ပြည်ထဲရေးဝန်ကြီး အပြောင်းအလဲပြုလုပ်
ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်အား စစ်ဘက်မူလတာဝန် ပြန်လည်ထမ်းဆောင်စေကြောင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံးက အမိန့်အမှတ်(၃/၂၀၂၆) ဖြင့် ယမန်နေ့(ဇန်နဝါရီ ၂၇ ရက်)ညပိုင်းတွင် ထုတ်ပြန်သည်။
အဆိုပါ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အဖြစ် ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ် အား ခန့်အပ်တာဝန်ပေးလိုက်ကြောင်း အမိန့်အမှတ်(၄/၂၀၂၆) ဖြင့် ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၂၃ ရက်ကလည်း ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်ကျော်ကျော်အား စစ်ဘက်မူလတာဝန်များ ပြန်လည်ထမ်းဆောင်စေပြီး အဆိုပါနေရာတွင် ဗိုလ်ချုပ်မင်းသူအား ခန့်အပ်ကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီက ထုတ်ပြန်ခဲ့သည်။