မင်္ဂလာနေ့လယ်ခင်းပါ
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ၁၀-၁၀-၂၀၂၅ ရက်နေ့တွင် ထုတ်ပြန်သည့် နေ့စဉ်မြစ်ရေခန့်မှန်းချက်များကို အောက်ပါအတိုင်း ဖော်ပြလိုက်ပါတယ်........

image

မင်္ဂလာနေ့လယ်ခင်းပါ
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ၁၀-၁၀-၂၀၂၅ ရက်နေ့တွင် ထုတ်ပြန်သည့် နေ့စဉ်မြစ်ရေခန့်မှန်းချက်များကို အောက်ပါအတိုင်း ဖော်ပြလိုက်ပါတယ်........

image

မင်္ဂလာနေ့လယ်ခင်းပါ
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ၁၀-၁၀-၂၀၂၅ ရက်နေ့တွင် ထုတ်ပြန်သည့် နေ့စဉ်မြစ်ရေခန့်မှန်းချက်များကို အောက်ပါအတိုင်း ဖော်ပြလိုက်ပါတယ်........

imageimage

တရုတ်က မြေရှားသတ္တုများ တင်ပို့မှုကို တင်းကျပ်

ရှန်ဟိုင်း၊ အောက်တိုဘာ ၁၀

တရုတ်သည် အမျိုးသားလုံခြုံရေးနှင့် အကျိုးစီးပွားများကို ကာကွယ်ရန်အတွက် မြေရှားသတ္တုများ၊ လစ်သီယံ အိုင်းယွန်း ဘက်ထရီများနှင့် လူလုပ်စိန်များ တင်ပို့ရောင်းချမှုတွင် ထိန်းချုပ်ကန့်သတ်မှု အသစ်များအား အောက်တိုဘာ ၉ ရက်က ကြေညာခဲ့သည်ဟု Nikkei Asia မှ ဖော်ပြခဲ့သည်။

ထိုထိန်းချုပ် ကန့်သတ်မှုများအရ တရားမဝင် ပြည်ပ ပူးပေါင်းဆောင်ရွက်မှုများကို တားမြစ်ပိတ်ပင်ပြီး ပြည်ပ နိုင်ငံများ၏ ကာကွယ်ရေးကဏ္ဍနှင့် တစ်ပိုင်းလျှပ်ကူးပစ္စည်းများ တင်ပို့မှုကို ရည်ရွယ်ချက်ရှိရှိ ကန့်သတ်လိုက်ခြင်း ဖြစ်သည်။

တရုတ်သည် ဧပြီလအတွင်းက မြေရှားသတ္တုများ တင်ပို့ရောင်းချမှုကို ထိန်းချုပ်သည့် အစီအစဉ်များကို ကြေညာခဲ့ ပြီးနောက် ယခုထုတ်ပြန်ခဲ့သည့် တရုတ် ကုန်သွယ်ရေးဝန်ကြီးဌာန၏ ကြေညာချက်သည် ယခင်ကြေညာခဲ့သည့် အစီအစဉ်များကို ပိုမိုချဲ့ထွင်ခဲ့ခြင်းဖြစ်သည်။

ဧပြီလအတွင်းက ကြေညာခဲ့သည့် မြေရှားထိန်းချုပ်မှု အစီအစဉ်များကြောင့် အမေရိကန်၊ ဥရောပနိုင်ငံများနှင့် သဘောတူညီချက်များ မရရှိမီ ကမ္ဘာတစ်ဝန်းတွင် မြေရှားသတ္တုများကို သိသိသာသာ ပြတ်လပ်သွားစေခဲ့သည်။

တရုတ်သည် ကမ္ဘာပေါ်တွင် သန့်စင်ပြီး မြေရှားသတ္တုများနှင့် မြေရှားသတ္တုသံလိုက် စုစုပေါင်း၏ ၉၀ ရာခိုင်နှုန်း ကျော်ကို ထုတ်လုပ်သည့် နိုင်ငံဖြစ်သည်။

သတ္တု ၁၇ မျိုး ပါဝင်သည့် မြေရှားသတ္တုအုပ်စုသည် လျှပ်စစ်ကားများ၊ လေယာဉ်အင်ဂျင်များမှအစ စစ်ဘက်သုံး ရေဒါစနစ်များအထိ နည်းပညာမြင့်ပစ္စည်းများ ထုတ်လုပ်ရာတွင် မရှိမဖြစ် သတ္တုအမျိုးအစားများဖြစ်သည်။

မြေရှားသတ္တု သံလိုက်များ ပြုလုပ်နိုင်သည့် နည်းပညာကို ရောင်းချမှုအား တားမြစ်ကန့်သတ်ခြင်းသည် သံလိုက် အမျိုးအစား ပြုလုပ်ရာတွင် ခက်ခဲစေနိုင်ပြီး တရုတ်သည် ထိုသတ္တုများ ပါဝင်သော အစိတ်အပိုင်းများ တင်ပို့ ရောင်းချမှုကိုလည်း ကန့်သတ်တော့မည်ဖြစ်သည်။

တရုတ်သည် မြေရှားသတ္တု နည်းပညာနှင့် သန့်စင်ပြီး မြေရှားသတ္တုများကို အသုံးပြုသည့် ပစ္စည်းများ ထုတ်လုပ် ရာတွင် ကမ္ဘာ့ထိပ်သီးနိုင်ငံဖြစ်၍ လက်ရှိတွင် တင်ပို့ရောင်းချမှုများအတွက် လိုင်စင်လိုအပ်တော့မည်ဖြစ်သည်။

ပြည်ပနိုင်ငံများမှ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်သူများသည် လိုင်စင်များ ရရှိလိမ့်မည် မဟုတ်ဘဲ ခေတ်မီ တစ်ပိုင်းလျှပ်ကူး ပစ္စည်းများနှင့် ဆက်နွှယ်သည့် အသုံးပြုခွင့် လျှောက်ထားမှုများကို တစ်ခုချင်းစီ ဆန်းစစ်လေ့လာ ပြီးမှ အတည်ပြု ပေးမည်ဖြစ်သည်။

အောက်တိုဘာ ၈ ရက်တွင်မူ အမေရိကန် လွှတ်တော်အမတ်များက တရုတ်သို့ ချစ်ပ်ပြားများ ပြုလုပ်သည့် ပစ္စည်း များ တင်ပို့ရောင်းချမှုကို ပိတ်ပင်ချက်အား ချဲ့ထွင်ရန် တိုက်တွန်းခဲ့သည်။

ထိုအကြောင်းအရာနှင့် ပတ်သက်ပြီး Samsung Electronics၊ TSMC နှင့် SK Hynix ကုမ္ပဏီတို့က မှတ်ချက်ပေးရန် တောင်းခံမှုကို ချက်ချင်း တုံ့ပြန်ခဲ့ခြင်း မရှိပေ။

Source: Nikkei Asia

ပုံ - တရုတ်နဲ့မြေရှားသတ္တုကို ပြသထားစဉ်

#centralnewsnaypyitaw

image

☸ ဆေးဆရာကြီးတစ်ဦးက ပြောသတဲ့။ ☸
ကမ္ဘာပေါ်မှာရှိတဲ့ ဆေးဖက်ဝင်အပင်ပေါင်းများစွာထဲက သင်ဟာ တစ်ပင်ပဲရွေးပြီး စိုက်ခွင့်ရမယ်ဆိုရင်ရဲယိုပင်ကိုသာ ရွေးချယ်လိုက်ပါတဲ့။မိမိအိမ်ရဲ့ မြေမှာ အနည်းဆုံး ရဲယိုပင် တစ်ပင် စိုက်လိုက်ပါ။တိုက်ခန်း, ကွန်ဒိုနဲ့ နေတဲ့သူများကတော့ပန်းအိုးတစ်အိုး နဲ့ စိုက်လိုက်ပါ။ဒါမှသာ ရဲယိုရွက်လေးတွေ ထွက်လာတာ မြင်နေရမှ ရဲယိုရွက်ကို စားဖို့ မမေ့မှာပါ။
တစ်ကယ်လို့ အကြောင်း အမျိုးမျိုးကြောင့်မစိုက်ဖြစ်ကြဘူး ဆိုရင်လည်းရဲယိုရွက်ကို ချက်စားကြဖို့စေတနာ အရင်းခံနဲ့ တိုက်တွန်းပါတယ်။ရဲယိုရွက် ငါးဖယ်ပြောက်ကျားဟင်းရဲယိုရွက် ဘဲဥ အချပ်လိုက်ကြော်ရဲယိုရွက် ငါးဘတ်မွှေရဲယိုရွက် ငါးခူဟင်းရဲယိုရွက် ကြက်ဥမွှေကြော်ရဲယိုရွက်ကြော်ရဲယိုရွက် ကြက်ကြော်သုပ်ရဲယိုရွက် ငါးခူစင်းကောရဲယိုရွက် ကြက်သားဟင်း
ရဲယို နဲ့ ကျန်းမာရေး
အစားအစာတိုင်းက အာဟာရဖြစ်ရုံသက်သက် မဟုတ်ပါဘူး။ခန္ဓာကိုယ်အတွက် ကျန်းမာရေး အကျိုးကျေးဇူးတွေ အများကြီးရစေတာပါ။ရဲယိုရွက်ကို ဟင်းထုတ်လုပ်စားတာ၊ငါးနဲ့ရောပြီး စင်းကောချက်တာမျိုး စားလို့ရသလိုရဲယိုသီးကိုလည်း ဖျော်ရည်လုပ်သောက်လို့ ရပါတယ်။ ရဲယိုပင်က တစ်ပင်လုံးနီးပါး ဆေးဖက်ဝင်တာပါ။
ရဲယို ကဘယ်လိုများဆေးဖက်ဝင်တာလဲရဲယိုသီးရော ရဲယိုရွက်ကပါ ကျန်းမာရေးအကျိုးကျေးဇူး တော်တော်လေးများပါတယ်။
သက်ကြီးရွယ်အိုတွေအတွက်ရော လူငယ်တွေအတွက်ပါအထူးသင့်တော်တဲ့ ဓာတ်စာတစ်ခုပေါ့။ ရဲယိုပင်က ဆေးဖက်ဝင်အပင်တစ်မျိုးဖြစ်ပြီးအမြဲစိမ်း အပင်ငယ်တစ်မျိုးပါ။ ရှေးယခင်ကာလတွေကတည်းက အရေပြားအတွက်ဆေးအဖြစ်အသုံးပြုခဲ့ကြပါတယ်။
အသီးနဲ့ အရွက်တင် မကပါဘူး။ အပွင့်၊ အခေါက်၊ ပင်စည်နဲ့ အမြစ်တွေကလည်းဆေးဖက်ဝင်ပါသေးတယ်။
ရဲယို မှာ ပါဝင်တဲ့ အာဟာရဓာတ်တွေရဲယိုရွက်၊ ရဲယိုသီးတို့မှာ ပရိုတင်း၊ အမျှင်ဓာတ်၊ အဆီဓါတ်၊ ဗီတာမင် A၊ ဗီတာမင် C နဲ့ သွေးတိုးကျစေနိုင်တဲ့ ပိုတက်ဆီယမ်တို့ပါဝင်ပါတယ်။
ဒါတွေအပြင် ကင်ဆာ နဲ့ နှလုံးရောဂါတွေကိုကာကွယ်ပေးနိုင်တဲ့ ဖလေဗာနွိုက် ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေလည်း ပါဝင်နေပါသေးတယ်။
အစာလည်းဆေး၊ ဆေးလည်း အစာလို့ ပြောလို့ရအောင်ကို အာဟာရဓာတ်တွေ ကြွယ်ဝတဲ့ စားစရာတစ်မျိုးပါ။ မကြိုက်တဲ့သူတွေအတွက်တော့အဝင်တော့ နည်းနည်းလေးဆိုးပါတယ်။ကြိုက်တဲ့သူတွေအတွက်က အရမ်းစားကောင်းပါတယ်။ရဲယိုရဲ့ ကျန်းမာရေးအတွက် အသုံးဝင်ပုံများကတော့အကိုက်အခဲပျောက်စေတယ်ရဲယို ပင်ကို ခေါင်းကိုက်ပျောက်ပင်အကိုက်အခဲပျောက်ပင်လို့တောင် ခေါ်ကြတာမျိုးရှိပါတယ်။
လေ့လာမှုတွေအရ ရဲယိုပင်က အကိုက်အခဲပျောက်စေနိုင်ပြီးလေးဖက်နာ ဝေဒနာနဲ့ အခြားအဆစ်အမြစ်တွေ နာကျင်ကိုက်ခဲတာကိုသက်သာစေနိုင်ပါတယ်။
ကိုယ်ခံအားကောင်းစေတယ်။ကိုယ်ခံအားကောင်းစေဖို့ အထောက်အကူပြုပေးပါတယ်။ ဘက်တီးရီးယားတွေအန္တရာယ်ကနေ ကာကွယ်ပေးသလိုတုပ်ကွေးလိုမျိုး ကူးစက်တတ်တဲ့ ရောဂါတွေကနေ ကာကွယ်ပေးနိုင်ပါတယ်။အိပ်ပျော်စေတယ်။ရဲယိုသီး နဲ့ ရဲယိုရွက်က ဆီရိုတိုနင်ဟော်မုန်းနဲ့မယ်လ်လာတိုနင်ဟော်မုန်းတွေကို လှုံ့ဆော်ပေးပါတယ်။
စိတ်ခံစားမှု ကောင်းမွန်စေပြီး စိတ်ဓာတ်မကျစေဖို့နဲ့ အိပ်ပျော်စေဖို့အတွက် အရေးပါတဲ့ဟော်မုန်းတွေကို လှုံ့ဆော်ပေးမှတော့ စိတ်ဓာတ်ကျမှာအိပ်မပျော်မှာကို ပူစရာမလိုတော့ပါဘူး။အရေပြားနဲ့ ဆံသားကို ကျန်းမာစေနိုင်တယ်။
ရဲယိုရွက်နဲ့ ရဲယို သီးမှာပါတဲ့ ဂုဏ်သတ္တိတွေကအသားအရေကို နုပျိုစေပြီး ဆံသားကို သန်စွမ်းစေနိုင်သလို ခြေသည်းလက်သည်းတွေကိုပါ ကျန်းမာစေနိုင်တာပါ။ကင်ဆာကာကွယ်ပေးနိုင်တယ်ရဲယို ရွက် နဲ့ ရဲယိုသီးတွေက နိုက်ထရစ်အောက်ဆိုဒ် ထွက်ရှိအောင် လှုံ့ဆော်ပေးနိုင်စွမ်းရှိပါတယ်။ ခန္ဓာကိုယ်က ကင်ဆာဆဲလ်တွေကို တုံ့ပြန်တိုက်ခိုက်နိုင်အောင်လုပ်ဆောင်ပေးသလို ကင်ဆာကျိတ်တွေ ကြီးမလာအောင်လည်း ဟန့်တားပေးနိုင်ပါတယ်။သွေးတိုးကျစေနိုင်တယ် phytonutrients ပါဝင်နေသလို ဗီတာမင် C နဲ့ ဆီလီနီယမ်တို့ ပါဝင်နေတာကြောင့် သွေးကြောနံရံတွေကို Free Radical တွေကြောင့် ထိခိုက်ပျက်စီးမှုကနေ ကာကွယ်ပေးပါတယ်။
ပိုတက်ဆီယမ်ပါဝင်မှုကြောင့်သွေးတိုးကျစေနိုင်ပါတယ်။ နောက်ထပ်အာနိသင်တစ်ခုက သွေးကြောတွေကို ပြေလျော့စေတာပါ။ သွေတွင်းကိုလက်စထရော ကျဆင်းစေနိုင်စေတယ်။ သွေးတွင်းက အကျိုးမပြုတဲ့ ကိုလက်စထရောတွေကို ကျဆင်းစေပြီ သွေးကြောထဲမှာ အဆီတွေစုပုံတာမျိုးမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်မှတ်ဉာဏ်ကောင်းစေနိုင်တယ် သွေးတွင်းကိုလက်စထရောကို ကျဆင်းစေနိုင်ပြီး သွေးကြောတွေထဲမှာ သွေးစီးဆင်းမှုကောင်းစေနိုင်တာကြောင့် ဦးနှောက်ထဲကို သွေးစီးဆင်းရောက်ရှိမှုကောင်းမွန်စေပြီး ဦးနှောက်ကို ကျန်းမာစေနိုင်သလိုမှတ်ဉာဏ်လည်း ပိုကောင်းစေနိုင်ပါတယ်။
ဝမ်းမှန်စေနိုင်တယ် ပျော်ဝင်လွယ်တဲ့ အမျှင်ဓာတ်များစွာ ပါဝင်နေတာကြောင့် အူတွေအတွင်းမှာ စီးဆင်းမှုကို ကောင်းမွန်စေနိုင်ပြီး ဝမ်းမှန်စေနိုင်ပါတယ်။ အူလမ်းကြောင်းကျန်းမာဖို့အတွက် လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေကိုထောက်ပံ့ပေးပါတယ်။
ဒါတွေအပြင် ရဲယို ပင်ရဲ့ အစိတ်အပိုင်းတွေမှာပါတဲ့ ဓာတ်တွေက ကျန်းမာရေးကို တော်တော်လေး အထောက်အကူပြုပေးတာပါ။ လေနာရောဂါ၊ အတက်ရောဂါတွေကို သက်သာစေနိုင်သလို ချောင်းဆိုးပျောက်စေပါတယ်။
ဆီးချိုအတွက် အသုံးတည့်သလို ဆီးသွားရင် နာကျင်တာ၊ အတွင်းတိမ်မဖြစ်အာင် ကာကွယ်ဖို့ကင်ဆာကာကွယ်ဖို့နဲ့ လေမဖြတ်အောင်ကာကွယ်ဖို့အတွက်လည်း အထူးသင့်တော်တဲ့ ဓာတ်စာတစ်ခုပါ။ ခေါင်းတစ်ခြမ်းကိုက်တာအတွက်လည်း စားသုံးပေးလို့ရပါတယ်။

image

ဘဝဆိုတာ နေတက်ရင် ပျော်စရာကြီးပါ
ဘယ်သူဘာပြောပြော ရယ်နေလိုက်ပါ သူအတ္တနဲ့သူ
သူ့လမ်းသူသွားပါလိမ့်မယ် လဲရင်ပြန်ထ ဒါက ဘဝ
ကိုယ့်ကို အသုံးမဝင်ဘူး မင်းမှာအရင်းနှီးမရှိလို့ ပစ်ပါယ်ထားရင်လဲ ပြုံးနေလိုက်ပါ သူတို့လိုချင်တာ မင်းရှီမှာ မှမရှိတာ မင်းအနား ဘယ်လာမလဲ သူတို့က သူတို့အခက်ခဲကို အကူညီတောင်းချင်တာ မင်းဖြစ်နေတာတွေ
သူတို့ကသိတော့ ဘယ်လာမလဲ အဲ့ဒါက လူ့သဘာဝ
သူတို့သာမယ်ထင်မှ ဝင်နားကြတာ မင်းသိဖို့
အတန်းတူရာပေါင်း အတန်းတူမှ အကူညီရမှာ နားလည်မူ့ပေးမှာ မင်းကအသုံးမဝင်တာမဟုက်ဘူး
သူတို့နဲ့ အံဝင်မကျဖြစ်နေတာ သူတို့တန်းသူတို့ပြန်လိမ့်မယ် ကိုယ့် အတန်းကိုရှာ ကိုယ့်လမ်းကိုယ်ဖောက်
တန်ဖိုးသိသူက တန်ဖိုးထားလိမ့်မယ်
ဘဝက နှိမ့်ကြတယ်ဆိုပြီး စိတ်ဓာတ်မကျနဲ့
မီးဖိုချောင်မှာသုံးတဲ့ လက်နှီးစုတ်တောင် အပူကိုင်တဲ့အချီန် လိုအပ်သေးတာဘဲ မင်းကို တန်ဖိုးထားတဲ့သူ လိုအပ်တဲ့သူတွေ အနားနေပါ။
#တန်ဖိုး #ဘဝ #စိတ်

16 w - Translate

#ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း
◾️ထိုင်းတွင် အလုပ်ထုတ်ခံခဲ့ရသည့် မြန်မာ ၃၂၀ နစ်နာကြေးရရှိ
ထိုင်းနိုင်ငံ ချာချင်ဆောင်ခရိုင်အလုပ်ရုံတစ်ရုံမှ အလုပ်ထုတ်ခံခဲ့ရသည့်မြန်မာအလုပ်သမား ၃၂၀ ၏ နစ်နာကြေးဘတ်သုံးသန်းကျော် ပြန်လည်ရရှိခဲ့ကြောင်းကူညီဆောင်ရွက်ပေးခဲ့သည့် MHAC မဟာ မိတ်အဖွဲ့မှ သိရသည်။
ထိုစက်ရုံတွင် အလုပ်လုပ်နေသည့် မြန်မာအလုပ်သမား ၃၂၀ ကို ပြီးခဲ့သည့် အောက်တိုဘာ ၂ ရက်တွင် အလုပ်ရှင်က ကြိုတင်အကြောင်းမကြားဘဲ လုပ်သက် လေးလ မပြည့်မီ အလုပ်ထုတ်ခဲ့ခြင်းဖြစ်ပြီး အောက်တိုဘာ ၄ ရက်တွင် မြန်မာအလုပ်သမားများက နစ်နာကြေးရရှိရန်အကူအညီ တောင်းခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
အောက်တိုဘာ ၇ ရက်တွင်စဝါဒီကန်ရုံး(အလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံး)၌ စက်ရုံလုပ်ငန်းရှင် နှင့် ကြားခံအေဂျင်စီမှ လာရောက် ဖြေရှင်းပေးခဲ့ခြင်းဖြစ်ပြီးမြန်မာအလုပ်သမား ၃၂၀ သည်နစ်နာကြေး အဖြစ် လုပ်သက် သုံးလကျော်သူများ ဘတ် ၁၀၈၀၀၊ လုပ်သက် သုံးလမကျော်သူများ ဘတ်၉၀၀၀ ဖြင့် စုစုပေါင်း ဘတ်ငွေ၃၀၄၅၆၀၀ ပြန်ရခဲ့ကြောင်း သိရသည်။

image

💡 “Laptop ကို အားသွင်းသွင်း 80% ပဲတက်တယ် ဘာဖြစ်နေလဲ?”
New Laptop တွေမှာ “Battery Protection Feature” လို့ခေါ်တဲ့ Smart Charging System တစ်ခုပါဝင်လာပါတယ်။
ဒါဟာ သင့် Laptop ရဲ့ ဘက်ထရီအသက်ရှည်အောင်ကာကွယ်ပေးဖို့ ပြုလုပ်ထားတာပါ။
🔋 ဘာကြောင့် 80% မှာရပ်တာလဲ?
Laptop တချို့ (အထူးသဖြင့် ASUS, Dell, Lenovo, HP စသည့် brand များ) တွင်
Battery Health Mode / Conservation Mode / Smart Charging ဆိုတဲ့ feature ပါပါတယ်။
ဒီ mode အလုပ်လုပ်နေချိန်မှာ –
> 🔹 Laptop ကိုအမြဲလျှပ်စစ်ဖြင့်ချိတ်ထားသူများအတွက် battery အားကို 100% မတက်အောင် stop လုပ်ပါတယ်။
🔹 ဘက်ထရီအား 100% အမြဲရှိနေခြင်းဟာ battery health ကိုနည်းနည်းပျက်စီးစေတတ်လို့ပါ။
---
⚙️ ပြန်ပြီး 100% တက်အောင်ချင်ရင်…
သင့် Laptop ပေါ်မူတည်ပြီး များသောအားဖြင့် ဒီလိုလုပ်နိုင်ပါတယ်👇
🧩 ASUS:
MyASUS → Battery Health Charging → Full Capacity Mode ကိုရွေးပါ။
🧩 Lenovo:
Lenovo Vantage → Battery Settings → Conservation Mode ကို Disable လုပ်ပါ။
🧩 Dell:
Dell Power Manager → Battery Settings → Primarily AC Use ကို Full Charge Mode သို့ပြောင်းပါ။
🧩 HP:
HP Support Assistant → Power → Battery Care Function ကိုပြောင်းပါ။
---
💬 ထင်ရာမဟုတ်တဲ့အချက်လေး
တစ်ခါတစ်လေ BIOS Settings ထဲမှာပါ Battery Limit သတ်မှတ်ထားနိုင်ပါတယ်။
သို့မဟုတ် Windows → Device Manager → Battery Driver မမှန်တာကြောင့် ဖြစ်နိုင်ပါတယ်။
---
✅ အကြံပြုချက်
Laptop ကိုအမြဲ plug in ထားသူဆိုရင် 80% Limit Mode ကိုထားတာက အကျိုးရှိပါတယ်။
ဒါပေမဲ့ travel / gaming လုပ်ချင်တဲ့အချိန်မှာတော့ Full Capacity Mode ပြန်ဖွင့်လို့ရပါတယ်။
---
🧠 အဖြစ်အများဆုံး မေးခွန်း
> 💬 “Battery ကို 100% အမြဲတက်အောင်ထားတာမကောင်းဘူးလား?”
📌 မဟုတ်ပါ — အမြဲလျှပ်စစ်ဖြင့်ချိတ်ထားပြီး 100% တက်နေချိန်က အပူနဲ့သက်ဆိုင်တဲ့ stress ပေးတတ်ပါတယ်။
ဒါကြောင့် manufacturer တွေက protection system ထည့်ပေးထားတာပါ။
---
နိဂုံးချုပ် 🪫➡️🔋
> သင့် Laptop ရဲ့ Battery ကို “အမြဲအသက်ရှည်အောင်သုံးချင်” ဆိုရင်
80% မှာရပ်တာဟာ error မဟုတ်ပါ — intelligent protection feature တစ်ခုပဲဖြစ်ပါတယ်။

image
16 w - Translate

ကျောက်မဲမြို့ကို ခရီးသည်တင်ယာဉ်များ ပြန်လည် ပြေးဆွဲ
ရှမ်းပြည်နယ် မြောက်ပိုင်းရှိ ကျောက်မဲမြို့ကို ပြန်လည်ဝင်ရောက် နေထိုင်လိုသူများအတွက် ရည်ရွယ်ကာ ခရီးသည်တင်ကားများ စတင်ပြေးဆွဲနေပြီ ဖြစ်ကြောင်း သိရသည်။
လက်ရှိ၌ အိမ်စီးကားများနှင့် ပြေးဆွဲလျက်ရှိနေသလို Express ယာဉ်ကြီးများဖြင့်လည်း မန္တလေးမြို့မှ စတင် စမ်းသပ်ပြေးဆွဲပေးနေသည်ဟု သိရသည်။
"ရွှေတောင်တန်းကားအသင်းက အောက်တိုဘာ (၁၂) မှာ စဆွဲမယ်၊ ကားစိမ်းအသင်းကတော့ ပြေးဆွဲနေပြီ၊ သိမ်းစံ ကားအသင်းကလည်း အောက်တိုဘာတစ်လလုံး အခမဲ့ပြေးဆွဲပေးမယ်လို့ ကြေညာထားတယ်” ဟု ကျောက်မဲမြို့ခံတစ်ဦးက ပြောသည်။
ကျောက်မဲမြို့သို့သွားရန်အတွက် မန္တလေး - ပြင်ဦးလွင် - နောင်ချို - ကျောက်မဲ လမ်းပိုင်းသည်လည်းသွားလာ၍ ရနေပြီဖြစ်ကာ မြို့ခံစစ်ရှောင်ပြည်သူများလည်း ယင်းလမ်းအတိုင်း ပြန်လာကြသူများသည်ဟု သိရသည်။
“တောင်ကြီး၊ မန္တလေးရောက်နေတဲ့ စစ်ရှောင်တွေလည်း ဒီလမ်းကပဲ ပြန်လာကြတယ်။မှတ်ပုံတင်တော့လိုမယ်။ အဆ င်ပြေတယ်” ဟု ကျောက်မဲသတင်းများ လူမှုကွန်ရက်စာမျက်နှာကလည်း ဖော်ပြထားသည်။
ကျောက်မဲမြို့သည် မန္တလေး-လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ မြို့တစ်ခုဖြစ်ပြီး ရပ်ကွက် (၉)ခု၊ အိမ်ခြေ (၇၈၁၆) အိမ်၊ အိမ်ထောင်စု (၉၀၃၇) စု၊ လူဦးရေ (၄၇၄၅၁) ဦး နေထိုင်ကာ တပ်မတော်မှ ယခု အောက်တိုဘာ (၁)ရက်တွင် ပြန်လည်ထိန်းချုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။

image
16 w - Translate

တရုတ်နိုင်ငံက Hu Lei (ဟူ လေ) ဟာ ပိုလီယိုရောဂါကြောင့် သွားလာရတာ အခက်အခဲရှိပြီး ပစ္စည်းအဟောင်းတွေ ကောက်၊ လက်မှုပစ္စည်းလေးတွေ ရောင်းပြီး ဘဝကို ရပ်တည်နေသူပါ။ ဒါပေမဲ့ သူဟာ သူ့ဘဝအခက်အခဲတွေကို မေ့ပြီး တခြားသူတွေကိုသာ ကူညီဖို့ ကြိုးစားနေပါတယ်။
သူ့ရဲ့ ကြင်နာမှုက ဘယ်လောက်ကြီးလဲဆိုရင်...
အခုနောက်ဆုံး Guizhou (ကွေ့ကျိုး) မြေပြိုရေကြီးမှု ဖြစ်တုန်းက သူ့မှာရှိတဲ့ စုဆောင်းငွေအားလုံးနီးပါးကို ဆန်၊ ရေ၊ နွေးထွေးတဲ့ အသုံးအဆောင်ပစ္စည်းတွေ ဝယ်လှူခဲ့ပါတယ်။ သူကိုယ်တိုင်အတွက် ယွမ်တစ်ဝက် (၁.၅ ကျပ်) လောက်ပဲ ချန်ထားခဲ့တာပါ။ 😭
👉 လွန်ခဲ့တဲ့ ၁၅ နှစ်အတွင်းမှာလည်း လိုအပ်နေတဲ့ ကျောင်းသားမိသားစုတွေအတွက် ဒေါ်လာ ၁၄၀,၀၀၀ ကျော် အသံတိတ် လှူဒါန်းခဲ့ပြီးပါပြီ။
ဒူးထောက်ပြီး သွားလာရသူဖြစ်ပေမဲ့၊ သူ့ရဲ့ နှလုံးသားက လူအများစုထက် မြင့်မားလွန်းတာကြောင့် သူ့ကို “ဒူးထောက်နေတဲ့ ဧရာမလူကြီး” လို့ နာမည်ပြောင်ပေးထားကြပါတယ်။
Hu Lei ပြောတာက ကလေးဘဝတုန်းက သူ့ကို ကူညီခဲ့တဲ့သူတွေ အများကြီးရှိခဲ့လို့ သူလည်း အခုလို ပြန်လည်ပေးဆပ်တာပါတဲ့။
အကြီးမြတ်ဆုံး နှလုံးသားတွေဟာ ပေးလှူဖို့ အနည်းဆုံးရှိတတ်ကြတယ်ဆိုတာကို သူက သက်သေပြခဲ့ပါတယ်။ စစ်မှန်တဲ့ ကြင်နာမှုဟာ ကိုယ့်မှာ ဘယ်လောက်ရှိတယ်ဆိုတာထက် ဘယ်လောက်နက်နက်ရှိုင်းရှိုင်း ဂရုစိုက်လဲ ဆိုတာပေါ်မှာပဲ တည်မှီပါတယ်။
ဒီလိုလူမျိုးတွေ ကမ္ဘာပေါ်မှာ ပိုများလာပါစေ! 🙏
Hu Lei ကို ဂုဏ်ပြုပြီး ဒီပို့စ်လေးကို ရှယ်ပေးလိုက်ပါဦး။

image