ကမ္ဘာ့ဖလားပြိုင်ပွဲကြောင့် နှစ် ၃၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် ပုံမှန်မဟုတ်တဲ့ ရာသီကြိုခရီးစဉ် စီစဉ်လာရတဲ့ ယူနိုက်တက်
=====================
ယူနိုက်တက်ဟာ နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် စကင်ဒီနေးဗီးယားသို့ ရာသီကြိုခရီးစဉ် ထွက်ရန် ပြင်ဆင်နေပါတယ်။
ယူနိုက်တက်ဟာ ဟယ်ဆင်ကီနှင့် ဂိုသန်ဘတ်တို့တွင် ခြေစမ်းပွဲကစားရန် စီစဉ်နေပြီး ယင်းပွဲများမှာ အမြဲတမ်းနည်းပြသစ်အောက် ပထမဆုံးပွဲများ ဖြစ်လာပါမယ်။
လက်ရှိအချိန်တွင် ယူနိုက်တက်ဟာ စကင်ဒီနေးဗီးယားခရီးစဉ်အတွက် ဆွေးနွေးနေတုန်း ဖြစ်ပါတယ်။ ဒါပေမယ့် ယူနိုက်တက်ဟာ အမေရိကန်၊ ကနေဒါနှင့် မက္ကဆီကိုတို့က ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပလာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားကြောင့် ယခုကဲ့သို့ ပုံမှန်မဟုတ်တဲ့ ရာသီကြိုခရီးစဉ် စီစဉ်လာရတာလည်း ဖြစ်ပါတယ်။
ယူနိုက်တက်အတွက် နောက်ဆုံးအကြိမ် ဖင်လန်ရဲ့ မြို့တော်ဟယ်ဆင်ကီသို့ သွားရောက်ကာ Hjk Helsinki နှင့် ကစားခဲ့တာ ၁၉၉၅ ခုနှစ် ဥရောပဖလားတုန်းက ဖြစ်ပါတယ်။
ဂိုသန်ဘတ်မှာ ၁၉၉၄ ခုနှစ်တုန်းက ယူနိုက်တက်အား ချန်ပီယံလိဂ်မှ ဖြုတ်ချခဲ့ဖူးပါတယ်။ ယူနိုက်တက်ဟာ ၂၀၁၂ ခုနှစ်တွင် ဆွီဒင်နိုင်ငံရဲ့မြို့တော်သို့ ပြန်ရောက်လာပြီး ဘာစီလိုနာနှင့် ခြေစမ်းပွဲကစားခဲ့သလို လေးနှစ်အကြာတွင် ဂါလာတာစာရေးနှင့် ခြေစမ်းခဲ့ပါတယ်။
ကမ္ဘာ့ဖလားဗိုလ်လုပွဲကို ဇူလိုင်လ ၁၉ ရက်နေ့တွင် ကစားလာမှာ ဖြစ်ပြီး ၁၉၆၆ ကမ္ဘာ့ဖလားနောက်ပိုင်း နောက်အကျဆုံး ဖြစ်လာမှာ ဖြစ်ပါတယ်။
ဒါကြောင့်လည်း ယူနိုက်တက်ဟာ ရာသီကြိုခြေစမ်းပွဲ ခရီးစဉ်အတွက် အပြောင်းအလဲ ပြုလုပ် စီစဉ်လာရတာပါ။
ယူနိုက်တက်ဟာ ပြီးခဲ့တဲ့သုံးရာသီဆက် အမေရိကန်သို့ ရာသီကြိုခြေစမ်းပွဲ သွားကစားခဲ့ပြီး ကမ္ဘာဖ့လားကြောင့် လေးရာသီဆက် ကစားရန် ခက်ခဲနေပါတယ်။
ဒါကြောင့် ယူနိုက်တက်ဟာ ဗြိတိန်နှင့် အိုင်ယာလန်ပြင်ပတွင် ၎င်းတို့ရဲ့ ပရိသတ်အကြီးမားဆုံးရှိရာ နေရာများထဲမှ တစ်ခုဖြစ်တဲ့ စကင်ဒီနေးဗီးယားသို့ သွားရန် ဖြစ်လာခဲ့တာပါ။
ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ ရာသီကြိုခြေစမ်းပွဲ ခရီးစဉ် ၄ ကြိမ်တွင် နော်ဝေသို့ သုံးကြိမ် သွားဖူးသလို ဆွီဒင်သို့ ၁ ကြိမ်သွားဖူးကာ ပရိသတ်ပိုမိုတိုးပွားရေး လုပ်ဆောင်ခဲ့ဖူးပါတယ်။
ယူနိုက်တက်ဟာ စကင်ဒီနေးဗီးယားသို့ ပုံမှန်သွားလေ့ရှိပေမယ့်လည်း ၂၀၁၂ ခုနှစ်တုန်းက နော်ဝေနှင့် ဆွီဒင်သို့သာ သွားခဲ့တာပါ။
ဒါပေမယ့် ယူနိုက်တက်အတွက် ကြီးမားတဲ့ ပြဿနာရှိနေတာကတော့ စကင်ဒီနေးဗီးယားမှ ကွင်းများမှာ သေးငယ်ပြီး လက်မှတ်ပမာဏအကန့်အသတ်ဖြင့်သာ ရောင်းချလာနိုင်မှာ ဖြစ်ပါတယ်။
ယူနိုက်တက်ဟာ ၂၀၁၆ ခုနှစ်နောက်ပိုင်းတွင် နော်ဝေသို့ ၅ ကြိမ်၊ ဆွီဒင်သို့ ၂ ကြိမ် သွားခဲ့ဖူးပါတယ်။
ယူနိုက်တက်ဟာ အော်စလိုရှိ Ullevaal Stadium တွင် ၄ ပွဲ၊ ထရွန်ဟိမ်းရှိ Lerkendal Stadium ကွင်းတွင် ၁ ပွဲကစားခဲ့ပါတယ်။
ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ရာသီတုန်းက စတောဟုမ်းတွင် လိဒ်နှင့် ဂိုးမရှိသရေကျတဲ့ပွဲဖြင့် ရာသီကြိုခရီးစတင်ခဲ့သလို ၂၀၁၆ ခုနှစ်တုန်းကလည်း ဂိုသန်ဘတ်တွင် ဂါလာတာစာရေးနှင့် ကစားခဲ့ပါတယ်။
ယူနိုက်တက်တို့ တကယ်တမ်း စကင်ဒီနေးဗီးယားရာသီကြိုခြေစမ်းပွဲကစားခဲ့တာ ၁၉၉၈ ခုနှစ်က ဖြစ်ပါတယ်။ ထိုစဉ်တုန်းကလည်း ယူနိုက်တက်ဟာ ကမ္ဘာ့ဖလားကြောင့် ပုံမှန်မဟုတ်တဲ့ ရာသီကြိုခြေစမ်းပွဲကစားစဉ် စီစဉ်ခဲ့ရတာ ဖြစ်ပြီး ယင်းရာသီတွင် ဆုဖလား ၃ လုံး ဆွတ်ခူးတဲ့အထိ အောင်မြင်ခဲ့ပါတယ်။
အဲလက်စ်ဖာဂူဆန်ရဲ့အသင်းဟာ ၁၉၉၈ ပြင်သစ်ကမ္ဘာ့ဖလားအပြီးတွင် ဗာလီရန်ဂါ၊ ဘရွန်ဘီ၊ ဘရန်းတို့တွင် ခြေစမ်းပွဲကစားခဲ့ပါတယ်။