Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
နယ်သာလန်အတွက် ဂိုးသွင်းစံချိန်ဆက်ရေးထိုးလာတဲ့အပြင် ဖန်တီးမှုစံချိန်သစ်ပါ ရေးထိုးလာတဲ့ ဒီပေး
အောက်တိုဘာ ၁၃
မမ်ဖစ်ဒီပေးဟာ ဖင်လန်ကို အနိုင်ရတဲ့ပွဲမှာ တစ်ဂိုးသွင်းကာ နှစ်ကြိမ် ဖန်တီးမှု ပြုလုပ်ပြီးနောက် နယ်သာလန်ဂိုးသွင်းစံချိန်ဆက်လက်ရေးထိုးလာတဲ့အပြင် ဖန်တီးမှုအများဆုံးကစားသမားစံချိန်သစ်ကိုပါ ရေးထိုးလာပါတယ်။
အသက် ၃၁ နှစ်ရှိ ဒီပေးဟာ ပွဲအစ ၈ မိနစ်မှာ ဗီလာတိုက်စစ်သမားမာလန် ဂိုးသွင်းနိုင်အောင် ဖန်တီးပေးခဲ့သလို ဗန်ဒိုက် ဒုတိယဂိုး သွင်းနိုင်အောင်လည်း ဖရီးကစ်မှ တဆင့် ဖန်တီးပေးနိုင်ခဲ့ပါတယ်။
သူဟာ ယင်းဖန်တီးမှု ၂ ကြိမ်ကြောင့် ဖန်တီးမှု ၃၅ ကြိမ်အထိ ရှိလာကာ ဝက်စ်လေဆနိုက်ဒါရဲ့ စံချိန်ကို ၂ ကြိမ်အသာဖြင့် ကျော်ဖြတ်ပြီး စံချိန်သစ် ရေးထိုးလာပါတယ်။
ဒါ့အပြင် သူဟာ ၃၈ မိနစ်တွင် ရရှိတဲ့ ပင်နယ်တီကိုလည်း သွင်းယူကာ ဂိုးသွင်းစံချိန်အား ဆက်လက် ရေးထိုးလာပါတယ်။
သူဟာ ပြီးခဲ့တဲ့လတုန်းက နယ်သာလန်သမိုင်းတွင် ဂိုးအများဆုံးသွင်းယူသူ စံချိန်သစ်ရေးထိုးခဲ့တာ ဖြစ်ပြီး ယခုအခါ ၅၄ ဂိုးဖြင့် ဆက်လက် ရေးထိုးနေပါတယ်။
မနေ့ညက ပွဲတွင် နယ်သာလန်တို့ ၄-၀ ဖြင့် အနိုင်ရခဲ့တာ ဖြစ်ပြီး ကျန်အနိုင်ဂိုးတစ်ဂိုးကို စပါးစ်စတားဇာဗီးဆိုင်မွန်ရဲ့ ဖန်တီးမှုကနေ လီဗာပူးတိုက်စစ်သမားဂတ်ပိုက သွင်းယူခဲ့တာပါ။
နယ်သာလန်ဟာ ဖင်လန်နိုင်ပွဲကြောင့် အုပ်စု(G) အား ဒုတိယနေရာမှ ပိုလန်ကို ၃ မှတ်ဖြတ်ကာ ဆက်လက် ဦးဆောင်လာပါတယ်။
Credit - Playmaker Journal
#ဘောလုံးသတင်းစုံ
သပိတ်ကျင်းမြို့နယ် ဖော့တောလမ်းဆုံမှာ တိုက်ပွဲပြင်းထန်နေလို့ မိုးကုတ်အတက်အဆင်းပိတ်ထား
အောက်တိုဘာ ၁၃
မန္တလေး - မိုးကုတ်ကားလမ်း ၊ သပိတ်ကျင်းမြို့နယ်ထဲက ဖော့တောလမ်းဆုံမှာ တိုက်ပွဲပြင်းထန်ဖြစ်ပွားနေတာကြောင့် မန္တလေး - မိုးကုတ် ကားလမ်းအတက်အဆင်းအားလုံးသွားလာခွင့်ပိတ်ထားတယ်လို့သိရပါတယ်။
တိုက်ပွဲဖြစ်ပွားနေတဲ့ သပိတ်ကျင်း - မိုးကုတ်လမ်းမှာ ကုန်ကားတစီးလည်း ဒရုန်းဗုံးထိမှန် ပျက်စီးမှုရှိကြောင်း ၊ ဖော့တောလမ်းဆုံတဝိုက်မှာဆိုရင်လည်း ထိခိုက်ပျက်စီးမှုအများအပြား ရှိနေတယ်လို့ သိရပါတယ်။
" လူနာက အရေးပေါ်မို့လို့အရဲစွန့်မောင်းလာတာ ။ လမ်းတလျှောက်တွေ့ရတာ ဖော့တောလမ်းဆုံမှာလည်းကြေမွနေတာပဲ။ ဒရုန်းတွေကလည်း အပေါ်မှာဝဲနေတော့ ဘုရားစာရွတ်ပြီးမောင်းလာရတယ်။" လို့ တိုက်ပွဲ လမ်းပိုင်းကနေဖြတ်ပြီး ပြန်လာသူတယောက်ကပြောပါတယ်။
ဖော့တောလမ်းဆုံကစပြီး လမ်းပိတ်လိုက်တာဖြစ်ကြောင်း ၊ စစ်တပ်ကလည်း မန္တလေး - မိုးကုတ်လမ်းပိုင်းကို ပြန်လည်ထိန်းချုပ်ပြီး pdf နဲ့ TNLA စိုးမိုးထားတဲ့မိုးကုတ်ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက် အင်အားအများအပြားနဲ့ ထိုးစစ်ဆင်တိုက်ခိုက်လာနေတာကြောင့် တိုက်ပွဲကပြင်းထန်လာနေတာဖြစ်တယ်လို့ သိရပါတယ်။
"မိုးကုတ် အတက်အဆင်းလုံးဝမသွားကြပါနဲ့ အခုကစိုးရိမ်ရပါတယ်။ လမ်းလည်းပိတ်ထားပါတယ်။အရေး ကြီးကြီး မကြီးကြီးခနစောင့်ကြပါ။ကျွန်တော်တို့ကတော့ရပ်ထားပါတယ်။ "လို့ မိုးကုတ် - မန္တလေးပြေးဆွဲနေတဲ့ ကားသမားတယောက်ကပြောပါတယ်။
ဖော့တောလမ်းဆုံဟာ မန္တလေး-မိုးကုတ်လမ်းနဲ့ မန္တလေး-သပိတ်ကျင်း-ထီးချိုင့်-ဗန်းမော်လမ်းပေါ်မှာ တည်ရှိတာကြောင့် ဖော့တောလမ်းဆုံကို စစ်တပ်မှပြန်လည်ထိန်းချုပ်နိုင်ဖို့ အပြင်းအထန် တိုက်နေတာဖြစ်တယ်လို့သိရပါတယ်။
ပြီးခဲတဲ့ ဇူလိုင်လမှာ စစ်တပ်က သပိတ်ကျင်းမြို့ကို ပြန်လည်ထိန်းချုပ်ခဲ့ပြီး မန္တလေး - မိုးကုတ်လမ်းပိုင်းကိုပါ ထိန်းချုပ်နိုင်ဖို့ ထိုးစစ်ဆင်တိုက်ခိုက်လာနေတာဖြစ်တယ်လို့ သိရပါတယ်။
Credit - Voice of Myanmar News Agency
#centralnewsnaypyitaw
❝ကြိုတင်ဆန္ဒမဲပေးနိုင်ရန်အတွက် ပုံစံ(၁၅)များ လက်ခံခြင်းကို ရက် ထပ်မံတိုးမြှင့်သတ်မှတ်❞
အောက်တိုဘာ ၁၃
ပြည်ပနိုင်ငံများတွင် ရောက်ရှိနေသော ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မြန်မာ နိုင်ငံသားမဲဆန္ဒရှင်များ လာမည့်ရွေးကေူက်ပွဲတွင် ကြိုတင်ဆန္ဒမဲပေးနိုင်ရန်အတွက် ပုံစံ(၁၅)များ လက်ခံခြင်းကို ရက် ထပ်မံတိုးမြှင့်သတ်မှတ်လိုက်ကြောင်း ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ မြန်မာသံရုံးက ယနေ့ အောက်တိုဘာ ၁၂ ရက်တွင် အသိပေးထုတ်ပြန်ထုတ်ပြန်ထားသည်။
တိုကျိုမြို့ရှိ မြန်မာသံရုံးအနေဖြင့် ဂျပန်နိုင်ငံ၌ ရောက်ရှိနေကြသော ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မြန်မာနိုင်ငံသားမဲဆန္ဒရှင်များမှ ကြိုတင်ဆန္ဒမဲပေးနိုင်ရန်အတွက် ဖြည့်စွက်ပြီး ပုံစံ(၁၅)များ လက်ခံခြင်းကို အောက်တိုဘာ ၆ ရက်နေ့အထိ ရက်တိုးမြှင့် လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ယခင်က အသိပေးထုတ်ပြန်ခဲ့သည်။
ယခုအခါ နိုင်ငံပြင်ပတွင် ရောက်ရှိနေပြီး ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် နိုင်ငံသားများ ကျန်ရှိမှုမရှိစေရေးအတွက် မြန်မာသံရုံး၊ တိုကျိုမြို့အနေဖြင့် ဖြည့်စွက်ပြီး ပုံစံ(၁၅)များ လက်ခံခြင်းကို အောက်တိုဘာ ၁၅ ရက်နေ့အထိ ရက်တိုးမြှင့် လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ထပ်မံအသိပေးထားခြင်းဖြစ်သည်။
အလားတူ ယခုအသိပေးကြေညာချက်ကို မိမိတို့နှင့်နီးစပ်ရာ မြန်မာနိုင်ငံသားများထံ ဖြန့်ဝေအသိ ပေးနိုင်ရန်လည်း မေတ္တာရပ်ခံ တိုက်တွန်းနှိုးဆော်ထားသည်။
#သတင်းဟင်းလေးအိုးကြီး
Former NFL quarterback Mark Sanchez was discharged from an Indianapolis hospital on Sunday and immediately booked on a felony charge stemming from an altercation with a 69-year-old truck driver last week, according to police.
Read more: https://abcnews.visitlink.me/skqRFY