image
5 w - Translate

◼ မြန်မာရွှေ့ပြောင်းဇနီးမောင်နှံ ထိုင်းထီဘတ်ခြောက်သန်းဆုကံထူး
ယခုလစက်တင်ဘာ ၁၆ ရက်ကဖွင့်လှစ်ခဲ့သည့် ထိုင်းထီတွင် ပထမဆုကြီးဖြစ်သည့် ဘတ်ခြောက်သန်းဆုကို မြန်မာရွှေ့ပြောင်းလုပ်သားဇနီးမောင်နှံနှစ်ဦး ကံထူးခဲ့ကြောင်းသိရသည်။
ထီပေါက်ခဲ့ကြသည့် အဆိုပါဇနီးမောင်နှံအတွက် ဆုကြေးထုတ်ယူမှုကို ယမန်နေ့(စက်တင်ဘာ ၁၇ ရက်)က ထိုင်းရောက်မြန်မာရွှေ့ပြောင်းလုပ်သားများအရေးကူညီပေးနေသည့် M.H.A.C အဖွဲ့ကကူညီပေးခဲ့သည်။
ဘတ်ခြောက်သန်းဆုကံထူးခဲ့သည့် မြန်မာလုပ်သားဇနီးမောင်နှံနှစ်ဦးသည် လက်ရှိထိုင်းနိုင်ငံ၊ စာမွတ်ဆာခွန်ခရိုင်၊ မဟာချိုင်ရှိ သံရည်ကြိုစက်ရုံ၌ အလုပ်လုပ်ကိုင်နေသူများဖြစ်ကြောင်းသိရသည်။
၎င်းတို့သည် ထိုင်းနိုင်ငံ၌ နေထိုင်အလုပ်လုပ်ကိုင်နေသည်မှာ နှစ် ၂၀ ခန့်ရှိပြီး မွန်ပြည်နယ်မှလာရောက်သူများဖြစ်ကြောင်း M.H.A.C အဖွဲ့မှတာဝန်ရှိသူတစ်ဦးကပြောသည်။
ဘတ်ခြောက်သန်းဆုကံထူးသည့် မြန်မာရွှေ့ပြောင်းလုပ်သား ၅၈ ဦးရှိပြီဖြစ်ပြီး ၎င်းတို့ ဆုကြေးထုတ်ယူရန် M.H.A.C အဖွဲ့မှကူညီပေးနိုင်ခဲ့ကြောင်းသိရသည်။
သတင်း - စံတော်ချိန်ဒစ်ဂျစ်တယ်
#ပြည်တွင်းသတင်း

image

#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ ဂျပန်၌ ဖြန့်ကြက်ထားသော တိုင်ဖွန်းဒုံးကျည်စနစ် အမေရိကန်စစ်ဘက် ပထမဆုံးအကြိမ် ထုတ်ဖော်ပြသ
ဂျပန်နိုင်ငံ၌ ဖြန့်ကြက်ထားသော တိုင်ဖွန်းအမျိုးအစား တာလတ် ပစ်ဒုံးကျည်စနစ်များကို အမေရိကန်ပြည်ထောင်စုက စက်တင်ဘာ ၁၅ ရက်တွင် ပထမဆုံးအကြိမ် ထုတ်ဖော်ပြသခဲ့ကြောင်း သိရသည်။
မြေပြင်အခြေစိုက် တိုင်ဖွန်းဒုံးကျည်စနစ်များသည် တိုမာဟော့ခ် အမျိုးအစားဒုံးကျည်များကို အသုံးပြု၍ ဂျပန်နိုင်ငံ မှတစ်ဆင့် တရုတ်နိုင်ငံ အရှေ့ပိုင်းကမ်းရိုးတန်းဒေသနှင့် ရုရှား နိုင်ငံအချို့ဒေသများကို တိုက်ခိုက်နိုင်ကြောင်း သိရသည်။
တိုင်ဖွန်းတာလတ်ပစ်ဒုံးကျည်စနစ်များ ဂျပန်နိုင်ငံ၌ အမေရိကန် ပြည်ထောင်စုက ဖြန့်ကြက်ထားမှုကို ဒေသတွင်းတည်ငြိမ်မည့်၊ ပျက်ပြားစေမည့် လုပ်ရပ်အဖြစ် တရုတ်နိုင်ငံက ဝေဖန်ထားသည်။
တိုင်ဖွန်းဒုံးကျည်စနစ်များကို သီတင်းနှစ်ပတ်ကြာပြုလုပ်မည့် အမေရိကန်နှင့် ဂျပန်နှစ်နိုင်ငံပူးတွဲ စစ်ရေးလေ့ကျင့်မှုတွင်ထည့်သွင်း ပြသမည်ဖြစ်ကြောင်း အမေရိကန်စစ်ဘက် တာဝန်ရှိသူများက ပြောကြားထားသည်။
အမေရိကန်စစ်ဘက်သည် တိုင်ဖွန်းတာလတ်ပစ် ဒုံးကျည်စနစ် များကို ၂ဝ၂၄ ခုနှစ် ဧပြီလတွင် ဖိလစ်ပိုင်နိုင်ငံ၌လည်း နေရာချဖြန့်ကြက်ထားရာ တရုတ်နှင့်ရုရှား နှစ်နိုင်ငံလုံးက ပြင်းထန်စွာကန့်ကွက်ခဲ့သည်။
အမေရိကန်ပြည်ထောင်စုသည် ဂျပန်နိုင်ငံ အီဝါကူနီမရိန်းတပ်ဖွဲ့စစ်စခန်း၌ တိုင်ဖွန်း တာလတ်ပစ်ဒုံးကျည်စနစ်များကို နေရာချထားသည်။
အမေရိကန်ပြည်ထောင်စုအနေဖြင့် တိုင်ဖွန်းတာလတ်ပစ်ဒုံးကျည်စနစ်များကို အာရှ၌ဖြန့်ကြက်ထားခြင်းဖြင့် လက်နက်တပ်ဆင်မှုပြိုင်ပွဲသစ်ကို ဖန်တီးနေကြောင်း တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့က ဝေဖန်ထားသည်။
ရိုက်တာ

image

◼ ပင်ဆယ်ဗေးနီးယားတွင် သေနတ်သမားနှင့်အပြန်အလှန်ပစ်ခတ်မှုအတွင်း ရဲအရာရှိသုံးဦး သေဆုံး၊ သေနတ်သမားအား အသေပစ်ခတ်ဖမ်းဆီး
အမေရိကန်နိုင်ငံ၊ ပင်ဆယ်ဗေးနီးယား ပြည်နယ်တွင် သံသယ ရှိသူသေ နတ် သမား တစ်ဦးနှင့် အပြန်အလှန်ပစ်ခတ်မှုတစ်ခုအတွင်း ရဲအရာရှိ သုံးဦး သေဆုံးပြီး အခြားအရာရှိနှစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်များက ပြောကြားသည်။
အဆိုပါသေနတ်သမားလည်း ရဲတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ကြောင်း ပြည်နယ်ရဲမင်းကြီး ရဲမှူးကြီး ခရစ္စတိုဖာပဲရစ်ကပြောသည်။
ဒဏ်ရာရအရာရှိနှစ်ဦးမှာ စိုးရိမ်ရသော်လည်း အခြေအနေ တည်ငြိမ်ကြောင်း ရဲမှူးကြီး ခရစ္စတိုဖာ ပဲရစ်စ်ကပြောသည်။
အဆိုပါအဖြစ်စဉ်မှာ ဒေသစံတော်ချိန်ယမန်နေ့မွန်းလွဲ ၂ နာရီကျော်(မြန်မာစံတော်ယနေ့နံနက်အစောပိုင်း) တွင်ဖြစ်ပွားခဲ့ပြီး အခင်းဖြစ်နေရာမှ ပုံရိပ်များတွင် ရဲအရာရှိတစ်ဦးအားလူနာတင်ရဟတ်ယာဉ်ဖြင့် သယ်ဆောင်လာသည်ကို မြင်တွေ့ရသည်။
ယင်းပစ်ခတ်မှုကြောင့် လူပေါင်း ၂၅၀၀ ခန့်နေထိုင်သောစပရင်းဂရုဗ်ရပ်ကွက် အနီးရှိ စာသင်ကျောင်းတစ်ကျောင်းကို ယာယီအကာအကွယ်ယူခဲ့ရပြီး ကျောင်းအားထိခိုက်မှုမရှိကြောင်း ခရိုင်အုပ်ချုပ်ရေးမှူးက နောက်ပိုင်းတွင် ပြောသည်။
အဆိုပါပစ်ခတ်မှုမှာ ပြည်နယ်၏အကြီးဆုံးမြို့တော်‌ဖီလာဒဲလ်ဖီးယား အရှေ့ဘက် မိုင် ၁၀၀ ခန့်အကွာ ယော့ခ် ခရိုင်၏ ကျေးလက်ဒေသတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ပြစ်မှုကျူးလွန်မှု စွဲချက် ဖြင့် သံသယရှိသူသေနတ်သမားအားဝရမ်းထုတ် ဖမ်းဆီးရန် ယော့ခ် ခရိုင် ဥပ ဒေစိုးမိုးရေးအရာရှိများကလိုက်လံရှာဖွေစဉ်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးရဲများအလာကိုသေနတ်သမားကစောင့်ဆိုင်းနေပုံရကြောင်းသတင်းရင်းမြစ်များကပြောသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေသော ကြောင့် အသေး စိတ် အချက်အလက်များကို မျှဝေနိုင်ခြင်းမရှိသေးကြောင်း ပြည်နယ်ရဲမင်းကြီး ပဲရစ်က ပြောသည်။
ထို့နောက်ဗုဒ္ဓဟူးနေ့မွန်းလွဲပိုင်းတွင် ပြည်နယ်အုပ်ချုပ်ရေးမှူးဂျို့ရှ်ရှာပီရိုက အဆိုပါဒေသသို့ ရောက်ရှိခဲ့ပြီးသေဆုံး သူအရာရှိများ၏ မိသားစုများအား တွေ့ဆုံနှစ်သိမ့်ခဲ့ကြောင်း ဒေသတွင်းမီဒီယာများက ဖော်ပြသည်။
"ဒီခရိုင်၊ ဒီဓနသဟာယပြည်နယ်၊ ဒီနိုင်ငံအတွက် တာဝန်ထမ်းဆောင်ခဲ့တဲ့ အဖိုးတန်လူသုံးယောက်ရဲ့ အသက်ဆုံးရှုံးမှုအပေါ် ကျွန်တော်တို့ ဝမ်းနည်းမိပါတယ်။ ဒီလိုအကြမ်းဖက်မှုမျိုးက အဆင်မပြေပါဘူး၊ လူ့အဖွဲ့အစည်းအနေနဲ့ ပိုကောင်းအောင် လုပ်ဖို့လိုတယ်။" ဟုရှာပီရိုက ပြောသည်။
ထို့နောက်ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် ပင်ဆယ်ဗေးနီးယားပြည်နယ်ရှိအများပြည်သူဆိုင်ရာ အ ဆောက်အဦများရှိအလံအားလုံးကိုလျှော့ချထားမည်ဖြစ်သည်။
သတင်း - လင်းခေတ်
ကိုးကား - BBC
#နိုင်ငံတကာသတင်း

image
5 w - Translate

#ယနေ့ထုတ်သတင်းစာ_သတင်း
◼ မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ် (MCEF) နည်းပညာနှင့် သမိုင်းမှတ်တမ်းမော်ကွန်းတိုက် ဖွင့်မည်
မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များ အသင်းချုပ်(MCEF) ပြည်သူ့ရေးရာနှင့် လူမှုရေးကော်မတီ၏ ဦးဆောင်မှုဖြင့် MCEF Library ကို မကြာမီ ဖွင့်လှစ်ရန် စီစဉ်နေကြောင်း သိရသည်။
အသစ်ဖွင့်လှစ်မည့် Library တွင် ဆောက်လုပ်ရေး၊အင်ဂျင်နီယာ နည်းပညာ၊ ဘူမိသိပ္ပံ၊ ဗိသုကာပညာနှင့် အိုင်တီနည်းပညာဆိုင်ရာ စာအုပ်၊ စာတမ်းများသာမက အသင်းဝင်များနှင့် ပြင်ပလေ့လာသူများအတွက် လေ့လာဖတ်ရှုနိုင်မည့် နည်းပညာဆိုင်ရာ အချက်အလက်များကို လည်း ထည့်သွင်းထားမည်ဖြစ်သည်။
ထို့ပြင် ၁၉၉၆ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော MCEF၏ “နှစ် (၃၀)ပြည့်ပုလဲရတု”အမှတ်တရအနေဖြင့် ဓာတ်ပုံများ၊ Video များ၊ စာအုပ်စာစောင်များ၊ သမိုင်းမှတ်တမ်းများနှင့် အသုံးအဆောင်ပစ္စည်းများကို “မော်ကွန်းတိုက်” အဖြစ်လည်း စုဆောင်း ပြသသွားမည်ဖြစ်သည်။ MCEF ၏ သမိုင်းကို ထိန်းသိမ်းနိုင်ရန်အတွက် အသင်းတည်ထောင် သူ အသင်းသားဟောင်းကြီးများနှင့် လက်ရှိအသင်းဝင်များထံမှ သက်ဆိုင် သည့် စာအုပ်စာတမ်း၊ ဓာတ်ပုံ၊ အမှတ်တရပစ္စည်းများကို ဆက် သွယ်လှူဒါန်းခြင်းအားဖြင့် MCEF Library သည်အသင်းဝင်များအတွက်သာမကနည်းပညာလေ့လာလိုသူများအားလုံးအတွက်အသုံးချနိုင်မည့်သုတပညာရပ် Library အဖြစ် ရှိလာမည်ဖြစ်ကြောင်း သိရသည်။

image

ရေငံငါးလေးတွေရောက်ရှိ

image

ရေငံငါးလေးတွေရောက်ရှိ

image

ရေငံငါးလေးတွေရောက်ရှိ

image

ရေငံငါးလေးတွေရောက်ရှိ

image

ရေငံငါးလေးတွေရောက်ရှိ

image