စီရော်နယ်လ်ဒိုရဲ့ဂုဏ်ယူဖွယ်ရာ အိမ်ဖြူတော်ခရီးစဉ်

အိမ်ဖြူတော်မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့
ဆုံခွင့်ရတာ မဟာကံထူးမှုပါ။ ဒေါ်နယ်ထရန့်က
စီရော်နယ်လ်ဒိုနဲ့ ဆုံတွေ့ပြီးညစာအတူစားခဲ့တဲ့သတင်းက
အခုအချိန်မှာ Hot အဖြစ်ဆုံးပါ။
ဆော်ဒီအာရေဗျအိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆယ်လ်မန်နဲ့အတူ စီရော်နယ်လ်ဒိုက အိမ်ဖြူတော်ကို
ရောက်လာတာဖြစ်ပါတယ်။ စီရော်နယ်လ်ဒိုရဲ့ဘေးမှာ
သူ့ရဲ့ဇနီးလောင်းဂျော်ဂျီနာရိုဒရီဂွက်ဇ်လည်း
ရှိနေခဲ့တာပါ။
အိမ်ဖြူတော်က ညစာစားပွဲကို Tesla၊ SpaceX၊
Twitter(X)တို့ရဲ့ပိုင်ရှင်အီလွန်မတ်စ်၊ ဖီဖာဥက္ကဋ္ဌ
အင်ဖန်တီနိုတို့အပါအဝင် အထင်ကရပုဂ္ဂိုလ်တွေလည်း
တက်ရောက်ခဲ့ပါတယ်။ ညစာစားပွဲအပြီးမှာ စီရော်နယ်ဒိုက အဲဒီအထင်ကရပုဂ္ဂိုလ်တွေနဲ့အတူ Selfie
ရိုက်ခဲ့သလို၊ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့အတူ
ဘဲဉပုံရုံးခန်းထဲမှာ အမှတ်တရဓာတ်ပုံ ရိုက်ခဲ့ပါတယ်။
ဒေါ်နယ်ထရန့်နဲ့အတူ ရှိနေချိန်မှာ စီရော်နယ်လ်ဒိုက
အထူးဂုဏ်ယူဝမ်းမြောက်နေခဲ့ပါတယ်။
ဒေါ်နယ်ထရန့်က သူ့သားဟာစီရော်နယ်လ်ဒိုရဲ့
အမာခံပရိသတ်လို့ပြောကြားပြီး စီရော်နယ်လ်ဒိုကို
ချီးကျူးခဲ့ပါတယ်။
ဒေါ်နယ်ထရန့်နဲ့ ဆုံတွေ့ခွင့်ရပြီးနောက်
စီရော်နယ်လ်ဒိုကလည်း သူ့ရဲ့လူမှုကွန်ရက်နေ
ကျေးဇူးတင်စကားဆိုခဲ့ပြီး မျုိးဆက်သစ်တွေအတွက်
ငြိမ်းချမ်းပြီးတာဝန်ယူစိတ်ရှိ၊ ရဲရင့်တဲ့အနာဂတ်
တည်ဆောက်ရာမှာတစ်စိတ်တစ်ပိုင်း ပါဝင်သွားမယ်လို့
ရေးသားခဲ့ပါတယ်။

image

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ
******************************************
🇲🇲 ရည်ညွှန်းလက်လီဈေးနှုန်းများ
💢ရန်ကုန်မြို့
💢မန္တလေးမြို့
💢နေပြည်တော်
💢တိုင်းဒေသကြီး/ ပြည်နယ်မြို့တော်များ

image
36 w - Translate

ကုသိုလ်တော်ဘုရား 🙏

image

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ၄၇ ပါးစုံညီအစည်းအဝေး ကျင်းပ
------------------------------------

နဝမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ၄၇ ပါးစုံညီ တတိယအစည်းအဝေး ပထမနေ့ကို နိုဝင်ဘာ(၁၈) ရက်က ရန်ကုန်မြို့ရှိ သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေ ဝိဇယမင်္ဂလာဓမ္မသဘင်မှာ ကျင်းပခဲ့ပါတယ်။
အစည်းအဝေးကို နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ သန်လျင်မြို့ မင်းကျောင်းပထမပြန်စာသင်တိုက် ပဓာန နာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသ အမှူးပြုတဲ့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးတွေ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီးနဲ့တာဝန်ရှိသူတွေက တက်ရောက်ခဲ့ကြတာပါ။
အစည်းအဝေးမှာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌက ဩဝါဒကထာြ မွက်ကြားရာမှာ သံဃာ့အဖွဲ့အစည်း အသီးသီးမှာ အဖွဲ့ငယ်တစ်ဖွဲ့ရဲ့ ဆောင်ရွက်ချက်ကို အခြားအဖွဲ့ငယ်တွေက အလေးဂရုပြု၍ လည်းကောင်း၊ အဖွဲ့ ဝင်တစ်ပါးရဲ့ တင်ပြချက်ကို အခြားအဖွဲ့ဝင်တွေက အလေးဂရုပြု၍လည်းကောင်း ၊ ၄၇ ပါးစုံညီ အစည်းအဝေး ဆုံးဖြတ်ချက်တွေကိုမူ အဖွဲ့ခွဲအားလုံးက အထူးပင်အလေး ဂရုပြု၍လည်းကောင်း ပြေပြစ်ချောမော သဘောညီမျှ စေရန် ကာယကံမေတ္တာ၊ ဝစီကံမေတ္တာ၊ မနောကံမေတ္တာ အပြည့်အဝထားတော်ကြကာ ညီညီညွတ်ညွတ် တိုင်တိုင် ပင်ပင် ညှိညှိနှိုင်းနှိုင်း ဆောင်ရွက်တော်မှုကြပါရန် လေးလေးနက်နက် တိုက်တွန်းမြွက်ကြားတော်မူခဲ့ပါတယ်။
အဲဒီနောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းက သာသနာရေးဆိုင်ရာတွေကို လျှောက်ထားပါတယ်။
အစည်းအဝေးမှာ နဝမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ပထမအဖွဲ့ခွဲရဲ့ ပထမအကြိမ် တာဝန်ကျရာ ကာလအတွင်း ဆောင်ရွက်ချက်အစီရင်ခံစာ အကျဉ်းကို တာဝန်ကျအဖွဲ့ခွဲကိုယ်စား တွဲဖက်အကျိုးတော်ဆောင် ဆရာတော်က တင်သွင်းလျှောက်ထားပြီး အစီရင်ခံစာနဲ့ စပ်လျဉ်းလို့ ဝိနိစ္ဆယရေးရာ ဆောင်ရွက်ချက်တွေ၊ သာသနာရေးရာ ဆောင်ရွက်ချက်တွေ၊ ပညာရေးရာ ဆောင်ရွက်ချက်တွေအပေါ် ကဏ္ဍအလိုက် ဆရာတော်ကြီး တွေက တင်သွင်းလျှောက်ထားခဲ့ကြရာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးတွေက ဝေဖန် ဆွေးနွေးဆုံးဖြတ်တော်မူခဲ့ကြပါတယ်။
အစည်းအဝေးကို ကြွရောက်တော်မူကြတဲ့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးတွေကို ဓမ္မမိတ်ဆွေတွေက အရုဏ်ဆွမ်း၊နေ့ဆွမ်း တစ်နေ့တာဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြတယ်လို့ သိရပါတယ်။

image

ပြည်ပနိုင်ငံသား (၃၁၇) ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေး

ကရင်ပြည်နယ် မြဝတီမြို့-ရွှေကုက္ကိုလ်၊ မဲ့ထော်သလေး (KK Park) နှင့် ကျောက်ခက်နယ်မြေများတွင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရို-က်မှုများကျူးလွန်ခဲ့ကြသည့် ပြည်ပနိုင်ငံသား (၃၁၇) ဦးကို နိုဝင်ဘာ ၁၈ ရက်က သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။
အိန္ဒိယနိုင်ငံသား (၂၆၉) ဦး၊ လာအိုနိုင်ငံသား (၃၁) ဦး၊ ဗီယက်နမ်နိုင်ငံသား (၁၆) ဦးနှင့် တောင်ကိုးရီးယားနိုင်ငံ သား (၁) ဦးတို့အား မြန်မာ-ထိုင်းအမှတ် (၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံမှတာဝန်ရှိသူများက သက်ဆိုင်ရာနိုင်ငံများမှတာဝန်ရှိသူများထံ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်းချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍ ပြည်နှင်လွှဲပြောင်းလက်ခံရေးဆိုင်ရာ အထောက်အထားစာရွက်စာတမ်းများကို စနစ်တကျဖြင့် ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၃၀ ရက်မှ နိုဝင်ဘာ ၁၈ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား (၁၀,၈၄၀) ဦးကိုစစ်ဆေးဖော် ထုတ်ထိန်းသိမ်းနိုင်ခဲ့ကာ ၎င်းတို့အနက် (၉,၈၅၃) ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့်သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ထို့အတူ ကျန်ရှိသည့်ပြည်ပနိုင်ငံသား (၉၈၇) ဦးသည်လည်း သက်ဆိုင်ရာနိုင်ငံများသို့လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကာ ကောင်းမွန်စွာထိန်းသိမ်းစောင့်ရှောက်ထားကြောင်း သိရသည်။

image

မြန်မာ့စားသောက်ကုန်များ နိုင်ငံတကာဈေးကွက်များသို့ ထိုးဖောက်ရန် အရည်အသွေး၊ ထုပ်ပိုးမှုနှင့် အမှတ်တံဆိပ် (Labelling) ပြုပြင်ပြောင်းလဲရန် လိုအပ်

မြန်မာ့စားသောက်ကုန်များ နိုင်ငံတကာဈေးကွက်များသို့ ထိုးဖောက်ရန်အတွက် အရည်အသွေးစံနှုန်းများ (Quality Standards) ၊ ထုပ်ပိုးမှု (Packaging) နှင့် အမှတ်တံဆိပ် (Labelling) တို့ကို အရှိန်အဟုန်မြှင့် ပြုပြင်ပြောင်းလဲရန် လိုအပ်ကြောင်း စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ပြောသည်။
နိုဝင်ဘာ ၁၈ ရက်က ကျင်းပသည့် မြန်မာနိုင်ငံစားသောက်ကုန်ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း (၁၄) ကြိမ်မြောက် နှစ်ပတ်လည်အသင်းသားစုံညီအစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
အသင်းအနေဖြင့် နည်းပညာနှင့် အရည်အသွေးမြှင့်တင်ရေးအတွက် စားသောက်ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာ နိုင်ငံတကာစံနှုန်းများဖြစ်သည့် အစားအသောက်ဘေးကင်းလုံခြုံရေးဆိုင်ရာအန္တရာယ်ကို ခွဲခြားသတ်မှတ်ခြင်းနှင့် စီမံခန့်ခွဲခြင်းဆိုင်ရာ နိုင်ငံတကာအသိအမှတ်ပြုစနစ် (HACCP) ၊ အပြည်ပြည်ဆိုင်ရာ စံညွှန်းအဖွဲ့ (ISO) စသည်တို့ကို ပြည်တွင်းထုတ်လုပ်သူများ လိုက်နာနိုင်ရန်အတွက် အသိပညာပေးနှီးနှောဖလှယ်ပွဲများကို စဉ်ဆက်မပြတ် ကျင်းပခြင်း၊ ဈေးကွက်ချဲ့ထွင်ရေးအတွက် အသင်းကဦးဆောင်၍ နိုင်ငံတကာကုန်စည်ပြပွဲများသို့ သွားရောက်ပြသခြင်းဖြင့် မြန်မာ့ထုတ်ကုန်များအတွက် ဈေးကွက် အသစ်များရှာဖွေပေးနိုင်ခဲ့ခြင်း၊ ပြည်တွင်း၊ ပြည်ပရှိ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်သဖြင့် စားသောက်ကုန်ထုတ်လုပ်မှုကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခိုင်မာသောအုတ်မြစ်ကို ချမှတ်ခြင်းဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။
ထို့ပြင် စားသောက်ကုန်ကဏ္ဍသည် အောင်မြင်မှုများရှိသော်လည်း လက်ရှိကမ္ဘာ့အခြေအနေအရ ကြီးမားသောစိန်ခေါ်မှုများကို ရင်ဆိုင်နေရကြောင်း ၎င်းကဆိုသည်။
ထို့နောက် ၂၀၂၄-၂၀၂၅ ခုနှစ် နှစ်ပတ်လည်အစီရင်ခံစာနှင့် နှစ်ချုပ်ငွေစာရင်းရှင်းတမ်းကို ဖတ်ကြားတင်ပြခြင်း၊ စာရင်းစစ်အစီရင်ခံစာကို ဖတ်ကြားတင်သွင်းခြင်း၊ စားသောက်ကုန်လုပ်ငန်းရှင်များမှ ကြိုတင်ပေးပို့ထားသော မေးခွန်းများနှင့် အကြံပြုချက်များကို ဖြေကြားခြင်းနှင့် အတည်ပြုဆုံးဖြတ်ခြင်းများ ဆောင်ရွက်ကာ မြန်မာနိုင်ငံ စားသောက်ကုန်ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

image

အွန်လိုင်းလိမ်လည်မှုအားလုံး အမြစ်ပြတ်ချေမှုန်းမည်ဟု ပြော
-----------------------------------------

အွန်လိုင်းလိမ်လည်မှု၊ လောင်းကစားမှုတွေကို မြန်မာ့မြေပေါ်ကနေ အပြီးတိုင် ချုပ်ငြိမ်းသွားအောင် အမြစ်ပြတ် ချေမှုန်းသုတ်သင်သွားမှာ ဖြစ်တယ်လို့ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
လက်ရှိမှာတော့ ကရင်ပြည်နယ်၊ မြဝတီဒေသ၊ မြန်မာ-ထိုင်း-တရုတ် သုံးနိုင်ငံ သုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ ဖွဲ့စည်းဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
အွန်လိုင်းလိမ်လည်မှု၊ အွန်လိုင်းလောင်းကစားမှုတွေဟာ မြန်မာတစ်နိုင်ငံတည်းကိုပဲ ဒုက္ခပေးနေတာ မဟုတ်ဘဲ လိမ်လို့ရတဲ့ နိုင်ငံတကာက နိုင်ငံသူ၊နိုင်ငံသားတွေကိုလည်း လိမ်လည်နေတာဖြစ်လို့ မြန်မာနိုင်ငံသူ၊နိုင်ငံသား အား လုံး၊ မီဒီယာတွေ အားလုံးအနေနဲ့ ဒီအွန်လိုင်းလိမ်လည်မှုူတွေ၊ လောင်းကစားမှုတွေနဲ့ပတ်သက်လို့ သတင်းရရှိလာ ရင် သက်ဆိုင်ရာကို သတင်းပေးပို့ကြဖို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
အွန်လိုင်းလောင်းကစားနဲ့ လိမ်လည်မှုတွေ ဆောင်ရွက်နေတဲ့ KK Park နယ်မြေကို ထပ်မံ အခြေမချနိုင်ဖို့အတွက် အဆောက်အအုံတွေကို ၁၀၀ ရာခိုင်နှုန်း ဖျက်ဆီးနိုင်အောင် စက်ယန္တရားတွေအပြင် အဆင့်မြင့် ဖောက်ခွဲမှုတွေနဲ့ပါ ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီဖောက်ခွဲမှုတွေနဲ့ ပတ်သက်ပြီးတော့ တစ်ဖက်နိုင်ငံအနေနဲ့က ဖောက်ခွဲလိုက်တဲ့ အစအနတွေ သူတို့ နိုင်ငံထဲမှာ ကျတယ်ဆိုပြီး ကန့်ကွက်လာတာတွေ ရှိတဲ့အတွက် အစအနတွေ မကျဘူးဆိုတာ ဗီဒီယိုမှတ်တမ်းတွေနဲ့ ပြခဲ့ပြီး ဖြစ်တယ်လို့လည်း ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။
အဲဒီအပြင် အွန်လိုင်းလိမ်လည်မှုတွေနဲ့ ပတ်သက်လို့ အမေရိကန်နိုင်ငံအနေနဲ့ နိုဝင်ဘာ ၁၂ ရက် ရက်စွဲနဲ့ ကြေညာ ချက်ထုတ်ပြန်ခဲ့ပြီး အဲဒီကြေညာချက်ထဲမှာ အွန်လိုင်းလိမ်လည်မှုကနေ အမေရိကန်နိုင်ငံကို ကာကွယ်ဖို့ဆိုကာ District of Columbia Scam Center Strike Force ကို ဖွဲ့စည်းခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဲဒီကြေညာချက်ထဲမှာ ထူးထူးခြားခြား အသုံးအနှုန်းအနေနဲ့ တရုတ်နိုင်ငံ ဖြတ်ကျော်ရာဇဝတ်အဖွဲ့အစည်းများ (TCOs) တွေက cryptocurrency ရင်းနှီးမြှုပ်နှံမှု၊ လိမ်လည်မှုတွေနဲ့ယုံကြည်မှု၊ လိမ်လည်မှု အမျိုးမျိုးကို အသုံးပြု ပြီး နေ့စဉ် အမေရိကန်တွေရဲ့ စုဆောင်းငွေတွေ၊ အသက်တွေကို ခိုးယူနေကြောင်း၊ လိမ်လည်မှု စင်တာတွေဟာ အမေရိကန်က တရုတ်ရာဇဝတ်ဂိမ်းတွေရဲ့ အိတ်ကပ်ထဲကို မျိုးဆက်တစ်ခုပြီးတစ်ခု ချမ်းသာကြွယ်ဝမှု ရှိအောင် ဖန် တီးနေကြောင်း၊ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးလည်း Strike Force Burma အဖွဲ့ဟာ မြန်မာနိုင်ငံရှိ လိမ်လည်မှု စင်တာနှစ်ခုကို စစ်ဆင်ရေးတွေ ပြုလုပ်ခဲ့တယ်ဆိုပြီး ပါဝင်တယ်လို့ ဆိုပါတယ်။
သူတို့ စစ်ဆင်ရေး ဘယ်လိုလုပ်ခဲ့လဲ၊ မလုပ်ခဲ့လဲဆိုတာ မသိရဘဲ မြေပြင်မှာလည်း တွေ့ရတာ မရှိကြောင်း၊ အမေရိ ကန်ရဲ့ ထုတ်ပြန်ချက်ကို သုံးသပ်ကြည့်ရင် အွန်လိုင်းလိမ်လည်မှု၊ အွန်လိုင်းလောင်းကစားမှု တိုက်ဖျက်ရေးဆိုတာ ထက် Hidden Agenda နက်နဲတဲ့ လျှို့ဝှက်ရည်ရွယ်ချက် တစ်ခုရှိနေနိုင်ကြောင်း သုံးသပ်ရရှိတယ်လို့လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
ဒါ့အပြင် နိုဝင်ဘာ ၁၈ ရက်ကတော့ မြဝတီမြို့ရဲ့ မြောက်ဘက်မှာရှိတဲ့ ရွှေကုက္ကိုလ်နယ်မြေကို ဌာနဆိုင်ရာ အဖွဲ့ အစည်းတွေနဲ့ ပူးပေါင်းတပ်ဖွဲ့ဝင်တွေက ဝင်ရောက်ရှင်းလင်းခဲ့ရာ ခွင့်ပြုချက် မရှိဘဲ ဆောက်လုပ်ထားတဲ့ အဆောက်အအုံ ၃ လုံးထဲကနေ နိုင်ငံခြားသား ၃၄၆ ယောက်ကို ဖမ်းမိခဲ့ပြီး အွန်လိုင်းလောင်းကစားမှုမှာ အသုံးပြု နေတဲ့ ဖုန်းအလုံးရေ တစ်သောင်းနီးပါးလောက် ဖမ်းဆီးရမိခဲ့တယ်လို့လည်း သိရပါတယ်။
လက်ရှိမှာတော့ အွန်လိုင်းလိမ်လည်လောင်းကစားမှုတွေ ကျူးလွန်နေတဲ့ မြဝတီ-မဲ့ထော်သလေး နယ်မြေအတွင်းရှိ ဇုန်သုံးခုမှာ စုစုပေါင်း အဆောက်အအုံ ၆၃၅ လုံး ရှိပြီး နိုဝင်ဘာ ၁၇ ရက်ထိ အဆောက်အအုံ ၁၄၈ လုံးကို ၁၀၀ ရာ ခိုင်နှုန်း ဖြိုချဖျက်ဆီးခဲ့ပြီး ဖြစ်တယ်လို့လည်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့က ထုတ်ပြန်ထားပါတယ်။

image

ကမ္ဘာ့ဖလားလက်မှတ်ဝယ်ထားသူများ ဗီဇာကိစ္စမြန်မည်--ထရမ့်ပ်

၂၀၂၆ ကမ္ဘာဖလားလက်မှတ်ရှိသူများအတွက် အထူးအမြန်ဗီဇာများပေးမည့်အစီအစဉ်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ထုတ်ဖော်ကြေညာခဲ့သော်ငြားလည်း သူ့အစိုးရအဖွဲ့ကမူ ထိုသို့ဗီဇာလုပ်ငန်းစဉ်ကို အမြန်လုပ်ပေးခြင်းသည် အမေရိကန်ပြည်ထောင်စုအတွင်းသို့ ဝင်ရောက်ခွင့်ရမည်ဟူ‌သော အာမခံချက်မဟုတ်ဟု သတိပေးခဲ့သည်။
ထရမ့်ပ်၏ နယ်စပ်တင်းကြပ်မှု အစီအမံများကြောင့် ဘောလုံးပရိသတ်များကိုပါ ထိခိုက်လာနိုင်သည့် စိုးရိမ်မှုများရှိနေသော်လည်း လာမည့်နှစ်ကမ္ဘာ့ဖလားပွဲအတွက် အဆင်မြေချောမွေ့စေရမည်ဟု အမေရိက က ကတိပြုထားသည်။
“ကမ္ဘာ့ဖလားမှာ ငါတို့နဲ့ အတူဆင်နွှဲကြဖို့ ရည်ရွယ်ထားသူတွေအနေနဲ့ ချက်ချင်းပဲ လျှောက်ထားကြဖို့ အထူးတလည်တိုက်တွန်းပါတယ်” ဟု ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) ဥက္ကဌ ဂီယန်နီ အင်ဖန်တီနိုနှင့်အတူ အိမ်ဖြူတော်တွင် အစီအစဉ်ကို ကြေညာစဉ် ထရမ့်ပ်က ပြောကြားခဲ့သည်။
ဇန်နဝါရီလတွင် ရီပတ်ဘလီကန်သမ္မတ အိမ်ဖြူတော်သို့ တကျော့ပြန်လာပြီးနောက်ပိုင်း ထရမ့်ပ်၏ဘေးတွင် အကြိမ်ကြိမ်မြင်တွေ့လာရသော အင်ဖန်တီနိုက “Fifa Pass” ဟုခေါ်သော အစီအစဉ်သည် “အလွန်အရေးကြီးသော ကြေညာချက်” ဖြစ်ကြောင်း ပြောကြားခဲ့သည်။
“ကမ္ဘာ့ဖလားလက်မှတ်ရှိထားရင် ဗီဇာရဖို့ ဦးစားပေးချိန်းဆိုမှု ရရှိနိုင်ပါတယ်” ဟု အင်ဖန်တီနိုက ပြောကြားခဲ့သည်။
“ကမ္ဘာ့ဖလားကို ခံစားဆင်နွှဲဖို့ ကမ္ဘာတစ်ဝန်းက လူငါးသန်းကနေ ၁၀ သန်းအထိ အမေရိကကို လာရောက်ကြမှာဖြစ်ပြီး ဒီ Fifa Pass နဲ့ လက်မှတ်ဝယ်သူတွေ၊ တရားဝင်ဘောလုံးပရိသတ်တွေ ဒါမှမဟုတ် ဘောလုံးဝါသနာရှင်တွေ ကမ္ဘာ့ဖလားကို အကောင်းဆုံးအခြေအနေနဲ့ လာရောက်ကြည့်ရှုနိုင်ဖို့ ကျွန်တော်တို့ ဆောင်ရွက်သွားမှာပါ” ဟု ၎င်းက ဆိုခဲ့သည်။
သို့သော် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုကမူ ပြိုင်ပွဲကို လာရောက်ရန် မျှော်လင့်ထားသူများကို သတိပေးခဲ့သည်။
“ခင်ဗျားရဲ့ လက်မှတ်က ဗီဇာမဟုတ်ပါဘူး။ ဒါက အမေရိကကို ဝင်ရောက်ခွင့်အတွက် အာမ မခံပါဘူး။ ချိန်းဆိုမှု မြန်ဆန်စွာရရှိဖို့တော့ အာမခံပါတယ်။ ခင်ဗျားတို့လည်းပဲ ပုံမှန်စစ်ဆေးမှုကို ဖြတ်သန်းရဦးမှာပါ” ဟု ရူဘီယိုက ဆိုခဲ့သည်။
ထရမ့်ပ်သည် ကမ္ဘာ့ဖလားပြိုင်ပွဲကို ၎င်း၏ ဒုတိယ သမ္မတသက်တမ်းနှင့် လာမည့်နှစ်တွင် ကျရောက်မည့် နှစ်ပေါင်း ၂၅၀ ပြည့် အမေရိကန်လွတ်လပ်ရေး နှစ်ပတ်လည် အထိမ်းအမှတ်နှစ်ခုစလုံးအတွက် အဓိကပွဲတော်တစ်ခုအဖြစ် ရည်မှန်းပြုလုပ်ထားသည်။

image

၂၀၂၅ ခုနှစ် လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်နှင့် တုံ့ပြန်ရေးအစီအစဉ်အတွက် ရန်ပုံငွေ(၁၅)ရာခိုင်နှုန်းသာ ရရှိထား

၂၀၂၅ ခုနှစ်ကုန်ဆုံးရန် နှစ်လခန့်ပင် မကျန်တော့သည့်အချိန်အထိ လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များနှင့် တုံ့ပြန်ရေးအစီအစဉ် (HNRP) အတွက် ရန်ပုံငွေ ၁၅ ရာခိုင်နှုန်းမျှသာ ရရှိထားကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညိနှိုင်းရေးရုံး ( UNOCHA Myanmar) မှ သိရသည်။
အဆိုပါရန်ပုံငွေ ဆိုးရွာစွာ မလုံလောက်မှုသည် လိုအပ်နေသူ လူဦးရေသန်းပေါင်းများစွာ၏ လူမှုဘဝ ရှင်သန်ရေးအကူညီများ ပေးအပ်နိုင်ရေးအတွက် အလွန်ခက်ခဲစေကြောင်းလည်း UNOCHA Myanmar က နိုဝင်ဘာ(၁၇)ရက်က ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားခြင်းဖြစ်သည်။
ပြီးခဲ့သည့် မတ်လ၌ လှုပ်ခတ်ခဲ့သည့် ငလျင်အပါအဝင် အခက်အခဲများစွာ၏ အကျိုးဆက်များကို မြန်မာနိုင်ငံတစ်ဝန်းရှိ ပြည်သူများသည် ဆင့်ကဲရင်ဆိုင်နေရဆဲဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်အစီရင်ခံစာတွင် ဖော်ပြထားသည်။
ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေသဖြင့် အရပ်သားများသည် နေရပ်စွန့်ခွာတိမ်းရှောင်နေမှုများလည်း ဆက်လက်ဖြစ်ပွားနေပြီး နိုဝင်ဘာလထိ နိုင်ငံတစ်ဝန်းတွင် ပြည်တွင်းနေရပ်စွန့်ခွာသူဦးရေ ၃ ဒဿမ ၆ သန်း အထိ ရှိနေကြောင်း သိရသည်။
အဆိုပါ မိသားစုများအတွက် လူသားချင်းစာနာမှုဆိုင်ရာလိုအပ်ချက်များ ပိုမိုများပြာလာကြောင်းလည်း UNOCHA Myanmar က အသိပေးထားသည်။
ကမ္ဘာစားနပ်ရိက္ခာအစီအစဉ်(WFP)၏ နောက်ဆုံးထုတ် အစီရင်ခံစာအရလည်း မြန်မာနိုင်ငံသည် စားနပ်ရိက္ခာမလုံလောက်မှုအတွက် စိုးရိမ်ဖွယ်အမြင့်မားဆုံး နေရာတစ်ခုအဖြစ် သတ်မှတ်ခံထားရဆဲဖြစ်ကြောင်း သိရသည်။

image

ပြည်ပသို့ လက်ဝတ်ရတနာများ ပြန်လည်တင်ပို့မည်

နိုင်ငံတကာဈေးကွက်သို့ ရွှေဖြင့်ပြုလုပ်ထားသော အဆောင်ရုပ်၊ လက်ဝတ်ရတနာများ ပြန်လည်တင်ပို့ရန် ပြင်ဆင်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ အဖိုးတန်သတ္တု(ရွှေ) ရောင်းဝယ်သူများအသင်းမှ သိရသည်။
၂၀၂၀ ပြည့်နှစ် မတိုင်ခင်ကာလက ဂျပန်နှင့် ကိုရီးယားနိုင်ငံသို့ လက်ဝတ်ရတနာများ တင်ပို့ခဲ့သော်လည်း ၂၀၂၀ ပြည့်နှစ်နောက်ပိုင်းတွင် တင်ပို့မှု မရှိသလောက် နည်းပါးသွားကြောင်း သိရသည်။
ထို့ကြောင့် ရန်ကုန်တွင်ရှိသည့် ပန်းထိမ်လုပ်ငန်းလုပ်ကိုင်သူ တစ်သောင်းကျော် အလုပ်လက်မဲ့ ဖြစ်နေပြီး ပန်းထိမ်လုပ်ငန်းများ အလုပ်ပြန်ပေးနိုင်ရန် လက်ဝတ်ရတနာ ရွှေထည်များ ပြန်လည်တင်ပို့နိုင်ရေးအတွက် ပြင်ဆင်နေကြောင်း သိရသည်။
နိုင်ငံတကာဈေးကွက်တွင်လည်း ရွှေထည်နှင့် ပြုလုပ်ထားသည့်အဆောင် လက်ဝတ်ရတနာကို ကြိုက်နှစ်သက်သောကြောင့် ယင်းဈေးကွက်သည် ပြန်လည်တိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။
ပြည်ပကို ရွှေတင်ပို့ရာတွင် ၁၂ ပဲရည် ရွှေထည်နှင့်ပြုလုပ်ထားသည့် ရွှေထည်များကို အများဆုံးတင်ပို့ရောင်းချမည်ဖြစ်ကြောင်း သိရသည်။

image