16 w - Translate

Comprehensive Report on Digital Market Size & Share 2032 - The Report Cube
Digital Market Overview:
Market Size (2023): USD 778 Billion
Market Size (2032): USD xx Billion
CAGR (2023–2032): 11%
Top Companies in Digital Market: Cuker, Disruptive Advertising, Ignite Visibility, Location3Media, PB & J Promotion LLC, Split Reef LLC, Thrive Internet Marketing, Top Spot Internet Marketing, Web FX, Web Net Creatives, and Others..
Request a Free Sample PDF of This Report - https://www.thereportcubes.com..../request-sample/digi

Request Sample -Digital Marketing Market Trends & Statistics 2024-2032

Request Sample -Explore the future of the digital marketing market. Get key insights, growth projections, and trends shaping the industry from AI to video marketing. Download your free report now!
16 w - Translate

Comprehensive Report on Instant Tea Premix Market Size & Share 2032 - The Report Cube
Instant Tea Premix Market Overview:
Market Size (2023): USD 1.3 Billion
Market Size (2032): USD xx Billion
CAGR (2023–2032): 6.78%
Top Companies in Instant Tea Premix Market: Wagh Bakri Tea Group, Tata Consumer Products, Nestlé, Unilever, Chaizup, The Good Life Co., Senso Foods Pvt Ltd, Goodricke, ITO EN LTD, Web FX, GRANULES N BEANS, and Others (Chai Point, TeaFit, Octavis, Nutrisoul, Chaayos).
Request a Free Sample PDF of This Report - https://www.thereportcubes.com..../request-sample/inst

Request Sample -Instant Tea Premix Market Size, Trends & Growth Forecast (2024-2032)

Request Sample -Explore the global instant tea premix market was 1.3 Billion in 2023 and is expected to surge at a 6.78% CAGR through 2032. Learn about market size, growth factors, and opportunities.

❝ထန်းတပင်မြို့နယ်မှာ ၂၂ ဘီးကားကို အထည်ချုပ်စက်ရုံ ဖယ်ရီကားက ဝင်တိုက်မိလို့ အလုပ်သမား ၂၅ ဦး ဒဏ်ရာရ❞

အောက်တိုဘာ ၁၀

ရန်ကုန်တိုင်းဒေသကြီ၊ ထန်းတပင်မြို့နယ်၊ ရခိုင်ရိုးကြီးကျေးရွာ၊ အနော်ရထာလမ်းမပေါ်မှာ ၂၂ ဘီးကားတစ်စီးကို အထည်ချုပ်စက်ရုံ ဖယ်ရီကားက ဝင်တိုက်မိရာကနေ အလုပ်သမား ၂၅ ဦး ဒဏ်ရာရခဲ့တဲ့ဖြစ်စဥ်တစ်ခု အောက်တိုဘာ ၉ ရက် ညနေ ၅ နာရီအခန်ခန့်က ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အဲဒီဖယ်ရီကားဟာ MEIER GLOBAL အထည်ချုပ်စက်ရုံကဖြစ်တယ်လို့ သိရပြီး အနောက်ပိုင်းတက္ကသိုလ်အဝိုင်းကနေ ရခိုင်ရိုးလေးကျေးရွာဘက်ကို မောင်းနှင်လာစဥ် ရခိုင်ရိုးလေးကျေးရွာဘက်ကနေ အနောက်ပိုင်းတက္ကသိုလ်အဝိုင်းဘက်ကို မောင်းနှင်လာတဲ့ ၂၂ ဘီးကို ဝင်တိုက်မိခဲ့တာလို့ ဆိုပါတယ်။

အဲဒီလို ဝင်တိုက်မိပြီးနောက်ဟာ ဖယ်ရီကားဟာ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးက ပိတောက်ပင်ကြီးကို ထပ်မံဝင်တိုက်မိခဲ့တာလို့ သိရပြီး ဖြစ်စဥ်ကြောင့် အလုပ်သမားတွေထဲက အမျိုးသား ၄ ဦးနဲ့ အမျိုးသမီး ၂၁ ဦးတို့ ဒဏ်ရာ(မစိုးရိမ်ရ) ရခဲ့ကြလို့ လှိုင်သာယာမြို့နယ်ဆေးရုံကို ပို့ဆောင်ထားသလို ဖယ်ရီကားမောင်းတဲ့ ဦးဝင်းချို ဆိုသူကိုလည်း အရေးယူထားတယ်လို့ သိရပါတယ်။

#centralnewsnaypyitaw

image

ထိုင်းနိုင်ငံမှာ ခွင့်ပြုချက်မရှိဘဲဖွင့်ထားတဲ့ မြန်မာစာသင်ကျောင်းကို အာဏာပိုင်တွေ ဝင်ရောက်စစ်ဆေးပြီး ဆရာ၊ ဆရာမ ၂၇ ဦးကို ဖမ်းဆီး

အောက်တိုဘာ ၁၀

ထိုင်းနိုင်ငံ၊ စမွတ်စခွန်ပြည်နယ် ၊ကရထုန်ဘဲန်မြို့နယ်၊ ထာမိုင်းရပ်ကွက်မှာ ခွင့်ပြုချက်မရှိဘဲဖွင့်ထားတဲ့ မြန်မာစာသင်ကျောင်းကို ထိုင်းအာဏာပိုင်တွေက အောက်တိုဘာလ ၉ ရက်နေ့မှာ ဝင်ရောက်စစ်ဆေးပြီး ဆရာ၊ ဆရာမ ၂၇ ဦးကို ဖမ်းဆီးလိုက်တယ်လို့ ထိုင်းသတင်းတွေက ဖော်ပြထားပါတယ်။

အဲဒီကျောင်းနေရာဟာ ယခင်က ကျောင်းဖွင့်ခွင့်လိုင်စင် ရုပ်သိမ်းခံထားရတဲ့ နေရာဖြစ်သလို ဌာနေ တိုင်းရင်းသားလူနည်းစုတွေအတွက် လူငယ်စခန်းအဖြစ် လုပ်ကိုင်ဆောင်ရွက်ဖို့ မြေပိုင်ရှင်ထံကနေ ငှားရမ်းထားတဲ့မြေနေရာဖြစ်ပြီး စာသင်ကျောင်းအဖြစ် အသုံးပြုဖို့ ခွင့်ပြုချက်တောင်းခံထားတာမရှိဘူးလို့ ဆိုပါတယ်။

စာသင်ကျောင်းကို ဝင်ရောက်စစ်ဆေးတဲ့အခါ မြန်မာ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ကလေးငယ် ၉ဝဝ နီးပါးတက်ရောက်နေတာတွေ့ရသလို ၎င်းကလေးငယ်တွေကို စာသင်ပေးနေတဲ့ ကျောင်းဆရာ ဆရာမ (၂၇)ဦးကိုပါ တွေ့ရှိခဲ့ပြီး သူတို့မှာ စာသင်ကြားခွင့်အတွက် အထောက်အထားမရှိဘဲ အခြားအလုပ်ပါမစ်ကိုသာ ကိုင်ဆောင်ထားကြသူတွေဖြစ်တယ်လို့ သိရပါတယ်။

ဒါကြောင့်မို့လို့ ၎င်းတို့ကို အလုပ်ပါမစ်နဲ့ မကိုက်ညီတဲ့အလုပ်ကို လုပ်ကိုင်ခြင်းအတွက် အရေးယူမှာဖြစ်သလို တရားမဝင်ဖွင့်ထားတဲ့ စာသင်ကျောင်းနဲ့ပတ်သက်ပြီးတော့ ပိုင်ရှင်တွေ၊ ဆရာမတွေနဲ့ ပါဝင်ပတ်သက်သူ အားလုံးကို စုံစမ်းစစ်ဆေးပြီး တရားဥပဒေအရ အရေးယူဆောင်ရွက်မှာဖြစ်ကြောင်းတယ်လို့လည်း သိရပါတယ်။

#သတင်းဟင်းလေးအိုးကြီး

image
image
image

❝လှိုင်သာယာ တရားရုံးအနီးကနေ စွန့်ပစ်ရုပ်အလောင်းတွေ့ ရှိဟုဆို❞

အောက်တိုဘာ ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်တရားရုံးအနီးကနေ စွန့်ပစ်ထားတဲ့ အမျိုးသားတစ်ဦးရဲ့ ရုပ်အလောင်းတစ်ခုကို အောက်တိုဘာ ၉ ရက်၊ မနက် ၇ နာရီခန့်အချိန်မှာ တွေ့ရှိခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။

စွန့်ပစ်ခံထားရတဲ့ အဲဒီရုပ်အလောင်းဟာ ပန်းလှိုင်မြစ်ကမ်းဘေး ပဒံကျေးရွာအပိုင် ကမ်းဖြူရွာက အမျိုးသားဖြစ်တယ်လို့ သိရပြီး စက်မှုဇုန် လုံခြုံရေးဝန်ထမ်းတစ်ဦးလည်းဖြစ်တယ်လို့ ဆိုပါတယ်။

သူသေဆုံးရတဲ့အကြောင်းရင်းကို တိတိကျကျ မသိရသေးပေမယ့် ကားတိုက်ခံရလို့ သေဆုံးသွားကို စွန့်ပစ်ခဲ့တာဖြစ်နိုင်တယ်လို့ ခန့်မှန်းထားကြပြီး သူ့ရုပ်အလောင်းနဲ့ မလှမ်းမကမ်းနေရာမှာ စက်ဘီးပျက်စီးနေတာကို တွေ့ရသလို သေဆုံးသူဟာလည်း ခြေကျိုး၊ လက်ကျိုး၊ ခေါင်းထိခိုက်ဒဏ်ရာတွေ ရရှိထားတာတွေ့ရတယ်လို့ သိရပါတယ်ယ

လက်ရှိမှာတော့ သေဆုံးသူရဲ့ ရုပ်အလောင်းကို သက်ဆိုင်ရာ တာဝန်ရှိသူတွေရဲ့ အကူအညီတောင်ခံမှုအရ လှိုင်သာယာပြည်သူဆေးရုံကို ပို့ဆောင်ပေးထားတယ်လို့လည်း သိရပါတယ်။

#centralnewsnaypyitaw

image
image
image

❝ထိုင်းနိုင်ငံမှာ ပြစ်ဒဏ်ကျခံပြီးတဲ့ မြန်မာနိုင်ငံသား ၉၀ ဦးကို ကော့သောင်းသို့ ပြန်ပို့❞

အောက်တိုဘာ ၁၀

ထိုင်းနိုင်ငံ၌ အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံခဲ့ရပြီးနောက် ပြန်လည်လွတ်မြောက်လာကြတဲ့ မြန်မာနိုင်ငံသား ၉၀ ဦးကို ကော့သောင်းမြို့သို့ ပြန်လည်ပို့ဆောင်ပေးခဲ့တယ်လို့ ထိုင်းသတင်းဖော်ပြမှုတွေအရ သိရပါတယ်။

အဲဒီမြန်မာနိုင်ငံသားတွေထဲမှာ အမျိုးသား ၈၁ ဦးနဲ့ အမျိုးသမီး ၉ ဦးပါဝင်တယ်လို့သိရပြီး သူတို့ကို ရနှောင်းမြို့ လဝက အချုပ်ဆောင် IDC ကနေ ကော့သောင်းမြို့ကို ရေလမ်းခရီးမှ ပြန်လည်ပို့ဆောင်ခဲ့တာဖြစ်ပြီး ရနောင်းမြို့အခြေစိုက် အလုပ်သမားသံအရာရှိက ဦးဆောင် လာရောက် လွှဲပြောင်းပေးခဲ့တာလို့ ဆိုပါတယ်။

ပြန်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေကို ကော့သောင်း မြို့နယ်စီမံခန့်ခွဲရေးနဲ့ အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနဲ့ တာဝန်ရှိသူတွေက လူကုန်ကူးခံရသူတွေ၊ တရားခံပြေးတွေ ပါဝင်လာတာ ရှိ/မရှိ စစ်ဆေးလက်ခံပေးခဲ့ပြီး နေရပ်ဒေသအသီးသီးကို ပြန်လည်ပို့ဆောင်ဖို့ စီစဉ်ပေးခဲ့တယ်လို့ သိရတယ်။

#သတင်းဟင်းလေးအိုးကြီး

image
image
image
16 w - Translate

Grab Clone App Development

https://www.v3cube.com/grab-clone/

Launch your multi-service business with expert Grab clone app development. Launch a powerful super app today—a scalable solution that enables offering taxi booking, parcel delivery, store delivery, and food delivery business solutions.

#v3cube #grabclone #grabcloneapp #grabclonescript #grabcloneappdevelopment

image
16 w - Translate

Gojek Clone - Multi Service App

https://www.v3cube.com/gojek-clone/

Launch your own multi-service business with Gojek Clone App. Build a scalable, on-demand business solution offering services like ride-hailing, food delivery, grocery delivery, and more.

#v3cube #gojekclone #gojekcloneapp #gojekcloneapp #gojekclonescript #applikegojek #multiserviceapp #gojekcloneappdevelopment #multiserviceappdevelopment #cloneapp #app

image

စတားများအား ခေါ်ယူမှုအတွက် လိဒ်၊ ဘိုင်ယန်၊ မန်စီးတီးတို့အား အကြွေး ယူရိုသန် ၁၆၀ တင်နေတဲ့ ဘာစီလိုနာ

အောက်တိုဘာ ၁၀

ဘာစီလိုနာဟာ ရာဖင်ညာ၊ ရောဘတ်လီဝန်ဒေါ့စကီး၊ ဖာရန်တောရက်စ်တို့အပါအဝင် ယခင်တုန်း ကစားသမားခေါ်ယူအားဖြည့်မှုများအတွက် ကလပ်အမြောက်အမြားကို အကြွေး ယူရို ၁၅၉ သန်းပေးရန် ရှိနေဆဲ ဖြစ်ပါတယ်။

ဘာစီလိုနာဟာ ဝင်ငွေ ယူရို ၁ ဘီလီယံနီးပါး ရရှိထားပေမယ့်လည်း ကာလတိုအကြွေး၊ ပြောင်းရွှေ့ကြေးပေးရန်ရှိမှုများ ရွှေ့ဆိုင်းရမှုနှင့်အတူ ဘဏ္ဍာရေးပိုင်း ရုန်းကန်နေရတုန်း ဖြစ်ပါတယ်။

ဘာစီလိုနာရဲ့ ၂၀၂၄-၂၅ ရာသီအတွက် ဘဏ္ဍာရေးရှင်းတမ်းအရ ကစားသမားအပြောင်းအရွှေ့များအတွက် စုစုပေါင်း ယူရို ၁၅၉.၁ သန်းအကြွေးတင်နေတာပါ။ ဘာစီလိုနာဟာ ယင်းကြွေးမြီများမှ ယူရိုသန်း ၁၄၀.၆ သန်းကို လာမယ့်နှစ်မှာ ပေးရမှာ ဖြစ်လို့ ဝင်ငွေပိုင်း တိုးတက်နေပေမယ့်လည်း ဘဏ္ဍာရေးပြဿနာဆက်လက်ကြုံလာရဦးမှာလည်း ဖြစ်ပါတယ်။

ဘာစီလိုနာဘက်က အကြွေးပေးရန်တဲ့ ရှိတဲ့ကလပ်များတွင် လိဒ်က အများဆုံး ဖြစ်ပြီး ၂၀၂၂ ခုနှစ်တုန်းက ရာဖင်ညာအား ခေါ်ယူမှုအတွက် ယူရို ၄၁.၉ သန်းပေးရန် ကျန်နေပါသေးတယ်။

ဘိုင်ယန်မြူးနစ်ကလည်း ရောဘတ်လီဝန်ဒေါ့စကီးအတွက် ယူရိုသန်း ၂၀၊ ဆီဗီလာက ဂျူးစ်ခွန်ဒီအတွက် ယူရို ၂၄.၅ သန်း၊ မန်စီးတီးက ဖာရန်တောရက်စ်အတွက် ယူရို ၁၃.၃ သန်း၊ ဘက်တစ်က အီမာဆင်ရွိုင်ရယ်အတွက် ယူရို ၈ သန်း ဘာစီလိုနာထံမှ ရရန် ရှိနေပါတယ်။

ဘာစီလိုနာတို့အကြွေးအနည်းငယ်ပေးရမယ့်စာရင်းတွင် ဂီရိုနာ၊ ဗလင်စီယာ၊ စပို့တင်းလစ္စဘွန်း၊ ရန်းနက်စ်တို့အပါအဝင် ဥရောပတလွှားမှ ကလပ်များစွာ ပါဝင်ပါသေးတယ်။

တဖက်တွင် ဘာစီလိုနာဟာ ကစားသမားရောင်းချမှုများအတွက် အခြားကလပ်များထံမှ ယူရို ၆၄.၁ သန်းအထိ ရရန် ရှိနေပါတယ်။

ဘာစီလိုနာကို အကြွေးပေးရန် ရှိတဲ့ကလပ်များတွင် ပေါ်တိုက နီကိုဂွန်ဇာလက်ဇ်အတွက် ယူရို ၆.၇ သန်း၊ Al-Ahli က ဖရန့်ကက်ဆီအတွက် ယူရို ၄.၁ သန်း၊ ရှက်တာဒိုးနက်စ်က မာလွန်အတွက် ယူရို ၃.၁ တို့အပြင် ချဲလ်ဆီး၊ ဘက်တစ်၊ ဘရာဂါတို့လည်း ပါဝင်ပါတယ်။

ဘာစီလိုနာအနေဖြင့် ရရန် ရှိတဲ့အကြွေးများ အားလုံး ရရှိလျှင်ပင် လာမယ့်နှစ်မှာ နောက်ထပ် လိုအပ်ငွေ ယူရိုသန်း ၁၀၀ လိုအပ်နေပါသေးတယ်။

ဘာစီလိုနာဟာ ပြီးခဲ့တဲ့နှစ်တုန်းက ဝင်ငွေ ယူရို ၉၉၄ သန်းအထိ ရရှိခဲ့ပြီး အမြတ်ငွေ ယူရို ၂ သန်း ရရှိခဲ့ပါတယ်။

ဒါပေမယ့်လည်း ဘာစီလိုနာဟာ ကြွေးမြီများစွာ ရှိနေမှုနှင့်အတူ အနာဂတ်တွင် ကလပ်ရဲ့ ဘဏ္ဍာရေးတည်ငြိမ်ရေးအတွက် အသုံးစရိတ်ချွေတာမှုများစွာ ပြုလုပ်ရပါဦးမယ်။

Credit - Playmaker Journal

#ဘောလုံးသတင်းစုံ

image

(၁၀)နှစ်အတွင်း AA အဖွဲ့နှင့်ဆက်စပ်သော မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုမှ ကျပ်ဘီလျံ (၁၂၀၀)ကျော်အထိရှိခဲ့ဟု ဗိုလ်ချုပ်ဇော်မင်းထွန်း ပြော

အောက်တိုဘာ ၁၀

၂၀၁၅ ခုနှစ်မှ လက်ရှိအချိန်အထိ (၁၀)နှစ်အတွင်း AA အဖွဲ့နှင့်ဆက်စပ်သော မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုမှ ကျပ်ဘီလျံ (၁၂၀၀)ကျော် အထိရှိခဲ့ကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့ကြောင်း သိရသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက ယမန်နေ့(အောက်တိုဘာ ၉ ရက်) က AA လက်နက်ကိုင်အဖွဲ့ဆောင်ရွက်နေသော မူးယစ်ဆေးဝါး သယ်ယူပို့ဆောင်ရောင်းချနေသည့်လုပ်ငန်းများနှင့်ပတ်သက်ကာ မီဒီယာများထံ အထက်ပါကဲ့သို့ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

AA လက်နက်ကိုင်အဖွဲ့သည် (၂၀၁၃) ခုနှစ်ခန့်က စတင်ကာ မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းချမှုများကို နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။

“ထုပ်ပိုးမှုပုံစံ မျိုးစုံနဲ့ သယ်ဆောင်တဲ့နေရာမှာလည်း ဆီဘောက်ဆာကားကို အံဝှက်လုပ်ပြီး သယ်ဆောင်တဲ့ အထိ လုပ်ဆောင်ခဲ့ ကြပါတယ်။ မူးယစ်ဆေးဝါးကို အဓိကကုန်ကူးရောင်းချနိုင်ဖို့အတွက် ပမာဏ နည်းနည်းလေးကနေပြီး ကြီးမားတဲ့ပမာဏအထိ သယ်ဆောင်လုပ်ကိုင်နေ တာမျိုးတွေ့ရပါတယ်။ AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ရဲ့ခေါင်းဆောင် ထွန်းမြတ်နိုင် ကိုယ်တိုင်က တာဝန်ပေးစေခိုင်းတဲ့အတွက် ဒီမူးယစ်ဆေးဝါးသယ်ဆောင်ဖြန့်ဖြူးရောင်းချတဲ့လုပ်ငန်းတွေကို လုပ်နေရတာဖြစ်ကြောင်းကိုလည်း ဖမ်းဆီးရမိတဲ့ AA သောင်းကျန်းသူအဖွဲ့ဝင်တွေရဲ့ထွက်ဆိုချက်တွေမှာ တွေ့နိုင်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

ထို့ပြင် AA လက်နက်ကိုင်အဖွဲ့နှင့်ဆက်စပ်သည့် မူးယစ်ဆေးဝါးများအား (၂၀၁၅) ခုနှစ်တွင် (၁)ကြိမ်၊ (၂၀၁၉)ခုနှစ်တွင် (၄)ကြိမ်၊ (၂၀၂၀) ခုနှစ်တွင် (၁)ကြိမ်၊ (၂၀၂၃)ခုနှစ်တွင် (၂)ကြိမ်၊ (၂၀၂၄) ခုနှစ်တွင် (၂)ကြိမ်နှင့် (၂၀၂၅) ခုနှစ်တွင် (၆) ကြိမ် ဖမ်းဆီးရမိခဲ့ကြောင်း ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောသည်။

“AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ရဲ့ ၂၀၁၅ ခုနှစ်မှာ တစ်ကြိမ် ဖမ်းမိခဲ့တဲ့ ကာလတန်ဖိုးငွေကျပ် ၁ ဒသမ ၆၅ ဘီလီယံခန့်၊ ၂၀၁၉ ခုနှစ်မှာ လေးကြိမ် ကာလတန်ဖိုးငွေကျပ် ၅၉ ဘီလီယံခန့်၊ ၂၀၂၀ ပြည့်နှစ်မှာ တစ်ကြိမ် ကာလတန်ဖိုးငွေကျပ် ၁၀ ဘီလီယံ၊ ၂၀၂၃ ခုနှစ်မှာ နှစ်ကြိမ် ကာလတန်ဖိုးငွေကျပ် ၁၅၅ ဒသမ ၈၇ ဘီလီယံ၊ ၂၀၂၄ ခုနှစ်မှာ နှစ်ကြိမ် ကာလတန်ဖိုးငွေကျပ် ၃ ဒသမ ၂၂ ဘီလီယံခန့် နဲ့ အခု ၂၀၂၅ ခုနှစ်အတွင်းမှာ ၆ ကြိမ် ကာလတန်ဖိုးငွေကျပ် ၁၀၀၃ ဒသမ ၉၃ ဘီလီယံခန့်ဖြစ်ပြီး ၂၀၁၅ ခုနှစ်ကနေ ယခုအချိန်အထိ AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့နဲ့ဆက်စပ်နေတဲ့ မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှု စုစုပေါင်း ၁၆ ကြိမ်တိတိရှိခဲ့ပါတယ်။ စုစုပေါင်းကာလ တန်ဖိုးငွေကျပ် ၁၂၃၃ ဒသမ ၆၇ ဘီလီယံအထိ ဖမ်းဆီးရမိခဲ့ပါတယ်။ ဒီပမာဏကိုကြည့်ရင် ဘယ်လောက်အန္တရာယ်များ ကြောင်းတွေ့နိုင်မှာ ဖြစ်ပါတယ်။ AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့အနေနဲ့ ရခိုင်ပြည်နယ်မှာ သူတို့ထိန်းချုပ် ထားတဲ့ နေရာတွေကနေတစ်ဆင့် ဒေသတွင်းနေရာများကို ဘယ်လောက်အထိ မူးယစ်ဆေးဝါး တွေ ပို့ဆောင်နေခဲ့ကြောင်း ထင်ရှားစွာတွေ့ ရမှာဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆက်ပြောသည်။

၂၀၂၃ ခုနှစ်တွင် AA အဖွဲ့နှင့်ဆက်စပ်သည့် မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုတွင် AA အဖွဲ့ခေါင်းဆောင်ထွန်းမြတ်နိုင်၏ တာဝန်ပေးချက်အရ ယင်းအဖွဲ့မှ ဗိုလ်မှူးကြီးအဆင့်ရှိသူ ကျော်မြတ်ဦး(ခ) သားသား(ခ) ဝေသာထွန်းကဦးစီးပြီး စီမံခန့်ခွဲလုပ်ဆောင်နေကြောင်းလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။

“၂၀၂၃ ခုနှစ်က AA သောင်းကျန်း သူအဖွဲ့နဲ့ ဆက်စပ်နေတဲ့ မူးယစ်ဆေးဝါးဖမ်းဆီး ရမိမှုမှာဆိုရင် AA သောင်းကျန်းသူအဖွဲ့ဝင် ဗိုလ်အဆင့်ရှိတဲ့ ထွန်းလင်း(ခ)ပြုံးချို၊ ဒုတိယဗိုလ်အဆင့်ရှိတဲ့ နေလင်းထွန်း(ခ) နောနော်(ခ) ကျော်စိုးနဲ့ ဒုတိယဗိုလ်အဆင့်ရှိသူ စိုးထွန်း၊ တပ်ကြပ်ကြီး အဆင့်ရှိသူ ကျော်ဟန်၊ တပ်သား အဆင့်ရှိတဲ့ ကျော်လင်းဆန်းနဲ့ တပ်သားအဆင့်ရှိတဲ့ ဦးထွန်းနုတို့ ခြောက်ဦး ပါဝင်ခဲ့ပါတယ်။ သူတို့ကို ကျွန်တော်တို့ စနစ်တကျစစ်ဆေးဖော်ထုတ်တဲ့အခါမှာ AA သောင်းကျန်းသူအဖွဲ့ ခေါင်းဆောင်ထွန်းမြတ်နိုင်ရဲ့ တာဝန်ပေးချက်အရ AA သောင်းကျန်းသူ ဗိုလ်မှူးကြီးအဆင့်ရှိ ကျော်မြတ်ဦး(ခ) သားသား(ခ) ဝေသာထွန်းကဦးစီးပြီး စီမံခန့်ခွဲလုပ်ဆောင်နေကြောင်း ထွက်ဆိုချက်တွေအရ တိကျစွာသိရှိရပါတယ်။ ဒီလိုပါပဲ နောက်ပိုင်း ဖမ်းမိတဲ့ကိစ္စတွေမှာလည်း AA သောင်းကျန်းသူအဖွဲ့နဲ့ ပတ်သက်တဲ့သူတွေ၊ AA သောင်းကျန်းသူအဖွဲ့ဦးစီးပြီးလုပ်ကိုင်နေတဲ့ မူးယစ်ဆေးဝါး လုပ်ငန်းမှာ ပါဝင်ဆောင်ရွက်နေသူတွေသာ ဖြစ်ပါတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

Credit - NP News Agency

#centralnewsnaypyitaw

image