ပြည်ခိုင်ဖြိုးပါတီက ဝင်ပြိုင်တဲ့ ရှမ်းပြည်နယ် ဝန်ကြီးချုပ်ကို ပအိုဝ်းပါတီ အနိုင်ရ

ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဝင်ရောက်ယှဉ်ပြိုင်တဲ့ တောင်ကြီးမြို့ ပြည်သူ့ လွှတ်တော် မဲဆန္ဒနယ်နေရာကို ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီက အပြတ် အသတ် အနိုင်ရသွားပါတယ်။
ရွေးကောက်ပွဲ ကျင်းပပြီး နောက်ရက်မှာ ထွက်ပေါ်လာတဲ့မဲ ရလဒ်တွေအရ ပြည်ခိုင်ဖြိုးပါတီက ဝင်ပြိုင်တဲ့ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်အောင် က မဲရလဒ် (၅၂၃၈၄) မဲရခဲ့ပြီး ပအိုဝ်းအမျိုးသားပါတီက မဲရလဒ် (၆၈၁၀၆) မဲနဲ့ အနိုင်ရသွားတာ ဖြစ်ပါတယ်။
ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ ဝင်ပြိုင်တဲ့ ဟိုပုံး၊ လွိုင်လင်၊ တောင်ကြီးမြို့တွေမှာ ပြည်သူ့လွှတ်တော်နဲ့ ပြည်နယ်လွှတ်တော်တွေမှာ အနိုင်ရထားတယ်လို့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီတာဝန်ရှိသူ စောခွန်ကျော်ဝင်းက ပြောပါ တယ်။
လင်းခေးမြို့နယ်မှာတော့ ကျားဖြူပါတီက တစ်နေရာ အနိုင်ရခဲ့ပါတယ်။
ရွေးကောက်ပွဲ အပိုင်း (၁) အတွင်း ပါဝင်တဲ့ ရှမ်းပြည်နယ်အတွင်းက မြို့နယ် ၁၂ ခုထဲက သုံးခုမှာ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီက အနိုင်ရခဲ့ပြီး ကျန်မြို့နယ်တွေမှာ ပြည်ခိုင်ဖြိုးပါတီက အနိုင်ရထားပါတယ်။

ဂျာမနီရှိ ဘဏ်တစ်ခုကို ဟောလိဝုဒ်ရုပ်ရှင်ကားဆန်ဆန် ဖောက်ထွင်းပြီး ဒေါ်လာ ၃၅ သန်းခိုးယူ

အနောက်ဂျာမနီရှိ အဓိကလမ်းမကြီးပေါ်ရှိ ဘဏ်ခွဲတခုကနေ ငွေသားနဲ့ အဖိုးတန်ပစ္စည်းတွေို့ ဖောက်ထွင်းဝင်ရယူဖို့အတွက် လူတစုဟာ ကြီးမားတဲ့ မြေတူးစက်တခုကို အသုံးပြုခဲ့ပြီး ခန့်မှန်းခြေအားဖြင့် ဒေါ်လာ ၃၅ သန်း တန်ဖိုးရှိ ငွေသားနဲ့ အဖိုးတန်ပစ္စည်းတွေကို ခိုးယူသွားကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။
ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူတယောက်ကတော့ ဒီလိုဖောက်ထွင်းဝင်ရောက်မှုကို ဟောလိဝုဒ်ဇာတ်ကား Ocean's Eleven နဲ့ နှိုင်းယှဉ်ခဲ့ပြီး အလွန်ပရော်ဖက်ရှင်နယ်ကျကျ လုပ်ဆောင်ခဲ့ကြတယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ ပြစ်မှုကျူးလွန်သူတွေကို ဖမ်းဆီးရမိခြင်းမရှိသေးပါဘူး။
ဂျယ်လ်ဆန်ကီယာချန်မြို့ရှိ Sparkasse ငွေစုဘဏ်မှာ သူခိုးတွေဟာ ငွေ၊ ရွှေနဲ့ လက်ဝတ်ရတနာတွေပါရှိတဲ့ သေတ္တာ ၃၀၀၀ ကျော်ကို ဖောက်ထွင်းဝင်ရောက် ရယူခဲ့ကြပါတယ်။ တနင်္လာနေ့နံနက်အစောပိုင်းမှာ မီးအချက်ပေးသံ မြည်ပြီးနောက် ဂျယ်လ်ဆန်ကီယာချန်ရဲတပ်ဖွဲ့က ရာဇဝတ်မှုကို သိရှိခဲ့ကြောင်း ပြောပါတယ်။
ကနဦးစုံစမ်းစစ်ဆေးမှုတွေအရ ဖောက်ထွင်းသူတွေဟာ ဘဏ်ထဲသို့ ဝင်ရောက်နိုင်ခဲ့ပြီး အနီးနားရှိ ကားပါကင်တခုမှ တဆင့် ထွက်ပြေးသွားခဲ့တယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။ မျက်မြင်သက်သေတွေရဲ့ အဆိုအရ အဲဒီနေ့ညမှာ ကားဂိုဒေါင်ရဲ့ လှေကားမှာ အိတ်ကြီးတွေကို သယ်ဆောင်လာတဲ့ အမျိုးသားများစွာကို မြင်တွေ့ခဲ့ရတယ်လို့ ပြောပါတယ်။
ဗီဒီယိုမှတ်တမ်းတွေအရ တနင်္လာနေ့နံနက်အစောပိုင်းတွင် De-La-Chevallerie-Strasse လမ်းရှိ ကားဂိုဒေါင်မှ အနက်ရောင် Audi RS 6 ကားတစီး ထွက်ခွာသွားတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတာ်. တနင်္လာနေ့အစောပိုင်းမှာ မီးအချက်ပေးသံ မြည်လာချိန်မှာတော့ မြေအောက်ခန်းရှိ အပေါက်ကို တွေ့ရှိခဲ့တာပါ။
ဘဏ်ဖောက်တွေကတော့ Sparkasse ဘဏ်ရဲ့ hotline ကို ဆက်သွယ်ဖို့ ကြိုးစားနေကြပြီး ဖောက်သည်အများအပြားဟာ ဘဏ်အပြင်ဘက်မှာ သတင်းအချက်အလက်တွေရဖို့ အင်္ဂါနေ့က စောင့်ဆိုင်းနေခဲ့ကြပြီး ရဲတပ်ဖွဲ့က ဘဏ်ဝင်ပေါက်ကို ပိတ်ဆို့ထားပါတယ်။
"မနေ့ညက ကျွန်တော် အိပ်မပျော်ဘူး။ ဘာသတင်းအချက်အလက်မှ မရခဲ့ဘူး" လို့ ဖေက်သည်အမျိုးသားတယောက်က ဆိုပါတယ်။ ဘဏ်ခွဲမှာအပ်နှံထားမှုတွေထဲ သက်ကြီးရွယ်အိုတွေအတွက် ငွေစုငွေချေးတွေလည်း ပါဝင်တယ်လို့ သူက ပြောပါတယ်။

ရန်ကုန်မြို့ရှိ မြန်မာပလာဇာကားပါကင်တွင် သြဂုတ်လအတွင်းက အမျိုးသမီးတစ်ဦးကို ဓားဖြင့်ထိုးသတ်ခဲ့သည့်အမှုဖြစ်စဉ်၌ ကျူးလွန်သူနှစ်ဦးကို ​သေဒဏ်ချမှတ်

ရန်ကုန်မြို့ မြန်မာပလာဇာကားပါကင်တွင် ၂၀၂၅ ခုနှစ် သြဂုတ်လအတွင်းက အမျိုးသမီးတစ်ဦးကို ဓားဖြင့်ထိုးသတ်ခဲ့သည့်အမှုဖြစ်စဉ်၌ ကျူးလွန်သူနှစ်ဦးကို ​သေဒဏ်ချမှတ်ခဲ့​ကြောင်း သိရသည်။
ယင်းလူသတ်မှုတွင် ​ကျူးလွန်သူနှစ်ဦးကို ​ယ​နေ့(ဒီဇင်ဘာ ၃၀ ရက်)တွင်သေဒဏ်ချမှတ်ခဲ့​ကြောင်း အဆိုပါဖြစ်စဉ်တွင် အသတ်ခံခဲ့ရသည့် ဒေါ်စမ်းစမ်းအေး၏ သမီးဖြစ်သူ မပိုပိုအိန္ဒြာချစ်က လူမှုကွန်ရက်တွင်​ရေးသားထားသည်။
လူသတ်မှုကျူးလွန်သူနှစ်ဦးမှာ မြတ်သူရ​ကျော်နှင့် မျိုးလွင်ဦးတို့ဖြစ်ပြီး ၎င်းတို့နှစ်ဦးကို ကမာရွတ်ခရိုင်တရားရုံးက ​သေဒဏ်အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။
"ဒီနေ့ မေမေ့အတွက်တရားမျှတမှုယူနိုင်တဲ့နေ့ တရားခံနှစ်ယောက်လုံး သေဒဏ်ကျတဲ့နေ့၊ သမီးရော သားရော ဒီထက်မက တာဝန်ကျေအောင်ကြိုးစားပါမယ်မေမေ။ မေမေဒီထက်မက ကောင်းတဲ့ဘုံဘဝရောက်နေမယ် လို့ယုံကြည်ပါတယ်။ချစ်သောမေမေရေ အမြဲသတိရနေပါတယ်"ဟု မပိုပိုအိန္ဒြာချစ်က လူမှုကွန်ရက်တွင်​ရေးသားထားသည်။
အဆိုပါလူသတ်မှုသည် ၂၀၂၅ ခုနှစ် သြဂုတ် ၅ ရက်က မြန်မာပလာဇာကားပါကင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ​​သေဆုံးသူ ​ဒေါ်စမ်းစမ်း​အေးအား အမျိုးသားနှစ်ဦးက ကားပါကင်တွင် ဓါးဖြင့်ထိုးသတ်ခဲ့ခြင်းဖြစ်သည်။
ထိုစဉ်က ရဲတပ်ဖွဲ့၏ ကနဦးစစ်​ဆေး​ချက်အရ လူသတ်မှူကျူးလွန်သူများသည် ​ဒေါ်စမ်းစမ်း​အေးအား ဆောက်လုပ်ရေးလုပ်ငန်းအတွက် အကြွေးပေးရမည်ဖြစ်သဖြင့် ​ငွေ​ကြေးလိုအပ်ချက်အရ လူသတ်မှုကျုးလွန်ခဲ့ခြင်း​ကြောင်း သိရသည်။
ထို့ပြင် ​ဒေါ်စမ်းစမ်း​အေးအသတ်ခံရမှုတွင် ၎င်းနှင့်အတူ အမျိုးသားတစ်ဦးသည်လည်း လူသတ်မှုကျူးလွန်သူများ၏ ကားပါကင်တွင် ဓါးဖြင့်တိုက်ခိုက်ခြင်းကိုခံရပြီး ဓါးဒဏ်ရာများရရှိခဲ့သဖြင့် ယင်းအမှုအား ဗဟန်းမြို့မရဲစခန်းတွင် (ပ) ၁၉၉/၂၀၂၅ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၂၆/၁၁၄ ဖြင့် အမှုဖွင့် စစ်​ဆေးခဲ့ခြင်းဖြစ်သည်။

ဇလန်းစကီးသည် တစ်သက်လုံး ပုန်းအောင်းနေထိုင်ရလိမ့်မည်ဟု မက်ဗီဒက်ဗ် ဟောကိန်းထုတ်

ဗလာဒီမာ ဇလန်းစကီးအနေဖြင့် ၎င်း၏ ကျန်ရှိသော ဘဝသက်တမ်းတစ်လျှောက် ပုန်းအောင်းနေထိုင်သွားရလိမ့်မည်ဟု ရုရှားလုံခြုံရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒီမီထရီ မက်ဗီဒက်ဗ်က ပြောကြားလိုက်သည်။
"ဒီညစ်ပတ်တဲ့ ကိယက်ဗ်က ကောင်ဟာ ပဋိပက္ခကို ဖြေရှင်းမယ့်ကိစ္စကို ဖျ-က်ဆီးဖို့ ကြိုးစားနေတာပဲ။ သူက စစ်ကို လိုချင်နေတာ။ ကောင်းပြီလေ၊ အခုတော့ သူဟာ တန်ဖိုးမရှိတဲ့ သူ့ရဲ့ ကျန်ရှိတဲ့ ဘဝသက်တမ်းတစ်လျှောက်လုံး ပုန်းအောင်းနေထိုင်သွားရတော့မယ်" ဟု သူက X လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ရေးသားခဲ့သည်။
ဒီဇင်ဘာ ၂၈ ရက်မှ ၂၉ ရက်သို့ ကူးပြောင်းသည့် ညပိုင်းတွင် ယူကရိန်းသည် နော့ဗ်ဂေါရော့ဒ်ဒေသရှိ ရုရှားသမ္မတ ဗလာဒီမာပူတင်၏ နေအိမ်အား ဒရုန်း ၉၁ စင်းဖြင့် အကြမ်းဖက်တို-က်ခို-က်မှု ပြုလုပ်ခဲ့ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လာဗရော့ဗ်က တနင်္လာနေ့တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။ ဒရုန်းအားလုံးကို လေကြောင်းကာကွယ်ရေးစနစ်ဖြင့် ဖျ-က်ဆီးနိုင်ခဲ့ပြီး ထိခို-က်ဒ-ဏ်ရာရမှု သို့မဟုတ် ပျ-က်စီးဆုံးရှုံးမှု တစ်စုံတစ်ရာ မရှိကြောင်း လာဗရော့ဗ်က မှတ်ချက်ပြုခဲ့သည်။
ခရင်မ်လင် နန်းတော်၏ အကြံပေးပုဂ္ဂိုလ် ယူရီ အူရှာကော့ဗ်၏ အဆိုအရ ပူတင်သည် အမေရိကန် ခေါင်းဆောင် ဒေါ်နယ်ထရမ့်နှင့် ဖုန်းဖြင့် စကားပြောဆိုရာတွင် အဆိုပါ တို-က်ခို-က်မှုသည် ဖလော်ရီဒါ၌ ပြုလုပ်ခဲ့သော အမေရိကန်-ယူကရိန်း ဆွေးနွေးပွဲအပြီး "ချက်ချင်းဆိုသလို" ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ထောက်ပြခဲ့ပြီး ယင်းအကြမ်းဖက် လုပ်ရပ်များအတွက် ပြန်လည် တုံ့ပြန်မှုများ ရှိလာလိမ့်မည်ဟု သတိပေးခဲ့သည်။
ထရမ့်ကလည်း အဆိုပါ တို-က်ခို-က်မှုအပေါ် "ဒေါသထွက်" ကြောင်း သတင်းထောက်များကို ပြောကြားခဲ့ပြီး ယင်းကဲ့သို့သော လုပ်ရပ်များသည် ငြိမ်းချမ်းရေး ဆွေးနွေးမှုများကို အထောက်အကူ မပြုနိုင်ကြောင်း ထပ်လောင်း ပြောဆိုခဲ့သည်။

မင်းဘူးမြို့ရှိ ဧရာဝတီမြစ်ကမ်းတစ်လျှောက်၌ စုပေါင်းအမှိုက်ကောက်

မကွေးတိုင်း၊ မင်းဘူးမြို့ရှိ ဧရာဝတီမြစ်ကမ်းနားတစ်လျှောက်၌ ပလတ်စတစ်နှင့် အခြားအမှိုက်များစွန့်ပစ်ခြင်းကင်းဝေးစေရန်၊ အဏ္ဏဝါအမှိုက်သရိုက်ညစ်ညမ်းမှုများမဖြစ်ပေါ်စေရန်တို့အတွက် ယနေ့ ဒီဇင်ဘာ ၃၀ ရက်နံနက်ပိုင်းက စုပေါင်းအမှိုက်ကောက်ခဲ့ကြသည်။
မင်းဘူးခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ မင်းဘူးမြို့အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ မင်းဘူးခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။
ပူးပေါင်းအဖွဲ့ဝင်များမှ စုပေါင်းအမှိုက်ကောက်ခြင်းအြင် ထောက်ရှာပင်ရှိ MOGE ဆိပ်ကမ်း၌ MOGE ဌာနပိုင်ရေယာဥ်များပေါ်တွင် အသိပညာပေးဗီနိုင်းပိုစတာများကပ်ခြင်း၊ လက်ကမ်းစာ‌‌စောင်များဖြန့်ဝေခြင်း၊ ဧရာဝတီမြစ်သာယာလှပစေရန် လူစည်ကားရာနေရာများတွင် အမှိုက်ပုံးများထားရှိခြင်း၊ စားသောက်ဆိုင်များ၊ ကုန်စုံဆိုင်များတွင် အသိပညာပေးပိုစတာများကပ်ခြင်း၊ ပလတ်စတစ်ညစ်ညမ်းမှုလက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းတို့ကိုလည်း ပြုလုပ်ခဲ့ကြသည်။

ကယားပြည်နယ်ဝန်ကြီးချုပ်အဖြစ် ဦးစိန်ဦးကို ခန့်အပ်တာဝန်ပေး

အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီရုံးမှ အမိန့်အမှတ် ၅၅ /၂၀၂၅ ဖြင့် ဦးစိန်ဦးအား ကယားပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးခဲ့ကြောင်း ယနေ့ ဒီဇင်ဘာ ၃၀ ရက်က ထုတ်ပြန်ခဲ့သည်။
အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီမှ ဖွဲ့ စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၇၊ ပုဒ်မခွဲ(ခ)အရ ဦးစိန်ဦးကို ကယားပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်တာ ဝန်ပေးခဲ့ခြင်းဖြစ်သည်။

ရွေးကောက်ပွဲအပိုင်း(၃)အတွက် မဲဆွယ်စည်းရုံးခြင်းအား ဇန်နဝါရီ ၁၂ ရက်မှစတင်ကာဆောင်ရွက်နိုင်

လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီအ ထွေထွေရွေးကောက်ပွဲအပိုင်း(၃)တွင်ပါဝင်သည့် မြို့နယ်(၆၃)မြို့နယ်၌ ရွေးကောက်ပွဲ ဆိုင်ရာစုဝေးဟော ပြောခြင်းနှင့် မဲဆွယ်စည်းရုံးခြင်းကို ဇန်နဝါရီ ၁၂ ရက်မှစတင်ကာဆောင်ရွက်နိုင်သည်ဟု ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်(UEC)မှ ယနေ့ ဒီဇင်ဘာ ၃၀ ရက်က ထုတ်ပြန်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ခွင့်ပြုခဲ့သော်လည်း ဇန်နဝါရီ ၂၃ ရက်ည ၁၂ နာရီမှ ဇန်နဝါရီ ၂၅ ရက် ရွေးကောက်ပွဲအပိုင်း(၃)ကျင်းပပြီးချိန်အထိ ရပ်နားထားရမည်ဖြစ်ကာ မဲဆွယ်စည်းရုံးသည့် ကြော်ငြာ၊ ပိုစတာများကိုလည်း ဇန်နဝါရီ ၂၃ ရက်ည ၁၂ နာရီနောက်ဆုံးထား၍ ဖြုတ်သိမ်းရမည်ဟု အသိပေးခဲ့သည်။
ထို့ပြင် မဲဆွယ်စည်းရုံးခွင့်သတ်မှတ်ကာလအတွင်း လက်ကမ်းစာစောင်များရေးသားပုံနှိပ်ထုတ်ဝေဖြန့်ချိခြင်း၊ ကြော်ငြာဆိုင်းဘုတ်များ၊ ဗွီနိုင်းပိုစတာများစိုက်ထူချိတ်ဆွဲခြင်း၊ ဟောပြောခွင့်နှင့် မီဒီယာများမှမဲဆွယ်စည်းရုံးခွင့်တို့ကို သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၃၀-က နှင့် နည်းဥပဒေ အခန်း(၁၀)ပါ ပြ ဋ္ဌာန်းချက်များနှင့်အညီဆောင်ရွက်ရမည်ဟု အသိပေးခဲ့သည်။
ထို့အတူ ရွေးကောက်ပွဲအပိုင်း(၁)နှင့် (၂)မြို့နယ်များအတွက် မဲဆွယ်စည်းရုံးသည့် ကြော်ငြာ၊ ပိုစတာများကိုလည်း မဲဆွယ်စည်းရုံးခွင့်ပြုထားသည့် နောက်ဆုံးရက်တွင်ဖြုတ်သိမ်းရမည်ဖြစ်ကာ ဖြုတ်သိမ်းထားခြင်းမရှိပါက မြို့နယ်ကော်မရှင်အဖွဲ့ခွဲများက သက်ဆိုင်ရာ မြို့ တော်စည်ပင်သာယာရေးကော်မတီ(သို့)မြို့နယ်စည်ပင်သာယာရေးကော်မတီများနှင့်ညှိနှိုင်း၍ ကြော်ငြာ၊ ပိုစတာများအားဖြုတ်သိမ်းသွားမည်ဖြစ်သည်။
ထိုသို့ ဖြုတ်သိမ်းရာ၌ ကုန်ကျစရိတ်ကျသင့်ငွေအား သက်ဆိုင်ရာနိုင်ငံရေးပါတီ(သို့)လွှတ်တော်ကိုယ်စား လှယ်လောင်းမှ ပေးချေရမည်ဟုလည်း UEC က အသိ ပေးထုတ်ပြန်ခဲ့သည်။

ကယားပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင်အား စစ်ဘက်မူလတာဝန်ပြန်လည်ထမ်းဆောင်စေ

ကယားပြည်နယ်ဝန်ကြီးချုပ်အဖြစ်တာဝန်ထမ်းဆောင် ခဲ့သော ဦးဇော်မျိုးတင်အား စစ်ဘက်မူလတာဝန် ပြန် လည်ထမ်းဆောင်စေခဲ့ကြောင်း အမျိုးသားကာကွယ် ရေးနှင့်လုံခြုံရေးကောင်စီရုံးမှ အမိန့်အမှတ် ၅၄/၂ဝ၂၅ ဖြင့် ယနေ့ ဒီဇင်ဘာ ၃၀ ရက်ကထုတ်ပြန်ခဲ့သည်။
ဦးဇော်မျိုးတင်အား ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၇၊ ပုဒ်မခွဲ(ခ)အရ စစ်ဘက်မူလတာဝန်များကိုပြန်လည်ထမ်းဆောင်စေခြင်းဖြစ်သည်။

စဥ့်ကိုင်မြို့နယ်၌ အဝေးပြေးခရီးသည်တင် Express ကားမီးလေ-ာင် တစ်စီးလုံးပျ-က်စီးဆုံးရှုံး

မန္တလေးတိုင်း၊ စဥ့်ကိုင်မြို့နယ်တွင် ယနေ့ ဒီဇင်ဘာ ၃၁ ရက်နံနက် ၆ နာရီ ၄၀ မိနစ်ခန့်က အဝေးပြေးခရီးသည်တင် Express ကားတစ်စီးမီးလေ-ာင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
စဉ့်ကိုင်မြို့နယ်၊ ကြေးနီကန်ကျေးရွာအနီး၊ ပလိပ်- စကားအင်းလမ်းပေါ်တွင် အဝေးပြေးခရီးသည်တင် Express ကား(၁)စီးမီးလေ-ာင်မှုဖြစ်ပွား၍ စဉ့်ကိုင်မြို့နယ်မီးသတ်စခန်း၊ ပလိပ်နယ်မြေမီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များကငြှိမ်းသတ်ခဲ့ကြသဖြင့် နံနက် ၇ နာရီ ၁၀ မိနစ်တွင်မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
မီးလေ-ာင်မှုကြောင့် ကား(၁)စီးလုံးပျ-က်စီးဆုံးရှုံးခဲ့ပြီး လိုက်ပါလာသူများမှာ ထိခို-က်ဒ-ဏ်ရရှိမှုမရှိခဲ့ကြောင်း သိရသည်။

မြန်မာ့ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့စီမံကိန်းများတွင် တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ ရုရှားနှင့် အရှေ့အလယ်ပိုင်းဒေသနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နေ

လက်ရှိအချိန်တွင် မြန်မာ့ကမ်းလွန်ရေနံနှင့်သဘာဝဓာတ်ငွေ့စီမံကိန်းများတွင် တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ ရုရှားနှင့် အရှေ့အလယ်ပိုင်းဒေသနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နေကြောင်း စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က ပြောကြားခဲ့သည်။
စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စ မာကျားအား ဒီဇင်ဘာ ၃၀ ရက်၊နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့နယ်ရှိ စွမ်းအင်ဝန်ကြီးဌာန အောက်မြန်မာပြည်ရုံးခွဲ (စိမ်းလဲ့မေ) ၌ လက်ခံတွေ့ဆုံစဉ် ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ယင်းသို့တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ဧရာဝတီအနည်ကျချိုင့်ဝှမ်း၊ မုတ္တမအနည်ကျချိုင့်ဝှမ်းတို့နှင့် ဆက်စပ်သည့် မြန်မာ့ကမ်းလွန်ဒေသများတွင် နည်းပညာတိုးတက်လာသည်နှင့်အညီ ရေနံနှင့် သဘာဝဓာတ်ငွေ့ခိုအောင်းနေမှုများကို ပိုမိုတိကျစွာ ရှာဖွေတွေ့ရှိလာမှုကြောင့် ယင်းဒေသများတွင် ထိုင်းနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ပြုလုပ်လျက်ရှိကြောင်း ပြောကြားသည်။
ယခုအခါ Andaman ကျွန်းအနီးတဝိုက်တွင်လည်း အိန္ဒိယနိုင်ငံမှ ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်မှုများ ဆောင်ရွက်လျက်ရှိနေကြောင်း၊ မိမိတို့နှင့် တရုတ်နိုင်ငံနှစ်နိုင်ငံခေါင်းဆောင်များအကြား သဘောတူညီထားသည့် စွမ်းအင်ကဏ္ဍတွင် ပူးပေါင်း ဆောင်ရွက်မှုများမြှင့်တင်၍ ပိုမိုရင်းနှီးမြှုပ်နှံနိုင်ရေး အချိန်အခါကောင်းဖြစ်ကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။
ယခုအချိန်တွင် မြန်မာ့ကမ်းလွန်ရေနံနှင့်သဘာဝဓာတ်ငွေ့စီမံကိန်းများတွင် တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ ရုရှားနှင့် အရှေ့အလယ်ပိုင်းဒေသနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နေပါကြောင်း၊ မိမိတို့နိုင်ငံအပြင် တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့တွင်လည်း သဘာဝဓာတ်ငွေ့လိုအပ်ချက်များ မြင့်တက်နေသည့်အတွက် မြန်မာ့ကမ်းလွန်လုပ်ကွက်များတွင် သဘာဝဓာတ်ငွေ့များ ပိုမိုတိုးမြှင့်ထုတ်လုပ်နိုင်ရေးနည်းပညာနှင့် အရင်းအနှီးဆိုင်ရာ ပူးပေါင်းဆောင်ရွက်လိုပါကြောင်း ပြည်ထောင်စုဝန်ကြီးက ဆက်လက်ပြောကြားခဲ့သည်။
သက်တမ်းရင့် ရေနံနှင့်သဘာဝဓာတ်ငွေ့စီမံကိန်းများတွင် နည်းပညာအသုံးပြု၍ ထုတ်လုပ်မှုမြှင့်တင်ရေး၊ မြန်မာ-တရုတ် ရေနံစိမ်းပိုက်လိုင်းမှရရှိမည့် ရေနံစိမ်းကိုရယူပြီး ရေနံချက်စက်ရုံအသစ် ပူးပေါင်းတည်ဆောက်မည့်စီမံကိန်း၊ ရေနံချက်စက်ရုံများ၊ ဓာတ်မြေသြဇာစက်ရုံများ အဆင့်မြှင့်တင်ခြင်းနှင့် အသစ်တည်ဆောက်ခြင်းတို့တွင် ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်နိုင်မည့်အခြေအနေများနှင့် နှစ်နိုင်ငံအစိုးရချင်း ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများကို ဆွေးနွေးကြကြောင်း သိရသည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် တရုတ်သံရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။