Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ပူတင်နဲ့ ထရန့်တို့ ဟန်ဂေရီမှာ ထိပ်သီးဆွေးနွေးတော့မယ်
အောက်တိုဘာ ၁၇
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ ရုရှားသမ္မတ ပူတင်တို့ဟာ မနေ့ကတယ်လီဖုန်း ဆက်သွယ်ဆွေးနွေးခဲ့ကြပြီး ဟန်ဂေရီမှာ မျက်နှာချင်းဆိုင်တွေ့ဆုံဆွေးနွေးဖို့ သဘောတူညီခဲ့ကြောင်း ဒေါ်နယ်ထရန့်က ပြောပါတယ်။
ဒါဟာ ဩဂုတ်လလယ်နောက်ပိုင်း ပူတင်နဲ့ ပထမဆုံးအကြိမ် ဖုန်းခေါ်ဆိုမှုဖြစ်ပြီး အလွန်အကျိုးဖြစ်ထွန်းကြောင်း၊ အမေရိကန်နဲ့ ရုရှားကိုယ်စားလှယ်အဖွဲ့တွေလည်း လာမယ့်သီသတင်းပတ်မှာ တွေ့ဆုံမယ်လို့ ထရန့်က ပြောပါတယ်။
တယ်လီဖုန်း ဆွေးနွေးမှုဟာ ယူကရိန်းသမ္မတ ဇီလန်စကီး အိမ်ဖြူတော်ကို မလာခင်တရက်အလိုမှာ ပြုလုပ်ခဲ့တာ ဖြစ်ပြီး ဘူဒါပတ်စ်မှာ ပူတင်နဲ့ တွေ့ဆုံမယ့်ရက်ကိုတော့ ထရန့်က ထုတ်ဖော်ပြောကြားတာမရှိသေးပါဘူး။ ထိပ်သီးဆွေးနွေးနဲ့ပတ်သက်ပြီး ချက်ချင်စတင်မယ်လို့ ရုရှားသမ္မတ အိမ်တော်က ပြောပါတယ်။
ဇီလန်စကီးဟာ အမေရိကန်ဆီက တွမ်မဟော့ခ်ဒုံးကျည်တွေ တောင်းဆိုနေပြီး ဒီဒုံးကျည်တွေဟာ ရုရှား မော်စကိုထိ ပစ်ခတ်နိုင်ပါတယ်။ ထရန့်ကလည်း ဒုံးကျည်တွေကို ယူကရိန်းအတွက် ပေးအပ်ဖွယ်ရှိတယ်လို့ ထုတ်ဖော်ပြေကြားထားပြီး ဒီကိစ္စအပေါ် ရုရှားကတော့ သတိပေးထားပါတယ်။
ပူတင်နဲ့ ဆွေးနွေးခဲ့ရာမှာ ယူကရိန်းစစ်ပွဲပြီးဆုံးချိန် ရုရှားနနဲ့ အမေရိကန်ကြား ကုန်သွယ်ရေးရာကိုလည်း အချိန်အတော်ကြာ ဆွေးနွေးခဲ့တယ်လို့ ထထရန့်ကပြောပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရီဘီယိုဟာ အမေရိကန်ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ပြီး ရုရှားတာဝန်ရှိသူတွေနဲ့ လာမယ့် သီတင်းပတ်မှာ တွေ့ဖို့ရှိနေပါတယ်။
ဘူဒါပက်စ်မှာပြုလုပ်မယ့် ထရန့်နဲ့ ပူတင် ထိပ်သီးဆွေးနွေးပွဲဟာ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် အလားအလာကောင်းဖြစ်ပြီး စစ်ပွဲကို အဆုံးသတ်ရမယ်လို့ ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာအိုဗန်က ပြောပါတယ်။