မြန်မာနိုင်ငံမှ နိုင်ငံရေးနဲ့ တိုင်းရင်းသားအဖွဲ့တွေ ဖိလစ်ပိုင်မှာ ဆွေးနွေးပွဲပြုလုပ်

အာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံဟာ မြန်မာနိုင်ငံမှ နိုင်ငံရေးနဲ့ တိုင်းရင်းသားအဖွဲ့တွေရဲ့ သက်ဆိုင်သူများအစည်းအဝေးကို လက်ခံကျင်းပခဲ့တယ်လို့ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးက ဇန်နဝါရီ ၂၂ ရက်မှာ ပြောပါတယ်။
တက်ရောက်လာတဲ့ အဖွဲ့တွေရဲ့ အမည်နဲ့ ဘယ်အချိန်မှာ အစည်းအဝေးကို ကျင်းပခဲ့တာတယ်ဆိုတာကိုတော့ မြန်မာ့အရေးဖြေရှင်းရေးမှာ ၂၀၂၆ ခုနှစ်အတွက် အာဆီယံအထူးသံတမန်အဖြစ် တာဝန်ယူထားတဲ့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထရီဇာလာဇာရိုက ထုတ်ဖော်ပြောကြားခြင်းမရှိပါဘူး။
“အာဆီယံ ငါးချက်သဘောတူညီချက် အကောင်အထည်ဖော်မှုအပေါ် တက်ရောက်လာသူတွေရဲ့ တက်ကြွတဲ့ ၊ အပြုသဘောဆောင်တဲ့ ၊ အဓိပ္ပာယ်ရှိတဲ့ အမြင်တွေ မျှဝေမှုကို အားပေးထောက်ခံခဲ့ပါတယ်” လို့ အာဆီယံနဲ့ မြန်မာနိုင်ငံအကြား ၂၀၂၁ ခုနှစ်မှာရရှိခဲ့တဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို ရည်ညွှန်းပြီး ထရီဇာလာဇာရိုက ပြောပါတယ်။
ဆွေးနွေးမှုတွေမှာတော့ တင်းမာမှုလျှော့ချရေး၊ အကူအညီတွေ ပေးအပ်တာတွေအတွက် လွယ်ကူချောမွေ့စေဖို့၊ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတွေကို ကိုင်တွယ်ဖြေရှင်းရေးနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေကို မြှင့်တင်ခြင်းတို့ ပါဝင်တယ်လို့ ဆိုပါတယ်။
၂၀၂၁ ခုနှစ် နိုင်ငံရေးအပြောင်းအလဲ ဖြစ်ပွားပြီးနောက် ပထမဆုံးအကြိမ် ကျင်းပတဲ့ ရွေးကောက်ပွဲကို အပိုင်း သုံးပိုင်းခွဲ ကျင်းပနေပြီး စစ်တပ်နဲ့နီးစပ်တဲ့ ပြည်ခိုင်ဖြိုးပါတီက အမတ်နေရာအများစု အနိုင်ရထားပါတယ်။
ဒီရွေးကောက်ပွဲဧာ အရပ်သားကိုယ်စားလှယ်တွေအဖြစ်ပြောင်းလဲပြီး စစ်တပ်အုပ်ချုပ်မှုကို ဆက်လက်တည်တံ့စေဖို့ အတုအယောင်အဖြစ် ဝေဖန်သူတွေက ပယ်ချခဲ့ကြပြီး အာဆီယံကလည်း စောင့်ကြည့်လေ့လာသူတွေ မစေလွှတ်ခဲ့ပါဘူး။
ဖိလစ်ပိုင်ဟာ ၂၀၂၆ ခုနှစ် အာဆီယံဥက္ကဋ္ဌဖြစ်ပြီး ပြုလုပ်ခဲ့တဲ့ နိုင်ငံရေးဆွေးနွေးပွဲဟာ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေ အလယ်ပိုင်း စီဘူးကျွန်းမှာ အစည်းအဝေးမပြုလုပ်ခင် တပတ်အလိုမှာ ကျင်းပခဲ့တာဖြစ်ပါတယ်။

image