27 w - Translate

◾️မြစ်ငယ်၌ စာသင်ခန်းအတွင်း ဓားဖြင့်ထိုးမှုဖြစ်၊ ကျောင်းသူနှစ်ဦး ကျောင်းသားတစ်ဦးဒဏ်ရာရ
မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊မြစ်ငယ်မြို့ရှိအထက်တန်းကျောင်း၌ စာသင်ခန်းအတွင်း လည်ပင်းညှစ်၍ ဓားဖြင့်ထိုးမှု (အောက်တိုဘာ ၂၂ ရက်) နေ့လယ်ပိုင်းတွင်ဖြစ်ပွားခဲ့ပြီး ကျောင်းသူနှစ်ဦး ကျောင်းသားတစ်ဦးထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း ဒေသခံများထံမှသိရသည်။
အသက် (၁၇)နှစ်အရွယ် လူငယ်တစ်ဦးသည် ၎င်း၏ညီမဖြစ်သူအား အချိုရည်ဘူးပေးမည်ဟုဆိုကာ စာသင်ကျောင်းအတွင်းဝင်ရောက်ခဲ့ပြီး Grad 11 (ဝိဇ္ဇာတွဲ) စာသင်ခန်းသို့ဝင်ရောက်ကာ စာသင်ခန်းအတွင်းရှိ ကျောင်းသူတစ်ဦးအားလည်ပင်းညှစ်၍ ဓားဖြင့်ထိုးခဲ့ခြင်းဖြစ်သည်။
"လည်ပင်းနဲ့ရင်ဘတ်ထိုးခံရတဲ့ကောင််မလေးကစိုးရိမ်ရပြီး ဘေးကဝင်တားတဲ့ သူ့သူငယ်ချင်းကောင်လေးနဲ့ကောင်မလေးလည်း ဒဏ်ရာရကြတယ်။ ထိုးတဲ့လူက ယောင်္ကျားလေးလား မိန်းကလေးလားသေချာမသိဘူး။ အမျိုးမျိုးပြောနေကြတာ။ အခုထိ မမိသေးဘူးလို့ပြောတယ်" ဟု ဒေသခံတစ်ဦးကပြောသည်
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး သွားရောက်ကူညီခဲ့သည့် မြစ်ငယ်မြို့ကြက်ခြေနီအသင်းအား စံတော်ချိန်ဒစ်ဂျစ်တယ်မှဆက်သွယ်မေးမြန်းရာ လက်ရှိအချိန်ထိ ဖုန်းဖြေဆိုနိုင်ခြင်းမရှိသေးပါ။
ပြီးခဲ့သည့် ဇွန်လ ၅ ရက်တွင်လည်း တနင်္သာရီတိုင်း၊ ကော့သောင်းမြို့ရှိ အမှတ်(၃) အခြေခံပညာ
အထက်တန်းကျောင်း၌ Grade-9 ကျောင်းသားတစ်ဦးကို အခန်းဖော် ကျောင်းသားမှ စာသင်ခန်းအတွင်းဝင်ရောက်၍ ပေါက်တူးရိုးဖြင့်ရိုက်နှက်သည့်ဖြစ်စဉ်ဖြစ်ပွားခဲ့သေးသည်။
သတင်း - အင်ကြင်း
ဓာတ်ပုံ - CJ
#ပြည်တွင်းသတင်း

image

#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
⬛အီသီယိုပီးယားတွင် ရထားတိုက်မှုကြောင့် လူ ၁၅ ဦးသေဆုံး
အီသီယိုးပီးယားနိုင်ငံ အရှေ့ ပိုင်းတွင် ရထားတိုက်မိမှုကြောင့် လူ ၁၅ ဦး သေဆုံးခဲ့ပြီး ရထားတွဲပေါ်မှ ခရီးသည်များ ခုန်ချခဲ့ကြကြောင်း တာဝန်ရှိသူများက အောက်တိုဘာ ၂၁ ရက်တွင် ပြောသည်။
အဆိုပါရထားသည် ရှီနိုင်လီ မြို့တွင် လမ်းချော်သွားခဲ့ခြင်းဖြစ်ပြီး အခြားရထားလမ်းပေါ်မှ ရထား တစ်စင်းနှင့် တိုက်မိခဲ့ကြောင်း ဒေသ တွင်းသတင်းဌာနများက ဖော်ပြထား သည်။ ခရီးသည် ၂၇ ဦးမှ ၂၉ ဦးအထိ ဒဏ်ရာရရှိခဲ့ကြောင်း သတင်းများက ဆိုသည်။
မတော်တဆ ဖြစ်ရသည့် အကြောင်းရင်းမှာ အလွန်ဟောင်း နွမ်းပြီး လေးလံသော ဝန်များကို မခံ နိုင်တော့သည့် ရထား၏ ညံ့ဖျင်းမှု ကြောင့် ဖြစ်ပြီး ဝန်ပိုတင်ဆောင်ခြင်းမှာ မတော်တဆမှုဖြစ်ပွားရခြင်း ၏ အဓိက အကြောင်းရင်းဟု တာဝန်ရှိသူများက ပြောသည်။
ရထားနှစ်စင်းစလုံးသည် ခရီးသည်နှင့် ကုန်တင်ရထားအမျိုး အစားများဖြစ်ပြီး ဒီဝီလီနှင့် ဒိုရာဒါဝါ မြို့ အကြားတွင် ခုတ်မောင်းနေစဉ် လမ်းချော် တိုက်မိခဲ့ခြင်းဖြစ်သည်။ ခရီးသည် အများစုသည် ရထားပေါ်မှ ခုန်ချခဲ့ခြင်းဖြစ်ပြီး အခင်းဖြစ်ရာ နေရာမှ သေဆုံးသူများနှင့် ဒဏ်ရာရ သူများ အားလုံးကို ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်ပြီးဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။
မတော်တဆမှု အကြောင်းရင်း ကို စုံစမ်းစစ်ဆေးမှုများလုပ်ဆောင်နေသည်။ အာဖရိက၏ ဒုတိယ လူဦးရေအများဆုံးနိုင်ငံဖြစ်သည့် အီသီယိုးပီး ယားတွင် ရထားတိုက်မှုမှာ ဖြစ်တောင့် ဖြစ်ခဲဖြစ်သည်။
ကိုးကား-ဘီဘီစီ

image

မက်ဆီနဲ့ မိုင်ယာမီ သက်တမ်းတိုးစာချုပ်သစ်ချုပ်ဆို

လီယွန်နယ်မက်ဆီဟာ အင်တာမိုင်ယာမီနဲ့ ၂၀၂၈ ခုနှစ်အထိ ဆက်လက်ရှိနေအုံးမယ် သက်တမ်းတိုးစာချုပ်သစ်မှာ တရားဝင်လက်မှတ် ရေးထိုးခဲ့ကြောင်း သိရပါတယ်။

စာချုပ်သစ်အရ လီယွန်နယ်မက်ဆီကို နောက်ထပ်သုံးနှစ်လောက် မြက်ခင်းစိမ်းတွေပေါ်မှာ မြင်တွေ့ခွင့်ရနေအုံးမှာ ဖြစ်ပါတယ်။

image

#နိုင်ငံတကာသမိုင်းရက်စွဲ
◾ဗြိတိန်လေကြောင်းလိုင်းသည် အသံထက်မြန်သော ကွန်းကော့လေယာဉ်များဖြင့် ပြေးဆွဲပျံသန်းမှုကို ၂၀၀၃ ခုနှစ် အောက်တိုဘာ ၂၄ ရက်တွင် အဆုံးသတ်ခဲ့သည်။

image

ပူတင် နှင့်တွေ့ဆုံပွဲကို ပယ်ဖျက်လိုက်ကြောင်း ထရမ့် အတည်ပြု၊ Tomahawk ဒုံးကျည် အသုံးပြုနည်းအား အခြားနိုင်ငံကို သင်ကြားပေးမည်မဟုတ်ဟု ဆို
အမေရိကန်သမ္မတ ထရမ့် က ၎င်းအနေဖြင့် အမေရိကန်-ရုရှားအကြီးအကဲများ လတ်တလောကာလ တွေ့ဆုံမှုအစီအစဉ်ကို ပယ်ဖျက်လိုက်ပြီဖြစ်ကြောင်း၊ အကြောင်းရင်းမှာ လက်ရှိတွေ့ဆုံဆွေးနွေးမှုသည် ရလဒ်များ ရရှိမည် မဟုတ်သောကြောင့်ဖြစ်သည်ဟု အောက်တိုဘာလ ၂၂ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။

၎င်းအနေဖြင့် Tomahawk ဒုံးကျည် အသုံးပြုနည်းအား အခြားနိုင်ငံကို သင်ကြားပေးမည်မဟုတ်ကြောင်းလည်း တစ်ချိန်တည်းတွင် ပြောကြားခဲ့သည်။

ထရမ့် က ၎င်းအနေဖြင့် လတ်တလောကာလအတွင်း ယူကရိန်းအရေးကိစ္စနှင့်စပ်လျဉ်း၍ ရုရှားသမ္မတ ပူတင်နှင့် ဟန်ဂေရီနိုင်ငံ ဘူဒါပတ်စ်မြို့၌ တွေ့ဆုံမည့်အစီအစဉ်ကို ဖျက်သိမ်းလိုက်ကြောင်း၊ အကြောင်းရင်းမှာ အချိန် မကျသေးသဖြင့် လက်ရှိတွေ့ဆုံဆွေးနွေးမှုသည် ရည်မှန်းချက်ကို ဖော်ဆောင်နိုင်မည်မဟုတ် သောကြောင့် ဖြစ်ကြောင်း၊ ၎င်းအနေဖြင့် ပူတင် နှင့် အနာဂတ်အချိန်တစ်ခုတွင် တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း ထိုနေ့ ညနေတွင် အိမ်ဖြူတော်၌ မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့(NATO) အထွေထွေအတွင်းရေးမှူးချုပ် Mark Rutte နှင့် တွေ့ဆုံပြီးနောက် မီဒီယာများကို ပြောကြားခဲ့သည်။

တိကျမှုမြင့်မားသော Tomahawk တာဝေးပစ် ခရုဇ်ဒုံးကျည် အသုံးပြုနည်းတတ်မြောက်ရန် အနည်းဆုံး ၆ လ ကနေ ပုံမှန်တစ်နှစ်ကြာ ပြင်းပြင်းထန်ထန် လေ့ကျင့်မှုလို အပ်ကြောင်း၊ အမေရိကန်စစ်တပ်အနေဖြင့် အဆိုပါဒုံးကျည် အသုံးပြုနည်းအား အခြားနိုင်ငံကို သင်ကြားပေးမည်မဟုတ်ကြောင်းလည်း ထရမ့် က ပြောကြားခဲ့သည်။

Mark Rutte က ၎င်းအိမ်ဖြူတော်သို့ ခရီးစဉ်လာရောက်ခြင်းသည် ရုရှား-ယူကရိန်း ပဋိပက္ခအား မည်ကဲ့သို့ အဆုံးသတ်မည်နည်းနှင့် စပ်လျဉ်း၍ ထရမ့်နှင့် ဆွေးနွေးရန်ဖြစ်ကြောင်း၊ သို့သော်လက်ရှိတွင် ဆွေးနွေးမှုစားပွဲဝိုင်း၌ ဆွေးနွေးနိုင်မည့် ငြိမ်းချမ်းရေးအစီအစဉ် မရှိသေးကြောင်း ပြောကြားခဲ့သည်။

၎င်းနှင့် ထရမ့် တို့က ရုရှားစီးပွားရေးအပေါ် ဆက်တိုက်ဖိအားပေးမှုများလုပ်ဆောင်ရန် လိုအပ်သည်ဟု တစ်ပြေးညီယူဆကြောင်း၊ ထရမ့် က ယူကရိန်းထံသို့ Tomahawk ဒုံးကျည် ပံ့ပိုးမှုပေးခြင်းမရှိသည့် သက်ဆိုင်ရာ အကြောင်းပြချက်သည် လုံးဝမှန်ကန်ကြောင်း ၎င်းက ထိုနေ့ညပိုင်း အမေရိကန် CNN သတင်းဌာန၏ အင်တာဗျူး အတွင်း ပြောကြားခဲ့သည်။ ထရမ့် နှင့် Mark Rutte တွေ့ဆုံဆွေးနွေးမှု မပြုလုပ်မီ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက ရုရှား၏ အကြီးဆုံး ရေနံကုမ္ပဏီနှစ်ခုနှင့် ၎င်း၏ကုမ္ပဏီခွဲများအား ပိတ်ဆို့အရေးယူမှု လုပ်ဆောင်ကြောင်း ကြေညာခဲ့သည်။

ယင်းနှင့်စပ်လျဉ်း၍ ထရမ့် က “ပိတ်ဆို့အရေးယူဖို့ အချိန်ကျပါပြီ။ ကျွန်တော်တို့ စောင့်လာတာ အတော်ကြာပါပြီ၊ ပိတ်ဆို့အရေးယူမှု အစီအမံသည် သိပ်မကြာရှည်ဘဲ ရုရှား-ယူကရိန်းပဋိပက္ခ ပြေငြိမ်းသွားရန် မျှော်လင့်ကြောင်း” ပြောကြားခဲ့သည်။

ထရမ့် အနေဖြင့် ဩဂုတ်လအတွင်း အမေရိကန်-ရုရှားအကြီးအကဲများ အလက်စကာပြည်နယ် တွေ့ဆုံ ဆွေးနွေးမှုပြီးနောက် ရုရှား-ယူကရိန်းဆွေးနွေးညှိနှိုင်းမှုတွင် လုံးဝတိုးတက်မှုမရှိသည်ကို စိတ်ပျက်နေကြောင်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီး Scott Bessent က အောက်တိုဘာလ ၂၂ ရက် နံနက်ပိုင်းတွင် Fox Business ရုပ်သံလွှင့်ဌာန၏ အင်တာဗျူးကို လက်ခံဖြေကြားရာ၌ ပြောကြားခဲ့သည်။ ယူကရိန်းအနေဖြင့် အမေရိကန်ထံမှ Tomahawk ဒုံးကျည်ရရှိရန် အစဉ်အမြဲမျှော်လင့် လျက်ရှိသည်။

အမေရိကန်ဘက်က ယူကရိန်းထံသို့ Tomahawk ဒုံးကျည် ပံ့ပိုးပေးမည်ဆိုပါက ဆက်ဆံရေးအခြေအနေ အဆင့်မြင့် တက်လာမှုကို ဆိုးရွားလာစေမည်ဟု ရုရှားက ကြိမ်ဖန်များစွာ သတိပေးခဲ့သည်။ ထရမ့် ကလည်း ယင်းကိစ္စနှင့် စပ်လျဉ်း၍ ဆုံးဖြတ်ချက်တစ်ခု ချပြီးပြီဟု ပြောကြားခဲ့ဖူးသော်လည်း နောက်ပိုင်းတွင် ယူကရိန်းအား Tomahawk ဒုံးကျည်ပံ့ပိုးပေးရန် ငြင်းပယ်ခဲ့သည်။

image
27 w - Translate

BREAKING: Alaska Airlines flights are grounded nationwide after the airline said it is experiencing an "IT outage affecting operations."
Read more: https://abcnews.visitlink.me/91Uubz

image
27 w - Translate

Mosquitoes have been detected in Iceland for the first time as the region warms due to climate change.
https://abcnews.go.com/Interna....tional/mosquitoes-fo

image

ကျေးဇူးပြုဖူးသူကို ဘယ်သောအခါမှ မစော်ကားပါနဲ့
---------------------------------------------------
တခါတုန်းက တောနက်ကြီးတစ်ခု အတွင်းမှာ အလွန်ကြီးမားတဲ့ သစ်ပင်ကြီး တစ်ပင်ရှိပါသတဲ့။ အဲဒီသစ်ပင်ကြီးပေါ်မှာ ကျီးကန်းလေးတစ်ကောင် နေထိုင်ပါတယ်။ အဲဒီကျီးကန်းလေးက အခြားကျီးကန်းတွေနဲ့ မတူပဲ စိတ်ကောင်းရှိပါတယ်။
တစ်နေ့တော့ ကျီးကန်းလေးဟာ အစာရှာထွက်လာရင်း တောတွင်းတစ်နေရာမှာ မကျန်းမမာလို့ ပိန်လှီသေးကွေးနေတဲ့ မြေခွေးတစ်ကောင်ကို တွေ့ပါတော့တယ်။ မြေခွေးဟာ အစာ မစားထားတဲ့အတွက် လမ်းလည်း ကောင်းကောင်း မလျှောက်နိုင်ဘူး။
ကျီးကန်းလေးက မြေခွေးကိုကြည့်ပြီး သနားသွားတာမို့ မြေခွေးရဲ့ အနားမှာ နားလိုက်တယ်... “အဆွေ မြေခွေး သင့်ကို မြင်ရတာ စိတ်မကောင်းဘူး။ သင် မကျန်းမမာဖြစ်နေတာလား....”
“ဟုတ်ပါတယ် ကျွန်ုပ် ဘာမှ မစားမသောက်ရလို့ အားအင်ချည့်နဲ့ နေတာပါ”လို့ မြေခွေးက ပြောတယ်။
“ဒီအတွက် ဘာမှစိတ်မပူပါနဲ့။ ကျွန်ုပ် အစာရှာပြီး သင့်ကို ကျွေးပါ့မယ်”...ဆိုပြီး ကျီးကန်းလေးက အစာသွားရှာတယ်။ ကျီးကန်းက သဲသောင်ပြင်ပေါ်မှာ ငါးလေးတစ်ကောင် ​ေ,သနေတာကို တွေ့တော့ ကိုက်ချီလာပြီး မြေခွေးကို ချကျွေးတယ်။
“အဆွေ မြေခွေး စားကောင်းရဲ့လား....”
“ရက်ပေါင်းများစွာ အစာမစားရတော့ သင် ရှာကျွေးတဲ့ ငါးက အဆာတောင် မပြေပါဘူး” လို့ မြေခွေးက ပြောတော့....
ကျီးကန်းလေးက အစာကို နောက်တစ်ခါ ထပ်သွားရှာတာပေါ့။ ဒီလိုနဲ့ အစာလိုက်ရှာရင်း ​ေ,သနေတဲ့ ကြွက်ကြီးတစ်ကောင်ကို မနိုင်မနင်းချီလာပြီး မြေခွေးကို ချကျွေးပါတယ်။ မြေခွေးက ကျီးကန်းလေး ရှာဖွေကျွေးတဲ့ အ​ေ,သကောင်တွေကို စားပြီး အားအင် အနည်းငယ်ပြည့်ဝလာတယ်။
ကျီးကန်းလေးက နေ့တိုင်း ဆိုသလို မြေခွေးကို အစာတွေရှာဖွေကျွေးတယ်။ အဲဒီလိုနဲ့ ကျီးကန်းလေး ရှာဖွေကျွေးတဲ့ အစာတွေကို စားပြီး အားအင် ပြည့်ဝလာတဲ့ မြေခွေးဟာ သူရဲ့ မူလယုတ်မာတဲ့ စိတ်က ပေါ်လာပါတယ်။
“နေ့တိုင်း အ​ေ,သကောင်တွေချည်းပဲ စားနေရတာ။ အခုနေများ ကျီးကန်းသား လတ်လတ်ဆတ်ဆတ်ကို စားလိုက်ရရင် အားအင်တွေ ပိုပြည့်ဝလာမှာ အမှန်ပဲ”လို့ မရိုးသားတဲ့ စိတ်တွေ ပေါ်လာပြီး......
“မိတ်ဆွေကျီး... မနေ့က သင် ရှာကျွေးတဲ့ ငါးကို စားပြီး လည်ချောင်းထဲမှာ ငါးရိုးစူးနေလို့ သင်ရဲ့ နှုတ်သီးနဲ့ ဖယ်ရှားပေးပါလား”လို့ မာယာဆင်ပြီးပြောလေတယ်ါ
ကျီးကန်းလေးက တကယ်ထင်မှတ်ပြီးမြေခွေးအနားကိုတိုးကပ်ကာ ပါးစပ်ကို ဟခိုင်းတယ်။ လည်ချောင်းထဲမှာ ဘာမှ ရှာမတွေ့တော့ ကျီးကန်းလေးက မြေခွေးရဲ့ မရိုးသားတဲ့ အကြံအစည်ကို ရိပ်စားမိသွားတယ်။
အဲ့ဒီအချိန်မှာ အကြံသမား မြေခွေးက ကျီးကန်းလေးရဲ့ လည်ပင်းကို လှမ်းကို,က်လိုက်တယ်။ မြေခွေးရဲ့ လှုပ်ရှားမှုကို သိသွားတဲ့ ကျီးကန်းလေးက ဖျတ်ခနဲ ရှောင်ပြီး ထပျံ လိုက်တယ်။
“ဟဲ့ မြေခွေး.... သင်ဟာ ဒီတစ်သက် ဘယ်တော့မှ အစာဝတော့မှာ မဟုတ်ဘူး။ ကျေးဇူးမသိတတ်ပဲ ကျေးဇူးရှင်ကို ပြစ်မှားတဲ့သူပဲ။ သင် ဒုက္ခရောက်နေလည်း သနားစရာ မလိုတော့ဘူး”လို့ ကျီးကန်းလေးက ပြောပြီး ပျံသွားပါတော့တယ်။
ဒီလိုနဲ့ ကျီးကန်းလေးဟာ ပျံသန်းလာရင်း တောတွင်းတစ်နေရာရောက်တော့ လဲနေတဲ့ လူတစ်ယောက်ကို တွေ့သွားတယ်။ တောထဲမှာမျက်စိလည် လမ်းမှားရင်း အစာမစားရလို့ လဲနေမှန်း သိလိုက်တယ်။
ကျီးကန်းလေးက လူသားကို ကြည့်ပြီး သနားမိသွား တယ်။ သူ့ကို အန္တရာယ်မပြုနိုင်ဘူးလို့လည်း ယုံကြည်မိလို့ လူသားရဲ့ ပခုံးပေါ်မှာ နားလိုက်ပါတယ်။ လူသားက လူးလွန့်ကာ ထထိုင်လိုက်တယ်။ အဲဒီနောက်ကျီးကန်းက သစ်သီးတွေ ရှာဖွေပြီး လူသားကို ကျွေးတဲ့အခါ ပြန်ပြီး အားအင်ပြည့်ဝလာတယ်။
တစ်နေ့တော့ ကျီးကန်းလေးက အစာရှာရင်း တောထဲမှာ ဓာ:းတွေ၊ လှံတွေနဲ့ လူအုပ်စုကို တွေ့တော့ တစာစာအော်ရင်း လူသားရှိရာကို မျှားခေါ်လာတယ်။ လူသားနဲ့ လူအုပ်စုတို့ တွေ့ဆုံသွားတော့တယ်။
“ဒီကျီးကန်းလေးက မင်းသားကို အစာရှာကျွေးနေတာပဲ။ ယဉ်ပါးတယ်။ မင်းသားလေးရဲ့ ကျေးဇူးရှင်ပဲ”လို့ လူအုပ်စုက ပြောလေတယ်။
ကျီးကန်းလေးက မင်းသားလေးရဲ့ ပခုံးပေါ်မှာ နားလိုက်တဲ့အခါ မင်းသားလေးက ကျီးကန်းလေးကို သူ့ရင်ဘတ်ထဲမှာ ပွေ့ချီ ထားလိုက်ပါတယ်။ ကျီးကန်းလေးဟာ မင်းသားလေးတို့နဲ့အတူရွှေနန်းတော်ကြီးဆီကို လိုက်ပါသွားလေတယ်။
မင်းသားလေးက ကျီးကန်းလေးကို သူ့ရဲ့ ကျေးဇူးရှင်အဖြစ် အသိအမှတ်ပြုကာ ဥယျာဉ်တော်ထဲမှာထားပြီး အစားအစာတွေ ကျွေးမွေးစောင့်ရှောက်ထားပါတော့တယ်။
ကျေးဇူးကန်းတဲ့ မြေခွေးကတော့ အစာမစားရလို့ အားအင်ကုန်ခန်းကာ ​ေ,သသွားရှာပါတော့တယ်။
ဒီပုံပြင်လေးက ကျေးဇူးမသိတတ်သူနဲ့ ကျေးဇူးတရားကို နားလည်ပြီး ပြန်ပြီး ကျေးဇူးဆပ်တတ်ပုံကို ဖော်ညွှန်းထားသည့် ပုံပြင်လေးတစ်ပုဒ် ဖြစ်ပါတယ်။
ရွှေသွေးဂျာနယ်
with respect - credit - KaungHtet

image
27 w - Translate

Target is eliminating 1,800 roles in a restructuring aimed to reduce “layers and overlapping work,” according to a memo seen by ABC News.
The cuts -— which break down as layoffs for 1,000 people and closing out 800 open roles — will impact managers at about 3 times the rate of other employees. Those affected will receive pay and benefits until Jan. 3, 2026, as well as severance packages and other services and support.
Read more: https://abcnews.visitlink.me/Y2L0oz

image
27 w - Translate

#ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း
◾️မြန်မာ့နိုင်ငံရေးအခြေအနေကို အာဆီယံထရွိုင်ကာဆွေးနွေးပွဲအုပ်စုဝင်နိုင်ငံများ ယနေ့ ဆွေးနွေးမည်
(၄၇)ကြိမ်မြောက် အာဆီယံထိပ်သီးညီလာခံကာလ အတွင်း အာဆီယံ၏ ထရွိုင်ကာဆွေးနွေးပွဲ အုပ်စုဝင် နိုင်ငံများက မြန်မာ့နိုင်ငံရေးအခြေအနေနှင့် ပတ်သက်၍ဆွေးနွေးမည်ဖြစ်ကြောင်းမလေးရှား နိုင်ငံခြားရေးဝန်ကြီး မိုဟမ်မက် ဟာဆန်က အောက်တိုဘာ ၂၂ ရက်တွင် ထုတ်ဖော်ပြောကြားထားသည်။
အာဆီယံ၏ မြန်မာ့နိုင်ငံရေးဆိုင်ရာ ထရွိုင်ကာဆွေးနွေးပွဲကို အောက်တိုဘာ ၂၄ ရက်တွင် ကျင်းပရန် စီစဉ်ထားကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ အဆိုအရ သိရသည်။
အာဆီယံအဖွဲ့သည် မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းနိုင်ရေးအတွကအာဆီယံ ထရွိုင်ကာ ဆွေးနွေးပွဲယန္တရားကို ၂၀၂၃ ခုနှစ်တွင် စတင်ခဲ့ပြီး ထရွိုင်ကာဆွေးနွေး ပွဲများ၌ လက်ရှိအာဆီယံ အလှည့်ကျ ဥက္ကဋ္ဌနိုင်ငံ၊ အလှည့်ကျဥက္ကဋ္ဌဟောင်း နိုင်ငံနှင့် အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူရမည့် နိုင်ငံများ ပါဝင်ခဲ့သည်။
လာမည့် အာဆီယံထိပ်သီးညီလာခံ ကာလ၌ ကျင်းပမည့် ထရွိုင်ကာ မြန်မာ့အရေး ဆွေးနွေးပွဲတွင် လက်ရှိ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ မလေးရှားနိုင်ငံ၊ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌဟောင်း အင်ဒိုနီးရှား နိုင်ငံနှင့် ၂၀၂၆ ခုနှစ် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ တာဝန်ရယူရမည့် ဖိလစ်ပိုင်နိုင်ငံတို့မှ နိုင်ငံခြားရေး ဝန်ကြီးများ ပါဝင်ကြမည်ဖြစ်သည်။
အထက်ပါ ထရွိုင်ကာ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ၌ မကြာသေးမီကမှ ပေါ်ပေါက်ခဲ့သော ဖြစ်ပေါ် ပြောင်းလဲမှုများနှင့် ပတ်သက်၍ အဓိကထား ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။
(၄၇)ကြိမ်မြောက် အာဆီယံ ထိပ်သီး ညီလာခံကို အောက်တိုဘာ ၂၆ ရက်တွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ ကျင်းပမည် ဖြစ်သည်။
ရေး-ဗျည်းနွဲ့
ကိုးကား-Bernama

image