နေအိမ်ဖောက်ထွင်းခံလာရတဲ့ ဆွစ်ဇာလန်နှင့်ဂျူဗင်တပ်စတားအလစ်ရှာလေမန်း
==================

အလစ်ရှာလေမန်းက နေအိမ်ဖောက်ထွင်းခြင်းခံခဲ့ရကြောင်း ဖွင့်ချလာပါတယ်။ အသက် ၂၆ နှစ်ရှိ ဆွစ်ဇာလန်အမျိုးသမီးလက်ရွေးစင်ကစားသမားဟာ ဝက်စ်ဟမ်း၊ အက်စတွန်ဗီလာ၊ ဂျူဗင်တပ်တို့တွင် ကစားပြီးနောက် အီတလီကလပ် ကိုမိုတွင် ကစားနေသူပါ။
သူမဟာ နေအိမ်ဖောက်ထွင်းခံထားရပုံကို ဗီဒီယိုရိုက်ကူးကာ ဆိုရှယ်မီဒီယာတွင် မျှဝေလာပါတယ်။
တိုက်စစ်မှူးဟာ အင်စတာဂရမ် Story တွင် တင်လာတာလည်း ဖြစ်ပါတယ်။
ယင်းဗီဒီယိုဖိုင်တွင် အခန်းအတွင်းတွင် ပစ္စည်းများ မွှေနှောက်ခံထားပုံ ပါဝင်ပါတယ်။
ဒါပေမယ့် ဖောက်ထွင်းသမားများဟာ တန်ဖိုးရှိတဲ့ ပစ္စည်းတစုံတရာ ရရှိသွားပုံမရပါဘူး။
ဒါကြောင့်လည်း သူမက "နောက်တခါ ငါ့အိမ်လာဖောက်ရင် အသေအချာ ရှင်းပေးသွားကြဦး၊ ဘာလို့လဲဆိုတော့ ငါ့မှာ OCD ရှိတယ်"လို့ ရေးသားပြီး ငိုနေတဲ့ Emoji နှင့် အရည်ပျော်နေတဲ့ Emoji တို့ တင်ထားပါတယ်။
ဖောက်ထွင်းခံရတဲ့ သူမရဲ့ နေအိမ်က Lake Como အနီးတွင် တည်ရှိတာပါ။
အီတလီတွင် ဖော်ပြနေတဲ့သတင်းများအရ ရဲတပ်ဖွဲ့ဝင်များက အမှုကို စတင် စစ်ဆေးမှု ပြုလုပ်နေပြီလည်း ဖြစ်ပါတယ်။
လေမန်းဟာ ဂျူဗင်တပ်တွင် ချစ်သူ ဒေါက်ကလပ်လူးဝစ်ဇ်နှင့်အတူ ကစားကာ တူရင်တွင် နေထိုင်စဉ်တုန်းကလည်း နေအိမ်ဖောက်ထွင်းခြင်းခံခဲ့ရဖူးပါတယ်။
၂၀၂၄ ခုနှစ်အောက်တိုဘာလတုန်းက ဖြစ်ပျက်ခဲ့တဲ့ ဖောက်ထွင်းမှုတွင် ဖောက်ထွင်းသမားများဟာ ပေါင် ၄၁၆၀၀၀ တန်ဖိုးရှိ ပစ္စည်းများ ရရှိသွားပါတယ်။ ထိုစဉ်တုန်းက ဒေါက်ကလပ်လူးဝစ်ဇ်ရဲ့ နာရီ ၁၁ လုံး၊ လေမန်းရဲ့ စိန်လည်ဆွဲတို့ အခိုးခံခဲ့ရပါတယ်။
ဒေါက်ကလပ်လူးဝစ်ဇ်နှင့် လေမန်းတို့ဟာ ပြီးခဲ့တဲ့ရာသီနှောင်းပိုင်းတုန်းက လမ်းခွဲခဲ့ကြပြီးလည်း ဖြစ်ပါတယ်။

image

ဆာအဲလက်စ်ဖာဂူဆန်ထက် ကိုင်တွယ်ရခက်ခဲတဲ့ နည်းပြကို ဂန္ထဝင်ဒိုင်လူကြီး မိုက်ဒိန်းဖွင့်ဟလာ
===================

မိုက်ဒိန်းက သူတွေ့ဆုံခဲ့မျှ နည်းပြများတွင် ဆာအဲလက်စ်ဖာဂူဆန်မှာ ကိုင်တွယ်ရ အခက်ဆုံးနည်းပြမဟုတ်ကြောင်း ဖွင့်ဟလာပါတယ်။
မိုက်ဒိန်း ကိုင်တွယ်ရ အခက်ခဲဆုံးနည်းပြက ဆာအဲလက်စ်ဖာဂူဆန်ရဲ့ ခါးသီးတဲ့ ပြိုင်ဘက် အာစင်ဝင်းဂါး ဖြစ်ပါတယ်။
အာစင်ဝင်းဂါးက အာဆင်နယ်ကို ကိုင်တွယ်စဉ်အတွင်း ပရီးမီးယားလိဂ်ဖလား ၃ ကြိမ် ရရှိအောင် ဦးဆောင်နိုင်ခဲ့သူလည်း ဖြစ်ပါတယ်။
ဒိန်းဟာ ၂၀၂၂ ခုနှစ်တွင် ကွင်းတွင်း နည်းပြဘဝမှ အနားယူပြီးနောက် VAR ဒိုင်အဖြစ် ၁၂ လကြာ တာဝန်ထမ်းဆောင်ပြီးချိန်မှာတော့ ၂၈ နှစ်ကြာ ကျင်လည်ခဲ့တဲ့ ဒိုင်ဘဝမှ အနားယူခဲ့ပါတယ်။
၎င်းက ဆာအဲလက်စ်ဖာဂူဆန်မှာ ယူနိုက်တက်အား ဆန့်ကျင်တဲ့ ဆုံးဖြတ်ချက်များ ချမှတ်လာချိန်တွင် သူ့ကို ဒေါသတကြီး ပြောဆိုခဲ့ခြင်း မရှိကြောင်း ဆိုလာပါတယ်။
ဒါပေမယ့် မိုက်ဒိန်းက အာစင်ဝင်းဂါးနှင့် ဆက်ဆံရေးက အေးစက်ခဲ့ကြောင်း ဆိုသွားပါတယ်။
မိုက်ဒိန်းက "အာစင်ဝင်းဂါးနဲ့ ဘယ်တုန်းကမှ အဆင်မပြေခဲ့ဘူး။ ဘာကြောင့်လဲတော့ မသိဘူး။ သူတို့ပွဲကို ကျွန်တော် ကိုင်တွယ်တိုင်း ဘာလို့ သူတို့ ရှုံးနေလဲ မသိဘူး။ အာဆင်နယ်ပွဲကို သွားကြီးကြပ်တိုင်း သက်တောင့်သက်သာ မဖြစ်ပါဘူး။ အခုအနားယူသွားပြီ ဖြစ်တဲ့ လူတချို့နဲ့ စကားပြောခဲ့တယ်။ ပြီးတော့ တနင်္လာနေ့ ပွဲစဉ်ဇယား ထွက်လာပြီဆိုတာနဲ့ ကျွန်တော် ကိုင်တွယ်မယ်လည်း ဆိုရော သူက 'ငါတို့တော့ ဘာအခွင့်အရေးမှ မရှိဘူး။ သူက ကိုင်တွယ်ရအခက်ဆုံး'လို့ ပြောကြတယ်။ ဆာအဲလက်စ်ဖာဂူဆန်မှာ ဒဏ္ဍာရီလေး ရှိတယ်။ သူ ဘယ်လို ဝင်တယ်၊ ဒိုင်လူကြီးတွေကို ဘယ်လို တိုက်ခိုက်တယ်ဆိုတာပေါ့။ တကယ်က ဘယ်တုန်းကမှ မရှိပါဘူး။ သူက ရုပ်သံကပဲ တိုက်ခိုက်တာ။ ဒါပေမယ့် အဝတ်အစားလဲခန်းသို့ ဝင်လာခဲတယ်။ သူ ရုပ်သံက စကားပြောပုံက အဝတ်အစားလဲခန်းထဲပဲ ဝင်ပြီး ပွဲကြမ်းခဲ့သလိုမျိုး ပြောတာ။ သူတို့(ဝင်းဂါးနဲ့ ဖာဂူဆန်)က မြေဖြူနဲ့ ဒိန်ခဲလိုပဲ"လို့ The Overlap Fan Debate အစီအစဉ်တွင် ပြောကြားသွားပါတယ်။

image

Bikini အရမ်းကြိုက်တဲ့ မော်ဒယ် အစီအစဉ်တင်ဆက်သူကြောင့် အီတလီတတိယတန်းလိဂ်အား ပရိသတ်များ ပိုမို လူစိတ်ဝင်စားလာ
=======================

စီးရီးစီဟာ အချောအလှ ရုပ်သံတင်ဆက်သူကြောင့် ပရိသတ်တွေ ဆထက်တပိုး ရရှိလာနေပါတယ်။
အီလစ်ဆာကာဗယ်လီကလည်း အီတလီတတိယတန်းလိဂ်အတွက် ရုပ်သံတင်ဆက်သူအဖြစ် လုပ်ဆောင်နေမှုနှင့်အတူ အင်စတာဂရမ်တွင် Follower ရသထက် ရရှိနေပါတယ်။
အီလစ်ဆာဟာ စီးရီးစီးကလပ် အေစီထရန်တိုမှ ကစားသမားတွေကို အင်တာဗျူးလုပ်တဲ့အကြောင်းကို ဆိုရှယ်မီဒီယာတွင် ဆက်တိုက် တင်ရင်း နာမည်ကြီးလာတာလည်း ဖြစ်ပါတယ်။
သူမဟာ မကြာသေးမီတုန်းက ကလပ်ကင်းထောက် ဂျော်ဂျီယိုမာနီကာနှင့် နောက်တန်းအစွန်လူရီကာဒိုဖီယာမိုဇီတို့အား အင်တာဗျူးခဲ့ပါတယ်။
အီလစ်ဆာဟာ သူမ စိတ်ဝင်စားတဲ့ Trentino–Alto Adige ဒေသအခြေစိုက်ကလပ်ကို ပိုမို စိတ်ဝင်စားမှုနဲ့အတူ ယင်းကလပ်အကြောင်း မေးမြန်းလာတာလည်း ဖြစ်ပါတယ်။
ယခုအခါ သူမဟာ အင်စတာဂရမ်မှာ ဖော်လိုဝါ ၁၆၀၀၀ ကျော်အထိ ရရှိနေပြီ ဖြစ်ပါတယ်။
သူမဟာ အင်စတာဂရမ်မှာ ပြင်ပလူနေမှုဘဝ ဓာတ်ပုံတွေကိုလည်း တင်လေ့ရှိပါတယ်။ အထူးသဖြင့် သူမဟာ Bikini ဝတ်ဓာတ်ပုံတွေကို တင်လေ့ရှိပါတယ်။ သူမ တင်ထားတဲ့ ဓာတ်ပုံအများစုက Bikini ဝတ်ဆင်ထားတဲ့ ပုံတွေပါ။
အီလစ်ဆာဟာ မော်ဒယ်တစ်ဦးလည်း ဖြစ်ပြီး အီတလီအိမ်ကားကုမ္ပဏီ Punto Camper အတွက် မော်ဒယ်လုပ်ဖူးပါတယ်။ ဒါ့အပြင် သူမဟာ Eminence Perfumes and Cosmetics အတွက်လည်း ဗီဒီယိုကြော်ငြာ ရိုက်ကူးဖူးပါတယ်။

image

ကမ္ဘာ့ကာယဗလနှင့် ကာယကြံ့ခိုင်မှုပြိုင်ပွဲမှာ မြန်မာအသင်း ရွှေ (၁)၊ ငွေ (၂)၊ ကြေး (၂) ရရှိ

(၁၆) ကြိမ်မြောက် ကမ္ဘာ့ကာယဗလနှင့် ကာယကြံ့ခိုင်မှုပြိုင်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်ခဲ့တဲ့ မြန်မာကာယဗလနှင့် ကာယကြံ့ခိုင်မှုအသင်းဟာ ရွှေတံဆိပ် (၁) ခု၊ ငွေတံဆိပ် (၂) ခု၊ ကြေးတံဆိပ် (၂) ခု ဆွတ်ခူးရရှိခဲ့ပါတယ်။
(၁၆) ကြိမ်မြောက် ကမ္ဘာ့ကာယဗလနှင့် ကာယကြံ့ခိုင်မှုပြိုင်ပွဲကို အင်ဒိုနီးရှားနိုင်ငံမှာ ပြီးခဲ့တဲ့နိုဝင်ဘာ (၁၁) ရက်ကနေ (၁၇) ရက်အထိ ကျင်းပခဲ့တာဖြစ်ပါတယ်။
မြန်မာကာယဗလနှင့် ကာယကြံ့ခိုင်မှုအသင်းအတွက် ရွှေတံဆိပ်ဆုကို အမျိုးသား (၇၅) ကီလိုတန်း ကာယဗလပြိုင်ပွဲမှာ ရဲထွန်းနောင်က ရယူပေးခဲ့တာဖြစ်ပါတယ်။
ငွေတံဆိပ်ဆုတွေကို အမျိုးသား (၈၀) ကီလိုတန်း ကာယဗလပြိုင်ပွဲမှာ ချမ်းမြေ့ထွန်း၊ အမျိုးသမီး Swimsuit Model Physique Over 165 cm ပြိုင်ပွဲမှာ ဇူးဇူးသန့်တို့က ရယူပေးခဲ့တာဖြစ်ပါတယ်။
ကြေးတံဆိပ်ဆုတွေကို အမျိုးသမီး Model Physique Up to 170 cm ပြိုင်ပွဲမှာ ဇူးဇူးသန့်၊ အမျိုးသမီး Model Physique Up to 160 cm ပြိုင်ပွဲမှာ နီနီအောင်တို့က ရယူပေးခဲ့တာဖြစ်ပါတယ်။
ယခုနှစ်ပြိုင်ပွဲမှာ ရွှေတံဆိပ်ဆုရရှိခဲ့တဲ့ မြန်မာကာယဗလကစားသမား ရဲထွန်းနောင်ဟာ ပြီးခဲ့တဲ့ (၁၅) ကြိမ်မြောက် ကာယဗလနှင့် ကာယကြံ့ခိုင်မှုပြိုင်ပွဲမှာလည်း ရွှေတံဆိပ်ဆု ရယူပေးထားတာကြောင့် ပြိုင်ပွဲနှစ်ကြိမ်ဆက် ရွှေတံဆိပ်ဆု ရယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။

imageimage

ပြီးခဲ့တဲ့နွေရာသီမှာ ဘိုင်ယန်မြူးနစ်နည်းပြ ကွန်ပနီက ချဉ်းကပ်ခဲ့ပေမဲ့ ငြင်းပယ်ခဲ့ကြောင်း အန်တိုနီ ဖွင့်ဟ

ဘက်တစ်အသင်းရဲ့ ဘရာဇီးလ်တောင်ပံကစားသမား အန်တိုနီက ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့နောက်ဆုံးနေ့မှာ ဘိုင်ယန်မြူးနစ်နည်းပြ ကွန်ပနီက သူ့ကို ခေါ်ယူဖို့ ချဉ်းကပ်ခဲ့ပေမဲ့ ငြင်းပယ်ခဲ့ကြောင်း ဖွင့်ဟပြောကြားခဲ့ပါတယ်။
အန်တိုနီဟာ ပြီးခဲ့တဲ့နွေရာသီမှာ မန်ယူအသင်းကနေ ဘက်တစ်အသင်းကို ယူရို(၂၅)သန်းဝန်းကျင်နဲ့ အပြီးသတ်ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး ဘက်တစ်အသင်းကို သစ္စာဖောက်မဖောက်နိုင်တာကြောင့် ဘိုင်ယန်မြူးနစ်ကို ငြင်းပယ်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရပါတယ်။
'' နွေရာသီအပြောင်းအရွှေ့စျေးကွက်ရဲ့ နောက်ဆုံး(၂၄)နာရီအတွင်းမှာ ဘိုင်ယန်မြူးနစ်က ကျွန်တော့်ကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပါတယ်။ ကွန်ပနီက ကျွန်တော့်ကို ဖုန်းခေါ်ပြီး ပုဂ္ဂိုလ်ရေးအရ စကားပြောခဲ့ပါတယ်။ သူက ကျွန်တော့်ပရိသတ်ဖြစ်ကြောင်းလည်း ပြောခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်က ဘက်တစ်နဲ့ စကားပြောပြီးပြီဖြစ်တာကြောင့် သူတို့ကို သစ္စာမဖောက်နိုင်ပါဘူး။ ဘက်တစ်ဟာ ကျွန်တော့်အတွက် ပျော်ရွှင်ခြင်းလို့ အဓိပ္ပာယ်ရပါတယ်'' လို့ အန်တိုနီက ပြောကြားခဲ့ပါတယ်။
အန်တိုနီဟာ ၂၀၂၅ ဇန်နဝါရီမှာ ဘက်တစ်ကို အငှားနဲ့ ပြောင်းရွှေ့ကစားခဲ့ပြီး ခြေစွမ်းပြနိုင်ခဲ့တာကြောင့် နွေရာသီမှာ အပြီးသတ်ပြောင်းရွှေ့ခဲ့တာဖြစ်သလို၊ ဘက်တစ်ပရိသတ်တွေကလည်း သူ့ကို အားပေးကြိုဆိုခဲ့ကြောင်း သိရပါတယ်။
အန်တိုနီဟာ ဘက်တစ်သင်းအတွက် ပြိုင်ပွဲစုံ(၃၇)ပွဲမှာ (၁၅)ဂိုးသွင်းယူပေးထားကြောင်း သိရပါတယ်။

image

မြန်မာအမျိုးသမီးလက်ရွေးစင်အသင်းကို ဒေါ်စန်းစန်းသိန်း လက်ထောက်နည်းပြအဖြစ် ကူညီဆောင်ရွက်ပေးနေ

ISPE အမျိုးသမီးအသင်းနည်းပြချုပ် ဒေါ်စန်းစန်းသိန်းဟာ ဆီးဂိမ်းစ်ပြိုင်ပွဲဝင်မယ့် မြန်မာအမျိုးသမီးအသင်းကို လက်ထောက်နည်းပြအဖြစ် ကူညီဆောင်ရွက်ပေးနေကြောင်း သိရပါတယ်။
မြန်မာအမျိုးသမီးလက်ရွေးစင်အသင်းကို ဂျပန်နည်းပြ ယုကီတက်ဆူရိုက နည်းပြချုပ်အဖြစ် တာဝန်ယူကိုင်တွယ်နေတာဖြစ်ပါတယ်။
ဒေါ်စန်းစန်းသိန်းဟာ အာရှအမျိုးသမီးချန်ပီယံလိဂ်ပြိုင်ပွဲဝင် ISPE အမျိုးသမီးအသင်းရဲ့ ပွဲစဥ်များအပြီးမှာပဲ မြန်မာအမျိုးသမီးလက်ရွေးစင်အသင်းကို ပြောင်းရွှေ့ကူညီဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။
ဒေါ်စန်းစန်းသိန်းဟာ ဆီးဂိမ်းစ်ပြိုင်ပွဲပြီးရင်တော့ မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ ဒုတိယအကျော့အတွက် ISPE အမျိုးသမီးအသင်းကို ပြန်လည်ကိုင်တွယ်သွားမှာဖြစ်ပါတယ်။
မြန်မာအမျိုးသမီးလက်ရွေးစင်အသင်းဟာ ဆီးဂိမ်းစ်ပြိုင်ပွဲ အုပ်စု ( မှာ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ မလေးရှားအသင်းတွေနဲ့အတူ ကျရောက်နေပါတယ်။ ဆီးဂိမ်းစ်အမျိုးသမီးဘောလုံးပွဲကို လာမယ့်ဒီဇင်ဘာ (၄) ရက်မှာ စတင်ကျင်းပမှာဖြစ်ပြီး မြန်မာအမျိုးသမီးအသင်းက ဒီဇင်ဘာ (၅) ရက်မှာ ဖိလစ်ပိုင်အသင်းနဲ့ စတင်ကစားရမှာဖြစ်ပါတယ်။

image

လာမယ့် ပရီးမီးယားလိဂ်ပွဲစဥ် ၈ ပွဲမှာ လိဒ်စ်အသင်း ပွဲအကျပ်ဆုံး၊ လီဗာပူးလ် ပွဲအချောင်ဆုံးလို့ Opta သုံးသပ်

အချက်အလက်တွေအပေါ် အခြေခံတွက်ချက်ပြီး ခန့်မှန်းသုံးသပ်မှုတွေ ပြုလုပ်လေ့ရှိတဲ့ Opta က လာမယ့် ပရီးမီးယားလိဂ်ပွဲစဥ် ၈ ပွဲမှာ လိဒ်စ်အသင်းက ပွဲအကျပ်ဆုံးဖြစ်ပြီး လီဗာပူးလ်က ပွဲအချောင်ဆုံးလို့ သုံးသပ်ခဲ့ပါတယ်။
Opta က ရင်ဆိုင်ရမယ့် ပြိုင်ဘက်အသင်းတွေရဲ့ အရည်အသွေးနှုန်းထားအပေါ် အခြေခံပြီး အခုလိုတွက်ချက်ခဲ့တာပါ။
Opta ဟာ အောက်တိုဘာလတုန်းကလည်း ပရီးမီးယားလိဂ်ပွဲစဥ် ၅ ပွဲရဲ့ အကျပ်ဆုံး၊ အချောင်ဆုံးတွေကို သုံးသပ်ဖော်ပြခဲ့ဖူးပြီး ပွဲချောင်တဲ့ အာဆင်နယ်အသင်းက အခွင့်အရေးယူနိုင်ခဲ့တာ တွေ့ရပါတယ်။
လာမယ့်ပွဲစဥ် ၈ ပွဲမှာတော့ အာဆင်နယ်အသင်းက အဋ္ဌမပွဲအကျပ်ဆုံးအသင်းဖြစ်နေပြီး ဆုံတွေ့ရမယ့်ပြိုင်ဘက်တွေက စပါး၊ ချယ်လ်ဆီး၊ ဘရန့်ဖို့ဒ်၊ ဗီလာ၊ ဝုလ်ဗ်၊ အဲဗာတန်၊ ဘရိုက်တန်၊ ဗီလာတို့ဖြစ်ကြောင်း သိရပါတယ်။
လီဗာပူးလ်အသင်း ရင်ဆိုင်ရမယ့် ပြိုင်ဘက် ၈ သင်းကတော့ နော်တင်ဟမ်၊ ဝက်စ်ဟမ်း၊ ဆန်းဒါးလန်း၊ လိဒ်စ်၊ ဘရိုက်တန်၊ စပါး၊ ဝုလ်ဗ်နဲ့ လိဒ်စ်တို့ဖြစ်ပါတယ်။
မန်စီးတီးကလည်း ဒုတိယပွဲအချောင်ဆုံးအဖြစ် သတ်မှတ်ခံထားရပြီး ရင်ဆိုင်ရမယ့်အသင်းတွေက နယူးကာဆယ်၊ လိဒ်စ်၊ ဖူလ်ဟမ်၊ ဆန်းဒါးလန်း၊ ပဲလေ့စ်၊ ဝက်စ်ဟမ်း၊ နော်တင်ဟမ်နဲ့ ဆန်းဒါးလန်းတို့ဖြစ်ပါတယ်။
ဒါကြောင့် ရာသီတစ်ဝက်ကျိုးမယ့် ပွဲစဥ် ၁၉ ပြီးဆုံးချိန်မှာ ပရီးမီးယားလိဂ်ရဲ့ ဦးဆောင်သူ အပြောင်းအလဲဖြစ်လာမလားဆိုတာ စောင့်ကြည့်ရမယ့်အခြေအနေဖြစ်ကြောင်းလည်း Opta က ဖော်ပြခဲ့ပါတယ်။

image

အင်္ကျီလက်မောင်းစပွန်ဆာ Visit Rwanda နဲ့
အာဆင်နယ်လမ်းခွဲမယ်

အာဆင်နယ်အသင်းက ၂၀၁၈ ခုနှစ်ကစတင်ပြီး
အင်္ကျီလက်မောင်းစပွန်ဆာရယူထားတဲ့ Visit Rwandaနဲ့
လမ်းခွဲတော့မယ်လို့သိရပါတယ်။
ရဝမ်ဒါခရီးသွားလာရေးဝန်ကြီးဌာနက
အာဆင်နယ်အသင်းနဲ့ ပေါင်(၁၀)သန်းတန်(၃)နှစ်စာချုပ်ချုပ်ဆိုခဲ့ပြီး နောက်ပိုင်းမှာ ၂၀၂၆ ဇွန်လအထိ သက်တမ်းတိုးမြှင့်ခဲ့ပါတယ်။
ဒါပေမဲ့ ရဝမ်ဒါနိုင်ငံရဲ့စစ်ရေးကူညီမှုတွေကြောင့်
DR ကွန်ဂိုနိုင်ငံရဲ့ပြည်တွင်းစစ်ပိုမိုကြီးမားလာချိန်မှာ
စပွန်ဆာယူထားတဲ့ အာဆင်နယ်အသင်းလည်း
အကြီးအကျယ်ဝေဖန်ခံလာရပါတယ်။
DR ကွန်ဂိုအစိုးရနဲ့ ပြည်တွင်းစစ်ဖြစ်နေတဲ့
M23 ပုန်ကန်သူတွေကို ရဝမ်ဒါအစိုးရက လက်နက်ခဲယမ်းနဲ့ စစ်အင်အားကူညီပေးနေတာဖြစ်ပါတယ်။
ရဝမ်ဒါနိုင်ငံရဲ့စစ်ရေးအကူအညီကြောင့်
DR ကွန်ဂိုပြည်တွင်းစစ်က အဆုံးမသတ်နိုင်ဘဲ
အပျက်အစီးအဆုံးအရှုံးများနေခဲ့ပါတယ်။
Visit Rwanda အမှတ်တံဆိပ်နဲ့စပွန်ဆာရယူထားတဲ့အသင်းတွေထဲ PSG ၊ ဘိုင်ယန်မြူးနစ်တို့လည်း
ပါဝင်နေပြီး ဘိုင်ယန်မြူးနစ်အသင်းကတော့
ဝေဖန်မှုတွေကြောင့်စပွန်ဆာစာချုပ်ဖျက်သိမ်းခဲ့ပါတယ်။
အာဆင်နယ်ပရိသတ်တချို့ကတော့
အာဆင်နယ်အသင်းဟာ ငွေရမယ်ဆိုရင်ခါးသီးတဲ့မြို့ခံပြိုင်ဘက်စပါးအသင်းဆီကနေလည်း
စပွန်ဆာယူမယ့်အသင်းဆိုပြီးလှောင်ပြောင်နေပါတယ်။

image