ဖူးခတ်သို့ အလုပ်သွားလုပ်မည့် အထောက်အထားမဲ့ ဝင်လာသည့် မြန်မာနိုင်ငံသား ၁၀၀ ကျော် ဖမ်းဆီးခံရ

အောက်တိုဘာ ၁၃

ထိုင်းနိုင်ငံ ဖူးခတ်သို့ အလုပ်လုပ်ရန် တရားမဝင် ၀င်ရောက်လာကြသည့် မြန်မာနိုင်ငံသား ၁၀၇ ဦးကို ထိုင်းရဲတပ်ဖွဲ့နှင့် ပူးပေါင်းအဖွဲ့က ဖမ်းဆီးလိုက်ကြောင်း ဒေသတွင်း သတင်းများအရ သိရသည်။

အောက်တိုဘာလ ၁၁ ရက် နံနက်ပိုင်းတွင် မောင်းနှင်လာသည့် မသင်္ကာဖွယ်ရာ အလုံပိတ်ကားတစ်စီးကို ထိုင်းနိုင်ငံ ကန်ချနဘူရီမြို့၊ ခေါင်မင်ဘုန်းကြီးကျောင်းရှေ့ ၌တွေ့ခဲ့စဉ် ထိုင်းလုံခြုံရေး ရဲတပ်ဖွဲ့နှင့် ပူးပေါင်းအဖွဲ့က တားဆီးစစ်ဆေးကာ ဖမ်းဆီးလိုက်ခြင်း ဖြစ်သည်။

Watch
Homeဖူးခတ်သို့ အလုပ်သွားလုပ်မည့် အထောက်အထားမဲ့ ဝင်လာသည့် မြန်မာနိုင်ငံသား ၁၀၀ ကျော် ဖမ်းဆီးခံရ
မှုခင်း
ဖူးခတ်သို့ အလုပ်သွားလုပ်မည့် အထောက်အထားမဲ့ ဝင်လာသည့် မြန်မာနိုင်ငံသား ၁၀၀ ကျော် ဖမ်းဆီးခံရ
admin
October 12, 2025
IMG_20251012_211429_217
၁၂.၁၀.၂၀၂၅
Written By Min Thet

ထိုင်းနိုင်ငံ ဖူးခတ်သို့ အလုပ်လုပ်ရန် တရားမဝင် ၀င်ရောက်လာကြသည့် မြန်မာနိုင်ငံသား ၁၀၇ ဦးကို ထိုင်းရဲတပ်ဖွဲ့နှင့် ပူးပေါင်းအဖွဲ့က ဖမ်းဆီးလိုက်ကြောင်း ဒေသတွင်း သတင်းများအရ သိရသည်။

အောက်တိုဘာလ ၁၁ ရက် နံနက်ပိုင်းတွင် မောင်းနှင်လာသည့် မသင်္ကာဖွယ်ရာ အလုံပိတ်ကားတစ်စီးကို ထိုင်းနိုင်ငံ ကန်ချနဘူရီမြို့၊ ခေါင်မင်ဘုန်းကြီးကျောင်းရှေ့ ၌တွေ့ခဲ့စဉ် ထိုင်းလုံခြုံရေး ရဲတပ်ဖွဲ့နှင့် ပူးပေါင်းအဖွဲ့က တားဆီးစစ်ဆေးကာ ဖမ်းဆီးလိုက်ခြင်း ဖြစ်သည်။


ယင်းတို့အနေဖြင့် မြန်မာနိုင်ငံ ဘုရားသုံးဆူဘက်မှ ထိုင်းနိုင်ငံ၊ စံခလဘူရီမြို့နယ်အတွင်း ဝင်ရောက်လာခဲ့ပြီး ယင်းက တစ်ဆင့် အလုံပိတ်ကားဖြင့် လိုက်ပါလာရာမှ ကန်ချနဘူရီမြို့သို့ ရောက်ရှိလာချိန်တွင် အဖမ်းခံရခြင်း ဖြစ်သည်။

အဖမ်းခံရသူများ ထွက်ဆိုချက်အရ ၎င်းတို့အနေဖြင့် ဖူးခတ်မြို့တွင် အလုပ်သွားလုပ်မည့်သူများ ဖြစ်ကြောင်း ဝန်ခံကြသည့်အတွက် လက်ရှိတွင် စစ်ဆေးမေးမြန်းမှုများပြုလုပ်လျက် ရှိကြောင်း သိရသည်။

စစ်ဆေးပြီးပါက ထိုင်းဥပဒေအရ အရေးယူဆောင်ရွက်၍ မြန်မာနိုင်ငံသို့ အစိုးရချင်း ချိတ်ဆက်၍ ပြန်လည် ပို့ဆောင်သွားမည် ဖြစ်ကြောင်း ကန်ချနဘူရီခရိုင်အုပ်ချုပ်ရေးမှူးရုံး၏ ထုတ်ပြန်ချက်ကို ကိုးကား၍ ဒေသတွင်း သတင်းများတွင် ဖော်ပြထားသည်။

Credit - Myanmar Transprency News Agency

#centralnewsnaypyitaw

image
image
image
image
image
15 w - Translate

အွန်လိုင်းဆယ်လီ သမီးဆိုး ရန်ကုန်လေဆိပ်မှာ ဖမ်းဆီးထိန်းသိမ်းခံရ

အွန်လိုင်းဆယ်လီ သမီးဆိုး (ခ) သက်ကိုကို ကို သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ဒီကနေ့ အောက်တိုဘာ ၁၂ ရက်၊ မနက်ပိုင်းက ဖမ်းဆီး ထိန်းသိမ်းလိုက်ပြီ ဖြစ်တယ်လို့ စုံစမ်း သိရှိရပါတယ်။

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ စင်္ကာပူနိုင်ငံကို ထွက်ခွာဖို့ ပြင်ဆင်နေချိန် ဒီကနေ့ မနက် ၇ နာရီခွဲမှာ ဖမ်းဆီး ထိန်းသိမ်းခံလိုက်ရတာ ဖြစ်တယ်လို့ ဒီဖြစ်စဉ်ကို သိရှိသူတယောက်က ပြောပါတယ်။

“သူက လေယာဉ်ပေါ်ရောက်မှ ဖမ်းခံရတာ မဟုတ်ပါဘူး။ ဘိုရင်းခေါ်နေတဲ့ အချိန်မှာပဲ မိတာပါ။ လေယာဉ်ပေါ်ကို မရောက်သေးပါဘူး။ ပြီးတော့ သူက ရုပ်လည်း မဖျက်ထားပါဘူး။ ကွာတားဘောင်းဘီနဲ့ ဦးထုပ်ပဲ ဆောင်းထားတာ။ လက်ရှိကတော့ မင်္ဂလာဒုံရဲစခန်းမှာ ထိန်းသိမ်းခံထားရပါတယ်။ အမှု အခြေအနေကိုတော့ မသိရသေးပါဘူး” လို့ သူက ပြောပါတယ်။

သမီးဆိုး (ခ) သက်ကိုကိုဟာ နာမည်ကျော် အနုပညာရှင်တွေရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ အတွင်းရေးတွေကို လူမှုကွန်ရက်မှာ ဝေဖန် ပြောဆိုခဲ့ရာက လူသိများလာသူ ဖြစ်ပါတယ်။

လက်ရှိ ထွက်ပေါ်နေတဲ့ သတင်းတွေအရ သမီးဆိုး (ခ) သက်ကိုကို ဆိုသူ အမျိုးသမီးကို တိုင်ကြားခဲ့သူမှာ ဒေါ်အေသင်ကို ဆိုသူ အမျိုးသမီး ဖြစ်တယ်လို့ သိရပြီး အောက်တိုဘာ ၆ ရက်နေ့က ပြင်ဦးလွင် မြို့မရဲစခန်းမှာ (ပ)၂၁၅/၂၀၂၅၊ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ အမှုဖွင့် တိုင်ကြားထားတာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါအပြင် ဒေါ်အေသင်ကိုရဲ့ လူမှုကွန်ရက် စာမျက်နှာမှာလည်း “၅-၁၀-၂၀၂၅ နေ့တွင် မြန်မာနိုင်ငံ တည်ဆဲ ဥပဒေနှင့်အညီ တရားဝင် အမှုတစ်ခု ဖွင့်ခဲ့ပြီး လုပ်ငန်းစဉ် အားလုံးကို ဥပဒေနှင့်အညီ တရားဝင်သာ အဆင့်ဆင့် လုပ်ဆောင်ထားသည့် အတွက် သက်ဆိုင်သည့် ဌာနများမှ ဥပဒေနှင့်အညီ ကူညီဆောင်ရွက်ပေးသည့် သက်ဆိုင်ရာဌာန အားလုံးအား ကျေးဇူးတင်ပါတယ်ရှင်” လို့ ရေးသားထားတာ တွေ့ရပါတယ်။

ဒါနဲ့ ပတ်သက်လို့ ဒေါ်အေသင်ကိုက ရှေ့နေနဲ့တကွ အများသိစေရန် ကြေညာထားတဲ့ ကြေညာချက် တစောင်မှာပါရှိတဲ့ ဖုန်းနံပါတ်တွေကို VOM က ဆက်သွယ်ကြည့်ရာမှာတော့ ဒေါ်အေသင်ကို ခရီးသွားနေပါတယ်လို့ သူမရဲ့ ဝန်ထမ်းအမျိုးသမီး တယောက်က ပြန်လည် ဖြေကြားခဲ့ပါတယ်။

သမီးဆိုး (ခ) သက်ကိုကိုဟာ အမေရိကန်နိုင်ငံမှာ နေထိုင်သူဖြစ်ပြီး ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း မြန်မာနိုင်ငံကို ရောက်ရှိနေရာမှ ဒေါ်အေသင်ကိုက လူမှုကွန်ရက်ပေါ်မှာ သမီးဆိုး (ခ) သက်ကိုကိုက သူမ မိသားစုအပေါ် ပြောဆိုခဲ့တာ တွေအတွက် တွေ့ဆုံ ဖြေရှင်းဖို့ ပြောကြားခဲ့တာ တွေ့ရပါတယ်။

အဲဒီလို အမှုဖွင့်လိုက်ပြီး နောက်ပိုင်း ပြည်ပကို ပြန်လည် ထွက်ခွာဖို့ ရန်ကုန်လေဆိပ်ကို ရောက်လာချိန်မှာ ထိန်းသိမ်းလိုက်ရတာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက လက်ရှိအချိန်အထိ တစုံတရာ သတင်း ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။

image

အောက်တိုဘာ ၁၃ ရက်နေ့ စက်သုံးဆီစျေးနှုန်းများ

#centralnewsnaypyitaw

image

အောက်တိုဘာ ၁၃ ရက်နေ့ စက်သုံးဆီစျေးနှုန်းများ

#သတင်းဟင်းလေးအိုးကြီး

image

ပရိသတ်အကြိုက်တွေ့နေတဲ့ အဒမ်ဝါတွန်ကို ပေါင်သန်း ၆၀ ဖြင့် ခေါ်ယူရန် ယူနိုက်တက် ပစ်မှတ်ထားနေ

အောက်တိုဘာ ၁၃

ယူနိုက်တက်ဟာ လာမယ့်နှစ် နွေရာသီ အပြောင်းအရွှေ့ဈေးကွက်တွင် အဒမ်ဝါတွန်အား ပေါင်သန်း ၆၀ ဖြင့် ကမ်းလှမ်းရန် စီစဉ်နေကြောင်း သိရပါတယ်။

ပဲလေ့စ်ကွင်းလယ်ကစားသမားဟာ ယခု ၂၀၂၅ ခုနှစ်တွင် ပဲလေ့စ်ရဲ့ ကွင်းလယ်အင်ဂျင်အဖြစ် အဓိကနေရာမှ ခြေစွမ်းပြကစားနေသူ ဖြစ်ပြီး အက်ဖ်အေဖလားနှင့် ကွန်မြူနတီဒိုင်းတို့ ဆွတ်ခူးနိုင်အောင် ကူညီထားပါတယ်။

အသက် ၂၁ နှစ်ရှိ ဝါတွန်ဟာ ၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် ဘလက်ဘန်းမှ ပေါင် ၂၂ သန်းဖြင့် ပြောင်းလာပြီးနောက် ချက်ချင်းဆိုသလို ပရီးမီးယားလိဂ်မှာ ခြေစွမ်းပြနေတာဖြစ်ပြီး ပရီးမီးယားလိဂ်ရဲ့အလားအလာအကောင်းဆုံးကွင်းလယ်ကစားသမားများထဲမှ တစ်ဦးအဖြစ် ရပ်တည်နေပါတယ်။

Daily Star က ယူနိုက်တက်နည်းပြရူဘင်အမိုရမ်ဟာ အဒမ်ဝါတွန်ရဲ့ တိုးတက်မှုကို အချိန်ပြည့်စောင့်ကြည့်နေပြီး လာမယ့် နှစ် နွေရာသီမှာ ထွက်ခွာလာဖို့ ရှိနေတဲ့ ကက်စ်မီရိုနှင့် ကိုဘီမိုင်နူးနေရာမှာ အစားထိုးရန် စီစဉ်ထားပါတယ်။

ဝါတွန်ဟာ ပဲလေ့စ်သို့ ရောက်လာပြီးနောက် ၅၃ ပွဲကစားရာတွင် ၆ ကြိမ် ဖန်တီးထားပါတယ်။

ယူနိုက်တက်ပရိသတ်များဟ မကြာသေးမီတုန်းက ယခုရာသီ ပရီးမီးယားလိဂ်ရာသီအတွင်း လိမ်ခေါက်မှု အားလုံး အောင်မြင်တဲ့ အဒမ်ဝါတွန်ရဲ့ မှတ်တမ်း ထွက်ပေါ်လာပြီးနောက် ချက်ချင်းပင် ကလပ်အား ခေါ်ယူရန် တောင်းဆိုခဲ့ကြဖူးပါတယ်။

အင်္ဂလန်အတွက် တစ်ပွဲကစားထားတဲ့ ဝါတွန်ဟာ ပဲလေ့စ်နှင့်အတူ ခြေစွမ်းပြကစားနေပေမယ့်လည်း အင်္ဂလန်လူစာရင်းတွင် ချန်လှပ်ခြင်းခံထားရပါတယ်။

Credit - Playmaker Journal

#ဘောလုံးသတင်းစုံ

image

ပြင်သစ်အသင်းမှ ကိုနာတေး နုတ်ထွက်ရမှုနှင့်အတူ ကြီးမားတဲ့ ထိုးနှက်ချက် ကြုံလာရတဲ့ လီဗာပူး

အောက်တိုဘာ ၁၂

ပရီးမီးယားလိဂ်ချန်ပီယံ လီဗာပူးဟာ ပြင်သစ်လက်ရွေးစင်အသင်းမှ အီဘရာဟမ်ကိုနာတေး နုတ်ထွက်ရမှုနှင့်အတူ ကြီးမားတဲ့ ထိုးနှက်ချက် ကြုံလာရပါတယ်။

ကိုနာတေးဟာ ပြီးခဲ့တဲ့အပတ်တုန်းက ချဲလ်ဆီးအား ၂-၁ ဂိုးဖြင့် ရှုံးနိမ့်တဲ့ပွဲစဉ်တွင် ဒဏ်ရာရရှိကာ ပွဲချိန် ၅၆ မိနစ်မှာ လူစားလဲခဲ့ရပေမယ့်လည်း ပြင်သစ်အသင်းမှာ ရွေးချယ်ခြင်းခံခဲ့ရပါတယ်။

သူဟာ အဇာဘိုင်ဂျန်အား အနိုင်ရတဲ့ပွဲမှာ ပြင်သစ်အသင်းအရန်ခုံမှာ ထိုင်နေခဲ့ရပါတယ်။

ဒါပေမယ့် သူဟာ ဒဏ်ရာအခြေအနေ တိုးတက်လာခြင်း မရှိမှုနှင့်အတူ အိမ်ပြန်ပို့ခံလာရပြီလည်း ဖြစ်ပါတယ်။ သူဟာ လာမယ့်အပတ်တွင် အိုက်စလန်အား အဝေးကွင်းသို့ သွားရောက် ရင်ဆိုင်ရမယ့်ပွဲစဉ်တွင် ပါဝင်လာမှာ မဟုတ်ပါဘူး။

လီဗာပူးဟာ ချဲလ်ဆီးနှင့်ပွဲ ဒုတိယပိုင်းတွင် လူစားလဲလှယ်ခံရပြီးနောက် ဥမင်လှိုဏ်ခေါင်းသို့ တန်းဆင်းသွားခဲ့တဲ့ ကိုနာတေးအခြေအနေအပေါ် အစောပိုင်းကတည်းက စိုးရိမ်နေခဲ့တာပါ။

လီဗာပူးဟာ ဂျီယိုဗန်နီလီယွန်နီ ကာလရှည်ကြာ အနားယူရမှုနှင့်အတူ ခံစစ်ပြဿနာကြုံနေရပါတယ်။

ကိုနာတေးဟာ ပြင်သစ်အသင်းမှ နုတ်ထွက်ကာ လီဗာပူးနှင့် စောစောစီးစီး ပူးပေါင်းလာပေမယ့်လည်း နိုင်ငံတကာပွဲများအပြီး ခါးသီးတဲ့ ပြိုင်ဘက် ယူနိုက်တက်နှင့်ပွဲမှာ ပါဝင်လာနိုင်မလားဆိုတာ အတိအကျ မသိရသေးပါဘူး။

#ဘောလုံးသတင်းစုံ

image

မီးအားမြှင့်စက်အသုံးပြုရာမှ စက်ချို့ယွင်း၍ မြင့်မိုရ်ဧည့်ရိပ်သာ မီးလောင်မှုဖြစ်ပွား

အောက်တိုဘာ ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ စော်ဘွားကြီးကုန်းရပ်ကွက်၊ လမ်းသစ်လမ်းရှိ မြင််မိုရ်တည်းခိုခန်းတွင် အောက်တိုဘာလ ၁၁ ရက် ည ၇ နာရီ မိနစ်၂၀ ခန့်ကမီးလောင်မှုဖြစ်ပွားခဲ့ရာ ဘုရားခန်းအတွင်း မီးအားမြှင့်စက် အသုံးပြုရာမှ စက်ချို့ယွင်း၍ Overload​ ဖြစ်ကာ မီးပွားထွက်၍ အနီးရှိ အဝတ်အထည်များပေါ်သို့ မီးကူးစက်ရာမှ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မီးလောင်မှုကြောင့် အလျား ၂၆ ပေ၊ အနံ ၂၀၆ ပေရှိ သွပ်မိုး၊ အုတ်ညှပ် သုံးထပ်တည်းခိုခန်းရှိ ဒုတိယထပ်နှင့်တတိယထပ်မှ အခန်း ၉ ခန်းနှင့် အတွင်းပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

မိနစ် ၅၀ ကျော်ကြာလောင်ကျွမ်းခဲ့သော မီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် ၁၇ စီး၊ ရေသယ်ယာဥ် ၈ စီး၊ အထောက်အကူပြုယာဥ် ၂ စီး၊ ကွပ်ကဲမှုယာဥ် ၁ စီးနှင့် သန္ဓေ အရန်မီးသတ်တပ်ဖွဲ့ဝင် ၂၀၀ ခန့်ဖြင့် ငြှိမ်းသတ်ခဲ့ရာ ည ၈ နာရီ ၁၁ မိနစ်ခန့်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။

တည်းခိုခန်းမီးလောင်မှုကြောင့် အသက် ၃၆ နှစ်အရွယ် မန်နေဂျာအမျိုးသားကို ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အင်းစိန်မြို့မရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

Credit - MT News Agency

#centralnewsnaypyitaw

imageimage
+6

အွန်လိုင်းဆယ်လီ သမီးဆိုး ရန်ကုန်လေဆိပ်မှာ ဖမ်းဆီးထိန်းသိမ်းခံရ

အောက်တိုဘာ ၁၂ - ၂၀၂၅
SS (VOM)

အွန်လိုင်းဆယ်လီ သမီးဆိုး (ခ) သက်ကိုကို ကို သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ဒီကနေ့ အောက်တိုဘာ ၁၂ ရက်၊ မနက်ပိုင်းက ဖမ်းဆီး ထိန်းသိမ်းလိုက်ပြီ ဖြစ်တယ်လို့ စုံစမ်း သိရှိရပါတယ်။

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ စင်္ကာပူနိုင်ငံကို ထွက်ခွာဖို့ ပြင်ဆင်နေချိန် ဒီကနေ့ မနက် ၇ နာရီခွဲမှာ ဖမ်းဆီး ထိန်းသိမ်းခံလိုက်ရတာ ဖြစ်တယ်လို့ ဒီဖြစ်စဉ်ကို သိရှိသူတယောက်က ပြောပါတယ်။

“သူက လေယာဉ်ပေါ်ရောက်မှ ဖမ်းခံရတာ မဟုတ်ပါဘူး။ ဘိုရင်းခေါ်နေတဲ့ အချိန်မှာပဲ မိတာပါ။ လေယာဉ်ပေါ်ကို မရောက်သေးပါဘူး။ ပြီးတော့ သူက ရုပ်လည်း မဖျက်ထားပါဘူး။ ကွာတားဘောင်းဘီနဲ့ ဦးထုပ်ပဲ ဆောင်းထားတာ။ လက်ရှိကတော့ မင်္ဂလာဒုံရဲစခန်းမှာ ထိန်းသိမ်းခံထားရပါတယ်။ အမှု အခြေအနေကိုတော့ မသိရသေးပါဘူး” လို့ သူက ပြောပါတယ်။

သမီးဆိုး (ခ) သက်ကိုကိုဟာ နာမည်ကျော် အနုပညာရှင်တွေရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ အတွင်းရေးတွေကို လူမှုကွန်ရက်မှာ ဝေဖန် ပြောဆိုခဲ့ရာက လူသိများလာသူ ဖြစ်ပါတယ်။

လက်ရှိ ထွက်ပေါ်နေတဲ့ သတင်းတွေအရ သမီးဆိုး (ခ) သက်ကိုကို ဆိုသူ အမျိုးသမီးကို တိုင်ကြားခဲ့သူမှာ ဒေါ်အေသင်ကို ဆိုသူ အမျိုးသမီး ဖြစ်တယ်လို့ သိရပြီး အောက်တိုဘာ ၆ ရက်နေ့က ပြင်ဦးလွင် မြို့မရဲစခန်းမှာ (ပ)၂၁၅/၂၀၂၅၊ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ အမှုဖွင့် တိုင်ကြားထားတာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါအပြင် ဒေါ်အေသင်ကိုရဲ့ လူမှုကွန်ရက် စာမျက်နှာမှာလည်း “၅-၁၀-၂၀၂၅ နေ့တွင် မြန်မာနိုင်ငံ တည်ဆဲ ဥပဒေနှင့်အညီ တရားဝင် အမှုတစ်ခု ဖွင့်ခဲ့ပြီး လုပ်ငန်းစဉ် အားလုံးကို ဥပဒေနှင့်အညီ တရားဝင်သာ အဆင့်ဆင့် လုပ်ဆောင်ထားသည့် အတွက် သက်ဆိုင်သည့် ဌာနများမှ ဥပဒေနှင့်အညီ ကူညီဆောင်ရွက်ပေးသည့် သက်ဆိုင်ရာဌာန အားလုံးအား ကျေးဇူးတင်ပါတယ်ရှင်” လို့ ရေးသားထားတာ တွေ့ရပါတယ်။

ဒါနဲ့ ပတ်သက်လို့ ဒေါ်အေသင်ကိုက ရှေ့နေနဲ့တကွ အများသိစေရန် ကြေညာထားတဲ့ ကြေညာချက် တစောင်မှာပါရှိတဲ့ ဖုန်းနံပါတ်တွေကို VOM က ဆက်သွယ်ကြည့်ရာမှာတော့ ဒေါ်အေသင်ကို ခရီးသွားနေပါတယ်လို့ သူမရဲ့ ဝန်ထမ်းအမျိုးသမီး တယောက်က ပြန်လည် ဖြေကြားခဲ့ပါတယ်။

သမီးဆိုး (ခ) သက်ကိုကိုဟာ အမေရိကန်နိုင်ငံမှာ နေထိုင်သူဖြစ်ပြီး ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း မြန်မာနိုင်ငံကို ရောက်ရှိနေရာမှ ဒေါ်အေသင်ကိုက လူမှုကွန်ရက်ပေါ်မှာ သမီးဆိုး (ခ) သက်ကိုကိုက သူမ မိသားစုအပေါ် ပြောဆိုခဲ့တာ တွေအတွက် တွေ့ဆုံ ဖြေရှင်းဖို့ ပြောကြားခဲ့တာ တွေ့ရပါတယ်။

အဲဒီလို အမှုဖွင့်လိုက်ပြီး နောက်ပိုင်း ပြည်ပကို ပြန်လည် ထွက်ခွာဖို့ ရန်ကုန်လေဆိပ်ကို ရောက်လာချိန်မှာ ထိန်းသိမ်းလိုက်ရတာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက လက်ရှိအချိန်အထိ တစုံတရာ သတင်း ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။

Photo - Shwe Thet (F

Credit - Voice of Myanmar

#သတင်းဟင်းလေးအိုးကြီး

image

ရီးရဲလ်မက်ဒရစ်ရဲ့ ၂၀၂၆ ပြက္ခဒိန်တွင် ဘယ်လင်ဂမ်နှင့် အလက်ဇန္ဒားအာနိုးတို့ ချန်လှပ်ခံရ

အောက်တိုဘာ ၁၂

အင်္ဂလန်စတားများဖြစ်ကြတဲ့ ဂျူ့ဘယ်လင်ဂမ်နှင့် ထရန်းအလက်ဇန္ဒားအာနိုးတို့ဟာ ရီးရဲလ်မက်ဒရစ်ရဲ့ ၂၀၂၆ ခုနှစ်အတွက် ပြက္ခဒိန်ထုတ်လုပ်ရောင်းချတွင် ပါဝင်ခွင့် မရရှိလာကြပါဘူး။

ရီးရဲလ်မက်ဒရစ်ဟာ ၂၀၂၆ ခုနှစ်အတွက် ထုတ်လုပ်ထားတဲ့ ပြက္ခဒိန်ဓာတ်ပုံတွင် ထရန်းအလက်ဇန္ဒားအာနိုးနှင့် ဂျူ့ဘယ်လင်ဂမ်တို့ကို ချန်လှပ်ပြီး အာဒါဂူလာ၊ ဒိန်းဟူဆင်၊ ကိုင်လီယန်ဘက်ပေး၊ ဗီနီရှပ်စ်ဂျူနီယာ၊ ဗယ်ဗာဒီ၊ ကော့တွိုက်စ်တို့ ၆ ဦးကိုသာ ထည့်သွင်းထားပါတယ်။

ဒါ့အပြင် ရီးရဲလ်မက်ဒရစ်ရဲ့ စီနီယာကစားသမားများဖြစ်ကြတဲ့ အသင်းခေါင်းဆောင်ဒါနီကာဗာဂျယ်၊ အီဒါမီလီတာအိုနှင့် အန်တိုနီယိုရူဒီဂါတို့လည်း ၂၀၂၆ ခုနှစ် ပြက္ခဒိန်တွင် ပါဝင်ခွင့် မရရှိကြပါဘူး။

ဘယ်လင်ဂမ်ဟာ ၂၀၂၆ ခုနှစ် ပြက္ခဒိန်ဓာတ်ပုံတွင် ချန်လှပ်ခံခဲ့ရပေမယ့်လည်း ၂၀၂၅ ခုနှစ် ပြက္ခဒိန်မှာတော့ ပါဝင်ခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ ၂၀၂၆ ခုနှစ် ပြက္ခဒိန်အား ပေါင် ၁၀.၉၉ ဖြင့် ရောင်းချနေပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ ရုပ်ပုံလွှာအသုံးခနှင့်ပတ်သက်ပြီး သဘောတူညီမှု မရရှိမှုနှင့်အတူ ဘယ်လင်ဂမ်နှင့် ထရန်းအလက်ဇန္ဒားအာနိုးတို့ကို ချန်လှပ်ခဲ့သလားဆိုတာ အတိအကျ မသိရပါဘူး။

#ဘောလုံးသတင်းစုံ

image