နွေရာသီတွင် ရယူလာမယ့် ထိပ်တန်းနည်းပြရာထူးအတွက် နည်းပြအဖွဲ့ဝင် စတင်စုဆောင်းလာတဲ့ ဇီဒန်း
======================
ဇီဒန်းဟာ လာမယ့်နွေရာသီတွင် ပြင်သစ်အသင်းနည်းပြရာထူးအား မရယူမီ နည်းပြအဖွဲ့ဝင် စတင် စုဆောင်းမှု ပြုလုပ်လာပါတယ်။
ရီးရဲလ်မက်ဒရစ်ကစားသမားဟောင်းနှင့် နည်းပြဟောင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးတွင် ပြင်သစ်အသင်းအား ဒီဒီယာဒက်ချမ့်ထံမှ လွဲပြောင်း ရယူလာပါမယ်။
ပြင်သစ်ဘောလုံးအဖွဲ့ချုပ်ဘက်က ဇီဒန်းအား ခန့်အပ်ကြောင်း တရားဝင် ကြေညာခြင်း မရှိသေးပေမယ့်လည်း သဘောတူညီမှု ရရှိပြီးပြီလို့ ယုံကြည်ရပါတယ်။
ယနေ့တွင် L'Equipe က ဇီဒန်းဟာ နွေရာသီတွင် ပြင်သစ်အသင်းအား ကိုင်တွယ်လာချိန်မှာ သူ့နည်းပြအဖွဲ့တွင် တာဝန်ထမ်းဆောင်ရန် နည်းပြအဖွဲ့များ စတင် စုဆောင်းနေပြီ ဖြစ်ကြောင်း ဖော်ပြလာပါတယ်။
ဇီဒန်းဟာ ရီးရဲလ်မက်ဒရစ်တွင် လက်ထောက်နည်းပြအဖြစ် လက်တွဲခဲ့တဲ့ ဒေးဗစ်ဘက်တိုနီအား နည်းပြအဖွဲ့ဝင်အဖြစ် ခန့်အပ်လာမယ်လို့ သိရပါတယ်။
ဇီဒန်းဟာ ၂၀၂၁ ခုနှစ်တွင် ရီးရဲလ်မက်ဒရစ်နည်းပြရာထူးမှ ထွက်ခွာပြီးနောက် ထိပ်တန်းကလပ်များစွာတို့ရဲ့ ဆက်သွယ်ခြင်းခံခဲ့ရပေမယ့်လည်း ပြင်သစ်အသင်းကို ကိုင်တွယ်လိုတဲ့ ရည်မှန်းချက်ဖြင့် စိတ်ရှည်ရှည်ဖြင့် စောင့်ဆိုင်းလာခဲ့သူလည်း ဖြစ်ပါတယ်။
သူဟာ ရီးရဲလ်မက်ဒရစ်အား ၂ ကြိမ်ကိုင်တွယ်စဉ်အတွင်း ချန်ပီယံလိဂ်ဖလား ၃ ကြိမ်ဆက် ဆွတ်ခူးမှုအပါအဝင် လာလီဂါဖလား၊ ဥရောပစူပါဖလား၊ ဖီဖာကလပ်ကမ္ဘာ့ဖလား၊ စပိန်စူပါဖလားတို့လည်း ဆွတ်ခူးခဲ့သူ ဖြစ်ပါတယ်။