➡Yoga ဆိုတာ ဘာလဲ ?
Yoga ဆိုသောစကားသည် sanskrit သက္ကတဘာသာ (Yog)၊ English (Yoke) မှလာပြီး Union စုစည်းခြင်း ပေါင်းစပ်ခြင်း တစ်စည်းတစ်လုံးတည်း ဖြစ်စေခြင်းဟု အဓိပ္ပါယ်ရသည်။
တနည်းအားဖြင့် #ခန္ဓာကိုယ် #စိတ် နှင့် #ဝိဉာဏ် Body,Mind & Soul တို့ကို အတူတကွ ပေါင်းစပ်လေ့ကျင့်ရခြင်း ဖြစ်သည်။
ယောဂကျင့်သော အမျိုးသားကို ယောဂီ Yogi၊ အမျိုးသမီးကို ယောဂိနီ Yogini ဟု ခေါ်သည်။
➡Yoga သည် အားကစားနည်း တစ်ရပ်လား ?
Yoga သည် အားကစားတစ်ရပ်မဟုတ်ပါ။
ကမ္ဘာပေါ်တွင် အားကစားနည်းပေါင်း ၁၅၀ ခန့်ရှိပြီး မြန်မာပြည်တွင် ၃၆ မျိုးခန့် ရှိသည်။
Yoga သည် ခန္ဓာကိုယ်၊ စိတ် နှင့် အသက်ရှုရှိုက်မှုတို့ကို ပေါင်းစပ်လေ့ကျင့်ရသော ကျင့်စဉ်တစ်ရပ်သာဖြစ်သည်။
➡Yoga သမိုင်းကဘာလဲ ?
Yoga သည် အိန္ဒိယရိုးရာရှေးဟောင်းပညာရပ်တစ်ခု ဖြစ်သည်။
Yoga ကိုစတင်ခဲ့သူမှာ ဟိန္ဒူဘုရား Shiva သျှီဗား(သီဝ) ဖြစ်သည်။ BC ၁ ရာစုခန့်လောက်တွင် Patanjali ပတန်ဂျလီ ရသေ့သူမြတ်သည် Sankrit သက္ကတဘာသာဖြင့် Yoga Sutra #ယောဂသုတ္တကျမ်း ကို စနစ်တကျ ရေးသားပြုစုခဲ့သည်။
၂၀ ရာစု အစပိုင်းတွင် အိန္ဒိယယောဂီ ဆွာမိများသည် အင်္ဂလန် အမေရိကန်တို့တွင် ပညာစတင်ဖြန့်ဖြူးရာမှ ပညာရှင်များ၏ သိပ္ပံနည်းကျလေ့လာမူဖြင့် တစ်ကမ္ဘာလုံးသို့ ပျံ့နှံ့သွားခြင်းဖြစ်သည်။
ယနေ့ခေါတ်တွင် တစ်ကမ္ဘာလုံးတွင် နေ့စဉ် ယောဂကျင့်ကြံနေသူပေါင်း သန်း ၁၀၀ ခန့် ရှိသည်ဟု သိရသည်။

image

Yoga လေ့ကျင့်တာ ကြာပြီး Yoga ရဲ့ ကောင်းကျိုးလေးတွေ မသိသေးရင် အချိန်လေး ပေးပြီး ဖတ်ကြည့်ပါနော် 🧘🏻‍♀️🥰
Yoga လေ့ကျင့်ခြင်းဖြင့်ရရှိရမယ့် အကျိုးကျေးဇူးများ✅✅✅✅
ကိုယ်ခန္တာပျော့ပျောင်းလာခြင်း✅
ယောဂကျင့်ခြင်းသည် ကြွက်သားများကို သန်မာစေပြီး ပျော့ပြောင်းမှုကို မြှင့်တင်ပေးနိုင်သည်။ အဆစ်အမြစ်ရောင်ရောဂါ၊ ပန်းနာရင်ကျပ်ရောဂါရှိသူများအတွက်လည်း ကောင်းမွန်တဲ့ လေ့ကျင့်စဉ်တစ်မျိုးလည်းဖြစ်ပါတယ်
စိတ်ဖိစီးမှုနှင့် စိတ်ပူပန်မှုကို လျှော့ချပေးပြီး အိပ့်စက်ခြင်းကို ပိုမိုကောင်းမွန်စေပါတယ်✅
ယောဂလေ့ကျင့်ပြီးသွားတဲ့အချိန်မှာ အများအားဖြင့် စိတ်ပိုင်းဆိုင်ရာ လန်းဆန်းတက်ကြွပြီး အရင်ကထပ် ပိုမို အာရုံစူးစိုက်လာနိုင်ခြင်း ဦးနှောက်မှ မှတ်သားနိုင်စွမ်း ပိုမိုမြင့်တတ်လာခြင်းကြောင့်အချက်အလက်တွေကို ပိုတိကျစွာ လုပ်ဆောင်နိုင်ပြီး သင်ယူနိုင်စွမ်းမြှင့်တတ်လာနိုင်ပါတယ်
တရားထိုင်ခြင်းနှင့် အသက်ပြင်းပြင်းရှူခြင်းကဲ့သို့သော ယောဂကျင့်စဉ်များသည် စိတ်ကို အေးချမ်းစေပြီး လျင်မြန်စွာ အိပ်ပျော်ခြင်း နှင့် နက်ရှိုင်းစွာ အိပ်ပျော်ခြင်း နှစ်မျိုးလုံးကို ရရှိစေပါတယ်
အများအားဖြင့် စိုးရိမ်သောကရောဂါ၊ လူမှုရေးဆိုင်ရာ စိုးရိမ်ပူပန်မှု အခြားအခြားသောပူပန်မှု များစွာရှိပါတယ် /ရေရှည်ဖြစ်လာတဲ့အခါမှာ အခြား စိတ်ရောဂါဘက်ကို ကူးပြောင်းသွားတတ်ပါတယ်
ယောဂလေ့ကျင့်ခြင်းဖြင့် စိုးရိမ်ပူပန်မှုရောဂါများ ကို တစ်ဖက်တစ်လမ်း မှ များစွာ အထောက်အကူဖြစ်စေပါတယ်
ယောဂကျင့်ခြင်းသည် ရောင်ရမ်းမှုကို လျှော့ချပေးပြီး ကိုယ်ခံအားစနစ်ကိုမြှင့်တင်ပေးပါတယ် ✅
မကြာခဏ ဖျားနာခြင်း၏ ရှေ့ပြေးနိမိတ်မှာ နာတာရှည်ရောင်ရမ်းခြင်း ဖြစ်သည်။ နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ အဆစ်အမြစ်ရောင်ရမ်းခြင်း အခြေအနေများသည် ရောဂါလက္ခများရဲ့အစဖြစ်ပါတယ်
ယောဂပုံမှန်လေ့ကျင့်ပါက နာတာရှည်အခြေအနေများတွင် ရောင်ရမ်းမှုဆိုင်ရာ ရောဂါလက္ခဏာများကိုလျော့ကျစေပါသည်
ယောဂကျင့်ခြင်းက ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးနိုင်ပါတယ် ✅
နာတာရှည်စိတ်ဖိစီးမှုက ကိုယ်ခံအားစနစ် ကို ပျက်စီးစေပါတယ် ကိုယ်ခံစွမ်းအားကို ထိခိုက်လာတဲ့အခါ ဖျားနာမှု ပိုဖြစ်လာနိုင်ပါတယ်။
ယောဂလေ့ကျင့်ခြင်း၏ တစ်စိတ် တစ်ပိုင်း အားဖြင့် ဆဲလ်များ ၏ လုပ်ဆောင်နိုင်စွမ်းကို မြှင့်တင်ပေးပြီး ကိုယ်ခံစွမ်း အား ပိုမိုကောင်းလာနိုင်ပါတယ်
ယောဂလေ့ကျင့်ခြင်းသည် ခွန်အားပိုမိုတိုးစေခြင်း ✅
လူအများစုက ယောဂကို ခန္တာကိုယ်ဆွဲလိမ် ဆွဲဆန့်ခြင်း အတွေ့များသော်လည်း ယောဂသင်တန်းအမျိုးအစားပေါ် မူတည်၍ ခွန်အားတည်ဆောက်ခြင်းကဲ့သို့သော ယောဂ အမျိူးအစားများလည်းရှိပါတယ် မိမိ Yoga Level အလိုက် သို့ လေ့ကျင့်သင်ကြား ပေးတဲ့Yoga Instructor အပေါ်လည်း မူတည်ပါတယ်
ကလေး သူငယ်များနှင့် သက်ကြီးရွယ်အို များ ယောဂလေ့ကျင့်တဲ့အခါ ကောင်းမွန် သန်မာတဲ့ ခန္တာကိုယ် ရရှိလာနိုင်ပါတယ်
ယောဂကျင့်ခြင်းက ခန္တာကိုယ်ဟန်ချက်ညီစေနိုင်ပါတယ်✅
ယောဂသင်တန်းတွင် Tree Pose တွင် ခြေထောက်တစ်ဖက်ပေါ် ရပ်တည်ရန် ကြိုးစားသည့်အခါ ဟန်ချက်ညီဖို့ ကြိုးစားဖူးကြမှာပါ tree pose လို balance pose တွေလေ့ကျင့်ခြင်းအားဖြင့် ကြမ်းပြင်မှ တစ်စုံတစ်ရာကို ကောက်ယူခြင်း၊ စင်တစ်ခုပေါ်သို့ တက်ခြင်းနှင့် လှေကားအတက်အဆင်းကဲ့သို့သော ရိုးရှင်းသော နေ့စဉ်လှုပ်ရှားမှုတွေ မှာ အများကြီး အထောက်အကူ ဖြစ်ပါတယ် ။ အသက်ကြီးလာတဲ့အခါမှာ လည်း ဟန်ချက်မပျက် မချော်လဲ အောင် injury မဝင်အောင် Yoga Balancing လေ့ကျင့်စဉ်တွေက အများကြီး အထောက်အကူဖြစ်စေပါတယ်
ယောဂသည် နှလုံးသွေးကြောဆိုင်ရာ လုပ်ငန်းဆောင်တာများကို တိုးတက်စေနိုင်သည်။✅
"ယောဂီ အသက်ရှူခြင်း" ဟု ခေါ်သော Pranayama သည် ယောဂ၏ အရေးကြီးပြီး အကျိုးရှိသော လေ့ကျင့်စဉ်တစ်ခုဖြစ်ပါတယ် ယောဂီအသက်ရှူခြင်းသည် ခန္ဓာကိုယ်အတွင်းရှိ စနစ်များစွာ၏လုပ်ဆောင်မှုကို တိုးတက်စေသည် အတိအကျအားဖြင့် နှလုံးသွေးကြောစနစ်ဖြစ်သည့် နှလုံးခုန်နှုန်း၊ နှလုံးသွေးကြောဆိုင်ရာ ဖိအားနှင့် နှလုံးကျုံ့နိုင်မှုဆိုင်ရာစနစ်များတွင် အသက်ရှုနှုန်းကို ထိန်းချုပ်ခြင်းမှ အကျိုးကျေးဇူးများစွာ ရရှိစေပါတယ်
ယောဂကျင့်ခြင်းသည် မိမိကိုယ်ကို လေးစားမှု တိုးစေပြီး ကိုယ့်ကိုယ်ကို ပိုပြီး ယုံကြည်မှုရှိလာနိုင်ပါတယ်✅
ယောဂကျင့်ခြင်းသည် အရိုးကျန်းမာရေးကို ကောမွန်စေပါတယ်✅
Yoga Asana များ သည် အရိုးပွခြင်းနှင့် ဆက်စပ်နေသော အရိုးဆုံးရှုံးမှုကိုလည်း လျှော့ချပေးပါတယ်တစ်နေ့လျှင် ယောဂကျင့်ချိန် 15 မိနစ် ပေးခြင်းဖြင့် အရိုးကျန်းမာရေးကို သိသိသာသာ မြှင့်တင်ပေးပါတယ်
THANK U FOR ALL
Credit to owner

image

လျှောက်ထားလိုသူများအတွက်
သွားကျန်းမာရေးသူနာပြုဒီပလိုမာနဲ့
သွားတုလုပ်ငန်းကျွမ်းကျင်မှုဒီပလိုမာ
၂ နှစ်သင်တန်း ဝင်ခွင့်ခေါ်စာ

#givjob

image

ကလပ်နှင့် နိုင်ငံအတွက် ၁၀ ပွဲဆက် ဂိုးသွင်းလာတဲ့ ဘက်ပေးက ဥရောပရဲ့ အကောင်းဆုံးတိုက်စစ်မှူးလား?

အောက်တိုဘာ ၁၁

ကိုင်လီယန်ဘက်ပေးဟာ အဇာဘိုင်ဂျန်ကို ၃-၀ ဂိုးဖြင့် အနိုင်ရတဲ့ပွဲမှာ ဂိုးသွင်းယူပြီးတဲ့နောက် ကလပ်နှင့် နိုင်ငံအတွက် ၁၀ ပွဲဆက်တိုက် ဂိုးသွင်းထားလာနိုင်ပါတယ်။

ရီးရဲလ်မက်ဒရစ်တိုက်စစ်သမားဟာ အဇာဘိုင်ဂျန်နှင့်ပွဲ ပထမပိုင်းရဲ့ နာကျင်အချိန်ပိုမှာ နောက်ခံလူတွေအကြား ထိုးဖောက်ပြီးနောက် ပြင်သစ်အတွက် ၅၃ ဂိုးမြောက်ဂိုးအား ညာထောင့်သို့ သွင်းယူခဲ့တာလည်း ဖြစ်ပါတယ်။

ဒီဂိုးက ဘက်ပေးအတွက် ယခုရာသီ ၁၇ ဂိုးမြောက်ဂိုးလည်း ဖြစ်ပါတယ်။ သူဟာ ပွဲတိုင်းလည်း ဂိုးသွင်းထားနိုင်ပါတယ်။

အဇာဘိုင်ဂျန်နှင့်ပွဲမှာ သူဟာ ကိုယ်တိုင် ဂိုးသွင်းယူနိုင်ခဲ့ရုံသာမက ဒုတိယပိုင်း ၆၉ မိနစ်မှာ အက်ဒရီယန်ရာဘီယော့ခေါင်းတိုက်ဂိုးသွင်းနိုင်အောင်လည်း ဖြတ်တင်ဘော ပြုလုပ် ဖန်တီးပေးခဲ့ပါသေးတယ်။

ခြေကျင်းဝတ်ဒဏ်ရာရှိနေတဲ့ ဘက်ပေးဟာ အစောပိုင်းတုန်းက ဒီပွဲမှာ ပါဝင်ကစားဖို့ မရေရာခဲ့သူပါ။ သူဟာ ပွဲပြီးဖို့ ၈ မိနစ်အလိုမှာ လူစားလဲလယှ်ခဲ့ပါတယ်။

ပြင်သစ်အသင်းခေါင်းဆောင်နေရာမှာ ၂၀၁၉ ခုနှစ်တုန်းက နောက်ဆုံးအကြိမ် နိင်ငံတကာပွဲကစားခဲ့တဲ့ နယူးကာဆယ်အလယ်တန်းကစားသမားဟောင်းဖလိုရီယန်သူဗန် ဝင်ရောက်လာပြီး မိနစ်အနည်းငယ်အကြာမှာပဲ ပြင်သစ်အတွက် တတိယဂိုးကို ဘယ်ခြေနဲ့ သွင်းယူခဲ့ပါတယ်။

ညကတော့ ကုန်ဆုံးသွားပြီ။ ဘက်ပေးနှင့် ပတ်သက်နေတဲ့ ညတစ်ည ဖြတ်သန်းခဲ့ရတာလည်း ဖြစ်ပါတယ်။

၂၀၂၃ ခုနှစ်မှာ ပြင်သစ်အသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ခံခဲ့ရတဲ့ ဘက်ပေးဟာ ယခုရာသီ ကစားသမားဘဝ အကောင်းဆုံးပုံစံ ရရှိနေပါတယ်။

ဒါပေမယ့် သူဟာ ဥရောပရဲ့ အကောင်းဆုံးတိုက်စစ်မှူးဆိုတဲ့ ဂုဏ်ပုဒ်အတွက် အာလင်းဟာလန်း၊ ဟယ်ရီကိန်းတို့နဲ့ ယှဉ်ပြိုင်နေရတုန်းပါ။

မန်စီးတီးနှင့် နော်ဝေတိုက်စစ်မှူးဟာလန်းကလည်း ယခုရာသီ ၁၁ ပွဲ ကစားထားရာမှာ ၁၈ ဂိုးအထိ သွင်းထားနိုင်သလို ဟယ်ရီကိန်းကလည်း ဘိုင်ယန်နှင့် အင်္ဂလန်အတွက် ၁၀ ပွဲကစားထားရာမှာ ၁၈ ဂိုးအထိ သွင်းထားနိုင်ပါတယ်။

ဒါ့အပြင် ယင်းကစားသမား ၂ ဦးလုံးတို့ဟာ ဘက်ပေးလိုပဲ ယခုရာသီ ကစားတဲ့ ပွဲတိုင်း သွင်းထားနိုင်ပါတယ်။

ဟာလန်းဟာ စက်တင်ဘာလတုန်းက မော်ဒိုဗာကို ၁၁-၁ ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ ၅ ဂိုးအထိ သွင်းနိုင်ခဲ့မှုနှင့်အတူ ၉ ဂိုးဖြင့် ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ ဥရောပဇုန်မှာ ဂိုးအများဆုံးသွင်းယူထားသူအဖြစ် ရပ်တည်နေစေပါတယ်။

အင်္ဂလန်အသင်းခေါင်းဆောင်ဟယ်ရီကိန်းကလည်း ဘွန်ဒက်စ်လီဂါ ၆ ပွဲမှာ ၁၁ ဂိုးအထိ သွင်းထားကာ ဂိုးသွင်းဘုရင်နေရာမှာ ပြတ်သားစွာ ဦးဆောင်ထားနိုင်ပါတယ်။

ဒါပေမယ့် ချန်ပီယံလိဂ်မှာတော့ ဘက်ပေးက ၂ ပွဲကစားထားရာမှာ ၅ ဂိုးဖြင့် ဂိုးသွင်းဘုရင်အဖြစ် ရပ်တည်နေပါတယ်။

ဟယ်ရီကိန်းက ၄ ဂိုးဖြင့် ဒုတိယနေရာမှာ ရပ်တည်နေပြီး ဟာလန်းက ၃ ဂိုးဖြင့် တတိယနေရာကနေ ကပ်လိုက်နေပါတယ်။

Credit - Playmaker Journal

#ဘောလုံးသတင်းစုံ

image

❝မြန်မာ့သားကောင်းအဆင့်မြင့်စစ်မှုထမ်းဟောင်းအိမ်ရာ(လေးထောင့်ကန်) ဝန်းအတွင်းရှိ လမ်းများကို ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ပေးသွားရန် ယာယီသမ္မတ လမ်းညွှန်မှာကြား❞

အောက်တိုဘာ ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်ရှိ မြန်မာ့သားကောင်း အဆင့်မြင့်စစ်မှုထမ်းဟောင်းအိမ်ရာ (လေးထောင့်ကန်) ဝန်းအတွင်းရှိ လမ်းများကို ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ပေးသွားရန်လိုကြောင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လမ်းညွှန်မှာကြားခဲ့သည်ဟု သိရသည်။

မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌသည် ခရီးစဉ်တွင် လိုက်ပါလာသည့် ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ အောက်တိုဘာ ၁၀ ရက် နံနက်ပိုင်းက အဆိုပါ အိမ်ရာသို့ သွားရောက်ကြည့်ရှုစစ်ဆေးစဥ် ပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါ မြန်မာ့သားကောင်းအဆင့်မြင့် စစ်မှုထမ်းဟောင်းအိမ်ရာ (လေးထောင့်ကန်)ကို ရန်ကုန်မြို့တော်ဖွံ့ဖြိုးရေးအတွက် တစ်ဖက်တစ် လမ်းမှ အထောက်အကူပြုသည့် စံပြုအိမ်ရာတစ်ခုအဖြစ် ရည်မှန်းဆောင်ရွက်နေခြင်းဖြစ်သည်ဟုလည်း ယာယီသမ္မတက ပြောကြားခဲ့သလို အိမ်ရာအတွင်းရေမြောင်းများကို ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်ရာတွင် သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ရန်နှင့် ပိတ်ဆို့မှုများမရှိစေရေး စနစ်တကျဆောင်ရွက်သွားရန်လိုကြောင်း ပြောကြားသည်။

အလားတူ အိမ်ရာအတွက် လိုအပ်သည့် စာသင်ကျောင်းနှင့် ရေ၊ မီး လိုအပ်ချက်များကိုလည်း ထပ်မံဖြည့်ဆည်း ဆောင်ရွက်ပေးသွားရမည်ဖြစ်ပြီး အိမ်ရာအတွင်းနေထိုင်သည့် စစ်မှုထမ်းဟောင်းများနှင့် မိသားစုဝင်များ၏စားရေးကို အထောက်အကူပြုစေရန်အတွက် မွေးမြူရေးလုပ်ငန်းများနှင့် စိုက်ပျိုးရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်သွားရန်လိုသလို အရိပ်ရလေကာပင်များကိုလည်း စနစ်တကျဆက်လက်စိုက်ပျိုးသွားရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်ဟု သိရသည်။ 

 ဆက်လက်၍ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယောရေး ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် မြန်မာ့သားကောင်းအဆင့်မြင့် စစ်မှုထမ်းဟောင်းအိမ်ရာ(လေးထောင့်ကန်) အနီး ဘုရင့်နောင်လမ်းနှင့် အမှတ်(၇)လမ်းထောင့်နေရာတွင် တည်ဆောက်လျက်ရှိသည့် Shopping Complex လုပ်ငန်းခွင်သို့ ရောက်ရှိကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ သည် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ သင်္ကန်းကျွန်းမြို့နယ်၊ သာကေတမြို့နယ်၊ တာမွေမြို့နယ်၊ ဗဟန်းမြို့နယ်၊ ဒဂုံမြို့နယ်၊ ကမာရွတ်မြို့နယ် တို့အတွင်း မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများအား လမ်းဘေးဝဲယာရှိ ဈေးဆိုင်များစနစ်တကျဖြင့် ရောင်းချနိုင်ရေး သတ်မှတ်စည်းကမ်းများနှင့်အညီ ကြပ်မတ်ဆောင်ရွက်သွားရန်၊ ရန်ကုန်မြို့အတွင်း ရေစီးရေလာများကောင်းမွန်စေရေးနှင့် ရေထုတ်စနစ်များ ကောင်းမွန် ဆောင်ရွက်သွားရန်၊ Green Zone များအား စနစ်တကျ ဖော်ဆောင်သွားရန်နှင့် လမ်းများအား လမ်းအင်္ဂါရပ်များနှင့်အညီ ဖြစ်စေရေး ဆောင်ရွက်သွားရန်၊ အဆောက်အဦ များအားသန့်ရှင်းသပ်ရပ် တောက်ပြောင်မှုရှိနေစေရေး ဆောင်ရွက်သွားရန်နှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်ဟု သိရသည်။

#centralnewsnaypyitaw

imageimage
+4

ကိုယ်စားလှယ်လောင်းစာရင်းများကို အောက်တိုဘာလ တတိယအပတ်တွင် ကပ်ထားကြေညာသွားမည်

အောက်တိုဘာ ၁၁

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် သက်ဆိုင်ရာမဲဆန္ဒနယ်အလိုက် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ကိုယ်စားလှယ်လောင်းစာရင်းများကို သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲများ၌ အောက်တိုဘာလ တတိယအပတ်တွင် ကပ်ထားကြေညာသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ သိရသည်။

အဆိုပါရွေးကောက်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် နိုင်ငံရေးပါတီများ၊ တသီးပုဂ္ဂလများမှ လွှတ်တော်ကိုယ်စားလှယ်လောင်းများ အမည် စာရင်း တင်သွင်းမှုများကို သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများတွင် စက်တင်ဘာ ၂၃ ရက်နေ့မှ အောက်တိုဘာ ၄ ရက်နေ့အထိ စိစစ်ဆောင်ရွက်ခဲ့သည်။

ထို့အပြင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ကိုယ်စားလှယ် လောင်းများ၏ အချက်အလက်များကို ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၈၉၊ သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲဥပဒေပုဒ်မ ၈၊ ပုဒ်မ ၁၀ တို့ပါ ပြဋ္ဌာန်းချက်များနှင့် ငြိစွန်းခြင်း ရှိ/မရှိကို စိစစ်ရန် ပြည်ထဲရေးဝန်ကြီးဌာန၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဝန်ကြီးဌာနများသို့ ပေးပို့၍ စိစစ်ဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။

#သတင်းဟင်းလေးအိုးကြီး

image
16 w - Translate

အမေရိကန်မှာ ဖောက်ခွဲရေးပစ္စည်းစက်ရုံ ပေါက်ကွဲလို့ ၁၉ ယောက်ပျောက်ဆုံး
ဝါရှင်တန်၊ အောက်တိုဘာ-၁၁-၂၀၂၅
အမေရိကန်နိုင်ငံ တင်နက်ဆီပြည်နယ်မှာ စစ်ဘက်ဆိုင်ရာ ဖောက်ခွဲရေးပစ္စည်းများ ထုတ်လုပ်ရေးစက်ရုံမှာ သောကြာနေ့က ပေါက်ကွဲမှုတခု ဖြစ်ပွားပြီးနောက် လူ ၁၉ ယောက် ပျောက်ဆုံးနေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
စက်ရုံပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် လူငါးဦးကို အနီးအနားရှိ ဆေးရုံကို ပို့ပေးထားတယ်လို့ ဟာမ်ဖရေးစ်ခရိုင် ရဲတပ်ဖွဲ့တာဝန်ရှိသူ ခရစ်‌ဒေးဗစ်က ပြောပါတယ်။ စက်ရုံကတော့ အလုံးစုံပျက်စီးသွားတယ်လို့ ဆိုပါတယ်။ ဘက်ခ်စနော့ ရှိစက်ရုံသည် ဖောက်ခွဲရေးပစ္စည်းတွေထုတ်လုပ် ကိုင်တွယ် သိုလှောင်တဲ့ နေရာတခုဖြစ်ပြီး ပေါက်ကွဲရတဲ့အကြောင်းရင်းကို မသိရသေးပါဘူး။
ဖြစ်စဉ်ကြောင့် လူဘယ်လောက်သေဆုံးလဲဆိုတာ မပြောနိုင်သေးဘူးလို့ သတင်းစာရှင်လင်းပွဲမှာ ခရစ်‌ဒေးဗစ်က ပြောပါတယ်။ ပေါက်ကွဲမှုဖြစ်ပွားချိန်ဟာ လည်ပတ်နေပြီး ဒုတိယအကြိမ်ပေါက်ကွဲမှုက ပိုပြင်းထန်ခဲ့တယ်လို့ ဆိုပါတယ်။
လူ ၁၉ ယောက် ပျောက်ဆုံးစာရင်းဝင်နေပြီး ပေါက်ကွဲမှုကြောင့် စတုရန်းမိုင်ဝက်အတွင်း အပျက်အစီးတွေ လွင့်စင်သွားခဲ့တယ်လို့ ပြောပါတယ်။ ပေါက်ကွဲမှုဟာ မတော်တဆဖြစ်ခြင်း သို့မဟုတ် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့တာ ဟုတ်မဟုတ် သတင်းစာရှင်းလင်းပွဲမှာ ဒေးဗစ်က မပြောပါဘူး။
ဒါပေမယ့် ဖြစ်စဉ်နဲ့ပတ်သက်ပြီး အသေးစိတ် စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ ပေါက်ပွဲမှုကို တုံ့ပြန်ရာမှာ ပြည်နယ်နဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေဟာ အစိုးရအေဂျင်စီတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှူး ဘီလီက ပြောပါတယ်။
မြေဧက ၁၃၀၀ ပေါ်မှာတည်ဆောက်ထားတဲ့ အဲဒီစက်ရုံဟာ စီဖိုး၊ တီအင်န်တီနဲ့ အခြားအဆင့်မြင့် စစ်ဘက်ဆိုင်ရာ ဖောက်ခွဲရေးပစ္စည်းတွေကို ထုတ်လုပ်နေတာဖြစ်ပြီး ကုမ္ပဏီမှာ လူ ၇၅ ယောက်ကို အလုပ်ခန့်ထားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

image

နာတာရှည် ခါးနာခြင်း၊ ခါးကိုက်ခြင်း၊ အရိုးကျီးပေါင်းတက်၍ အာရုံကြောညှပ်ခြင်း၊ အဆစ်အမြစ်နာကျင်ခြင်း၊ အရိုးကိုက်ခြင်း၊ ကျောက်ကပ်ရောင်ခြင်း၊ ဂေါက်ရောဂါကြောင့် နာကျင်ခြင်း စသည့် ဝေဒနာများအတွက် ဤနည်းလမ်းကို အသုံးပြုနိုင်ပါသည်။
​သောက်သုံးရန် နည်းလမ်း....
​အခြောက်လှန်းထားသော ဒန့်ဒလွန်သီး အစေ့ လက်တစ်ဆုပ်စာကို ရေတစ်လီတာဖြင့် ၁၀ မိနစ်ခန့် ပြုတ်ပါ။
​သောက်သုံးပုံ
* ​တစ်နေ့လျှင် နှစ်ကြိမ် သောက်ပေးပါ။
* ​အစာစားပြီးပြီးချင်း တစ်ကြိမ်
* ​အိပ်ရာမဝင်ခင် တစ်ကြိမ်
* ​တစ်ကြိမ်လျှင် ဖန်ခွက်တစ်ခွက်စာ သောက်ပေးပါ။
​အကျိုးကျေးဇူးများ
​ဤဆေးရည်ကို သောက်သုံးခြင်းဖြင့် ကိုယ်လက်ကိုက်ခဲခြင်း၊ ခါးနာခြင်း၊ အဆစ်အမြစ်နာခြင်းနှင့် အရိုးကိုက်ခြင်းတို့ကို သက်သာစေပါသည်။ တစ်ရက် သို့မဟုတ် နှစ်ရက်အတွင်း နာကျင်မှုများ သက်သာပျောက်ကင်းစေကြောင်း သိရပါသည်။

image
16 w - Translate

အဖြေမှန်ကိုရွေးပေးပါ။

image

၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ဒုတိယ(၁၀)ရက်ပတ်အတွက် မိုးလေ၀သနှင့်ဇလဗေဒခန့်မှန်းချက်
======================================================
ဘင်္ဂလားပင်လယ်အော်အခြေအနေ
---------------------------------------
၁။ ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း (၁) ကြိမ် ဖြစ်ပေါ်နိုင်ပါသည်။ အနောက်တောင်မုတ်သုံလေသည် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်နေ့မှ ၁၄ ရက်နေ့အတွင်း မြန်မာနိုင်ငံမြစ်ဝကျွန်းပေါ်ဒေသများမှလည်းကောင်း၊ အောက်တိုဘာလ ၁၅ ရက်နေ့မှ ၂၀ ရက်နေ့အတွင်း မြန်မာနိုင်ငံတောင်ပိုင်းဒေသများမှလည်းကောင်း ဆုတ်ခွာသွားဖွယ်ရာရှိပါသည်။ အနောက်တောင်မုတ်သုံလေသည် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် အားအနည်းငယ်ရှိနိုင်ပါသည်။
မိုးအခြေအနေနှင့် မိုးရွာရက်
---------------------------------
၂။ မိုးရွာသွန်းမှုအခြေအနေမှာ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ရွာသွန်းမြဲထက်ပိုနိုင်ပြီး မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် ရွာသွန်းမြဲအောက်လျော့နည်းနိုင်ကာ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ပါသည်။
၃။ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးအရှေ့ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ၇ ရက်မှ ၉ ရက်ခန့်နှင့် နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ၃ ရက်မှ ၆ ရက်ခန့် မိုးထစ်ချုန်းရွာနိုင်ပါသည်။
မြစ်ရေအခြေအနေ
-------------------------
၄။ ဧရာ၀တီမြစ်ရေသည် မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့၊ သပိတ်ကျင်းမြို့၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူးမြို့နှင့် မကွေးမြို့ တို့တွင် ၁ ပေမှ ၄ ပေခန့် လက်ရှိရေမှတ်များအောက် ကျဆင်းလာနိုင်ပြီး အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် ပေဝက်မှ ၁ ပေခွဲခန့် လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်ပါသည်။
၅။ ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့၊ ဟုမ္မလင်းမြို့၊ ဖောင်းပြင်မြို့၊ မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်းမြို့၊ ကနီမြို့နှင့် မုံရွာမြို့တို့တွင် ၃ ပေ မှ ၄ ပေခွဲခန့် လက်ရှိရေမှတ်များအောက် ကျဆင်းလာနိုင်ပါသည်။
၆။ မြစ်သာမြစ်ရေသည် ကလေးမြို့တွင် ပေဝက်ခန့်၊ ဒုဋ္ဌဝတီမြစ်ရေသည် သီပေါမြို့၊ ရွှေစာရံနှင့် မြစ်ငယ်မြို့တို့တွင် ပေဝက်မှ ၁ ပေခန့်၊ စစ်တောင်းမြစ်ရေသည် တောင်ငူမြို့နှင့် မဒေါက်မြို့တို့တွင် ပေဝက်မှ ၁ ပေခန့်၊ ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့တွင် ၁ ပေခန့်၊ သံလွင်မြစ်ရေသည် ဘားအံမြို့ တွင် ၁ ပေခွဲခန့်၊ သောင်ရင်းမြစ်ရေသည် မြဝတီမြို့တွင် ၁ ပေခွဲခန့်၊ ငဝန်မြစ်ရေသည် သာပေါင်းမြို့နှင့် ပုသိမ်မြို့တို့တွင် ၁ ပေခန့်စီနှင့် ဘီးလင်းမြစ်ရေသည် ဘီးလင်းမြို့တွင် ၁ ပေခွဲခန့် လက်ရှိရေမှတ်များအောက် ကျဆင်းလာနိုင်ပြီး ပဲခူးမြစ်ရေသည် ဇောင်းတူမြို့နှင့် ပဲခူးမြို့တို့တွင် ၁ ပေမှ ၁ ပေခွဲခန့်၊ ငဝန်မြစ်ရေသည် ငါးသိုင်းချောင်းမြို့တွင် ၁ ပေခန့်နှင့် တိုးမြစ်ရေသည် မအူပင်မြို့တွင် ၁ ပေခန့် လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်ပါသည်။