ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက ကျောင်းသားများကို ဆေးတက္ကသိုလ်ဝင်ခွင့်ခေါ်ယူ
---------------------

သွားလာရေးနဲ့ လူမှုရေးခက်ခဲတဲ့ဒေသတွေနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ(၆)ခုတို့ကနေ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ် ဝင်စာမေးပွဲအောင်မြင်ခဲ့ကြတဲ့ ကျောင်းသား/ကျောင်းသူတွေကို ဆေးတက္ကသိုလ် ဝင်ခွင့်လျှောက်လွှာခေါ်ယူ ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက နိုဝင်ဘာ(၂၆)ရက်ထုတ် နိုင်ငံပိုင်သတင်းတွေကနေ အသိပေးကြေညာချက် ထုတ်ပြန်ပါတယ်။
၂၀၂၅ ပညာသင်နှစ် ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ဆေးတက္ကသိုလ် တွေအတွက် နိုင်ငံတော်ကထုတ်ပြန်ထားတဲ့ ဒေသစရိတ်ခံစားခွင့်ရှိတဲ့ သွားလာရေးနဲ့ လူမှုရေးခက်ခဲတဲ့ ဒေသ တွေနဲ့ နာဂ၊ ဓနု၊ ပအိုဝ်း၊ ပလောင်၊ ကိုးကန့်၊ ဝ အစရှိတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ(၆)ခုကနေ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ပြီး အခြေခံပညာသင်တန်း(GRADE-10, GRADE-11, GRADE-12)တွေကို ဆက်တိုက်ပညာသင်ကြားခဲ့တဲ့ ကျောင်းသား၊ ကျောင်းသူတွေကို ဆေးတက္ကသိုလ်ဝင်ခွင့် လျှောက်လွှာခေါ်ယူတာ ဖြစ်ပါတယ်။
ဆေးတက္ကသိုလ်ဝင်ခွင့်အတွက် သတ်မှတ်အရည်အချင်းနဲ့ ပြည့်စုံသူတွေ လျှောက်ထားနိုင်ပြီး လျှောက်လွှာတွေကို လာမဲ့ ဒီဇင်ဘာ(၁၈)ရက် နောက်ဆုံးထားကာ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနကို တိုက်ရိုက် ပေးပို့ လျှောက်ထားနိုင်တယ်လို့ ဆိုပါတယ်။ လျှောက်ထားလိုသူတွေအနေနဲ့ အသေးစိတ်အချက်အလက်တွေကို ကျန်းမာရေးဝန်ကြီးဌာန Website နဲ့ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန Website တို့မှာ ဝင်ရောက် ကြည့်ရှုနိုင်တယ်လို့ သိရပါတယ်။

image

အမေရိကန်ရောက်မြန်မာများ ပြန်လာပြီး ရွေးကောက်ပွဲ၌ မဲပေးနိုင်
---------------------------

မြန်မာနိုင်ငံမှာ မကြာမီအချိန်အတွင်း ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး ကျင်းပတော့မှာ ဖြစ်တဲ့ အတွက် အမေရိကန်ရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ မြန်မာနိုင်ငံကို ပြန်လာပြီး အထွေထွေရွေးကောက်ပွဲမှာ မဲပေးနိုင်တယ်လို့ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
အမေရိကန်အစိုးရရဲ့ မြန်မာနိုင်ငံသားတွေအပေါ်မှာ TPS ပေးထားတာကနေ ရပ်ဆိုင်းလိုက်တဲ့ သတင်းထုတ်ပြန် ချက်နဲ့ပတ်သက်ပြီး မီဒီယာတွေရဲ့ မေးမြန်းချက်ကို ပြန်လည်ဖြေကြားရာမှာ အခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။
မြန်မာနိုင်ငံအစိုးရအနေနဲ့ အမေရိကန်အစိုးရရဲ့ ဒီထုတ်ပြန်ချက်ဟာ အပြုသဘောဆောင်တဲ့ ထုတ်ပြန်ချက်ဖြစ် ကြောင်း မှတ်ယူတယ်လို့လည်း ဆိုပါတယ်။
အမေရိကန်ရောက် မြန်မာနိုင်ငံသူနိုင်ငံသားတွေအနေနဲ့ အမိနိုင်ငံကို ပြန်လာလို့ရပါတယ်၊ ကြိုဆိုပါတယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။ ဒါ့အပြင် ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်တည်ဆောက်ရေးမှာ ပါဝင်နိုင်ဖို့ကိုလည်း လက်ကမ်းကြိုဆိုတယ်လို့လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စု ပြည်တွင်းလုံခြုံရေးဝန်ကြီးဌာန(DHS)ကနေ မြန်မာနိုင်ငံသားတွေအတွက် ယာယီ နေထိုင်ခွင့်အဖြစ်ပေးထားတဲ့ ယာယီကာကွယ်ရေးအခြေအနေ(TPS)ကို ရပ်စဲလိုက်ပြီဖြစ်ကြောင်း နိုဝင်ဘာ ၂၄ ရက်မှာ ထုတ်ပြန်ကြေညာလိုက်ပြီး အခုလို TPS ရပ်စဲရတာဟာ မြန်မာနိုင်ငံမှာ အခြေအနေတွေ တိုးတက် ပြောင်းလဲလာတာကြောင့် ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

image
35 w - Translate

👀

image

ရီးရဲလ်မက်ဒရစ်အသင်းတွင် အလွန်ဆိုကို ထောက်ခံသူနှင့် ဆန့်ကျင်သူဆိုပြီး နှစ်ခြမ်းကွဲနေ
===================

ရီးရဲလ်မက်ဒရစ်အသင်းတွင် ကွင်းတွင်းတွင်သာမက ကွင်းပြင်ပတွင်လည်း ပြဿနာများ တက်နေပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာ နောက်ဆုံး ၃ ပွဲဆက် နောက်ဆုံး ၃ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးထားပြီး ကလပ်ရဲ့ အခြေအနေမှာ မကြာမီ ပျောက်ကွဲတော့မယ့် ဗုံးတစ်လုံး အနေအထားသို့လည်း ရောက်ရှိနေပြီလည်း ဖြစ်ပါတယ်။
စပိန်မီဒီယာများရဲ့ ဖော်ပြလာမှုအရ ရီးရဲလ်မက်ဒရစ်အဝတ်အစားလဲခန်းအတွင်းတွင် နှစ်ခြမ်းကွဲနေကြောင်း သိရပါတယ်။
ရီးရဲလ်မက်ဒရစ်အဝတ်အစားလဲခန်းအတွင်းတွင် ဖိအားများအောက်သို့ ကျရောက်နေတဲ့ အလွန်ဆိုကို ဆန့်ကျင်နေကြသူများအုပ်စုနှင့် ထောက်ခံနေသူများ အုပ်စုဆိုပြီး နှစ်ခြမ်းကွဲနေတာပါ။
ရီးရဲလ်မက်ဒရစ်ဟာ နောက်ဆုံး ၃ ပွဲတွင် အယ်ချီနှင့် ၂ ဂိုးစီသရေ၊ ဗယ်လီကာနိုနှင့် ဂိုးမရှိသရေ၊ လီဗာပူးအား ၁-၀ ဖြင့် ရှုံ့းပွဲ ကြုံခဲ့ရကာ ၃ ပွဲဆက် နိုင်ပွဲ ပျောက်ထားပါတယ်။
ယခုရာသီအစတုန်းက လာလီဂါ ပထမဆုံး ၁၁ ပွဲတွင် ၁၀ ပွဲအထိ အနိုင်ရထားတဲ့ ရီးရဲလ်မက်ဒရစ်ဟာ နောက်ဆုံး ၃ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးနေပေမယ့်လည်း ရမှတ် ၁ မှတ်ဖြတ်ကာ လာလီဂါကို ဦးဆောင်ထားနိုင်တုန်းပါ။
ဒါပေမယ် ကစားသမားအချို့တို့ဟာ အလွန်ဆိုရဲ့ ဖီလော်ဆိုဖီအား လက်ခံကြခြင်း မရှိပါဘူး။
အထူးသဖြင့် ရလဒ်နိမ့်ပါးလာချိန်တွင် ပိုမို အသံကျယ်လောင်လာတာလည်း ဖြစ်ပါတယ်။
စပိန်ရေဒီယို El Partidazo de COPE က ကစားသမား ၆ ဦးတို့မှာ အလွန်ဆိုရဲ့ စီမံခန့်ခွဲမှုများအပေါ် သဘောမကျ ဖြစ်နေကြောင်း ဖော်ပြသွားပါတယ်။
Anti-Xabi အုပ်စုလို့ အမည်ပေးထားတဲ့ ယင်းအုပ်စုတွင် ဖီဒီရီကိုဗယ်ဗာဒီ၊ ဗီနီရှပ်စ်ဂျူနီယာ၊ ရိုဒရီဂို၊ ဘရာဟမ်ဒီယာ့ဇ်၊ ဖာလန်းမန်ဒီတို့ ပါဝင်ကြပါတယ်။
တဖက်တွင် အက်ဝတ်ဒိုကာမာဗန်ဂါမှာလည်း အလွန်ဆို လက်အောက်တွင် ပွဲကစားချိန်အနည်းငယ်သာ ရရှိနေမှုနှင့်အတူ အနာဂတ်အပေါ် အလေးအနက်ထား စဉ်းစားနေပါတယ်။
ရီးရဲလ်မက်ဒရစ်အသင်းအတွင်း ကြီးမားတဲ့ ကျယ်လောင်မှု ဖြစ်စေတာကတော့ အလွန်ဆိုနှင့် ဗီနီရှပ်စ်တို့အကြား ဆိုးဆိုးရွားရွား အဆင်မပြေဖြစ်နေတာလည်း ဖြစ်ပါတယ်။
အသက် ၄၄ နှစ်ရှိ အလွန်ဆိုဟာ အယ်ချီနှင့် သရေကျတဲ့ပွဲတွင် ယခုရာသီ ၄ ကြိမ်မြောက်အဖြစ် ဗီနီရှပ်စ်အား ပွဲထွက်လူစာရင်းမှ ချန်လှပ်ထားခဲ့ပါတယ်။
တဖက်တွင် ဗီနီရှပ်စ်ဟာ အလွန်ဆိုလက်အောက်တွင် ၄ ပွဲတည်းသာ ပွဲချိန်ပြည့်ကစားထားရပါသေးတယ်။
ယခုအပတ် အစောပိုင်းတုန်းက မီဒီယာများက ဗီနီရှပ်စ်မှာ အလွန်ဆို ရှိနေလျှင် ရီးရဲလ်မက်ဒရစ်နှင့် စာချုပ်သစ်ချုပ်ဆိုလာမှာ မဟုတ်ဘူးလို့လည်း ဖော်ပြနေကြပါတယ်။
ဒါပေမယ့် အလွန်ဆိုကို ရီးရဲလ်မက်ဒရစ်တစ်သင်းလုံးက ဓားသွေးကာ တိုက်ခိုက်ရန် ချောင်းမြောင်းနေတာတော့ မဟုတ်ပါဘူး။
Cope ရဲ့ ဖော်ပြလာမှုအရ ကစားသမား ၅ ဦးကလည်း အလွန်ဆိုအား ထောက်ခံနေကြပါတယ်။
ယင်းကစားသမား ၅ ဦးက မက်ဒရစ်စီမံကိန်းသစ်တွင် အရေးပါတဲ့ အခန်းကဏ္ဍမှ ပါဝင်နေကြတဲ့ ဟွိုက်ဆင်၊ ကာရီရက်စ်၊ ကော့တွိုက်စ်၊ အာဒါဂူလ်လာ၊ ကိုင်လီယန်ဘက်ပေးတို့ ဖြစ်ကြပါတယ်။
အင်္ဂလန်စတားများဖြစ်ကြတဲ့ ဂျူ့ဘယ်လင်ဂမ်၊ ထရန်းအလက်ဇန္ဒားအာနိုးတို့က အလွန်ဆိုကို ထောက်ခံတဲ့ဘက်မှာ ရှိသလား၊ ဆန့်ကျင်တဲ့ဘက်မှာ ရှိသလားဆိုတာကိုတော့ မသိရသေးပါဘူး။
ယခုကဲ့သို့ အသင်းအတွင်း မတည်ငြိမ်မှုများ ဖြစ်နေမှု၊ ရလဒ်ယိမ်းယိုင်လာမှုနဲ့အတူ ရီးရဲလ်မက်ဒရစ်အဝတ်အစားလဲခန်းအတွင်း ပြဿနာက ဆုဖလား ဆွတ်ခူးရေးထက် ပိုမို အရေးပါတဲ့နေရာသို့ ရောက်နေသလို ဖြစ်နေပါတယ်။

image

ကစားသမား(၁၀)ယောက်အထိ အပြောင်းအလဲလုပ်ခဲ့တာဟာ အလွန်များပြားခဲ့တယ်လို့ ဂွါဒီယိုလာ ပြောကြား

မန်စီးတီးနည်းပြ ဂွါဒီယိုလာက လေဗာကူဆင်အသင်းကို (၀-၂)ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာ ကစားသမား(၁၀)ယောက်အထိ အပြောင်းအလဲလုပ်ခဲ့တာဟာ အလွန်များပြားခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
ဂွါဒီယိုလာဟာ နယူးကာဆယ်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ ပွဲထွက်ကစားခဲ့တဲ့ ကစားသမားတွေထဲက နီကိုဂွန်ဇာလက်ဇ်တစ်ဦးတည်းကိုသာ လေဗာကူဆင်နဲ့ပွဲမှာ ပွဲထွက်အသုံးပြုခဲ့တာဖြစ်ပါတယ်။
ဒါကြောင့် လေဗာကူဆင်အသင်းကို အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့ပြီး မန်စီးတီးအသင်းအနေနဲ့ ချန်ပီယံလိဂ်အုပ်စုအဆင့် အိမ်ကွင်းမှာ ရှုံးနိမ့်တာဟာ ၂၀၁၈ နောက်ပိုင်း ပထမဆုံးအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။
''အပြောင်းအလဲတွေ များသွားပါတယ်။ ရလဒ်ကို ကြည့်ရင် အပြောင်းအလဲတွေ များသွားတာ ဖြစ်နိုင်ပါတယ်။ ဒါကို ကျွန်တော် တာဝန်ယူပါတယ်။ ဒါပေမဲ့ ပါဝင်ကစားခဲ့သူတိုင်းကို ကျွန်တော် သဘောကျပါတယ်။ ခင်ဗျားက ဘောလုံးသမားတစ်ယောက် ဖြစ်မယ်ဆိုရင် ငါးပွဲ၊ ခြောက်ပွဲ၊ ခုနစ်ပွဲ မကစားရတာက ခက်ခဲပါတယ်။ ဒီလိုလုပ်ခဲ့တာ ကျွန်တော့်ဘဝမှာ ပထမဆုံးပါ'' လို့ ဂွါဒီယိုလာက ပြောကြားခဲ့ပါတယ်။
ဒီပွဲက ဂွါဒီယိုလာအတွက် မန်စီးတီးနည်းပြဘဝ ချန်ပီယံလိဂ်ပွဲ(၁၀၀)မြောက်ဖြစ်ပြီး အရှုံးရလဒ်နဲ့ ရင်ဆိုင်ခဲ့ရပေမဲ့ အသင်းရဲ့ရပ်တည်မှုက ကောင်းမွန်နေဆဲဖြစ်တယ်လို့လည်း ဂွါဒီယိုလာက ပြောကြားခဲ့ပါတယ်။

image

အက်စ်တီဗာအိုကို မက်ဆီ၊ စီရော်နယ်လ်ဒိုတို့နဲ့ မနှိုင်းယှဉ်သင့်ဘူးလို့ မာရက်စကာ ပြောကြား

ချယ်လ်ဆီးအသင်းရဲ့နည်းပြ မာရက်စကာက ဘရာဇီးလ်တိုက်စစ်ကစားသမား အက်စ်တီဗာအိုကို မက်ဆီ၊ စီရော်နယ်လ်ဒိုနဲ့ မနှိုင်းယှဉ်သင့်ဘူးလို့ ပြောကြားခဲ့ပါတယ်။
အက်စ်တီဗာအိုဟာ ချယ်လ်ဆီးက ဘာစီလိုနာအသင်းကို (၃-၀)ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဂိုးတစ်ဂိုးသွင်းယူကာ ခြေစွမ်းပြခဲ့တာကြောင့် ချီးကျူးမှုများစွာနဲ့ ရင်ဆိုင်နေရပြီး မက်ဆီ၊ စီရော်နယ်လ်ဒိုတို့နဲ့ နှိုင်းယှဉ်ချီးကျူးမှုတွေလည်း ရှိနေပါတယ်။
အက်စ်တီဗာအိုဟာ ပထမဆုံးပွဲထွက်ယှဉ်ပြိုင်ကစားတဲ့ ချန်ပီယံလိဂ်(၃)ပွဲစလုံးမှာ ဂိုးသွင်းယူနိုင်ခဲ့တဲ့ တတိယမြောက်ဆယ်ကျော်သက်ကစားသမားအဖြစ် (ဘာပေနဲ့ ဟာလန်းတို့ရဲ့နောက်) မှတ်တမ်းဝင်ခဲ့သလို၊ ဒုတိယအသက်အငယ်ဆုံး ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။
ဘာစီလိုနာနဲ့ပွဲမှာ စပိန်ကြယ်ပွင့် ယမားလ်နဲ့ အားပြိုင်ခဲ့ရပြီး ခြေစွမ်းပိုပြနိုင်ခဲ့တာကြောင့် အက်စ်တီဗာအိုက ယမားလ်ကို အနိုင်ယူခဲ့ပြီဆိုတဲ့ ညွှန်းဆိုမှုတွေလည်း ရှိခဲ့ပါတယ်။
''အက်စ်တီဗာအိုအနေနဲ့ သက်သောင့်သက်သာရှိဖို့ လိုပါတယ်။ ပျော်ရွှင်ဖို့၊ လေ့ကျင့်ဖို့လည်း လိုအပ်ပါတယ်။ သူနဲ့ လာမင်း(ယမားလ်)က အရမ်းငယ်ပါသေးတယ်။ သူတို့ကို မက်ဆီ၊ စီရော်နယ်လ်ဒိုတို့နဲ့ နှိုင်းယှဉ်ပြောကြားမယ်ဆိုရင် သူတို့အတွက် အရမ်းဖိအားများမယ်လို့ ထင်ပါတယ်'' လို့ မာရက်စကာက ပြောကြားခဲ့ပါတယ်။
အက်စ်တီဗာအိုကတော့ သူ့အတွက် ပြီးပြည့်စုံတဲ့ည ဖြစ်ခဲ့ကြောင်းနဲ့ ဂိုးသွင်းပြီး ပရိသတ်တွေကို ပျော်ရွှင်အောင် လုပ်ပေးနိုင်ခဲ့တဲ့အတွက် အရမ်းပျော်ရွှင်တယ်လို့ ပြောကြားခဲ့ပါတယ်။

image

ပီအက်စ်ဂျီရဲ့ ကမ်းလှမ်းမှုကို ပယ်ချကာ ဘာစီလိုနာနှင့် စာချုပ်သစ်ချုပ်ဆိုရန် နီးစပ်နေပြီ ဖြစ်တဲ့ အဲရစ်ဂါစီယာ
====================

အဲရစ်ဂါစီယာဟာ ပီအက်စ်ဂျီရဲ့ ကမ်းလှမ်းမှုကို ပယ်ချကာ ဘာစီလိုနာနှင့် စာချုပ်သစ်ချုပ်ဆိုရေး ဆွေးနွေးမှု အပြီးသတ်လုနီးပါး ဖြစ်နေပြီ ဖြစ်ပါတယ်။
အသက် ၂၄ နှစ်ရှိ စပိန်နောက်ခံလူဟာ ယခုရာသီတွင် ဟန်ဆီဖလစ်လက်အောက်တွင် အရေးပါတဲ့ ကစားသမားအဖြစ် ကစားခွင့်ရနေသူ ဖြစ်ပြီး ပွဲချိန်အများဆုံးကစားခွင့်ရသူအဖြစ် ရပ်တည်နေသူလည်း ဖြစ်ပါတယ်။
Mundo Deportivo က အသက် ၂၄ နှစ်ရှိ ဂါစီယာဟာ ဘာစီလိုနာနှင့်စာချုပ်သစ်ချုပ်ဆိုရေး ဆွေးနွေးမှု ပြုလုပ်လာခဲ့ရာ ယခုအခါ နောက်ဆုံး အပြီးသတ်နိုင်တော့မယ့် အဆင့်သို့ ရောက်နေပြီ ဖြစ်ကြောင်း ဖော်ပြလာပါတယ်။
မန်စီးတီးနောက်ခံလူဟောင်းရဲ့ လက်ရှိ စာချုပ်မှာ ရာသီအကုန်တွင် ကုန်ဆုံးမှာ ဖြစ်ပြီး လာမယ့် ဇန်နဝါရီလမှ စတင်ကာ နိုင်ငံခြားကလပ်များနှင့် လွတ်လပ်စွာ ဆွေးနွေးခွင့် ရှိနေသူလည်း ဖြစ်ပါတယ်။
သူဟာ ဘာစီလိုနာနည်းပြဟောင်းလူးဝစ်အန်းနရစ်ကိုင်တွယ်နေတဲ့ ပီအက်စ်ဂျီရဲ့ ကမ်းလှမ်းမှု ရရှိပေမယ့်လည်း ဘာစီလိုနာတွင် ပျော်ရွှင်နေမှုနှင့်အတူ ယင်းတွင်ပင် ဆက်ကစားရန် ဆုံးဖြတ်ထားတာလည်း ဖြစ်ပါတယ်။
တဖက်တွင် ဘာစီလိုနာကလည်း အဲရစ်ဂါစီယာကို အသင်းရဲ့ အုတ်မြစ်အဖြစ် ယူဆထားသလို အနာဂတ် အသင်းခေါင်းဆောင်အဖြစ်လည်း သတ်မှတ်ထားပါတယ်။

image

စံချိန်တင် အနီကတ်ပြစ်ဒဏ်အတွက် ၃ ပွဲပယ်နှင့် ယူရို ၁၅၀၀၀ ဒဏ်ရိုက်ခြင်းခံလာရတဲ့ မိန့်ဇ်စတား
==================

မိန့်ဇ်နောက်ခံလူဒိုမီနစ်ခ်ခိုးလ်ဟာ သောကြာနေ့တုန်းက ဟော်ဖန်ဟိမ်းနှင့်ပွဲစဉ်တွင် မက်စ်မိုအာစတက်အား ကြမ်းတမ်းစွာ ဖျက်ထုတ်ခဲ့မှုအတွက် ဘွန်ဒက်စ်လီဂါ ၃ ပွဲပယ်နှင့် ယူရို ၁၅၀၀၀ ဒဏ်ရိုက်ခြင်းခံလာရပါတယ်။
နောက်ခံလူဟာ တစ်ဂိုးစီသရေကျတဲ့ ယင်းပွဲစဉ်ရဲ့ နှောင်းပိုင်းတွင် အလွန်အန္တရာယ်များတဲ့ ဖျက်ထုတ်မှု ပြုလုပ်ခဲ့ပြီးနောက် တိုက်ရိုက် အနီကတ်ပြထုတ်ပယ်ခြင်းခံလာရတာလည်း ဖြစ်ပါတယ်။
သူဟာ ယင်းပွဲအပြီးတွင် အနီကတ်ပြစ်ဒဏ်အတွက် ချက်ချင်းပင် တောင်းပန်မှု ပြုလုပ်ခဲ့ပါတယ်။
အစောပိုင်းတုန်းက သူဟာ ယင်းဆိုးရွားတဲ့ ဖျက်ထုတ်မှုအတွက် ပွဲရှည်ပွဲပယ်ခံရမယ်လို့ ယူဆထားရပေမယ့်လည်း ၃ ပွဲပယ်သာ ခံလာရပါတယ်။ တကယ်လို့များ သူဟာ ၄ ပွဲပယ်ခံလာရမည်ဆိုပါက ၂၀၂၅ ခုနှစ် လက်ကျန် ဘွန်ဒက်စ်လီဂါပွဲအားလုံးကို လွဲချော်လာပါမယ်။
သူဟာ ၃ ပွဲပယ်သာ ခံလာရမှုနှင့်အတူ ဒီဇင်ဘာလ ၂၁ ရက်နေ့ စိန့်ပေါ်လီနှင့် ပွဲစဉ်တွင် ပြန်လည် ကစားလာနိုင်ဦးမှာ ဖြစ်ပါတယ်။
ဒါ့အပြင် သူဟာ ဘွန်ဒက်စ်လီဂါပွဲပယ်ခံထားရစဉ်အတွင်း မိန့်ဇ်ရဲ့ ယူအီးအက်ဖ်အေကွန်ဖရင့်လိဂ်ပွဲစဉ်များတွင်လည်း ပါဝင်ကစားလာနိုင်ပါဦးမယ်။
သူဟာ ယင်းအနီကတ်ကြောင့် အနီကတ် ၉ ကတ်ဖြင့် ဘွန်ဒက်စ်လီဂါသမိုင်းတွင် အနီကတ်အများဆုံးကစားသမားအဖြစ် ဘယ်သူမှ မလိုချင်တဲ့ မှတ်တမ်းဆိုးလည်း ပိုင်ဆိုင်လာပါတယ်။
သူဟာ ယခုရာသီတွင် ဒုတိယမြောက် အနီကတ်ပြသခံလာရတာဖြစ်ပြီး မိန့်ဇ် ကစားသမားဘဝအတွင်းတွင် ၆ ကြိမ်မြောက် အနီကတ်ပြသခြင်းခံလာရတာလည်း ဖြစ်ပါတယ်။

image

ဘီဘီစီ အမျိုးသမီးတစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ဟမ်တွန်ဆွတ်ခူး
====================

ချဲလ်ဆီးနှင့် အင်္ဂလန်ဂိုးသမားဟန်နာဟမ်တွန်ဟာ ပြီးခဲ့တဲ့ ၁၂ လအတွင်းတွင် ကလပ်နှင့် နိုင်ငံတို့နှင့် အတူ လက်စွမ်းပြကစားနိုင်ခဲ့ပြီးနောက် ဘီဘီစီရဲ့ အမျိုးသမီးတစ်နှစ်တာအကောင်းဆုံးကစားသမားအဖြစ် မဲပေးရွေးချယ်ခြင်းခံလာရပါတယ်။
ဟမ်တွန်ဟာ ပြီးခဲ့တဲ့ရာသီတုန်းက ချဲလ်ဆီးအသင်းကို ဆုဖလား ၃ လုံး ဆွတ်ခူးနိုင်အောင် စွမ်းဆောင်ခဲ့တဲ့အပြင် အမျိုးသမီးစူပါလိဂ်ပြိုင်ပွဲတွင်လည်း ၁၃ ပွဲ ဂိုးမပေးရအောင် စွမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။
အင်္ဂလန်ရဲ့ ပထမဦးစားပေးဂိုးသမားဖြစ်လာပြီးနောက် အသက် ၂၅ နှစ်ရှိ ဂိုးသမားဟာ စပိန်နှင့် ယူရို ၂၀၂၅ ဗိုလ်လုပွဲ ပင်နယ်တီအဆုံးအဖြတ်တွင် ပင်နယ်တီ ၂ ကြိမ်ကာကွယ်ကာ ချန်ပီယံဖြစ်အောင် ကူညီပေးခဲ့ပါတယ်။
သူမဟာ အင်္ဂလန်ကစားဖော် အလက်ဆီယာရူဆိုနှင့် စပိန်ရဲ့ အေတာနာဘွန်မာတီတို့ကို ကျော်ဖြတ်ကာ ပရိသတ်မဲအများဆုံး ရရှိခဲ့တာလည်း ဖြစ်ပါတယ်။
ဟမ်တွန်က "အခြားဆန်ကာတင်ကစားသမားတွေလည်း ပါဝင်တော့ ဆွတ်ခူးလာလိမ့်မယ်လို့ လုံးဝ မျှော်လင့်မထားဘူး။ သူတို့အားလုံးက မယုံနိုင်စရာ နှစ်တွေ ပိုင်ဆိုင်လာခဲ့တဲ့သူတွေပါ"လို့ ပြောကြားသွားပါတယ်။
၂၀၂၃ ခုနှစ်တုန်းက အင်္ဂလန်ကစားဖော်ဟောင်းအပ် ဆွတ်ခူးပြီးနောက် ဟမ်တွန်မှာ ဒီဆုကို ဆွတ်ခူးနိုင်တဲ့ ဒုတိယမြောက် ဂိုးသမားဖြစ်လာပါတယ်။

image

ဘိုတန်း လေ့ကျင့်ရေးကွင်းသို့ လာရောက်လည်ပတ်မှုအတွက် ဝေဖန်ခြင်းခံရပြီးနောက် ဘာစီလိုနာ တုံ့ပြန်လာ
=====================

ဘာစီလိုနာဟာ ကလပ်ရဲ့ လေ့ကျင့်ရေးကွင်းသို့ ဂျာမနီနှင့် ဘိုင်ယန်မြူးနစ်နောက်ခံလူဟောင်းဂျီရိုမီဘိုတန်းအား လာရောက်လည်ပတ်ခွင့်ပြုမှုအပေါ် ဝေဖန်ခြင်းခံရပြီးနောက် ၎င်းတို့မှာ အမျိုးသမီးများအား အိမ်တွင်းအကြမ်းဖက်မှုများအပေါ် ဆန့်ကျင်ရာတွင် အလုံးစုံအားပေးထောက်ခံဆဲ ဖြစ်ကြောင်း ကြေညာလာပါတယ်။
ပြီးခဲ့တဲ့အပတ်တုန်းက ဘာစီလိုနာရဲ့ X အကောင့်တွင် ကလပ်လေ့ကျင့်ရေးကွင်းတွင် ဘိုတန်းနှင့် ကစားဖော်ဟောင်းရောဘတ်လီဝန်ဒေါ့စကီးတို့ ဖက်နေတဲ့ ဓာတ်ပုံအား တင်ခဲ့ပါတယ်။
ဘိုတန်းဟာ ပြီးခဲ့တဲ့နှစ်တုန်းက ချစ်သူဟောင်းအား ဒဏ်ရာအနာတရ ဖြစ်အောင် တိုက်ခိုက်မှုအတွက် ယူရို ၂၀၀၀၀၀ ဆိုင်းငံ့ဒဏ်ငွေ ချမှတ်ခြင်းခံခဲ့ရသလို အပြင်းအထန် သတိပေးခြင်းလည်း ခံခဲ့ရပါတယ်။
အသက် ၃၇ နှစ်ရှိ ဂျာမနီလက်ရွေးစင်ဟောင်းက ၂၀၁၈ ခုနှစ် အားလပ်ရက်ခရီးစဉ်တွင် အမြွာသမီးနှစ်ဦးရဲ့ အမေအား တိုက်ခိုက်ခဲ့ခြင်း မရှိကြောင်း ငြင်းဆိုခဲ့ပါတယ်။
သူဟာ ၂၀၂၁ ခုနှစ်တွင် သူ့အား အပြစ်ရှိတယ်လို့ ဆုံးဖြတ်မှုအား အယူခံဝင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်တုန်းက မြူးနစ်တရားရုံးက ဘိုတန်းအား တတိယအမှုဖြင့် ထပ်မံ စစ်ဆေးခဲ့ပါတယ်။ ဘိုတန်းဟာ အထက်ပါ အမှုကြောင့် ဘိုင်ယန်မြူးနစ်နည်းပြအဖွဲ့ရာထူးမှ ထွက်ခွာခဲ့ရသူလည်း ဖြစ်ပါတယ်။
ဘာစီလိုနာဟာ နူးကမ့်ကွင်းသစ် ဖွင့်ပွဲမတိုင်မီ ၂ ရက်အလိုတွင် ဘိုတန်းရဲ့ ဗီဒီယိုအား တင်ခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် ဘာစီလိုနာဟာ ဘီလ်ဘာအိုနှင့် နူးကမ့်ကွင်းသစ် ပထမဆုံးပွဲတွင် နိုင်ငံတကာ အမျိုးသမီးများအား အကြမ်းဖျက်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် အမျိုးသားများရဲ့ သတ်ဖြတ်ခြင်းခံခဲ့ရတဲ့ အမျိုးသမီးများအတွက် တစ်မိနစ်ကြာ ဝမ်းနည်းခြင်းအထိမ်းအမှတ်ပြုလုပ်ခဲ့ပါတယ်။
တဆက်တည်းတွင် ဘာစီလိုနာက ဘိုတန်းနှင့် ကလပ်အကြားတွင် မည်သည့်ဆက်စပ်မှုမျှ မရှိကြောင်း၊ ဂျာမနီကစားသမားဟောင်းမှာ နည်းပြလိုင်စင် ရရှိရေးအတွက် လုပ်ဆောင်မှုတစ်ရပ်အနေဖြင့် ကလပ်လေ့ကျင့်ရေးကွင်းသို့ လာရောက်လည်ပတ်ခြင်းမျှသာ ဖြစ်ပြီး ကလပ်မှာလည်း အမျိုးသမီးများအား အကြမ်းဖက်မှု ရပ်တန့်ရေး အပြည့်အဝ ထောက်ခံအားပေး လုပ်ဆောင်နေဆဲဖြစ်ကြောင်း ကြေညာသွားပါတယ်။
ဘိုတန်းဟာ ၂၀၂၄ ခုနှစ် နိုဝင်ဘာလတုန်းက ယူအီးအက်ဖ်အေနည်းပြဘီလိုင်စင် ရရှိခဲ့သူ ဖြစ်ပြီး နည်းပြတစ်ဦးဖြစ်လာရန် ကြိုးပမ်းနေသူ ဖြစ်ပါတယ်။
ဘိုတန်းရဲ့ ရည်းစားဟောင်းတစ်ဦးမှာ ဂျာမနီစတားဟောင်းနှင့် လမ်းခွဲလိုက်မှုရဲ့ အကျိုးဆက်အဖြစ် ၂၀၂၁ ခုနှစ်တုန်းက ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားခဲ့ပါတယ်။

image