15 w - Translate

တောင်ကြီးတွင် မိုးရွာမြေပျော့ပြီး နေအိမ် ၁ လုံးပြိုကျ
“ပြိုကျတဲ့အိမ်မှာ လူမနေဘူး။ အိမ်ကတော့ အလုံးလိုက်ကြီး ပြိုတာ။ လူထိခိုက်မှုမရှိပေမဲ့ အောက်မှာရှိတဲ့ တခြားအိမ်တွေကို ပိသွားတာကြောင့် ပတ်ဝန်းကျင်အိမ်တွေကတော့ ပျက်စီးဆုံးရှုံးမှုတွေ ရှိတယ်။ ပစ္စည်းတွေထိတာ”
အခု မိုးရာသီမှာ မိုးများတာကြောင့် တောင်ကြီး ကမ်းပါးယံဘေးနားမှာရှိတဲ့ စဝ်စံထွန်းရပ်ကွက်က ကျောက်သားပေါ် ဆောက်ထားတာ မဟုတ်တဲ့ အိမ်တွေ၊ ညောင်ဖြူစခန်းရပ်ကွက်က တောင်ကျချောင်းရေနဲ့ကပ်တဲ့ အိမ်တွေ၊ ရှမ်းရိုးမ ဘိုးဘွားရိပ်သာအနောက်ဘက်ခြမ်းက ဖြစ်သလို ဆောက်ထားတဲ့အိမ်တွေ၊ ကျောင်းကြီးစုရပ်ကွက် သုသာန်သွားတဲ့ လမ်းတလျှောက်က မြေတွေဖို့ပြီး မြေမြှင့်ထားတဲ့အိမ်တွေ သတိထားဖို့လိုတယ်လို့ မြို့ခံတချို့က ပြောပါတယ်။

image
15 w - Translate

တောင်ကြီးတွင် မိုးရွာမြေပျော့ပြီး နေအိမ် ၁ လုံးပြိုကျ
“ပြိုကျတဲ့အိမ်မှာ လူမနေဘူး။ အိမ်ကတော့ အလုံးလိုက်ကြီး ပြိုတာ။ လူထိခိုက်မှုမရှိပေမဲ့ အောက်မှာရှိတဲ့ တခြားအိမ်တွေကို ပိသွားတာကြောင့် ပတ်ဝန်းကျင်အိမ်တွေကတော့ ပျက်စီးဆုံးရှုံးမှုတွေ ရှိတယ်။ ပစ္စည်းတွေထိတာ”
အခု မိုးရာသီမှာ မိုးများတာကြောင့် တောင်ကြီး ကမ်းပါးယံဘေးနားမှာရှိတဲ့ စဝ်စံထွန်းရပ်ကွက်က ကျောက်သားပေါ် ဆောက်ထားတာ မဟုတ်တဲ့ အိမ်တွေ၊ ညောင်ဖြူစခန်းရပ်ကွက်က တောင်ကျချောင်းရေနဲ့ကပ်တဲ့ အိမ်တွေ၊ ရှမ်းရိုးမ ဘိုးဘွားရိပ်သာအနောက်ဘက်ခြမ်းက ဖြစ်သလို ဆောက်ထားတဲ့အိမ်တွေ၊ ကျောင်းကြီးစုရပ်ကွက် သုသာန်သွားတဲ့ လမ်းတလျှောက်က မြေတွေဖို့ပြီး မြေမြှင့်ထားတဲ့အိမ်တွေ သတိထားဖို့လိုတယ်လို့ မြို့ခံတချို့က ပြောပါတယ်။

imageimage

ထရမ့်၏ ဂါဇာအစီအစဉ်ကို ဥရောပနှင့် အာရပ်နိုင်ငံများ ဆွေးနွေး

ပဲရစ်၊ အောက်တိုဘာ ၁၂

ဂါဇာတွင် စစ်ပွဲအလွန် အနာဂတ်ကို မည်ကဲ့သို့ ပုံဖော်မည်ဆိုခြင်းနှင့်ပတ်သက်ပြီး အမေရိကန်၏ အနီးစပ်ဆုံး ဥရောပမဟာမိတ်များနှင့် အာရပ်မိတ်ဖက်နိုင်ငံများက အောက်တိုဘာ ၉ ရက်တွင် ပြင်သစ်နိုင်ငံ ပဲရစ်မြို့တော်၌ ဆွေးနွေးခဲ့ကြသည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က အဆိုပြုခဲ့သည့် အပစ်အခတ်ရပ်စဲရေးနှင့် အကျဉ်းသား လဲလှယ်ရေး အဆိုပြုချက်ကို အစ္စရေးနှင့် ဟားမာ့စ်တို့က သဘောတူခဲ့ပြီးနောက် နာရီပိုင်းအကြာတွင် ဥရောပနှင့် အာရပ်နိုင်ငံများက ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

အစ္စရေးနှင့် ဟားမာ့စ်တို့သည် အောက်တိုဘာ ၉ ရက်က အပစ်အခတ်ရပ်စဲရေးနှင့် အကျဉ်းသား လဲလှယ်ရေးတို့ကို သဘောတူ လက်မှတ်ရေးထိုးခဲ့သော်လည်း ငြိမ်းချမ်းရေးသည် မည်မျှ တာရှည်ခံမည်ကို မေးခွန်းများ ထွက်ပေါ် နေသည်။

ပဲရစ်မြို့တော်မှာ ပြုလုပ်သည့် အစည်းအဝေး၌ ဥရောပနှင့်အာရပ် နိုင်ငံခြားရေးဝန်ကြီးများက စစ်ပွဲအလွန် ဂါဇာတွင် ပြန်လည်ထူထောင်ရေးနှင့် အုပ်ချုပ်ရေးပိုင်း၌ နိုင်ငံတကာတပ်ဖွဲ့များ ဖြန့်ကြက်ချထားမှုကဲ့သို့ အသေးစိတ် အချက်အလက်များကို ထည့်သွင်းရန် ဆွေးနွေးခဲ့ကြသည်။

“လုံခြုံရေး၊ အုပ်ချုပ်ရေး၊ ပြန်လည်ထူထောင်ရေးနဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး တွေမှာ ကျနော်တို့ လုပ်ပေးနိုင်တဲ့ ရည်ရွယ်ချက်တွေနဲ့ပတ်သက်ပြီး အကြောင်းအရာ အများအပြားကို ဆွေးနွေးခဲ့ ပါတယ်”ဟု ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး ယန်း နိုအယ် ဘာရော့ (Jean-Noel Barrot) က အစည်းအဝေးအပြီးတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

အစည်းအဝေးတွင် ဆွေးနွေးခဲ့သည့် အသေးစိတ် အချက်အလက်များကို ပြောကြားခဲ့ခြင်း မရှိသော်လည်း အစည်းအဝေး၌ ပါဝင်သည့် နိုင်ငံများက စစ်ပွဲအလွန် ဂါဇာဒေသမှာ ပါဝင်ဆောင်ရွက်လိုသော အကြောင်းအရာ များနှင့် ကူညီပေးမည့် ကိစ္စရပ်များကို အထူးပြောကြားခဲ့သည်ဟု ၎င်းက ဆိုသည်။

“ဒီအချက်အလက်တွေကို အမေရိကန်နဲ့ မျှဝေသွားမှာပါ။ အဲဒါမှ သူတို့လည်း ပူးပေါင်းဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်”ဟု ဘာရော့က ပြောသည်။

“ဒီအချိန်က ကျမတို့အတွက် အကောင်းဆုံး အခွင့်အရေးပါပဲ၊ ဒါပေမယ့် စစ်ပွဲအပြီး အစီအစဉ်တွေအတွက် ကျမတို့ အလုပ်လုပ်ဖို့ လိုပါတယ်။ အဲဒါမှသာ ငြိမ်းချမ်းရေးက ရေရည်တည်တံ့မှာ ဖြစ်ပါတယ်” ဟု ဥရောပသမဂ္ဂ၏ နိုင်ငံခြားရေးမူဝါဒ အကြီးအကဲ ကာဂျာ ကဲလက်စ် (Kaja Kallas ) က ပြောကြားခဲ့သည်။

ပဲရစ် အစည်းအဝေးကို တက်ရောက်ခဲ့ သူများထဲတွင် ဂါဇာ အပစ်အခတ် ရပ်စဲရေးအတွက် စေ့စပ်ညှိနှိုင်းသူ များထဲ၌ ပါဝင်ခဲ့သည့် ကာတာဝန်ကြီးချုပ် ရှိတ် မိုဟာမက် ဘင် အဗ္ဗဒူရာဟန်အယ်သာနီ (Sheikh Mohammed bin Abdulrahman al-Thani) ၊ အီဂျစ်နှင့် တူရကီနိုင်ငံခြားရေးဝန်ကြီးများလည်း ပါဝင်ခဲ့သည်။

Source: ရိုက်တာ

ပုံ - ဥရောပနဲ့အာရပ်နိုင်ငံတွေ ဆွေးနွေးကြစဉ်

#centralnewsnaypyitaw

image

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ

အောက်တိုဘာ ၁၂

#ရွှေဈေး

-ကမ္ဘာ့ရွှေဈေး
တအောင်စ ၄၀၁၇ ဒေါ်လာ

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း

- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၅၉၉၀၀၀၀ ကျပ်

ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း

* စနစ်ဟောင်း
(၁ိ - ၁၆.၆၀၆ ဂရမ် = ၁၂၈ ရွေး)

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၈၂၈၀၀၀၀ ကျပ်
ဝယ်ဈေး ၈၂၄၀၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၇၈၈၀၀၀၀ ကျပ်
ဝယ်ဈေး ၇၈၄၀၀၀၀ ကျပ်

* စနစ်သစ်
(၁ိ - ၁၆.၃၂၉၃၂၅ ဂရမ် = ၁၂၀ ရွေး)

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၈၁၆၀၀၀၀ ကျပ်
ဝယ်ဈေး ၈၁၂၀၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၇၇၆၀၀၀၀ ကျပ်
ဝယ်ဈေး ၇၇၂၀၀၀၀ ကျပ်

“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”

(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)

#နိုင်ငံခြားငွေလဲလှယ်နှုန်း

-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၅၉၉ ကျပ်

ပြင်ပပေါက်စျေး

-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၀၅၅ ကျပ်
ဝယ်ဈေး - ၃၉၅၅ ကျပ်

-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၁၂၅ ကျပ်
ဝယ်ဈေး - ၃၀၅၀ ကျပ်

-ယူရို
ရောင်းဈေး - ၄၇၁၀ ကျပ်
ဝယ်ဈေး - ၄၆၀၀ ကျပ်

-ထိုင်းဘတ်
ရောင်းဈေး - ၁၂၄.၂၂ ကျပ်
ဝယ်ဈေး - ၁၂၁.၂၁ ကျပ်

-မလေးရှားရင်းဂစ်
ရောင်းဈေး - ၉၅၉ ကျပ်
ဝယ်ဈေး - ၉၃၆ ကျပ်

-တရုတ်ယွမ်
ရောင်းဈေး - ၅၆၈ ကျပ်
ဝယ်ဈေး - ၅၅၄ ကျပ်

-ဂျပန်ယန်း
ရောင်းဈေး - ၂၆.၈၂ ကျပ်
ဝယ်ဈေး - ၂၆.၁၇ ကျပ်

-အိန္ဒိယရူပီး
ရောင်းဈေး - ၄၅.၆၉ ကျပ်
ဝယ်ဈေး - ၄၄.၅၈ ကျပ်

-ကိုရီးယားဝမ်
ရောင်းဈေး - ၂.၈၄ ကျပ်
ဝယ်ဈေး - ၂.၇၇ ကျပ်

-စတာလင်ပေါင်
ရောင်းဈေး - ၅၄၁၅ ကျပ်
ဝယ်ဈေး - ၅၂၈၅ ကျပ်

-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၂၆၂၅ ကျပ်
ဝယ်ဈေး - ၂၅၆၀ ကျပ်

-ကနေဒါဒေါ်လာ
ရောင်းဈေး - ၂၈၉၅ ကျပ်
ဝယ်ဈေး - ၂၈၂၅ ကျပ်

-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၂၁ ကျပ်
ဝယ်ဈေး - ၅၀၉ ကျပ်

-ယူအေအီး
ရောင်းဈေး - ၁၁၀၄ ကျပ်
ဝယ်ဈေး - ၁၀၇၇ ကျပ်

ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

***သတ်မှတ်ဈေးအတိုင်း အရောင်းအဝယ်မလုပ်ပါက အရေးယူခံရနိုင်သည်။

Credit - Voice of Myanmar News Agency

#သတင်းဟင်း​လေးအိုးကြီး

image

အစ္စရေးနှင့်ပွဲတွင် ဟက်ထရစ်သွင်းယူနိုင်ပြီးနောက် ၁၀ ပွဲဆက် ဂိုးသွင်းလာတဲ့အပြင် နိုင်ငံတကာဂိုး ၅၀ အမြန်ဆုံးပြည့်သူ ဖြစ်လာတဲ့ ဟာလန်း

အောက်တိုဘာ ၁၂

အာလင်းဟာလန်းရဲ့ ဟက်ထရစ်ဂိုးနဲ့အတူ နော်ဝေဟာ အစ္စရေးကို ၅-၀ ဂိုးဖြင့် အနိုင်ရရှိပြီးနောက် ၁၉၉၈ ကမ္ဘာ့ဖလားနောက်ပိုင်း ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ရန် နီးစပ်လာပြီ ဖြစ်ပါတယ်။

ဟာလန်းဟာ ယခုပွဲမှာ ဟက်ထရစ်သွင်းယူနိုင်ခဲ့တယ်ဆိုပေမယ့်လည်း ပွဲအစ ၅ မိနစ်မှာ ရရှိတဲ့ ပင်နယ်တီအား ၂ ကြိမ်ကန်ရာမှာ ၂ ကြိမ်လုံး မဝင်ခဲ့ပါဘူး။ အစ္စရေးဂိုးသမားဒါနီရယ်ပီရက်ဇ်က ပထမအကြိမ် ပင်နယ်တီကန်မှုကို ကာကွယ်ပြီးနောက် ပြန်ကန်ချိန်မှာလည်း ထပ်မံ ကာကွယ်ခဲ့တာပါ။

ဒါပေမယ့် အိမ်ရှင်နော်ဝေတို့ဟာ ပွဲချိန် ၁၈ မိနစ်မှာ အလက်ဇန္ဒားဆော်လော့ရဲ့ ဖြတ်တင်ဘောကို အစ္စရေးအလယ်တန်းကစားသမားအာနန်ခါလိုင်လီက ခေါင်းတိုက်ရာမှာ ကိုယ့်ဂိုးကိုယ်သွင်းသလို ဖြစ်သွားလို့ ဦးဆောင်ဂိုး ရရှိခဲ့ပါတယ်။

ယင်းနောက် ၂၇ မိနစ်မှာ နော်ဝေသမိုင်းတွင် ဂိုးအများဆုံးသွင်းယူထားတဲ့ ဟာလန်းက ညာခြေကန်ချက်ဖြင့် ဒုတိယဂိုးထပ်မံသွင်းခဲ့ပါတယ်။

အာလင်းဟာလန်းဟာ ကလပ်နှင့် နိုင်ငံအတွက် ၁၀ ပွဲဆက် ဂိုးသွင်းလာနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ယင်းနောက် တစ်မိနစ်အကြာမှာ ပီရက်ဇ်ရဲ့ ရှင်းထုတ်မှု နက်ချ်မီယက်စ်နဲ့ ထိပြီး ကိုယ့်ဂိုးကိုယ် ဝင်သွားလို့ နော်ဝေတို့ တတိယဂိုး ရရှိခဲ့ပါတယ်။

ဒုတိယပိုင်း ၆၃ မိနစ်မှာ ဟာလန်းက နူဆာရဲ့ ဖြတ်တင်ဘောကနေ ခေါင်းတိုက်ကာ စတုတ္ထဂိုးနဲ့ ၇၂ မိနစ်မှာ နူဆာရဲ့ ဖြတ်တင်ဘောကနေပင် ဟက်ထရစ်ဂိုးကို သွင်းယူခဲ့ပါတယ်။

အသက် ၂၅ နှစ်ရှိ မန်စီးတီးတိုက်စစ်မှူးဟာ နော်ဝေအတွက် ၄၆ ပွဲကစားထားရာမှာ ၅၁ ဂိုးသွင်းထားနိုင်ပြီ ဖြစ်ပါတယ်။

သူဟာ နိုင်ငံတကာဂိုး ၅၀ အမြန်ဆုံးပြည့်တဲ့ ကစားသမားအဖြစ် သမိုင်းမှတ်တိုင်သစ် စိုက်ထူလာပါတယ်။

ယခင်တုန်းက နိုင်ငံတကာဂိုး ၅၀ အမြန်ဆုံးသွင်းယူနိုင်သူအဖြစ် ဟယ်ရီကိန်းက အင်္ဂလန်အတွက် ၇၁ ပွဲတွင် ဂိုး ၅၀ သွင်းယူကာ သမိုင်းမှတ်တိုင်စိုက်ထူထားခဲ့တာပါ။

ဟာလန်းဟာ နိုင်ငံ့တကာပွဲတွေမှာ ၆ ကြိမ်မြောက် ဟက်ထရစ်သွင်းယူလာနိုင်တာ ဖြစ်ပြီး ခရစ္စတီယာနိုရော်နယ်ဒိုနှင့် မက်ဆီတို့ ရေးထိုးထားတဲ့ နိုင်ငံတကာဟက်ထရစ်အများဆုံးစံချိန်ကို လိုက်မီရန် ၄ ကြိမ်တည်းသာ လိုပါတော့တယ်။

နော်ဝေဟာ လာမယ့် နိုဝင်ဘာလ ၁၃ ရက်နေ့မှာ အိမ်ကွင်းမှာ အက်စ်တိုးနီးယားနှင့် ရင်ဆိုင်ကစားရမှာ ဖြစ်ပြီး ယင်ပွဲအပြီး ၃ ရက်အကြာမှာ ခြေစစ်ပွဲ တိုက်ရိုက်အောင်မြင်ရေး အဆုံးအဖြတ်ပွဲ ဖြစ်လာနိုင်တဲ့ပွဲအဖြစ် အုပ်စုဒုတိယနေရာမှ အီတလီနှင့် ရင်ဆိုင်ကစားရပါမယ်။

မနေ့ညက Ullevaal stadium ပွဲစဉ်မတိုင်မီ အစ္စရေးအသင်းဟာ ဂါဇာတွင် လူသောင်းပေါင်းများစွာ သေဆုံးခဲ့တဲ့ စစ်ဆင်ရေးအတွက် ပါလက်စတိုင်းထောက်ခံသူများရဲ့ ဆန္ဒပြခြင်းခံခဲ့ရပါတယ်။

နော်ဝေဘောလုံးအဖွဲ့ချုပ်အပါအဝင် ဘောလုံးအဖွဲ့ချုပ်အများစုက အစ္စရေးအား ပါလက်စတိုင်းတွင် လူမျိုးသုံဉ်းသတ်ဖြတ်မှုအတွက် နိုင်ငံတကာပြိုင်ပွဲမှ ပိတ်ပင်စေလိုလျက်ရှိပါတယ်။

နော်ဝေဘောလုံးအဖွဲ့ချုပ်ဟာ အစ္စရေးနှင့်ပွဲစဉ်မှ ရရှိတဲ့ လက်မှတ်ဖိုးအားလုံးကို Doctors Without Borders အဖွဲ့သို့ လှူဒါန်းမှု ပြုလုပ်သွားပါမယ်။

#ဘောလုံးသတင်းစုံ

image

မဲစာရင်းအတွက် သိလိုသည်များဆက်သွယ်ရန် Call Center နံပါတ်များ UEC ထုတ်ပြန်

#centralnewsnaypyitaw

image
image
image

U9 ဖုန်းလိုင်း ၊အင်တာနက်လိုင်းတွေ ပြတ်တောက်နေဆဲ

အောက်တိုဘာ ၁၂

U9 ဆင်းကဒ်သုံးသူတွေ ဖုန်းလိုင်းတွေပြတ်တောက်ပြီး အင်တာနက်ပြတ်တောက်မှုပါ မနက်အစောပိုင်းကတည်းက ယခု မနက် ၉ နာရီ ကျော်တဲ့အထိ ကွန်ရက်ပြတ်တောက်နေဆဲဖြစ်တယ်လို့သိရပါတယ်။

မနက်အစောပိုင်း ၆ နာရီ လောက်ကတည်းက U9 အသုံးပြုသူအားလုံးမှာ ဖုန်းခေါ်ဆိုလို့မရတော့သလို အင်တာနက်လည်းသုံးစွဲမရတော့ဘဲ ကွန်ရက်ပြတ်တောက်နေတာဖြစ်ကြောင်း ၊ U9 ဘက်ကတော့ ကွန်ရက်ပြတ်တောက်မှုအတွက် လုပ်ဆောင်နေတယ်လို့ အသိပေးထားပါတယ်။

" မနက်ကတည်းက ဖုန်းကိုပိတ်လိုက်ဖွင့်လိုက် လေယာဥ်တင်လိုက်နဲ့လုပ်နေရတာ။ကိုယ်တယောက်ထဲဖြစ်နေတယ်ထင်တာ။ အခုသူတို့ပိုစ်တင်မှတနိုင်ငံလုံးဆိုတာသိတာ။ ဖြစ်ဖြစ်ချင်းကတော့မကြေငြာဘဲ အခုမှပို့စ်လာတင်တယ်။ ကဒ်တွေကလည်းလိုင်းမကောင်းတာကြာပြီ။သူတို့ U9 ပြောင်းပြီးကတည်းက လိုင်းလည်းစုတ်တာပဲ။" လို့ U9 ဝန်ဆောင်မှုအသုံးပြုသူတယောက်ကပြောပါတယ်။

U9 ကတော့ ယခုလို ကွန်ရက်ပြတ်တောက်မှုနဲ့ပတ်သက်ပြီး နည်းပညာပိုင်းဆိုင်ရာ အခက်အခဲတရပ်ကြောင့် U9 သုံးစွဲသူတွေရဲ့ ဝန်ဆောင်မှုကို ထိခိုက်စေတဲ့ ကွန်ရက်ပြတ်တောက်မှုတခု ဖြစ်ပွားနေကြောင်းနည်းပညာအဖွဲ့တွေက အဓိကပြဿနာရဲ့ ရင်းမြစ်ကို ဖော်ထုတ်ရန်နှင့် ဝန်ဆောင်မှုကို အမြန်ဆုံး ပြန်လည်ရရှိစေရန်အတွက် အရေးပေါ်အခြေအနေအဖြစ် အမြင့်ဆုံးဦးစားပေးဖြင့် အပြင်းအထန် ကြိုးပမ်းဆောင်ရွက်နေတယ်လို့ အသိပေးထားပါတယ်။

" ခုထိလိုင်းတွေမရသေးပါဘူး။ဖုန်းလည်းဆက်မရဘူး။ တကဒ်ထဲသုံးသူတွေကျဒုက္ခရောက်တာပေါ့။ဘာဖြစ်တာလဲမသိတော့ ကိုယ့်မှာအလုပ်တွေရှုပ်လိုက်တာမှပြောမနေနဲ့။တခြားကဒ်ဝယ်ပြီး ထည့်ရတာပေါ့။U9 က အင်တာနက်သုံးရတာ တော်တော်အဆင်မပြေဖြစ်နေတာ ကြာပြီ။" လို့ U9သုံးစွဲသူ တယောက်ကပြောပါတယ်။

ဒီဖုန်းကဒ်နဲ့ online banking ဖွင့်ထားသူတွေ Kpay ဖွင့်ထားသူတွေ အခက်အခဲရှိနေကြောင်း လူမှုကွန်ယက်မှာတင်ထားတာလည်းတွေ့ရပါတယ်။

U9 ရဲ့ ဖုန်းလိုင်း နဲ့ အင်တာနက်ပြတ်တောက်မှုမှာ အချိန် ၃ နာရီကျော်ကြာတဲ့အထိ ပြန်လည်သုံးစွဲနိုင်ခြင်းမရှိသေးတာကြောင့် U9သုံးစွဲသူတွေအကြား ဝေဖန်ပြောဆိုမှုတွေရှိနေတယ်လို့သိရပါတယ်။

U9 ဘက်ကလည်း အပြင်းအထန်ကြိုးစားနေကြောင်းသာ ပြောဆိုထားပြီး ဖုန်းလိုင်းပြန်လည်အသုံးပြုနိုင်မယ့်အချိန်ကို အသိပေးထားခြင်းမရှိဘူး။

Credit - Voice of Myanmar

#သတင်းဟင်းလေးအိုးကြီး

image
16 w - Translate

မွှေးကြိုင်လန်းဆန်းနေလို့ ပန်းချစ်သူတွေကို သတိရမိပါတယ်။ တစ်ပင်လုံး အပွင့်တွေမြိုင်နေမှတော့ မွှေးချက် လှချက်ပေါ့နော် 🤩🤩🤩

image
16 w - Translate

မွှေးကြိုင်လန်းဆန်းနေလို့ ပန်းချစ်သူတွေကို သတိရမိပါတယ်။ တစ်ပင်လုံး အပွင့်တွေမြိုင်နေမှတော့ မွှေးချက် လှချက်ပေါ့နော် 🤩🤩🤩

image
16 w - Translate

မွှေးကြိုင်လန်းဆန်းနေလို့ ပန်းချစ်သူတွေကို သတိရမိပါတယ်။ တစ်ပင်လုံး အပွင့်တွေမြိုင်နေမှတော့ မွှေးချက် လှချက်ပေါ့နော် 🤩🤩🤩

image