စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ
**************************************

🇲🇲 ရည်ညွှန်းလက်လီဈေးနှုန်းများ
💢ရန်ကုန်မြို့
💢မန္တလေးမြို့
💢နေပြည်တော်
💢တိုင်းဒေသကြီး/ပြည်နယ်မြို့တော်များ

image
35 w - Translate

ဦးပိန်

image
36 w - Translate

မဟာမြတ်မုနိဘုရားကြီး 🙏

image
36 w - Translate

ဦးပိန်

image

ထိုင်း - မြန်မာ နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံရာတွင် ထိုင်းဘတ်ဖြင့် ဆောင်ရွက်ရန်ကိစ္စ ဗဟိုဘဏ် ဥက္ကဋ္ဌနှင့် ထိုင်းစီးပွားရေး သံမှုးတို့ တွေ့ဆုံဆွေးနွေး

မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ၊ ဒုတိယဥက္ကဋ္ဌ ဦးသက်ထွန်းအောင်နှင့် တာဝန်ရှိသူများသည် ရန်ကုန်မြိုရှိ ထိုင်း နိုင်ငံစီးပွားရေးသံမှူး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့၊ ထိုင်းသံရုံးမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရှိ ထိုင်းစီးပွားရေးအသင်း (Thai Business Association of Myanmar) မှ အဖွဲ့ဝင်များကို ယမန်နေ့က ရန်ကုန်၌ တွေ့ ဆုံခဲ့ကြောင်း သိရသည်။
တွေ့ဆုံစဉ် ထိုင်းနိုင်ငံစီးပွားရေးလုပ်ငန်းရှင်များက မြန်မာ နိုင်ငံတွင် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုမဟုတ်သည့် လုပ်ငန်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများအရ သွင်းကုန်လိုင်စင်လျှောက်ထားခြင်း၊ ထိုင်းဘတ်ဖြင့် ငွေပေးချေမှုများ၊ ရင်းနှီးမြှုပ်နှံမှုပြုရာတွင် ထိုင်းဘတ်ဖြင့် ဆောင်ရွက်လိုသည့် ကိစ္စ၊ နိုင်ငံခြားငွေလဲလှယ်နှုန်းဆိုင်ရာ သိရှိလိုသည့် အချက်များ ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထိုနောက် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက နိုင်ငံခြားငွေနှင့် ပတ်သက်၍ လက်ရှိဆောင်ရွက်ပေးနေသော ကိစ္စရပ်များ၊ နှစ်နိုင်ငံဘဏ်များအကြား ဆောင်ရွက်ရန်လိုအပ်ချက်များ၊ ရှေ့ဆက်လက်ဆောင်ရွက်မည့် ကိစ္စရပ်များ၊ FX Trading Platformမှ ဈေးကွက်အခြေခံ၍ နိုင်ငံခြားငွေရောင်းဝယ်ပြုလုပ်နေသည့် အခြေအနေများ၊ နှစ်နိုင်ငံငွေကြေးအသုံးပြု၍ ကုန်သွယ်မှုဆောင်ရွက်နေသည့် အခြေအနေများအပါအဝင် ငွေရေးကြေးရေးကဏ္ဍတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နေမှုများကို ရှင်းလင်း ဆွေးနွေးမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

image

(၃၁) ကြိမ်မြောက် သာသနတက္ကသီလ မဟာဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပမည်

နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ် (ရန်ကုန်၊ မန္တလေး) တွင် (၃၁) ကြိမ်မြောက် သာသနတက္ကသီလ မဟာဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပသွားမည်ဖြစ်ကြောင်း ပြည်တွင်းသာသနာပြုဌာနခွဲတို့မှ သိရသည်။
နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်၊ မန္တလေး) တို့မှ ၁၃၈၄-၁၃၈၅ ပညာသင်နှစ်တွင် သာသနတက္ကသီလမဟာဓမ္မာစရိယဘွဲ့ M.A (၂၄) ပါးနှင့် သာသနတက္ကသီလ ဓမ္မာစရိယဘွဲ့ B.A (၁၁၉) ပါး စုစုပေါင်း သံဃာတော်အရှင်သူမြတ် (၁၄၃) ပါးတို့ကို ဘွဲ့ဆက်ကပ်သွားမည်ဖြစ်သည်။
အဆိုပါ (၃၁) ကြိမ်မြောက် သာသနတက္ကသီလမဟာဘွဲ့နှင်းသဘင် အခမ်းအနားကို ၁၃၈၇ ခုနှစ် နတ်တော်လပြည်နေ့ ၊ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ (၄) ရက် (ကြာသပတေးနေ့) မွန်းလွဲ (၁) နာရီတွင် မရမ်းကုန်းမြို့နယ် ၊ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ် (ရန်ကုန်) မဟာဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်မည်ဖြစ်သည်။
ထို့ကြောင့် ဘွဲ့ခံယူတော်မူမည့် သံဃာတော်အရှင်မြတ်များထံသို့ ပင့်လျှောက်လွှာများကို နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ် (ရန်ကုန်၊ မန္တလေး) မော်ကွန်းထိန်းဌာနနှင့် ပြည် တွင်းသာသနာ ပြုဌာနခွဲတို့မှတဆင့် ပေးပို့ဆက်ကပ်ထားပြီးဖြစ်သည်။
ပင့်လျှောက်လွှာ လက်ခံရရှိခြင်းမရှိပါကလည်း ဘွဲ့နှင်းသဘင်ခန်းမသို့ ဒီဇင်ဘာ (၃) ရက် မွန်းလွဲ (၁) နာရီအရောက် အချိန်မီကြွရောက်တော်မူပါရန် ဘွဲ့ခံသံဃာတော်များအား သာသနာတော် ထွန်းကားပြန့်ပွားရေး ဦးစီးဌာနက နှိုးဆော်ပင့်လျှောက်ထားကြောင်းနှင့် မဟာဘွဲ့နှင်းသဘင်အခမ်းအနားတွင် မြတ်စွာဘုရားတစ်ဆူအပါအဝင် ပင့်သံဃာတော် (၁၀၄) ပါး၊ ဘွဲ့ခံသံဃာတော် (၁၄၃) ပါး စုစုပေါင်း (၂၄၈) ပါးတို့ကို ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပမည်ဖြစ်သည်။
ထို့ကြောင့် ဆွမ်းဆန်စိမ်း လောင်းလှူလိုသော ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များနှင့် တစ်ဦးချင်းပုဂ္ဂလိက အလှူရှင်များအနေဖြင့် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်) ဌာနခွဲ ဖုန်း ၀၉-၄၂၃၉၉၇၈၅၁၊ ၀၉-၂၅၉၆၂၈၁၆၄၊ ၀၉-၂၅၅၉၅၃၁၇၅ သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။
ပုံစာ - (၂၉) ကြိမ်မြောက် သာသနတက္ကသီလမဟာဘွဲ့နှင်းသဘင် အခမ်းအနားကျင်းပနေပုံ

image

စက်မှုကဏ္ဍဖွံ့ဖြိုးရေးအတွက် ပြည်တွင်း/ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ဦးစားပေးဖိတ်ခေါ်ရန် ပြည်ထောင်စုဝန်ကြီးတိုက်တွန်း

စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် စက်မှုကဏ္ဍ (Agro- Based Industries) ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်း/ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ဦးစားပေးဖိတ်ခေါ်ဆောင်ရွက်ရန် လိုအပ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝါဝါမောင်က ပြောသည်။
နိုဝင်ဘာ (၂၁)ရက်က ကျင်းပသည့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၏ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေးနှင့် နိုင်ငံခြားစီးပွားဆက်သွယ်‌မှုမြှင့်တင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
MSME ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် အစိုးရ၊ ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးကြရန်နှင့် ရင်းနှီးမြှုပ်နှံမှုဝန်းကျင် ကောင်းတစ်ရပ်နှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ပံ့ပိုးပေးနိုင်ရေးဆောင်ရွက်ကြရန်လိုကြောင်း၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေးနှင့်စပ် လျဉ်း၍ ဒေသတွင်း အဖွဲ့အစည်းများဖြစ်သော အာဆီယံ၊ GMS ၊ ACMECS အဖွဲ့အစည်းများနှင့် မိတ်ဝတ်မပျက်ဆက်ဆံရေးဖြင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်နှင့် မိတ်ဖ က်နိုင်ငံများ ရှာဖွေဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြည် ထောင်စုဝန်ကြီးက ဆိုသည်။
ထို့ပြင် နိုင်ငံ့စီးပွားတိုးတက်ရေးကို အထောက်အကူပြုမည့် အလားအလာရှိသော မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံများ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးချဲ့ဆောင်ရွက်နှင့် နိုင်ငံတကာအကူအညီ ထောက်ပံ့မှုများနှင့် စပ်လျဉ်း၍ ထိရောက်အကျိုးရှိစွာ အသုံးပြုနိုင်ရေးပေါင်း စပ်ညှိနှိုင်းဆောင်ရွက်ပေးရန်လိုကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။
ယင်းအပြင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၏ အမျိုးသားစီမံ ကိန်းနှင့် နှစ်အလိုက်ဆောင်ရွက်မည့် ရင်းနှီးမြှုပ်နှံမှုလျာ ထားချက်များ ပြည့်မီအောင် ဆောင်ရွက်ရန်၊ ဝန်ကြီးဌာန၏ ကဏ္ဍအလိုက် (၅) နှစ်စီမံကိန်း (၂၀၂၆-၂၀၃၀) ကို လုပ်ငန်းစဉ်၊ မျှော်မှန်းချက်၊ စာရင်းအင်းတိကျမှန်ကန်ရေး ကိစ္စရပ်များ ထည့်သွင်း၍ ပြင်ဆင်ရေးဆွဲဆောင်ရွက်ရန်လည်း တို က်တွန်းပြောကြားခဲ့သည်။
ထို့နောက် ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းများ ၊ ဝန်ကြီးဌာန၏ လုပ်ငန်းတာဝန်များ ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေး၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စွမ်းဆောင်ရည်မြှင့်တင်ရေးအစီအစဥ်၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်လုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ နိုင်ငံတကာနှင့် နှစ်နိုင်ငံစီးပွားရေးပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များ၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ တိုးတက်လာစေရေးဆောင်ရွက်မည့် အစီအစဉ်များ၊ ရင်းနှီးမြှုပ်နှံမှုမျှော်မှန်းချက်အပေါ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှု အခြေအနေတို့နှင့် စပ်လျဉ်း၍ အစည်းအဝေးတတ်ရောက်လာသူများက ဆွေးနွေးခဲ့ကြောင်း သိရသည်။

image

မြန်မာ - ပါကစ္စတန် နှစ်နိုင်ငံ စိုက်ပျိုးရေး နှင့် ခရီးသွား ကဏ္ဍများ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆွေးနွေး

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန်သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သည့် မစ္စတာ တာရိခ်ကာရီးမ်အား ယမန်နေ့ က လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။
ထိုသို့ တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား ရှိရင်းစွဲဆက်ဆံမှုတိုးမြှင့်ရေး၊ နှစ်နိုင်ငံကုန်သွယ်မှု၊ စိုက်ပျိုးရေးကဏ္ဍ၊ ခရီးသွားလုပ်ငန်း၊ ပြည်သူအချင်းချင်းထိတွေ့ ဆက်ဆံမှုနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေး ကဏ္ဍများအပါအဝင် အပြန်အလှန်အကျိုး ဖြစ်ထွန်းစေမည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပါကစ္စတန်သံရုံးမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

image

အာဆီယံနှင့် တရုတ်နိုင်ငံတို့၏ အပြန်အလှန်ကတိကဝတ်ကို အလေးထားကာ ပူးပေါင်းဆောင်ရွက်သွားမည်

တရုတ်နိုင်ငံ ဖူကျိုးမြို့၌ နိုဝင်ဘာလ (၁၆) ရက်မှ (၁၉) ရက်ထိ ကျင်းပသည့် အာဆီယံ - တရုတ် ရက်သတ္တပတ် (၂၀၂၅) အခမ်းနားသို့ နိုင်ငံတော် သမ္မတရုံး ဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် ဦးဆောင်သည့် မြန်မာကိုယ် စားလှယ်အဖွဲ့ တက်ရောက်ခဲ့ကြောင်း သိရသည်။
အာဆီယံနှင့် တရုတ်နိုင်ငံတို့အကြား ရေရှည်တည်တံ့သော မိတ်ဖက်ဆက်ဆံရေးနှင့် တက်ကြွ၍ အားလုံးပါဝင်ပြီး ကြွယ်ဝချမ်းသာသည့် အနာဂတ်ဆီသို့ လျှောက်လှမ်းရာခရီးလ မ်းကို ထင်ဟပ်လျက်ရှိကြောင်း၊ အာဆီယံ၏ ငြိမ်းချမ်းရေး၊ ဖွံဖြိုးတိုးတက်ရေးနှင့် ကြွယ်ဝချမ်းသာရေးဆိုင်ရာ ဘုံရည် မှန်းချက်အောက်တွင် ပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှု၊ စည်းလုံးမှုနှင့် အပြန်အလှန်ယုံကြည်မှုများ ပိုမိုတိုးမြင့်လာမည်ဖြစ်ကြောင်း၊ အခမ်းနားတွင် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် က ပြောကြားခဲ့သည်။
၂၀၂၁ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ အာဆီယံ-တရုတ် ဆွေး နွေး ဖက်ဆက်ဆံရေး ညှိနှိင်းရေးမှူးအဖြစ် မြန်မာနိုင်ငံက တာဝန်ယူစဉ်အတွင်း "အာဆီယံ-တရုတ် ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး" သို့ အဆင့်မြှင့်တင်နိုင်ခဲ့သဖြင့် အာဆီယံ-တရုတ် ဆက်ဆံရေးတွင် သိသာထင် ရှားသော မှတ်တိုင်တစ်ခုစိုက်ထူနိုင်ခဲ့ကြောင်းလည်း ပြည်ထော င်စုဝန်ကြီးက ပြောသည်။
ထို့ပြင် ဒစ်ဂျစ်တယ် ဆန်းသစ်တီထွင်မှု၊ စက်မှုလုပ်ငန်းနှင့် ထောက်ပံ့ပိုဆောင်ရေး ကွင်းဆက်ချိတ်ဆက်မှု၊ လူငယ်နှင့် အဏ္ဏဝါစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်သူချင်းဖလှယ်မှုများတွင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် အာဆီယံနှင့် တရုတ်နိုင်ငံတို့၏ အပြန်အလှန်ကတိကဝတ်ကို အလေး ထား၍ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး တရုတ်နိုင်ငံ၏ ကမ္ဘာလုံးဆိုင်ရာ AI အစီအစဉ်ကို ကြိုဆိုပြီး နည်းပညာဖွံဖြိုးတိုး တက်မှုတွင် တန်းတူညီမျှ၍ တာဝန်ယူမှုရှိရန် အရေး ကြီးကြောင်းလည်း ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် ကပြောကြားခဲ့သည်။
အဆိုပါ အာဆီယံ-တရုတ် ရက်သတ္တပတ် (၂၀၂၅) အခမ်း အနားသို အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် တရုတ်နိုင်ငံတို့မှ အဆင့်မြင့် အစိုးရအရာရှိကြီးများ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ သံတမန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ လူငယ်များနှင့် မီဒီယာများ စုစုပေါင်း ကိုယ်စားလှယ် (၃၀၀) ကျော် တက်ရောက်ခဲ့သည်။

image

တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များ၌ တက်ရောက်မည့် ကျောင်းသား ကျောင်းသူများ ကြိုတင်ဆန္ဒမဲပေးရာတွင် သတ်မှတ်ကာလအတွင်း မဲပေးသူ စုစုပေါင်း ၂၈၃၃၉ ဦးရှိ

တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များ၌ တက်ရောက်မည့် ကျောင်းသား ကျောင်းသူများ ကြိုတင်ဆန္ဒမဲပေးရာတွင် သတ်မှတ်ကာလအတွင်း မဲပေးသူ စုစုပေါင်း ၂၈၃၃၉ ဦးရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ သိရသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ မဲပေးခွင့်မဆုံးရှုံးစေရေး ဥပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိရာ မကြာမီတွင် ပြန်လည်ဖွင့်လှစ်တော့မည့် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များတွင် တက်ရောက်ကြရမည့် မဲစာရင်းပါရှိသည့် သက်ဆိုင်ရာ မြို့နယ်ပြင်ပရောက် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အသက် ၁၈ နှစ် ပြည့်ပြီး ဥပဒေအရ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများဖြစ်ပါက မဲပေးခွင့်မဆုံးရှုံးစေရေးအတွက် သက်ဆိုင်ရာကျောင်းများသို့ မသွားရောက်မီ မိမိတို့၏ မဲစာရင်းပါရှိရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲရုံးတွင် နိုဝင်ဘာ ၁၇ ရက်မှ ၂၁ ရက်အထိ နံနက် ၉ နာရီမှ ညနေ ၄ နာရီခွဲအတွင်း သက်ဆိုင်ရာ အထောက်အထားတို့ကို ပြသ၍ ကြိုတင်ဆန္ဒမဲပေးရန် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါနေ့ရက်များအတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များမှ မဲပေးပိုင်ခွင့်ရှိသည့် ကျောင်းသား ကျောင်းသူများသည် သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကြိုတင်ဆန္ဒမဲများ လာရောက်ပေးခဲ့ကြကြောင်း၊ သတ်မှတ်ကာလအတွင်း လာရောက်ကြိုတင်ဆန္ဒမဲပေးခဲ့ကြသည့် ကျောင်းသား ကျောင်းသူ စုစုပေါင်း ၂၈၃၃၉ ဦးရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်သည်။

image