း မရှိပါဘူး။
သူဟာ ယင်းနောက်ပိုင်းတွင် ကြံ့ခိုင်မှု ပြဿနာများနှင့် ရင်ဆိုင်လာရပြီး ဆော်ဒီကလပ် Al Hilal နှင့် စာချုပ်ဖျက်သိမ်းခဲ့ကာ ကစားသမားဘဝစတင်ရာ ဆန်းတို့စ်သို့ ပြန်ရောက်လာခဲ့ပါတယ်။
အသက် ၃၃ နှစ်ှရိ နေမာဟာ ဆန်းတို့စ်သို့ ပြန်လည် ရောက်လာချိန်တွင်လည်း ကြံ့ခိုင်မှုပိုင်းပြဿနာနှင့် ဆက်လက် ရင်ဆိုင်နေရပါတယ်။
အန်ဆယ်လော့တီက "နေမာက ဘရာဇီးမှာ ပြောစရာတစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်က ဒါကို ကမ္ဘာ့ပြဿနာလို့ မြင်တယ်။ ကံကောင်းစွာဘဲ သူ ဒဏ်ရာကနေ ပြန်ကောင်းလာပါပြီ။ အခု သူ့မှာ ခြောက်လပဲ ကစားဖို့ ကျန်တော့တယ်။ ဘရာဇီးချန်ပီယံရှစ်က ဒီဇင်ဘာလ ၇ ရက်ဆိုပြီးပြီ။ သူ အပန်းဖြေခရီးသွားနိုင်တယ်။ ပြီးရင် ဘရာဇီးချန်ပီယံရှစ် ပြန်စလာတဲ့အခါ သူ့အရည်အသွေးကို ပြသနိုင်တယ်။ အရေးအကြီးဆုံးကတော့ ကြံ့ခိုင်မှုပိုင်းပေါ့"လို့ ပြောကြားသွားပါတယ်။
ဒါ့အပြင် အန်ဆယ်လော့တီက ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ကစားသမားရွေးချယ်ရာတွင် အမှားအယွင်းတစုံတရာ ပြုလုပ်သွားမှာ မဟုတ်ကြောင်းလည်း ဆိုသွားပါတယ်။
ဆက်လက်ပြီး ၎င်းက "နေမာက ကမ္ဘာ့ဖလားမှာ ပါဝင်နိုင်တဲ့ လူစာရင်းထဲမှာ ပါဝင်ထားပြီးသားပါ။ အခု သူ့မှာ နောက်ဆုံးလူစာရင်း မထွက်ခင် ခြောက်လအချိန်ရသေးတယ်။ သူ့နဲ့ အခြားကစားသမားတွေကို စောင့်ကြည့်မယ်။ နောက်ဆုံးစာရင်းကို အမှားအယွင်းမရှိ လုပ်နိုင်ဖို့ ထုတ်နိုင်ဖို့ လိုတယ်"လို ပြောကြားသွားပါတယ်။
နေမာဟာ ဒဏ်ရာမှ ပြန်လည်ကောင်းမွန်လာပြီးနောက် ဆန်းတို့စ်အတွက် ၃ ပွဲဆက် ကစားထားနိုင်ပြီး ပါးမီးရပ်စ်ကို အနိုင်ရကာ တန်းဆင်းဇုန်မှ လွတ်မြောက်အောင် ကူညီပေးထားနိုင်ပါတယ်။
သူဟာ ယခုရာသီတွင် ပေါင်ကြွက်သားဒဏ်ရာပြဿနာကြုံနေရတာ ဖြစ်ပြီး ယခုရာသီတွင် ၂၄ ပွဲကစားထားရာမှာ ၆ ဂိုးသွင်းကာ ၃ ကြိမ် ဖန်တီးထားပါတယ်။

image

ရခိုင်နှင့်မလေးရှားသိုပိုမည့် ကျပ် ၁၂၀ ဘီလီယံတန်ဖိုးရှိ အိုက်စ်များဖမ်းဆီးရမိ
--------------------------------------------------

ရခိုင်ပြည်နယ်နဲ့မလေးရှားနိုင်ငံကို ပိုဆောင်မဲ့ ကျပ် ၁၂၀ ဘီလီယံခန့် တန်ဖိုးရှိ အိုက်စ်(ICE)မူးယစ်ဆေးဝါး ၄၀၀၀ ကီလိုဂရမ်နဲ့အတူ ကွင်းဆက်တရားခံတွေကို ဖမ်းဆီးရမိခဲ့တယ်လို အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲက ထုတ်ပြန်ပါတယ်။
လုံခြုံရေးတပ်ဖွဲဝင်တွေရဲ့ သတင်းရယူဖော်ထုတ်ချက်တွေအရ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်နေ့ ညပိုင်းမှာ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြိုနယ်၊ (၁)ရပ်ကွက်၊ ဆင်အိုးဖိုရပ်၊ ကမ်းနားလမ်း၊ ဂိုဒေါင်အမှတ်(၁၉)ရှိ မြေအောက်ခန်းအတွင်း သိုဝှက်ထိန်းသိမ်းထားတဲ့ ရခိုင်ပြည်နယ်နဲ့ မလေးရှားနိုင်ငံကို ပိုဆောင်မဲ့ မူးယစ်ဆေးဝါး ကျပ် ၁၂၀ ဘီလီယံခန့် တန်ဖိုးရှိ အိုက်စ်(ICE)မူးယစ်ဆေးဝါး ၄၀၀၀ ကီလိုဂရမ်နဲ့အတူ AA အကြမ်းဖက် သောင်းကျန်းသူအဖွဲက ထောက်ပံ့ရေးတာဝန်ခံ ခင်ထွန်းနဲ့ ပုသိမ်မြိုက မူးယစ်ဆေးဝါးတွေ ထိန်းသိမ်းပေးသူ လမင်းခန့်တို ၂ ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို ဆိုပါတယ်။ ဖမ်းဆီးရမိတဲ့ တရားခံ ၂ ယောက်ရဲ့ ဖော်ထုတ်ချက်အရ ဆက်စပ်တရားခံတွေ ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ တရားခံအမျိုးသား ၂၄ ယောက် ၊ M-4,A-1သေနတ်တစ်လက်၊ ပစ္စတို ၂ လက်နဲ့ ကုန်တင်သင်္ဘော ၂ စင်းကို ထပ်မံဖမ်းဆီးရမိခဲ့ပါတယ်။
အလားတူ တာချီလိတ်မြိုနေ အားဝေ (ခ)ရှောက်ထန် (ခ)သန်းမောင်(ဖမ်းဆီးရန်ကျန်)နဲ့ ဝမ်ဟိုင်းကျေးရွာနေ တာကော(ဖမ်းဆီးရန်ကျန်)တိုက လွိင်လင်ခရိုင်၊ ကျေးသီးမြိုနယ်၊ ဝမ်ဟိုင်းဒေသမှထွက်ရှိတဲ့ မူးယစ်ဆေးဝါးတွေကို နည်းလမ်းမျိုးစုံနဲ့ ပုသိမ်မြိုကို ပိုဆောင်ပေးခဲ့ရာ ပုသိမ်မြိုရှိ မောင်ငယ် ပိုင်ဆိုင်တဲ့ ကမ်းနားလမ်း၊ ဂိုဒေါင်အမှတ်(၁၉)မှာ ခေတ္တထိန်းသိမ်းသိုဝှက်ကာ မောင်ငယ်နဲ့အဖွဲက မလေးရှားနိုင်ငံ၊ AA အကြမ်းဖက်သောင်းကျန်းသူအဖွဲရဲ့ ထောက်ပံ့ရေးတာဝန်ခံ ခင်ထွန်းနဲ့အဖွဲက ရခိုင် ပြည်နယ်ကို ပိုဆောင်ဖို စီစဉ်နေချိန်မှာ ဖော်ထုတ်ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို ထုတ်ပြန်ချက်အရ သိရပါတယ်။
ဖမ်းဆီးရမိတရားခံတွေကို ဥပဒေအရ ထိရောက်စွာအရေးယူနိုင်ဖိုဆက်လက် ဆောင်ရွက်သွားမှာဖြစ်ပြီး ဖမ်းဆီးဖိုကျန်တဲ့တရားခံတွေနဲ့ဆက်စပ်တရားခံတွေကို ဖမ်းဆီး ဖော်ထုတ်နိုင်ဖို ဆက်လက်ဆောင်ရွက်နေတယ်လို သိရပါတယ်။
ဒါ့ကြောင့်မူးယစ်ဆေးဝါး သယ်ဆောင်တဲ့ သတင်းတွေရရှိရင် သက်ဆိုင်ရာကို လျှိဝှက်စွာသတင်းပေးတိုင်ကြားနိုင်ပြီး သတင်းပေးသူနဲ့ ပူးပေါင်းပါဝင်ဖမ်းဆီးပေးသူတွေကို ထိုက်တန်စွာ လျှိဝှက်ပြီး ဆုငွေများချီးမြှင့် ပေးမယ်လို အသိပေးထုတ်ပြန်ထားပါတယ်။

image