ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ
(နိုဝင်ဘာ - ၁၉ ရက်၊ နံနက် ၁၀ နာရီ)

#ရွှေဈေး
-ကမ္ဘာ့ရွှေဈေး
တအောင်စ ၄၀၇၂ ဒေါ်လာ
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း
- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၅၉၇၀၀၀၀ ကျပ်
ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၈၆၂၀၀၀၀ ကျပ်
ဝယ်ဈေး ၈၅၈၀၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၈၂၂၀၀၀၀ ကျပ်
ဝယ်ဈေး ၈၁၈၀၀၀၀ ကျပ်
* စနစ်သစ်
(၁ိ - ၁၆.၃၂၉၃၂၅ ဂရမ် = ၁၂၀ ရွေး)
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၈၅၀၀၀၀၀ ကျပ်
ဝယ်ဈေး ၈၄၆၀၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၈၁၀၀၀၀၀ ကျပ်
ဝယ်ဈေး ၈၀၆၀၀၀၀ ကျပ်
“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”
(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)

#နိုင်ငံခြားငွေလဲလှယ်နှုန်း
-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၆၄၅ ကျပ်
ပြင်ပပေါက်စျေး
-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၀၅၀ ကျပ်
ဝယ်ဈေး - ၃၉၅၀ ကျပ်
-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၁၁၀ ကျပ်
ဝယ်ဈေး - ၃၀၃၀ ကျပ်
-ယူရို
ရောင်းဈေး - ၄၆၈၅ ကျပ်
ဝယ်ဈေး - ၄၅၇၀ ကျပ်
-ထိုင်းဘတ်
ရောင်းဈေး - ၁၂၅ ကျပ်
ဝယ်ဈေး - ၁၂၁.၉၅ ကျပ်
-မလေးရှားရင်းဂစ်
ရောင်းဈေး - ၉၇၄ ကျပ်
ဝယ်ဈေး - ၉၅၀ ကျပ်
-တရုတ်ယွမ်
ရောင်းဈေး - ၅၆၉ ကျပ်
ဝယ်ဈေး - ၅၅၅ ကျပ်
-ဂျပန်ယန်း
ရောင်းဈေး - ၂၆.၀၅ ကျပ်
ဝယ်ဈေး - ၂၅.၄၁ ကျပ်
-အိန္ဒိယရူပီး
ရောင်းဈေး - ၄၅.၇၁ ကျပ်
ဝယ်ဈေး - ၄၄.၆ ကျပ်
-ကိုရီးယားဝမ်
ရောင်းဈေး - ၂.၇၇ ကျပ်
ဝယ်ဈေး - ၂.၇ ကျပ်
-စတာလင်ပေါင်
ရောင်းဈေး - ၅၃၁၀ ကျပ်
ဝယ်ဈေး - ၅၁၈၀ ကျပ်
-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၂၆၂၆ ကျပ်
ဝယ်ဈေး - ၂၅၆၂ ကျပ်
-ကနေဒါဒေါ်လာ
ရောင်းဈေး - ၂၈၉၄ ကျပ်
ဝယ်ဈေး - ၂၈၂၃ ကျပ်
-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၂၀ ကျပ်
ဝယ်ဈေး - ၅၀၇ ကျပ်
-ယူအေအီး
ရောင်းဈေး - ၁၁၀၂ ကျပ်
ဝယ်ဈေး - ၁၀၇၅ ကျပ်
ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
***သတ်မှတ်ဈေးအတိုင်း အရောင်းအဝယ်မလုပ်ပါက အရေးယူခံရနိုင်သည်။

image

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ
***************************************************
🇲🇲 ရည်ညွှန်းလက်လီဈေးနှုန်းများ
💢ရန်ကုန်မြို့
💢မန္တလေးမြို့
💢နေပြည်တော်
💢တိုင်းဒေသကြီး/ ပြည်နယ်မြို့တော်များ

image

image

ဗင်နီဇွဲလားတွင် ခြေလျင်တပ်ဖွဲ့များ အသုံးပြုခြင်းကို မကန့်ကွက်ဟု ထရမ့်ပြောကြား

ဗင်နီဇွဲလားတွင် ခြေလျင်တပ်ဖွဲ့များ အသုံးပြုနိုင်ခြေရှိခြင်းကို မိမိပယ်ချခြင်းမရှိ ဟု အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့်က ပြောကြားသည်။
“ကျွန်တော် ဘာကိုမှ ပယ်ချတာ မဟုတ်ဘူး၊ ဗင်နီဇွဲလားကို ကျွန်တော်တို့ ဂရုစိုက်ရမယ်” ဟု ခြေလျင်တပ်ဖွဲ့များ အသုံးပြုခြင်းအပါအဝင် မည်သည့်အရာကိုမဆို ပယ်ချရန် ရှိမရှိ သတင်းထောက်များ၏ မေးမြန်းမှုကို သူက ပြန်လည်ဖြေကြားခဲ့သည်။
ဗင်နီဇွဲလားသမ္မတ နီကိုလက်စ် မာဒူရိုက သူ၏နိုင်ငံသည် အမေရိကန်ပြည်ထောင်စု၏ ကျူးကျော်မှုမှ ပြီးခဲ့သည့် နှစ်ပေါင်း ၁၀၀ အတွင်း အပြင်းထန်ဆုံး ခြိမ်းခြောက်မှုကို ရင်ဆိုင်နေရသည်ဟု ထပ်ခါတလဲလဲ ပြောကြားခဲ့သည်။ ထိုအတောအတွင်း အမေရိကန်က ဗင်နီဇွဲလားအစိုးရသည် မူးယစ်ဆေးဝါး မှောင်ခိုမှု တိုက်ဖျက်ရေးတွင် လုံလောက်စွာ လုပ်ဆောင်ခြင်း မရှိဟု စွပ်စွဲခဲ့သည်။ ဤအကြောင်းပြချက်ဖြင့် အမေရိကန်သည် ကာရစ်ဘီယံပင်လယ်သို့ စစ်အင်အားကြီးမားစွာ ချထားခဲ့သည်။ အမေရိကန် စစ်သင်္ဘော ၈ စီး၊ ရေငုပ်သင်္ဘော ၁ စီးနှင့် စစ်သား ၁၆,၀၀၀ ကျော်ကို ကာရစ်ဘီယံပင်လယ်သို့ ချထားပြီးဖြစ်ကြောင်း သိရသည်။
စက်တင်ဘာလမှစ၍ အမေရိကန်သည် ဗင်နီဇွဲလားမှ မူးယစ်ဆေးဝါး ကူးသန်းရောင်းဝယ်မှုတွင် ပါဝင်သည်ဟု ယူဆရသည့် လှေအစီး ၂၀ ကို ဖျက်ဆီးပြီး လူ ၇၆ ဦးကို ဖမ်းဆီး သို့မဟုတ် သတ်ဖြတ်ခဲ့သည်။ နိုဝင်ဘာ ၁၆ ရက်တွင် ပင်တဂွန်စစ်ဌာနချုပ်၏ လေယာဉ်တင်သင်္ဘော Gerald R. Ford ဦးဆောင်သော အမေရိကန်စစ်သင်္ဘော အုပ်စုတစ်စု သည် ကာရစ်ဘီယံပင်လယ်ထဲသို့ ရောက်ရှိလာကြောင်း ကြေညာခဲ့သည်။
The New York Times သတင်းစာအဆိုအရ အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့်သည် ဗင်နီဇွဲလားရှိ CIA ၏ လျှို့ဝှက်စစ်ဆင်ရေးများကို ခွင့်ပြုပေးခဲ့‌ကြောင်း သိရသည်။ အမေရိကန်မီဒီယာများ၏ အဆိုအရ မဝေးတော့သည့်အနာဂတ်တွင် ဗင်နီဇွဲလားရှိ မူးယစ်ဆေးဝါးဂိုဏ်းများကို အမေရိကန်တပ်ဖွဲ့များက စတင်တိုက်ခိုက်နိုင်ဖွယ်ရှိ‌ကြောင်း သိရသည်။
ဗင်နီဇွဲလားကို တိုက်ခိုက်ရန် ဖြစ်နိုင်ခြေရှိသော စစ်ဆင်ရေးများအတွက် မွမ်းမံထားသော စီမံကိန်းများကို နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ထရမ့်ထံ တင်ပြခဲ့သည်။ အဆိုပါ စီမံကိန်းများကို လေ့လာပြီးနောက် ထရမ့်က ဗင်နီဇွဲလားအပေါ် မည်သို့လုပ်ဆောင်သင့်သည်ဟူသော သူ၏သဘောထားကို ယင်းစီမံကိန်းများဖြင့် ပုံဖော်ထားကြောင်း သတင်းထောက်များကို ပြောကြားခဲ့သည်။

image

မြန်မာ့တူရိယာများ တစုတစည်းတည်းပါဝင်သော ၂၀၀ ကျပ်တန် (၆) လုံးပါ အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်တစ်မျိုး ရောင်းချပေးမည်

မြန်မာ့တူရိယာတစ်မျိုးချင်းအလိုက် ထုတ်ဝေခဲ့ပြီးသော တံဆိပ်ခေါင်းများကို တံဆိပ်ခေါင်းစုဆောင်းသူ ဝါသနာရှင်များ တစ်စုတစ်စည်းတည်း စုဆောင်းနိုင်ရန် ရည်ရွယ်၍ ထိုကဲ့သို့ ရောင်းချပေးမည်ဖြစ်ကြောင်း မြန်မာ့စာတိုက်လုပ်ငန်းမှ ဖော်ပြထားသည်။
ရောင်းချပေးမည့် ထိုတံဆိပ်ခေါင်းတွင် ထုတ်ဝေခဲ့ပြီးသော မြန်မာ့တူရိယာများ တစ်စုတစ်စည်းတည်း ပါဝင်မည်လည်း ဖြစ်သည်။
ရောင်းချပေးမှုကို လာမည့် နိုဝင်ဘာလ (၂၀) ရက်၊ နံနက် (၀၉:၃၀)နာရီ အချိန်မှစတင်၍ နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီးတို့နှင့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ စာတိုက်ကြီးများတွင် တစ်ပြိုင်တည်း ရောင်းချပေးသွားမည်ဖြစ်သည်ဟုလည်း သိရသည်။
အထူးအစီအစဉ်တစ်ရပ်အနေဖြင့် နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီးနှင့် မန္တလေးစာတိုက်ကြီးတို့၌ ယင်းနေ့တွင် ဝယ်ယူသော စာပို့တံဆိပ်ခေါင်းများပေါ်တွင် နေ့စွဲအမှတ်အသားတံဆိပ်ရိုက်နှိပ်ပေးသွားမည်

image

တက္ကသိုလ်၊ ကောလိပ်၊ ကျောင်းသား၊ ကျောင်းသူများ ကြိုတင်မဲပေးနိုင်ကြောင်း အသံချဲ့စက်ဖြင့် လိုက်လံ အသိပေး

ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်များတွင် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကျောင်းသား၊ ကျောင်းသူများ ကြိုတင်မဲပေးနိုင်ကြောင်း အသံချဲ့စက်ဖြင့် လိုက်လံအသိပေးနှိုးဆော်နေကြောင်း ရန်ကုန်ဒေသခံများထံမှ သိရသည်။
“ ကျောင်းသွားတက်မယ့်သူတွေ မိမိတို့ ဒေသမှာမဟုတ်ဘဲ အဝေးကို ကျောင်းသွားတက်မယ့်သူတွေ ကြိုတင်မဲပေးနိုင်တယ်လို့ လိုက်အသိပေးအော်နေတာပါ”ဟု ဒလမြို့နယ်တွင် နေထိုင်သူ အမျိုးသားတစ်ဦး က ပြောသည်။
လာမည့်ရွေးကောက်ပွဲကျင်းပမည့် ဒီဇင်ဘာ (၂၈)ရက်သည် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကျောင်းသား၊ ကျောင်းသူများ ကျောင်းတက်ရောက်နေမည့်အချိန်ဖြစ်ခြင်းကြောင့် ကြိုတင်မဲပေးနိုင်ကြောင်း ပြည်ထောင်စု‌ရွေးကောက်ပွဲကော်မရှင်က အသိပေးထားသည်။
မဲပေးပိုင်ခွင့်ရှိသည့် ကျောင်းသားကျောင်းသူများအနေဖြင့် မဲစာရင်းပါရှိရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲ့ရုံး၌ နိုဝင်ဘာ(၁၇)ရက်မှ နိုဝင်ဘာ (၂၁)ရက်အထိ နိုင်ငံသားစိစစ်‌ရေးကတ် သို့မဟုတ် ကျောင်းဝင်ခွင့်အထောက်အထားများဖြင့် ကြိုတင်ဆန္ဒမဲပေးနိုင်ကြောင်းလည်း ရွေးကောက်ပွဲကော်မရှင် က အသိပေးထားသည်။
လာမည်ရွေးကောက်ပွဲအပိုင်း(၁)ကို ဒီဇင်ဘာ(၂၈)ရက်နေ့၌ စတင်ကျင်းပမည်ဖြစ်ပြီး အပိုင်း(၂)ကို ဇန်နဝါရီ (၁၁)ရက်နေ့၌ ကျင်းပမည် ဖြစ်သည်။

image

ကန်ဒေါ်လာ(၅)သိန်းခန့်တန်ဖိုးရှိ မြန်မာ-အိန္ဒိယ QIP အကောင်အထည်ဖော်ရန် နားလည်မှုစာချွန်လွှာ(၁၀) စောင်ကိုလက်မှတ်ထိုး

မြန်မာနိုင်ငံတော်အစိုးရနှင့် အိန္ဒိယသမ္မတနိုင်ငံအစိုးရတို့ကြား အမေရိကန်ဒေါ်လာ(၅)သိန်းခန့်တန်ဖိုးရှိသော “မြန်ဆန်စွာအကျိုးဖြစ်ထွန်းစေမည့် စီမံချက်များ (QIP)”အကောင်အထည်ဖော်ဆောင်ရွက်ရန် နားလည်မှုစာချွန်လွှာ (MoU) (၁၀)စောင်အား နိုဝင်ဘာ ၁၇ ရက်က လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။
မှတ်တမ်းမော်ကွန်းများကို ဒစ်ဂျစ်တယ်နည်းဖြင့် ထိန်းသိမ်းခြင်း မြှင့်တင်ရေး စီမံချက်အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာ၊ အင်းလေးဒေသရှိ ငလျင်ဒ-ဏ်သင့်တိုင်းရင်းသားများအတွက် အိမ်သုံးဆိုလာစနစ်များထောက်ပံ့ခြင်းစီမံချက် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာ၊ မန္တလေးတိုင်းရှိ မဟာမြတ်မုနိဘုရားတွင် ငလျင်ဒ-ဏ်ကြောင့်ပျ-က်စီးခဲ့သော အနုပညာလက်ရာများ အစားထိုးရေးဆွဲခြင်း စီမံချက်အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာ၊ မြန်မာနိုင်ငံနို့စားကျွဲမွေးမြူရေး ဖွံ့ဖြိုးတိုးတက်ရေး စီမံချက် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာတို့ကို လက်မှတ်ရေးထိုးခဲ့ကြသည်။
ထို့ပြင် မြန်မာနိုင်ငံရှိ သမဝါယမအသင်းသားတောင်သူများထံသို့ မှတ်ပုံတင်ထားပြီးအရည်အသွေးမြင့်မားသော ဝါနှင့် မတ်ပဲမျိုးစေ့များပံ့ပိုးခြင်းဖြင့် လယ်ယာကုန်ထုတ် စွမ်းအားမြှင့်တင်ရေးစီမံချက် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာ၊ JCB အမျိုးအစား Breaker Gun ပါဝင်သော မြေတူး ကော်တင်စက်(အသေး)တစ်စီးဝယ်ယူခြင်းစီမံချက် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာနှင့် ငလျင်ဒဏ်ကြောင့်ပျက်စီးသွားသော အဆောက်အအုံများအတွက် ပုံစံမပျ-က်စစ်ဆေးသော စမ်းသပ်ကိရိယာများဝယ်ယူခြင်းစီမံချက် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာ၊ Offline အင်္ဂလိပ်ဘာသာစကားသင်တန်း တည်ထောင်ဖွင့်လှစ်ခြင်းစီမံချက် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဆိုင်ရာနားလည်မှုစာချွန်လွှာ၊ လယ်ယာစိုက်ပျိုးရေးဖွံ့ဖြိုးမှုအတွက် အရည်အသွေးမြင့်၊ အထွက်နှုန်းကောင်း ဝါနှင့် မတ်ပဲမျိုးများရရှိရေးလုပ်ငန်းစီမံချက် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာ၊ ဆိုလာစွမ်းအင်သုံးရေတင်ခြင်း စီမံချက်အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာတို့ကိုလည်း လက်မှတ်ရေးထိုးခဲ့ကြသည်။
အဆိုပါနားလည်မှု စာချွန်လွှာများတွင် အိန္ဒိယနိုင်ငံအစိုးရကိုယ်စား မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံရုံး၏ ဒု-အကြီးအကဲ Mr. Ashish Sharma နှင့် မြန်မာနိုင်ငံ အမျိုးသားစီမံကိန်းဝန်ကြီးဌာန၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့၊ မန္တလေးတိုင်းအစိုးရအဖွဲ့တို့မှတာဝန်ရှိသူများက လက်မှတ်ရေးထိုးခဲ့ကြသည်။
အဆိုပါ စီမံချက်များသည် အမေရိကန်ဒေါ်လာ (၄၈၉,၇၃၅)ရှိပြီး စီမံချက်များအကောင်အထည်ဖော်ရေးအတွက် နှစ်နိုင်ငံဘက်မှ ကိုယ်စားလှယ်များပါဝင်သည့် စီမံချက်ဆိုင်ရာစောင့်ကြည့်စစ်ဆေးရေးပူးတွဲကော်မတီများဖွဲ့စည်း၍ ကြီးကြပ်အကောင်အထည် ဖော်သွားမည်ဖြစ်ကာ စီမံချက်များအား တတိယနှစ် မြောက်ဆောင်ရွက်ခြင်းဖြစ်ပြီး စီမံချက်တစ်ခုလျှင် အမေရိကန်ဒေါ်လာ(၅၀,၀၀၀)ခွင့်ပြုပေးထားသည်။
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် QIP စီမံချက်(၅)ခု၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် QIP စီမံချက်(၁၀)ခု၊ ၂၀၂၅- ၂၀၂၆ ဘဏ္ဍာနှစ်တွင် QIP စီမံချက်(၁၀)ခုကို အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ကာ လာမည့်ဘဏ္ဍာနှစ်အလိုက် QIP စီမံချက်များကို ဆက်လက်ဆောင်ရွက်ရန် အိန္ဒိယအစိုးရနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိသည်။

image

ဘတ္တရီလျှပ်စစ်စက်ခေါင်းများ အသုံးပြုကာ နေပြည်တော် - မန္တလေး ရထားခရီးစဥ်ကို ပြောင်းလဲပြေးဆွဲမည်

ဘတ္တရီလျှပ်စစ်စက်ခေါင်းများ အသုံးပြုကာ ခေတ်မီလေအေးပေးစက်ပါ လေအိတ်တွဲဆိုင်းများဖြင့် နေပြည်တော်-မန္တလေး၊ မန္တလေး-နေပြည်တော် ရထားခရီးစဉ်များကို (နိုဝင်ဘာ ၂၂)မှ စတင်ကာ ပြေးဆွဲပေးမည်ဟု သိရသည်။
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားအနေဖြင့် အများပြည်သူများ ရထားဖြင့် ခရီးသွားလာရာတွင် အဆင်ပြေချောမွေ့နိုင်စေရန် စီစဉ်နေခြင်း ဖြစ်သည်။
ယခင်က နေပြည်တော်-မန္တလေး၊ မန္တလေး-နေပြည်တော် ရထားခရီးစဉ်များသည် RBE ရထားတွဲဆိုင်းများဖြင့် ပြေးဆွဲပေးနေခြင်းဖြစ်ကာ လက်ရှိ၌ ဘက္ထရီလျှပ်စစ်စက်ခေါင်းများ အသုံးပြု၍ ပြောင်းလဲပြေးဆွဲပေးတော့မည်လည်း ဖြစ်သည်။
“ပိုကောင်းတဲ့ အလားအလာပါပဲ၊ ရန်ကုန်-နေပြည်တော်ကနေ မန္တလေးဆက်မယ်ဆို သက်တောင့်သက်သာဖြစ်တာ၊ အရင်တခေါက်က မန္တလေးသွားဖို့ကို နေပြည်တော်မှာ တွဲဆိုင်းချိန်းတော့ DEMUကနေ RBE ပြန်စီးရတော့ သိပ်အဆင်မပြေဘူး၊ အခုပြေမယ်လို့ထင်ပါတယ်” ဟု လူမှုကွန်ယက်အသုံးပြုသူတစ်ဦးက ရေးသားဖော်ပြထားသည်ကိုလည်း တွေ့ရသည်။
လက်ရှိ၌ ရန်ကုန်-နေပြည်တော်၊ နေပြည်တော်-ရန်ကုန် ရထားခရီးစဉ်များကို အထက်တန်း ၂၈၀၀၀ ကျပ်၊ ပထမတန်း ၁၉၀၀၀ ကျပ်ဖြင့် DEMU ရထားများဖြင့် ပြေးဆွဲပေးနေခြင်းလည်း ဖြစ်သည်။

image

image

မိမိတို့ထက် ပိုကောင်းတဲ့အသင်း များများစားစားမရှိဘူးလို့ နယ်သာလန်နည်းပြ ပြောကြား

နယ်သာလန်လက်ရွေးစင်အသင်းနည်းပြ ရော်နယ်လ်ကိုးမန်းက ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်ပြီးနောက် မိမိတို့ထက် ပိုကောင်းတဲ့အသင်း များများစားစားမရှိဘူးလို့
ပြောကြားခဲ့ပါတယ်။
နယ်သာလန်အသင်းဟာ အုပ်စုနောက်ဆုံးပွဲမှာ လစ်သူယေးနီးယားကို လေးဂိုးပြတ်နိုင်ပြီးနောက် ခြေစစ်ပွဲ အောင်မြင်ခဲ့တာပါ။
နယ်သာလန်အသင်း အုပ်စုတွင်း ရှုံးပွဲမရှိပေမဲ့ အဓိကပြိုင်ဘက် ပိုလန်နဲ့ နှစ်ကျော့စလုံး သရေကျခဲ့လို့ နောက်ဆုံးပွဲစဉ်အထိ အဆုံးအဖြတ်ခံယူခဲ့ရတာဖြစ်တယ်။
''ကျွန်တော် အစကတည်းက အုပ်စုတွင်း အကောင်းဆုံးအသင်းဆိုတာ ပြောထားခဲ့ပါတယ်။ အခု အဲဒါကို သက်သေပြခဲ့ပါတယ်။ ကျွန်တော်တို့အလုပ်က မပြီးသေးပါဘူး။
အံ့အားသင့်စရာကောင်းတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကို ကျွန်တော်တို့ သွားကစားရုံမျိုးလည်း မဟုတ်ပါဘူး။ ဆိုးရွားတဲ့အခိုက်အတန့်တွေ ရှိလာမယ်။ ပွဲတစ်ပွဲမှာ သူတို့က ကျွန်တော်
တို့ကို ချေမှုန်းနိုင်တယ်။ ဒါပေမဲ့ ကျွန်တော်တို့ထက် ပိုကောင်းတဲ့ အသင်းများများစားစား မတွေ့မြင်မိပါဘူး။ ဒါကို သက်သေပြပြီးသားပါ။ ကျွန်တော်တို့ ပိုတည်ငြိမ်မှုတော့
ရှိရပါမယ်''လို့ ရော်နယ်လ်ကိုးမန်းက ပြောခဲ့ပါတယ်။
၎င်းက နယ်သာလန်အသင်းကွင်းလယ်ကို အပြောင်းအလဲတွေ အမြဲပြုလုပ်မယ်လို့လည်း
ဝန်ခံခဲ့ပါတယ်။

image