Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
#လိုသုံး
"ဒီလူက ငါ့ကို ( လိုသုံး )လုပ်နေပါလား"လို့
သိလိုက်တဲ့အခါ
ဆက်ဆံရေးကို ရပ်မပစ်လိုက်ပါနဲ့..
ပေါင်းသင်းမြဲသာ ပေါင်းပါ..
ခေါ်မြဲတိုင်းသာ ဆက်ခေါ်ပါ...
သူလိုတိုင်း လာလာအသုံးချနေတာကို
စိတ်လည်းမဆိုးပါနဲ့
ဝမ်းလည်းမနည်းပါနဲ့
တကယ်တော့ သေချာတွေးကြည့်ရင်
(လိုသုံး)လာလာလုပ်တဲ့သူတွေဟာ
သူလိုအပ်မှသာ ကိုယ့်ဆီလာကြတာပါ
သူအဆင်ပြေနေတယ်
သူအကူအညီ မလိုသေးဘူးဆို
ကိုယ့်ဆီ လာဖော်မရ သတင်းမေးဖော်မရ
ဖုန်းဆက်ဖော်မရဘဲ
သူ့လူတွေနဲ့သာသူ ပျော်နေတတ်တဲ့
လူစားမျိုးတွေပါ
သူလိုအပ်လာပြီဆိုရင်
သူ့ဘက်က စတင်ဆက်သွယ်တယ်
အရမ်းရင်းနှီးတဲ့ ဆက်ဆံရေးကို
ပုံပြန်ဖော်တယ်
"အားကိုးစရာ နင်ပဲရှိတယ်"
"တိုင်ပင်စရာ မင်းပဲရှိတယ်"ဆိုပြီး
အေးစက်နေတဲ့ဆက်ဆံရေးကို
အတင်းအဓမ္မ ပြန်နွှေးကြတယ်
ပြီးတာနဲ့ လိုအပ်တဲ့ အကူအညီကို
အားမနာစတမ်း တောင်းကြတော့တာပဲ
သူ့ရဲ့အပူတွေကို အလိုက်ကန်းဆိုးမသိ
အတင်းပေးတော့တာပဲ
သူများဘာဖြစ်နေလဲ မသိ
အတင်း အပူကပ်တော့တာပဲ
ဒါက "လိုသုံး"တွေရဲ့ character...
တကယ်တော့ လူတွေက နပ်တယ်
"ဒီကောင် အကြောင်းမရှိဘဲ မလာဘူး"
"သူလာပြောနေတာ ကိစ္စတစ်ခုခုရှိရမယ်"
လို့တန်းခနဲသိတာ
"ဘာအကူအညီတောင်းမလဲမသိဘူး"လို့တွေးရင်း
သတိနဲ့ဆက်ဆံနေကြတော့တာ...
(လိုသုံး)တွေက ဒါကိုမသိဘူး
သူပြောရင် ရတယ်
သူတောင်းရင် ရတယ်လို့ ထင်နေရင်း
တဖက်လူကို အရင်လိုပဲ အရမ်းခင်မင်ပြရင်း ဆက်လက်အသုံးချပြန်တယ်
သူ(လိုသုံး)လုပ်နေတာကို
ဘယ်သူမှ မသိဘူး ထင်နေပေမယ့်
လူတွေအားလုံးက သိနေတာကို သူက
မသိရှာဘူး
လိုတာရှိရင် လာတယ်
မလိုသေးဘူးဆို သူ့လူနဲ့သူ နေတယ်
သူ့ဟာသူ လုပ်စရာရှိတာ လုပ်နေတယ်
လိုတာရှိရင် ကိုယ့်ကို အသုံးချတယ်
မလိုသေးဘူးဆို ရှိမှန်းတောင် မသိရဘူး
အဲ့လို....
ကျွန်တော်ကတော့
(လိုသုံး) တွေ တွေ့ရင်
ဘယ်တော့မှ အမုန်းမခံဘူး
တတ်နိုင်ရင် ကူညီပေးလိုက်တယ်
မတတ်နိုင်ရင်လည်း မတတ်နိုင်ဘူး
ပြောလိုက်တယ်
သူက ကိုယ့်အတွက် လူရင်းမဟုတ်ဘူးလို့
သိထားတော့
ဘယ်လောက်ခင်တယ် ပြောပြော
ပြုံးပဲ ကြည့်နေလိုက်တယ်😃
တစ်ခုပဲ
လိုတာထက် ပိုပြီး မရောတော့ဘူး
လိုတုန်းလာပြီး ပြီးရင်ပျောက်သွားမယ်ဆိုတာသိနေလို့ပဲ
ကိုယ်ကို လိုအပ်လို့ လာအသုံးချနေတဲ့သူတွေ
သူတို့အဆင်ပြေနေရင် ကျေနပ်တယ်
လိုသုံးလာလုပ်နေတယ်ဆိုတာ သိတယ်
ကြားတယ် မြင်တယ်
ကန်းချင်ယောင်ဆောင်နေတာပါ
လောကမှာ...
လူတိုင်း တုံပြန်တတ်ကြတယ် ။
ဒါပေမဲ့ ပညာရှိလို တုံ့ပြန်တာနဲ့
အောက်တန်းကျကျ တုံ့ပြန်တတ်တာ ကွာသွားတယ် ။
လူတိုင်း အတင်းပြောတတ်တယ် ။
လူ့သဘာဝအရ တခြားသူကို
ဒါပေမဲ့ အပေါ်ယံ ဝေဖန်မိတာနဲ့
အောက်တန်းကျကျ privacy ထိပါးတာ ကွာသွားတယ် ။
လူတိုင်းမှာ hate list ရှိတယ် ။
မုန်းတာနဲ့အညီ ဥပက္ခာပြု အဖတ်မလုပ်ပဲ
ကိုယ့်ဘဝကို လျှောက်နေတတ်တဲ့ သူနဲ့
မုန်းတယ်သာပြောပြီး တစ်ချိန်လုံး လိုက် Stalk လုပ် ထိုင်ပူလောင်နေတဲ့သူ ဆိုပြီး ကွာသွားတယ် ။
လူတိုင်းမှာ ပါးစပ်ပါတယ် ။
ပြောသင့်မပြောသင့် ချင့်ချိန်ပြီး
မြိုချသင့်ချိန် မြိုချထားတဲ့သူနဲ့
စကားဖြစ်ပြီးရော ပြောသူဆိုပြီး ကွာသွားတယ် ။
လူတိုင်းမှာ အားနည်းချက်ရှိတယ် ။
သူများအားနည်းချက်ကို မထိပါးတဲ့သူနဲ့
သူများအားနည်းချက်ကို နင်းတဲ့သူ ကွာသွားတယ် ။
လူတိုင်းမှာ သူ့အကြောင်းနဲ့သူ ရှိတယ် ။
သူများကိစ္စ စိတ်မဝင်စားတဲ့သူနဲ့
အလုပ်မရှိအကိုင်မရှိ သူများနောက်ကြောင်း
လိုက်လှန်နေတဲ့သူ ကွာသွားတယ် ။
ဒီလိုပါပဲ လူတိုင်း တူညီစွာ တန့်ပြန်တတ်ပေမယ့်
ကိုယ်ချင်းစာစိတ် ရှိသူ နဲ့ မရှိသူရဲ့
တုန့်ပြန်မှုတွေကတော့ ကွာခြားသွားတတ်တယ် ။
နာကျင်အောင်မပြောတတ်တာ မဟုတ်ဘဲ
ကိုယ့်ကြောင့် တစ်ဖက်သား
နာကျင်သွားမှာစိုးတဲ့ စိတ်ကြောင့်
ရပ်တန့်လိုက်ရတဲ့ အခြေအနေတွေ ရှိပါတယ် ။
စကားတစ်ခွန်းကြောင့် လူရဲ့စိတ်ကို
အကြိမ်ကြိမ် သေစေတယ် ။
လေယာဉ်နဲ့ခရီးသွားမယ်ဆိုရင် ဒါလေးတွေမယူသွားမိဖို့ သတိထားကြနော်
၁. ဓ ါး၊ နဲ့အခြားချွန်ထက်တဲ့လ က် န က်များကို အထူးတင်းကြပ်ပါတယ်။
၂. 100mlထက်ပိုတဲ့အရည်၊ဘူးများ - သောက်ရေ၊သောက်ဆေးရည်၊ အရက်၊ဝိုင်၊အချိုရည်စတဲ့အရည်တွေကို 100mlထက်မပိုရင် ကိုယ်နဲ့မကွာယူသွားမယ့်အိတ်ထဲ ထည့်ယူလို့ရတယ်ဆိုပေမဲ့ အရည်၊ Gel၊ aerosol အမျိုးမျိုးကို သယ်ဆောင်ခွင့်မပြုထားပါဘူး
၃. ချွန်ထက်သောပစ္စည်းများ - ကပ်ကြေး၊ ဘလိတ်ဓါးနဲ့ အခြား ချွန်ထက်ပြီး ညှပ်၊ဖြတ်နိုင်တဲ့ ပစ္စည်းများကို ကိုယ်နဲ့အတူတူယူသွားလို့မရပေမဲ့ checked baggage ထဲမှာတော့သယ်သွားလို့ရပါတယ်။
၄. အချို့အားကစားပစ္စည်းများ - ဘေ့စ်ဘောရိုက်တံ၊ ဂေါက်ရိုက်တံ၊ ဟော်ကီရိုက်တံတို့လို တုတ်တွေ၊ သိုင်းကစားပစ္စည်းတွေကို အကြောင်းပြချက်ကောင်းကောင်းမရှိဘဲ သယ်သွားမယ်ဆိုရင်တော့ ပြဿနာတက်နိုင်ပါတယ်။
၅. အန္တရာယ်ရှိပစ္စည်းများ - အရောင်ချွတ်ဆေး(bleach)၊ ဂတ်စ်မီးခြစ်၊ ဓာတုဗေဒပစ္စည်းများသယ်ဆောင်ခွင့် မရပါဘူး။
၆. ပေါက်ကွဲစေနိုင်သော၊ မီးလောင်လွယ်သောပစ္စည်းများ - ဗျောက်အိုး ၊ မီးရှူးမီးပန်း၊ အချက်ပြမီးကျည်၊ လောင်စာရည်စတဲ့အရာများကို သယ်သွားလို့မရပါဘူး။
၇. Self-defense ပစ္စည်းများ - ငရုတ်စပရေး၊ ကျင်စက်စတဲ့အရာတွေ အများအားဖြင့်နိုင်ငံပေါ်မူတည်ပြီးတော့ယူလို့မရပါဘူး။
၈. စိုက်ပျိုးရေးနှင့်ဆက်စပ်ပစ္စည်းများ - နိုင်ငံအတော်များများက အသီးအနှံတွေ၊အသားငါး၊ မျိုးစေ့တွေစတာတွေကိုယူသွားလို့မရပါဘူး။ ကိုယ့်တစ်ကိုယ်စာစားဖို့ သယ်သွားလို့ရပေမဲ့ အများကြီးသယ်သွားမယ်ဆိုရင် အခြောက်အခြမ်းဖြစ်နေဖို့လိုပါတယ်(ဒါတောင်နိုင်ငံအေပါ်မူတည်ပြီးဥပဒေအမျိုးမျိုးကွဲလို့ ကိုယ့်သွားမဲ့နိုင်ငံကသယ်ရမရအရင်လေ့လာသင့်ပါတယ်။) အစိုကတော့လုံးဝသယ်သွားလို့မရပါဘူး
တစ်ခါတစ်လေ လေကြောင်းလိုင်းနဲ့ နိုင်ငံပေါ်မူတည်ပြီးတော့ စည်းမျဉ်းတွေ ကွဲပြားနိုင်တာကြောင့် လေယာဉ်ပေါ်သို့ သယ်ဆောင်ခြင်းမပြုရန် တားမြစ်ထားတဲ့ Up-to-date အချက်အလက်များအတွက် သက်ဆိုင်ရာလေကြောင်းလိုင်းနှင့် သက်ဆိုင်ရာ အာဏာပိုင်များနှင့် စစ်ဆေးဖို့ အရေးကြီးပါတယ်နော်