ယူနိုက်တက်နှင့်ပွဲမတိုင်မီ ဆေးဘက်ဆိုင်ရာအရေးပေါ်ကိစ္စဖြစ်ပြီးနောက် လိဒ်ပရိသတ်တစ်ဦး သေဆုံး
=====================

လိဒ်အသင်းက ယူနိုက်တက်နှင့်ပွဲမတိုင်မီ ဆေးဘက်ဆိုင်ရာ အရေးပေါ်ကိစ္စဖြစ်ပွားခဲ့တဲ့ လိဒ်ပရိသတ်မှာ ကွယ်လွန်သွားခဲ့ပြီ ဖြစ်ကြောင်း အတည်ပြု‌ကြေညာလာပါတယ်။
မနေ့ညက ပွဲစဉ်တွင် လိဒ်ဟာ ဘရန်ဒန်အေရွန်ဆင်ရဲ့ ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့ပေမယ့် မားသီးယပ်စ်ကန်ညာက ယူနိုက်တက်အတွက် ချေပဂိုးသွင်းယူကာ တစ်ဂိုးစီသရေဖြင့် ပြီးဆုံးသွားခဲ့ပါတယ်။
ဒါပေမယ့် ယင်းပွဲအပြီး နာရီအနည်းငယ်အကြာမှာတော့ လိဒ်က Elland Road တွင် နေထိုင်မကောင်းဖြစ်ခဲ့တဲ့ ပရိသတ်မှာ ကွယ်လွန်သွားရှာပြီ ဖြစ်ကြောင်း ကြေညာလာပါတယ်။
လိဒ်နှင့် ယူနိုက်တက်ပွဲမတိုင်မီ စနေနေ့တုန်းကလည်း ရှက်ဖီးလ်ယူနိုက်တက်နှင့် လက်စတာတို့ရဲ့ ပွဲစဉ်တွင် ရှက်ဖီးလ်ပရိသတ်တစ်ဦး နေထိုင်မကောင်းဖြစ်ပြီးနောက် ကွယ်လွန်သွားခဲ့ပါသေးတယ်။
ဒါ့အပြင် မနေ့ညက ဖူလ်ဟမ်နှင့် လီဗာပူးပွဲမတိုင်မီ Craven Cottage တွင် ဆေးဘက်ဆိုင်ရာအရေးပေါ်ကိစ္စဖြစ်ပျက်ခဲ့ပြီး ပွဲကို ၁၅ မိနစ်ရွှေ့ဆိုင်းခဲ့ရပါသေးတယ်။
မနေ့ညကပွဲတွင် ယူနိုက်တက်ဟာ လိဒ်ကို တစ်ဂိုးစီသရေကျကစားနိုင်ခဲ့မှုနှင့်အတူ ၂၀၀၂ ခုနှစ် စက်တင်ဘာနောက်ပိုင်းတွင် Elland Road တွင် ရှုံးပွဲမရှိသေးတဲ့ မှတ်တမ်းအား ဆက်ထိန်းထားနိုင်ခဲ့ပါတယ်။

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ
(ဇန်နဝါရီ - ၅ ရက်၊ နံနက် ၁၀ နာရီ)

#ရွှေဈေး
-ကမ္ဘာ့ရွှေဈေး
တအောင်စ ၄၄၀၉ ဒေါ်လာ
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း
- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၆၀၀၀၀၀၀ ကျပ်
ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၉၂၃၀၀၀၀ ကျပ်
ဝယ်ဈေး ၉၁၉၀၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၈၈၃၀၀၀၀ ကျပ်
ဝယ်ဈေး ၈၇၉၀၀၀၀ ကျပ်
* စနစ်သစ်
(၁ိ - ၁၆.၃၂၉၃၂၅ ဂရမ် = ၁၂၀ ရွေး)
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၉၁၁၀၀၀၀ ကျပ်
ဝယ်ဈေး ၉၀၇၀၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၈၇၁၀၀၀၀ ကျပ်
ဝယ်ဈေး ၈၆၇၀၀၀၀ ကျပ်
“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”
(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)
#နိုင်ငံခြားငွေလဲလှယ်နှုန်း
-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၆၅၄ ကျပ်
ပြင်ပပေါက်စျေး
-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၃၉၈၀ ကျပ်
ဝယ်ဈေး - ၃၈၈၀ ကျပ်
-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၀၉၀ ကျပ်
ဝယ်ဈေး - ၃၀၁၅ ကျပ်
-ယူရို
ရောင်းဈေး - ၄၆၅၅ ကျပ်
ဝယ်ဈေး - ၄၅၄၀ ကျပ်
-ထိုင်းဘတ်
ရောင်းဈေး - ၁၂၆.၅၈ ကျပ်
ဝယ်ဈေး - ၁၂၃.၄၆ ကျပ်
-မလေးရှားရင်းဂစ်
ရောင်းဈေး - ၉၇၈ ကျပ်
ဝယ်ဈေး - ၉၅၄ ကျပ်
-တရုတ်ယွမ်
ရောင်းဈေး - ၅၇၀ ကျပ်
ဝယ်ဈေး - ၅၅၆ ကျပ်
-ဂျပန်ယန်း
ရောင်းဈေး - ၂၅.၃၂ ကျပ်
ဝယ်ဈေး - ၂၄.၆၉ ကျပ်
-အိန္ဒိယရူပီး
ရောင်းဈေး - ၄၄.၁၉ ကျပ်
ဝယ်ဈေး - ၄၃.၁ ကျပ်
-ကိုရီးယားဝမ်
ရောင်းဈေး - ၂.၇၅ ကျပ်
ဝယ်ဈေး - ၂.၆၈ ကျပ်
-စတာလင်ပေါင်
ရောင်းဈေး - ၅၃၄၅ ကျပ်
ဝယ်ဈေး - ၅၂၁၅ ကျပ်
-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၂၆၅၅ ကျပ်
ဝယ်ဈေး - ၂၅၉၀ ကျပ်
-ကနေဒါဒေါ်လာ
ရောင်းဈေး - ၂၈၉၀ ကျပ်
ဝယ်ဈေး - ၂၈၂၀ ကျပ်
-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၁၀ ကျပ်
ဝယ်ဈေး - ၄၉၈ ကျပ်
-ယူအေအီး
ရောင်းဈေး - ၁၀၈၃ ကျပ်
ဝယ်ဈေး - ၁၀၅၇ ကျပ်
ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
***သတ်မှတ်ဈေးအတိုင်း အရောင်းအဝယ်မလုပ်ပါက အရေးယူခံရနိုင်သည်။

ဘုရင်မနှင့်မိသားစုဝင်များနေထိုင်ခဲ့တဲ့ စံအိမ်ကြီးကို ပေါင် ၅.၇ သန်းဖြင့် ဝယ်ယူလာတဲ့ အဲဗာတန်နှင့် အင်္ဂလန်ဂိုးသမားပစ်ဖို့ဒ်
=======================

အင်္ဂလန်နှင့် အဲဗာတန်ဂိုးသမားဂျော်ဒန်ပစ်ဖို့ဒ်ဟာ နတ်ရွာစံသွားပြီဖြစ်တဲ့ ဘုရင်မနှင့် မိသားစုဝင်များ နေထိုင်ခဲ့ရာ စံအိမ်ကြီးအား ပေါင် ၅.၇ သန်းဖြင့် ဝယ်ယူလာပါတယ်။
ယင်းစံအိမ်မှာ ချီရှိုင်းယားတွင် တည်ရှိပြီး ၂.၅ ဧကကျယ်ဝန်းတဲ့ ခြံအတွင်း တည်ဆောက်ထားကာ အိပ်ခန်း ၈ ခန်းအထိ ပါဝင်ပါတယ်။
ယင်းစံအိမ်ကို ၁၈၆၀ ခုနှစ်တွင် တည်ဆောက်ခဲ့တာ ဖြစ်ပြီး အဲလစ်ဇဘတ်ဘုရင်မ(၂)၊ ခင်ပွန်းသည်မင်းသားဖီးလစ်နှင့် ချားလ်ဘုရင်တို့ နေထိုင်ခဲဖူးပါတယ်။
ယင်းစံအိမ်တွင် အိမ်တွင်း ရေကူးကန်ပါဝင်သလို ကား ၄ စီးဆန့် ဂိုထောင်လည်း ပါဝင်ပါတယ်။
အသက် ၃၁ နှစ်ရှိ ပစ်ဖို့ဒ်နှင့် ဇနီးသည်မီဂန်တို့ဟာ ယင်းစံအိမ်ကို ပြီးခဲ့တဲ့နှစ် ဧပြီလတုန်းက ဝယ်ယူခဲ့တာ ဖြစ်ပြီး နေအိမ်အသုံးအဆောင်ပစ္စည်းများကို ခေတ်မီပစ္စည်းများဖြင့် အစားထိုးမှု ပြုလုပ်ထားပါတယ်။
ယင်းဂန္ထဝင်စံအိမ်ကြီးမှာ ၂၀၁၈ ခုနှစ်တုန်းက ပစ်ဖို့ဒ် ဝယ်ယူခဲ့တဲ့ ချီရှိုင်းယားမှ ပေါင် ၂.၁ သန်းတန် နေအိမ်နှင့် မနီးမဝေးမှာ တည်ရှိပါတယ်။
အဲဗာတန်တွင် တစ်ပတ်လုပ်ခ ပေါင် ၁၅၀၀၀၀ ရရှိနေတဲ့ ပစ်ဖို့ဒ်ဟာ ယင်းစံအိမ်ကြီးတွင် ရုပ်ရှင်ရုံနှင့် ဂျာကူဇီခန်းပါ ထည့်သွင်းပြီး အဆင့်မြှင့်ထားပါသေးတယ်။
ပစ်ဖို့ဒ်နှင့် မီဂန်တို့ဟာ ကျောင်းတက်စဉ် တွေ့ဆုံ ချစ်ကြိုက်ခဲ့တာ ဖြစ်ပြီး ၂၀၂၀ ခုနှစ် မတ်လတွင် လက်ထပ်ခဲ့ကြပါတယ်။
သူဟာ ၂၀၁၇ ခုနှစ် ဇွန်လတွင် ဆန်းဒါးလန်းမှ အဲဗာတန်သို့ ပေါင်သန်း ၃၀ ဖြင့် ပြောင်းလာခဲ့သူ ဖြစ်ပြီး အင်္ဂလန်အသင်းအတွက် ၈၁ ပွဲကစားထားသူလည်း ဖြစ်ပါတယ်။

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ
*****************************************
🇲🇲 ရည်ညွှန်းလက်လီဈေးနှုန်းများ
💢ရန်ကုန်မြို့
💢မန္တလေးမြို့
💢နေပြည်တော်
💢တိုင်းဒေသကြီး/ ပြည်နယ်မြို့တော်များ

36 w - Translate

ဇန်နဝါရီ ၅ ရက်‌နေ့

image
36 w - Translate

လွတ်လပ်ရေးနေ့

36 w - Translate

2026 မှာ အိမ်မက်တွေအကောင်အထည်ဖော်ဖို့ ကြိုးစားမယ်💪🏻💪

ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် စစ်ကိုင်းမြို့ ရတနာဆင်များရှင်ဘုရား စိန်ဖူးတော်နှင့် ငှက်မြတ်နားတော် တင်လှူပူဇော်ပွဲကျင်းပ
---------------------------

မန္တလေးငလျင်ကြီးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့တဲ့ စစ်ကိုင်းမြို့ရှိ သမိုင်းဝင် ရတနာဆင်များရှင်‌ စေတီတော်ကြီး စိန်ဖူးတော်နဲ့ ငှက်မြတ်နားတော် တင်လှူပူဇော်ပွဲကို ၂၀၂၆ ဇန်နဝါရီ ၂ရက်က ကျင်းပပါတယ်။
မတ်လ၂၈ရက်ကလှုပ်ခတ်ခဲ့တဲ့ မန္တလေးငလျင်ကြီးဒဏ်ကြောင့် ရတနာဆင်များရှင် စေတီတော်ကြီးရဲ့ စိန်ဖူးတော်ပြုတ်ကျခဲ့ပြီး ငှက်မြတ်နားတော် ပြတ်ကျခဲ့ရပါတယ်။
အခုအခါ ဘက်စုံပြုပြင်မွမ်းမံတဲ့လုပ်ငန်းတွေ ဆောင်ရွက်ပြီးစီးခဲ့တာကြောင့် စိန်ဖူးတော်နဲ့ ငှက်မြတ်နားတော် တင်လှူပူဇော်ပွဲကို ကျင်းပတာဖြစ်ပါတယ်။
အခမ်းအနားကို ရွှေကျင်နိကာယသာသနာပိုင်၊ နိုင်ငံတော်ဩဝါဒါစရိယ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဏိတ၊ သီတဂူဗုဒ္ဓတက္ကသိုလ်များနှင့် သီတဂူဆေးရုံတော်များ၏အဓိပတိ သီတဂူဆရာတော်ကြီး ဒေါက်တာဘဒ္ဒန္တဉာဏ္ဏိဿရအမှူးပြုတဲ့ ဆရာတော်၊ သံဃာတော်တွေ ကြွရောက်တော်မူကြပြီး စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ စစ်ကိုင်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသက်ပုံ၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်တွေ၊ ဌာနဆိုင်ရာတာဝန်ရှိသူတွေ၊ ဂေါပကအဖွဲ့ဝင်တွေ၊ မြို့မိမြို့ဖတွေ တက်ရောက်ကြပါတယ်။
အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ခဲ့ကြပြီး ကြွရောက်လာတဲ့ဧည့်ပရိသတ်တွေက သီတဂူဆရာတော်ကြီးထံမှငါးပါးသီလခံယူဆောက်တည်ကြကာ ရတနာစေတီဆင်များရှင်စေတီတော်မြတ်ကြီး ဩဝါဒါစရိယ ဆရာတော်ကြီးများထံမှ အန္တရာယ်
ကင်း ပရိတ်တရားတော်များ နာယူကြည်ညိုကြပါတယ်။
ဆက်လက်ပြီး သီတဂူဆရာတော်ကြီးနဲ့ ဩဝါဒါစရိယ ဆရာတော်ကြီး‌တွေကို တိုင်းဒေသကြီး ဝန်ကြီးချုပ်နဲ့ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်တွေ၊အလှူရှင်တွေက ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နဲ့ လှူဖွယ်ပစ္စည်းတွေကို ဆက်ကပ်လှူဒါန်းကြပါတယ်။
အဲဒီနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်တွေက ငလျင်လှုပ် ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့တဲ့ စစ်ကိုင်းမြို့ရှိ “မဟိယင်္ဂဏ” စေတီတော်မြတ်ကြီး ပြုပြင်မွန်းမံဖို့အတွက် အလှူငွေကျပ် သိန်း ၁၀၀၀နဲ့ “ရတနာထွဋ်ခေါင်” စေတီတော်ပြုပြင်ဖို့အတွက် ငွေကျပ် သိန်း၁၀၀တို့ကို လှူဒါန်းခဲ့ကြပါတယ်။
ဆက်လက်ပြီးတော့လည်း ဩဝါဒဆရာတော်ကြီး‌တွေ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကျော်၊ စစ်ကိုင်းမဲဆန္ဒနယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသက်ပုံနဲ့ တာဝန်ရှိသူတွေက ရတနာစိန်ဖူးတော်နဲ့ ငှက်မြတ်နားတော်တို့ကို အမွှေးနံ့သာရေတွေ ပတ်ဖျန်းပေးပြီး စေတီတော်ကြီး လက်ျာရစ် တစ်ပတ် လှည့်လည်ပူဇော်ကြပါတယ်။
အဲဒီနောက် မင်္ဂလာအချိန်ကျရောက်တာနဲ့တစ်ပြိုင်နက် စေတီတော်ကြီးအထက်ကို တင်လှူပူဇော်ခဲ့ကြပြီး အမွှေနံ့သာရေ‌တွေပတ်ဖျန်းကာ ရွှေမိုး၊ငွေမိုးများ ရွာသွန်းဖြိုးခဲ့ကြပါတယ်။
ကြွရောက်တော်မူလာတဲ့ ဆရာတော်ကြီးတွေကို နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့တယ်လို့လည်း သိရပါတယ်။

မလေးရှားရှိ ဖျော်ဖြေရေးစင်တာကို ဝင်ရောက်စစ်ဆေးစဉ် မြန်မာ ၂၀ ဖမ်းဆီးခံရ

မလေးရှားနိုင်ငံ Negeri Sembilan ပြည်နယ် နီလိုင်(NILAI)မြို့တွင် ဇန်နဝါရီ ၁ ရက် နံနက်ပိုင်းကမြန်မာနိုင်ငံသားများ ဖွင့်လှစ်ထားသည့် ဖျော်ဖြေရေးစင်တာကိုရဲတပ်ဖွဲ့က ဝင်ရောက်စစ်ဆေးခဲ့ပြီးမြန်မာ၂၀ ကို ဖမ်းဆီးခဲ့ကြောင်းမလေးရှားမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။
နီလိုင်မြို့ Taman Semarak 2ရှိ ဆိုင်ခန်းတစ်ခုကိုဖျော်ဖြေရေးစင်တာအဖြစ် တရားမဝင် ပြုပြင်မွမ်းမံ အသုံးပြုနေသည်ကိုစစ်ဆေးတွေ့ရှိခဲ့ပြီး ၎င်းနေရာသည်ယခင်ကလည်း တရားစွဲဆိုခြင်းနှင့် ချိပ်ပိတ် သိမ်းဆည်းခြင်း ပြုလုပ်ခဲ့သည့်နေရာဖြစ်ကြောင်း သိရသည်။
၎င်းဖျော်ဖြေရေးစင်တာတွင်အသက် (၂၀) မှ (၄၀) ကြားရှိ အမျိုးသမီး ၁၄ ဦး အပါအဝင် မြန်မာနိုင်ငံ
သား ၂၀ ကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ဖျော်ဖြေရေးစင်တာအတွင်းမှအသံချဲ့စက်များ၊ လက်တော့ပ်များ၊တီဗွီများ၊ ဝိုင်ဖိုင်စက်များ၊ ကုမ္ပဏီ
တံဆိပ်တုံးများနှင့် ငွေသားရင်းဂစ်၆၆၀ အပါအဝင် လုပ်ငန်းသုံးပစ္စည်းအမျိုးမျိုးကိုလည်း သိမ်းဆည်းခဲ့ကြောင်း သိရသည်။