27 w - Translate

#ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း
◾️ထိုင်းရှိ ရေသန့်စက်ရုံတွင် လုပ်ကိုင်နေသည့် မြန်မာအမျိုးသမီးတစ်ဦး စက်ညပ်မိပြီး လက်ဖြတ်လိုက် ရသော်လည်း လျော်ကြေးမရ

ထိုင်းနိုင်ငံ ခိုလမြို့ရှိ အိုင်ဖစ်ရေသန့်စက်ရုံတွင် အလုပ်လုပ်နေ သော မြန်မာအလုပ်သမား မဝင်းဝင်းအေး သည်လုပ်ငန်းခွင်တွင် စက်ညပ်မိပြီး ညာဘက်လက် တံတောင် ဆစ်အပေါ်မှ ဖြတ် လိုက်ရသော်လည်း လျော်ကြေးမရသည့်အတွက် ကူညီမှုပေးနေကြောင်း WAG အလုပ်သမား မဟာမိတ်အဖွဲ့မှ သိရသည်။

သူမသည် ထိုစက်ရုံတွင် အလုပ်နေသည်မှာ တစ်နှစ်ကျော်ရှိပြီဖြစ်ပြီး ညာ ဘက်လက် ဆုံးရှုံးသွားသည့် အတွက် နစ်နာကြေးရရှိရန် အောက်တိုဘာ ၂၁ ရက် က WAG အဖွဲ့ထံ အကူအညီ တောင်းခဲ့ကြောင်း သိရသည်။

မဝင်းဝင်းအေးသည် ဇွန် ၂ ရက်တွင် လုပ်ငန်းခွင်အတွင်း ရေသန့် ကိုင်သည့် စက်လည်ပြီး ညာဘက် လက်နှင့်ဆံပင်များညပ်ပါသွားခဲ့ရာမှ ခိုလမြို့ရှိ မဟာလဆေးရုံတွင် ဆေးကုသမှုခံနေပြီး ညဘက် လက်တံတောင်ဆစ်အပေါ် မှဖြတ်ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

မဝင်းဝင်းအေးနည်းတူ ထိုင်း နိုင်ငံရှိ စက်ရုံအလုပ်ရုံများတွင် အလုပ်လုပ် ကိုင်နေကြသော မြန်မာနိုင်ငံသား အလုပ်သမားလေးဦးသည် လုပ်ငန်းခွင် ထိခိုက်မှုကြောင့် ခြေလက်အင်္ဂါ အချို့ဆုံးရှုံးခဲ့ပြီး ၎င်းတို့အား နစ်နာကြေးရရန် အကူအညီပေး နေကြောင်း WAG အဖွဲ့မှ သိရသည်။

image
27 w - Translate

ပိုက်ဆံ သုံးချင်တဲ့စိတ်ကို ထိန်းချုပ်ပါ
-----------------------------------
ခွန်အားကို အသုံးချပြီး
ပိုက်ဆံ ရှာမယ်ဆိုရင် ရိုးသားပါ......။
ဦးနှောက်ကို အသုံးချပြီး
ပိုက်ဆံရှာမယ်ဆိုရင် ပါးနပ်ပါ.......။
ပိုက်ဆံကို
ပိုက်ဆံနဲ့ ရှာမယ်ဆိုရင် ပြတ်သားပါ တိကျပါ....။
ဘယ်လောက်ပဲ ချမ်းသာနေပါစေ
စာဖတ်ခြင်းကို လုပ်ဆောင်ပါ.......။
ပိုက်ဆံ စုဆောင်းခြင်းက
ပိုက်ဆံရှာခြင်းထက် ပိုပြီးတော့ ခက်ခဲပါတယ်။
တစ်သိန်း စုမိဖို့ဆိုတာ ခက်ခဲပေမယ့်
တစ်သိန်း သုံးလိုက်ဖို့က အရမ်းကို လွယ်ကူပါတယ်။
ဒါကြောင့် သုံးလို့ရနေသေးတဲ့ ဖုန်းကို
မကြာမကြာ အသစ် မလဲချင်ပါနဲ့......။
အိမ်မှာ စားလို့ရတဲ့ အစားအသောက်ကို
အပြင်ထွက် မစားပါနဲ့......။
ပိုက်ဆံရှာဖို့ ခက်ခဲလာတဲ့ ခေတ်ကြီးမှာ
ချွေတာသင့်တာကို ချွေတာပါ
မသုံးသင့်တာကို မသုံးပါနဲ့......။
စုထားတဲ့ ငွေရဲ့ ကိန်းဂဏန်းတွေ
တိုးလာလေလေ သင့်ရဲ့မနက်တိုင်းဟာ
ကြည်လင်စွာ နိုးထ နိုင်လေလေပါ.....။
ဒါကြောင့် သင့်ရဲ့ ငွေသုံးချင်တဲ့ လက်ကို
အကောင်းဆုံး ထိန်းချုပ်နိုင်ခြင်းဟာ
သင့်ရဲ့ အကောင်းဆုံး အရည်အချင်းတစ်ခုပါပဲ.....။
ကြိုးစားရှာပါ။
ချွေတာ သုံးပါ။ စုဖြစ်အောင် စုပါ......။
with respect - credit

image

ဒီလိုမှ အေးတယ် ဘာမှ မဝယ်ထားတာတော့ ဘာမှ မရှင်းရ😆

image
27 w - Translate

ကမ္ဘာပေါ်တွင် ခြင်ကင်းစင်သည့် နေရာနှစ်ခုအနက်မှ တစ်ခုအဖြစ် ရပ်တည်ခဲ့သော အိုက်စလန်နိုင်ငံတွင် ယခုနှစ် နွေဦးရာသီ၌ စံချိန်တင် အပူချိန်မြင့်တက်မှုများ ကြုံတွေ့ပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ခြင်သုံးကောင်ကို တွေ့ရှိခဲ့ရသည်။
ဤတွေ့ရှိမှုသည် အံ့အားသင့်ဖွယ် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အပြောင်းအလဲတစ်ခုဖြစ်ကြောင်း AFP သတင်းဌာနက ဖော်ပြသည်။
သိပ္ပံအမည် Culiseta annulata မျိုးစိတ်ဝင် ခြင်ထီးတစ်ကောင်နှင့် ခြင်မနှစ်ကောင်ကို မြို့တော်ရေချ်ဂျာဗစ်၏ မြောက်ဘက် ကီလိုမီတာ ၃၀ ခန့်အကွာတွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။
အိုက်စလန်၏ သဘာဝပတ်ဝန်းကျင်၌ ခြင်များရှိနေကြောင်း မှတ်တမ်းတင်နိုင်ခဲ့သည့် ပထမဆုံးအကြိမ်ဖြစ်သည်။
ယခင်က လေယာဉ်များတွင် စပါကပ်များအဖြစ် တစ်ကောင်တလေ တွေ့ဖူးသော်လည်း ယခုတွေ့ရှိမှုသည် အရေးပါသည့် မှတ်တမ်းတစ်ခုဖြစ်သည်။
သိပ္ပံပညာရှင်များက ယခုတွေ့ရှိရသည့် ခြင်များသည် သင်္ဘောများ သို့မဟုတ် ကွန်တိန်နာများမှတစ်ဆင့် မကြာသေးမီကမှ ရောက်ရှိလာခြင်းဖြစ်နိုင်သည်ဟု ယူဆကြသည်။
သို့သော် ၎င်းတို့သည် အိုက်စလန်နိုင်ငံအတွင်း အမြဲတမ်း ရှင်သန်နေထိုင်နိုင်မည်လားဆိုသည်ကိုမူ နောက်ထပ် လေ့လာစောင့်ကြည့်ရန် လိုအပ်ဆဲဖြစ်သည်။
သုတေသီများက ရာသီဥတုဖောက်ပြန်မှုကြောင့် ကမ္ဘာ့မြောက်ပိုင်းဒေသများတွင် ခြင်များ အခြေချနေထိုင်ရန် ပိုမိုသင့်လျော်လာကြောင်း
Culiseta annulata ခြင်မျိုးစိတ်သည် အေးသောရာသီဥတုကို ကောင်းစွာခံနိုင်ရည်ရှိပြီး အိုက်စလန်၏ ပြင်းထန်သော ဆောင်းရာသီကိုပင် ဖြတ်ကျော်နိုင်သည်ဟု သုံးသပ်ကြသည်။
World Population Review ၏ ဖော်ပြချက်အရ ယခုတွေ့ရှိမှုမတိုင်မီက အိုက်စလန်သည် အေးခဲသော ရာသီဥတုနှင့် ခြင်များမျိုးပွားနိုင်သည့် ရေဝပ်နေရာများ မရှိခြင်းကြောင့် ကမ္ဘာပေါ်တွင် ခြင်မရှိသည့် ဒေသ နှစ်ခုအနက် တစ်ခုဖြစ်ခဲ့သည်။
ကုလသမဂ္ဂက ပြီးခဲ့သည့်နှစ်သည် ကမ္ဘာပေါ်တွင် စံချိန်တင် အပူဆုံးနှစ်ဖြစ်ခဲ့ပြီး ကမ္ဘာကြီး ပိုမိုပူနွေးလာခြင်းသည် လူသားတို့၏ လုပ်ဆောင်မှုများကြောင့်ဖြစ်သည်မှာ သံသယဖြစ်ဖွယ်မရှိကြောင်း အခိုင်အမာ ထုတ်ဖော်ပြောကြားထားသည်

image
27 w - Translate

ကြက်ငှက်တုပ်ကွေးဗိုင်းရပ်စ်ကြောင့် ကြိုးကြာငှက် ၁၀၀၀ ကျော် ‌ေ-သဆုံး
ဂျာမနီနိုင်ငံ အရှေ့မြောက်ဘက်ရှိ လီနွန်မြို့အနီးရှိ မြက်ခင်းပြင်များနှင့် ရေစပ်များတွင် အရေအတွက်မြောက်မြားစွာသော ကြိုးကြာငှက်များသေဆုံးလျက်ရှိကြောင်း၊ ABS သတင်းဌာနမှဖော်ပြထားပါတယ်။
အောက်တိုဘာ ၂၂ ရက်နေ့မှာတော့ ၎င်းအဖြစ်အပျက်က ယခင်တခါမှမဖြစ်ပျက်ခဲ့ဖူးသလို၊ ကြိုးကြာငှက်များအား အကာအကွယ်ပစ္စည်းများဖြင့် စုပုံသယ်ဆောင်ခဲ့ကာ စွန့်ပစ်ခဲ့ရကြောင်း သိရှိရပါတယ်။ တခဏအတွင်းအကောင်ရေပေါင်း ၁၀၀၀ ကျော်ခန့်
သေဆုံးခဲ့တာဖြစ်ကြောင်း ဇီဝဗေဒပညာရှင် Norbert Schneeweiss က Reuters သတင်းဌာနအား ပြောကြားခဲ့ပါတယ်။
"ကျွန်တော်တို့သုံးသပ်ချက်အရ ဒီလိုအစုံအပြုံလိုက်သေဆုံးမှုက သူတို့ရဲ့ပင်မနားခိုရာနေရာတွေကို ထိခိုက်စေပါတယ်" လို့ ပြောခဲ့ပြီး အချို့နေရာတွေမှာ ကြိုးကြာများအပြင် ငှက်များ၊ ငန်းများနဲ့ ကျီးကန်းတို့ပါ သေဆုံးလျက်ရှိပါတယ်။
တိရစ္ဆာန်ကျန်းမာရေးအား အထူးသုတေသနပြုသည့် ဂျာမန်အဖွဲ့အစည်း FLI က ဓာတ်ခွဲနမူနာအချို့အားစစ်ဆေးတဲ့အခါ ကြက်ငှက်တုပ်ကွေး ဗိုင်းရပ်စ်အမျိုးအစားခွဲအားတွေ့ရှိခဲ့ပြီး၊ ဆက်လက်စစ်ဆေးသွားမည်ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ ကြက်ဘဲမွေးမြူသူတို့ကိုလည်း တောရိုင်းငှက်များနှင့် မထိတွေ့စေရန်၊ ကြက်ဘဲများအား အထူးဂရုပြုကိုင်တွယ်မွေးမြူရန်အကြံပြုချက်များ ထုတ်ပြန်ခဲ့ပါတယ်။

imageimage

စွန်ပလွန် စိုက်ပျိုးနည်း
ရုက္ခဗေဒအမည် - Phoenix dactylifera
မျိုးရင်းအမည် - Arecsceae
မျိုးအုပ်စု - Phoenix
အင်္ဂလိပ်အမည် - Dates
မြန်မာနိုင်ငံတွင် အလေ့ကျပေါက်သီးပွင့်နေသောစွန်ပလွန်ပင်များကို နေရာအနှံ့ တွင် မြင်တွေ့နိုင်ပါသည်။ အသီးများ ကို လတ်လတ်ဆတ်ဆတ်စားကြသလို ယိုထိုးထားသော စွန်ပလွန်သီးများကို လူတော် တော်များများ ကြိုက်နှစ်သက် ကြပါသည်။
အပူပိုင်းနှင့် အပူပိုင်းသမဒေသများတွင် အလွယ်တကူစိုက်ပျိုးကြီးထွား နိုင်ပါသည်။ စွန်ပ လွန်သီးများ ကို ဒေသဈေးကွက်နှင့် နိုင်ငံတကာဈေးကွက်တို့တွင် မြင့်မားစွာ လို အပ်နေသောေ ကြာင့် စွန်ပလွန်ပင်များကို စီးပွားဖြစ်စိုက်ပျိုးသူတို့အတွက် အလွန်အောင်မြင်မှုကို ရစေပါသည်။ စွန်ပလွန်စေ့ ( Date seed ) ကို ရေစိမ်ကြိတ်ခွဲ၍ တိရစ္ဆာန်အစားအစာဖြင့် အသုံးပြုနိုင်ပါသည်။ အလှကုန်ပစ္စည်းထုတ်လုပ်သော ကုမ္ပဏီတို့ သည် စွန်ပလွန်ဆီကို အလှကုန်ပစ္စည်းများပြု လုပ်ရာတွင် သုံးစွဲကြသည်။
စွန်ပလွန်အပင် ( date tree ) သည် အမြင့် ပေ ၇၀ ထိမြင့်သည်။ ပင်စည်တစ်ခုတည်း သို့မဟုတ် ပင်စည်အများကြီးဖြင့် ကြီးထွားကြသော်လည်း ရေသောက်မြစ်တစ်ခုတည်း သာရှိသည်။ အရွက်များမှာ ၁၅-၂၀ ပေရှည်ပြီး ရိုးတံတွင်ဆူးများပါရှိသည်။ အရွက်ငယ်များသည် ၁ ပေခန့် ရှည်သည်။
စွန်ပလွန်သီး(date fruit) များသည် ဘဲဥလုံးရှည်ပုံရှိပြီး အရှည် ၁လက်မခွဲ ၂ လက်မ ၊ အချင်း ၁လက်မ ရှိသည်။ ကျောက်ခဲကဲ့သို့မာကျောသော အစေ့တစ်စေ့တည်းသာရှိပြီး အစေ့မှာ အရှည် ၁လက်မခန့် ရှိသည်။ စွန်ပလွန်သီး များ (Dates) သည် စိုက်ပျိုးသည့် မျိုးပေါ်မူတည်၍ အနီရောင်ရင့်ရင့်မှ အဝါရင့်ရင့် အရောင်များအထိရှိသည်။
အသီးများရင့်မှည့်သည့် အဆင့် (၄) ဆင့်ရှိသည်-
- အသီးနုချိန်
- အသီးကြီးချိန်
- အသီးရင့်မှည့်ကာစ
- အသီးရင့်မှည့်ချိန်
ရာသီဥတု
ရာသီဥတုလိုအပ်ချက်အနေဖြင့် နေ့တာရှည်ပြီး အပူချိန်မြင့်သော နွေရာသီ ကာလနှင့် ဆီးနှင်း မရှိသောဆောင်း အခါသည် အပင်ကြီးထွားပြီး ပန်းပွင့်ကာ အသီးသီးရန်အတွက် အကောင်း ဆုံးအနေအထားဖြစ်သည်။ ပန်းပွင့်၍ အသီးသီးချိန်တွင် စိုထိုင်းမှုအနည်းငယ်ရှိတဲ့အခြေအနေနှ င့် နေရောင်အများကြီး ရရှိရန်လိုအပ်ပြီး မိုးရွာခြင်းကို မကြိုက်နှစ်သက်ပါ။
Credit-မူရင်းpost

image
27 w - Translate

အဆင်မပြေတဲ့အခါ အလုပ်ကို
သွားဖို့ နှေးနေတဲ့ ခြေလှမ်းတွေကို
ငါပခုံးထက်မှာ မိသားစုရှိသေးတယ်ဆို
တဲ့စကားနဲ့ အားပေးနေရတယ်"
နေလို့သိပ်မကောင်းဘူးဆိုတဲ့
အကြောင်းပြချက်နဲ့ အလုပ်မသွား
ချင်တဲ့စိတ်ကို ငါကြိုးစားရမယ်ဆိုတဲ့
အတွေးနဲ့ ဖျောက်ဖျက်နေရတယ်"
ကိုယ့်ကို ချိုးနှိမ်နေတဲ့လူတွေကို
ကိုယ်ထိလက်ရောက် တုံ့ပြန်ချင်ပေမဲ့
ငါဟာ လိမ္မာယဉ်ကျေးတဲ့ လူငယ်
တစ်ယောက်ဆိုတဲ့အသိနဲ့ ဒေါသတွေ
ဖြေဖျောက်ခဲ့ရတယ်"
ငါအပါအဝင် လူဘယ်နှစ်ယောက်
လောကဓံလှိုင်း ကြမ်းကြမ်းကြားမှာ
ပြေးနေရသလဲလို့ တွေးနေမိတယ်"
ပင်ပန်းတယ်ဆိုပြီး ရပ်နေလို့မရတဲ့
ဘဝမို့ လောကဓံတွေ ကြားမှာ ကိုယ့်ကို
ကိုယ်သန်မာအောင်လုပ်ပြီး ရှေ့ဆက်
နေရဦးမှာဘဲ မဟုတ်လား".....?
မိသားစုတာဝန် ပခုံးပေါထမ်းထားတဲ့
လူသားတွေတိုင်းမှာ အခက်ခဲများစွာရှိတယ်"
ငါနောက်မှာ ငါမိသားစုရှိသေးတယ်
ဆိုတဲ့အသိနဲ့ သည်း မခံနိုင်တာတွေကို
သည်းခံခဲ့ရဘူးတယ် လိုချင်တဲ့တစ်ချို့
အရာတွေကိုလည်း မေ့ဖျောက်ခဲ့ဘူးတယ်"
ငါမိသားစုအတွက် ငါရှင်သန်ရမယ်
ဆိုတဲ့အသိနဲ့ လဲကျ လို့မရတဲ့ဘဝအခြေ
အနေမို့ ငါဟာသန်မာအောင် ကြိုးစားပြီး
ဘဝကိုရှေ့ဆက်နေရတယ်"....🏁🏃🚶

image
27 w - Translate

၁။ ခံစားချက်နှင့် စိတ်ပိုင်းဆိုင်ရာ တားမြစ်ချက်များ (Feelings & Emotions)
Don't worry. - မပူနဲ့။
Don't be afraid. - မကြောက်နဲ့။
Don't be sad. - ဝမ်းမနည်းနဲ့။
Don't be angry. - ဒေါသ မထွက်နဲ့။
Don't cry. - မငိုနဲ့။
Don't laugh. - မရယ်နဲ့။
၂။ လှုပ်ရှားမှုနှင့် သွားလာမှုဆိုင်ရာ တားမြစ်ချက်များ (Movement & Actions)
Don't go. - မသွားနဲ့။
Don't run. - မပြေးနဲ့။
Don't stop. - မရပ်နဲ့။
Don't wait. - မစောင့်နဲ့။
Don't move. - မလှုပ်နဲ့။
Don't play here. - ဒီမှာ မကစားနဲ့။
Don't drive fast. - မြန်မြန်မမောင်းနဲ့။
Don't follow me. - ငါ့နောက် မလိုက်နဲ့။
၃။ စကားပြောခြင်းနှင့် လူမှုဆက်ဆံရေး (Speech & Social Interaction)
Don't shout. - မအော်နဲ့။
Don't lie. - မညာနဲ့။
Don't cheat. - မလှည့်စားနဲ့။
Don't make noise. - ဆူဆူညံညံ မလုပ်နဲ့။
Don't disturb me. - ငါ့ကို မနှောင့်ယှက်နဲ့။
Don't ignore me. - ငါ့ကို လျစ်လျူမရှုနဲ့။
Don't ask me. - ငါ့ကို မမေးနဲ့။
Don't call me. - ငါ့ကို မခေါ်နဲ့။
Don't tell anyone. - ဘယ်သူ့ကိုမှ မပြောနဲ့။
Don't believe him. - သူ့ကို မယုံနဲ့။
၄။ အပြုအမူ၊ အကျင့်စရိုက်နှင့် အကြံဉာဏ်များ (Behavior & Advice)
Don't be lazy. - ပျင်းပျင်းနေ မနေနဲ့။
Don't be rude. - ရိုင်းရိုင်းစိုင်းစိုင်း မလုပ်နဲ့။
Don't be late. - မနှောင်းနဲ့။
Don't waste time. - အချိန်မဖြုန်းနဲ့။
Don't forget. - မမေ့နဲ့။
Don't give up. - လက်မလျှော့နဲ့။
၅။ ကိုယ်ခန္ဓာ၊ ပစ္စည်းများနှင့် ပတ်သက်သော တားမြစ်ချက်များ (Body, Objects & General Actions)
Don't sleep. - မအိပ်နဲ့။
Don't eat that. - အဲဒါ မစားနဲ့။
Don't smoke. - ဆေးလိပ်မသောက်နဲ့။
Don't touch it. - အဲဒါ မထိနဲ့။
Don't take it. - အဲဒါ မယူနဲ့။
Don't open the door. - တံခါး မဖွင့်နဲ့။
Don't close the window. - ပြတင်းပေါက် မပိတ်နဲ့။
Don't leave me. - ငါ့ကို မထားခဲ့နဲ့။

image