Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ဆာလက်နဲ့ ကစားသမား ၄ ဦးကို အနားပေးမယ်လို့ အာနီဆလော့ ပြော
စက်တင်ဘာ ၂၃
လီဗာပူးလ်အသင်းနည်းပြ အာနီဆလော့က ဆောက်သမ်တန်အသင်းနဲ့ ယှဉ်ပြိုင်ရမယ့် ကာရာဘောင်းလိဂ်ဖလား တတိယအဆင့် ပွဲစဉ်မှာ အဓိက ကစားသမားတွေဖြစ်တဲ့ ဆာလက်နဲ့ ကစားသမား ၄ ဦးကို အနားပေးမယ်လို့ ပြောခဲ့ပါတယ်။
အာနီဆလော့က “ပွဲတွေ အများကြီး ကစားရတာကြောင့် အလှည့်ကျစနစ် အသုံးပြုဖို့ လိုအပ်ပါတယ်။ ကျနော်တို့ မှာ အလှည့်ကျ အသုံးပြုဖို့ ရွေးချယ်ခွင့်ရှိတဲ့အတွက် ကောင်းပါတယ်။ ပြီးခဲ့တဲ့ပွဲတွေမှာ မိနစ် ၉၀ ကစားခဲ့ကြတဲ့ ဗန်ဒိုက်၊ ကိုနာတေး၊ ဆာလက်၊ ဂရာဗန်ဘာ့ချ်နဲ့ ဆိုဘို့ဆလိုင်းတို့ကို ဆောက်သမ်တန်အသင်းနဲ့ ပွဲစဉ်မှာ မြင်တွေ့ ရမှာ မဟုတ်ဘူးဆိုတာ ပြောချင်တယ်”လို့ ပြောခဲ့တာပါ။
လီဗာပူးလ်အသင်းနည်းပြ အာနီဆလော့ဟာ အဲဗာတန်အသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ အက်သလက်တီကို အသင်းကို အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်က ပွဲထွက်လူစာရင်းကို ၄ ဦး အပြောင်း အလဲ ပြုလုပ်ပြီး အသုံးပြုခဲ့တာဖြစ်ပါတယ်။
လီဗာပူးလ်အသင်းဟာ ပွဲတွေ အများအပြား ယှဉ်ပြိုင်ရမှာဖြစ်လို့ အလှည့်ကျစနစ်ကို အသုံးပြုတာက အရေးပါ တယ်လို့ နည်းပြအာနီဆလော့က ပြောခဲ့တာပါ။
ဆောက်သမ်တန်အသင်းနဲ့ပွဲစဉ်မှာ အဓိက ကစားသမားအချို့ကို အနားပေးမှာဖြစ်လို့ ပုံမှန်ကစားခွင့် မရသေးတဲ့ သူတွေနဲ့ လူငယ်ကစားသမားတွေအတွက် အခွင့်အရေးရလာဖို့ ရှိနေပါတယ်။
လီဗာပူးလ်အသင်းဟာ ဆောက်သမ်တန်အသင်းနဲ့ ပွဲစဉ်မှာ ချီယေဆာ၊ အန်ဒို၊ မာမာဒက်ရှ်ဗီလီ၊ အန်ယိုနီနဲ့ အန်ဂူမိုဟာတို့ကို ပွဲထွက်လူစာရင်းထဲ အသုံးပြုလာဖို့ရှိနေတာပါ။
လီဗာပူးလ်အသင်းဟာ ဒီရာသီကစားထားတဲ့ ပရီးမီးယားလိဂ် ၅ ပွဲစလုံးနဲ့ ချန်ပီယံလိဂ်ပွဲစဉ် ၁ ပွဲကို နိုင်ပွဲ ရယူထားပါတယ်။
အဲဒါကြောင့် လီဗာပူးလ်အသင်းဟာ ဆောက်သမ်တန်အသင်းကိုလည်း အနိုင်ယူပြီး သူတို့ရဲ့ရာနှုန်းပြည့် နိုင်ပွဲ ရယူထားတဲ့ မှတ်တမ်းကို ဆက်ထိန်းသိမ်းချင်နေတာပါ။
လီဗာပူးလ်အသင်းဟာ လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် လိဂ်ပြိုင်ပွဲမှာ ရှုံးပွဲမရှိသေးတဲ့ ခရစ္စတယ်ပဲလေ့စ် အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: Goal
ပုံ - အာနီဆလော့နဲ့ ဆာလက်ကိုတွေ့ရစဉ်
#ဘောလုံးသတင်းစုံ
၈ နှစ်ကြာ ဒူးနာတာကို ၅ ရက်နဲ့ ပျောက်ကင်းခဲ့တဲ့ ကိုယ်တွေ့ဆေးနည်း
မင်္ဂလာပါရှင်။ ဒီဆေးနည်းလေးကို ကိုယ်တိုင် လက်တွေ့ စမ်းသပ်ပြီး အဆင်ပြေလို့ ပြန်လည်မျှဝေပေးတာပါ။ ကျွန်မအမေဟာ ဒူးနာတာ ၈ နှစ်လောက်ရှိနေပါပြီ။ မြန်မာဆေးရော၊ အင်္ဂလိပ်ဆေးရော အမျိုးမျိုးစုံအောင် ကုသခဲ့ပေမယ့် သက်သာမလာခဲ့ပါဘူး။
အခုတော့ ညတိုင်း ဆေးစည်းပြီး အိပ်လိုက်တာ ၅ ရက်မြောက်နေ့မှာ သိသိသာသာကို သက်သာလာပါတယ်။ ဒီနည်းက ငွေကုန်ကြေးကျလည်း သက်သာသလို ဘေးထွက်ဆိုးကျိုးလည်း မရှိတာကြောင့် ဘယ်လိုအကြောင်းကြောင့်ပဲ နာနေပါစေ စမ်းသုံးကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။
ဆေးနည်း
လက်ဖက်အသားအစိုနဲ့ ကျောက်ချဉ်ခဲကို ပမာဏတူယူပြီး ညက်အောင် ထောင်းပါ။ ပြီးရင် နာနေတဲ့ ဒူးခေါင်းပေါ်မှာ စည်းပြီး အိပ်ပါ။ မနက်ကျမှ ပြန်ခွာပါ။ နောက်နေ့ညမှာလည်း ဒီအတိုင်းပဲ ပြန်စည်းပြီး အိပ်ပေးရုံပါပဲ။
ဒူးနာဝေဒနာရှင်များအားလုံး ဒီဆေးနည်းနဲ့ သက်သာပျောက်ကင်းကြပါစေလို့ ဆုတောင်းပေးပါတယ်။ ဒီအချက်အလက်တွေက ဗဟုသုတအဖြစ် အကျိုးရှိမယ်ဆိုရင် အခြားသူများလည်း သိရှိရအောင် ပြန်လည်မျှဝေပေးကြဖို့ မေတ္တာရပ်ခံပါတယ်ရှင်။
အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ရုပ်ရှင်တော်မြတ်(၄)ဆူ အင်းလေးဝဲယာ(၂၁)ဌာနသို့ ဒေသစာရီကြွချီ ပူဇော်ခံပွဲ စတင်
စက်တင်ဘာ ၂၃
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ရုပ်ရှင်တော်မြတ် (၄)ဆူ အင်းလေးဒေသဝဲယာ (၂၁)ဌာနသို့ ၁၈ ရက်ကြာ ဒေသစာရီ ကြွချီပူဇော်ခံပင့်ဆောင်ပွဲ မင်္ဂလာအခမ်းအနားကို ယနေ့ နံနက် ၄ နာရီက စတင်ကာ ရုပ်ရှင်တော်မြတ်များ ထာဝရသီတင်းသုံးစံပယ်တော်မူရာ နမ့်ဟူးစံကျောင်းတော်၌ ကျင်းပပြုလုပ်ခဲ့သည်ဟု သိရသည်။
အဆိုပါ ဖောင်တော်ဦးမြတ်စွာဘုရား ရုပ်ရှင်တော်မြတ် (၄)ဆူတို့အား နံနက် ၇ နာရီတွင် အင်းသားရိုးရာဆွဲလှေ (၄၆)စီးဖြင့် ရေလမ်းခရီး ပင့်ဆောင်ပူဇော်ကြပြီး ယနေ့တွင် ကြေးပေါခုံစံကျောင်းတော်၌ တစ်ညတာ ကိန်းဝပ်အပူဇော်ခံမည်ဖြစ်သည်။ မနက်ဖြန် စက်တင်ဘာ ၂၃ ရက်တွင် အင်းတိန်စံကျောင်းတော်မှ ဟဲယာရွာမစံကျောင်းတော်သို့ ဆက်လက်ကြွချီပူဇော်ခံမည်ဖြစ်ကာ အောက်တိုဘာ ၉ ရက်အထိ အင်းလေးဝဲယာ ၂၁ ဌာနသို့ အစီအစဥ်အလိုက် ပင့်ဆောင်ပူဇော်သွားမည်ဖြစ်သည်။
Ref & Photo – MOI
#သတင်းဟင်းလေးအိုးကြီး


+4
လာဘ်ပွင့် အိမ်အေးအောင် ဒါတွေလုပ်ပါ။ ☸
********************************
၁။ဘုရားပန်း နှင့် သောက်တော်ရေ ဆွမ်း ဆီမီး
အမြဲကပ်ပါ။
ဘုရားပန်း မနွမ်းပါစေနဲ့။
ဘုရားပန်းအိုးထဲမှ ရေများ မပူပါစေနဲ့။
သောက်တော်ရေကို သတိရတိုင်း ကပ်ပါ။
၂။ဘုရားရှိခိုးလျင် အိမ်စောင့်နတ် ခြံစောင့်နတ်တို့ကို
အမျှဝေပါ။
အိမ်ဝန်းအတွင်း မှီတင်းစောင့်ရှောက်နေထိုင်ကြသော
နတ်မြတ်နတ်ကောင်းများ
မြင်အပ် မမြင်အပ် သတ္တဝါများ အားလုံးကို
မေတ္တာပို့ အမျှဝေပါ။
၃။အလွန် ကံညံ့ လာဘ်ပိတ်နေလျင် ညသန်းခေါင်
ပရိတ်ရွတ်ပါ။
ည (၁၂) နာရီနောက်ပိုင်းသည်
နတ်မြတ်နတ်ကောင်းများ လူ့ပြည်သို့ လှည့်လည်
ကြည့်ရှုချိန်ဖြစ်၍
ညဘက် ပရိတ်ရွတ်ဖတ် ဆုတောင်းလျင်
ပို၍ ဆုတောင်းပြည့်စေပါတယ်။
၄။အိမ်မှာ အဟောင်းအစုတ်တွေ မထားပါနဲ့။
တချို့အိမ်တွေမှာ နှမြောပြီး ထားတတ်ကြတာတွေ
ရှိပါတယ်။
ပုလင်းကွဲတွေ
ဒန်အိုးပေါက်တွေ
အဝတ်အစားစုတ်တွေ
ဘယ်လိုမှ သုံးမရတာတွေ လွှတ်ပစ်လိုက်ပါ။
အိမ်မှာလိုအပ်တာတွေသာ အဓိက ထားပါ။
၅။အိမ်ကို တံမြက်စည်းလှဲပါ။
တံမြက်စည်း လှဲတဲ့အခါ…
နံနက်လှဲလျှင်
အိမ်ရှေ့မှ အိမ်နောက်သို့ လှဲပါ။
ညနေနှင့်ညဘက် လှဲလျှင်
အိမ်နောက်မှ အိမ်ရှေ့သို့ လှဲပါ။
၆။ မီးဖိုချောင်တွင် ဆန်နှင့်ဆီကို အပြတ်မခံပါနဲ့။
မကုန်မီ ကြိုတင်၍ ဝယ်ပါ။
၇။ အိမ်ရှိ လှေကားများ ကျိုးပျက်နေသည်ကို ပြုပြင်ပါ။
လှေကားများ ကျိုးပျက်နေခြင်းက လာဘ်တိတ်စေ
သလို
မကောင်းသော အန္တရာယ်များကိုလည်း ဖိတ်ခေါ်ရာ
ရောက်ပါတယ်။
#မေတ္တာဖြင့်#credit
Light Truck ယာဉ်က YBS ခရီးသည်တင်ယာဉ်ကို နောက်ကနေ ဝင်တိုက်လို့ Light truck ယာဉ်ပေါ်ပါ ယာဉ်မောင်းအမျိုးသားအပါအဝင် လူသုံးဦး ထိခိုက်ဒဏ်ရာရရှိ
စက်တင်ဘာ ၂၃
Light Truck ယာဉ်က YBS ခရီးသည်တင်ယာဉ်ကို နောက်ကနေ ဝင်တိုက်လို့ Light Truck ယာဉ်ပေါ်က ယာဉ်မောင်းအမျိုးသားအပါအဝင် လူသုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ဖြစ်စဉ် ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ်မှာ စက်တင်ဘာ ၂၃ရက်နေ့ ညနေပိုင်းက ဖြစ်ပွားခဲ့တယ်လို့ မြေပြင်အကူအညီရောက်ရှိခဲ့တဲ့ ကယ်ဆယ်ရေး အသင်းအဖွဲ့တချို့ထံကနေ သိရပါတယ်။
စက်တင်ဘာ ၂၂ ရက်နေ့ ညနေ ၅ နာရီအချိန်ခန့်က ကြည့်မြင်တိုင်မြို့နယ်၊ ဗားကရာချောက်မှာ ဖြစ်ပွားခဲ့ပြီး YBS ခရီးသည်တင်ယာဉ်ကို Light Truck ကားက နောက်မှဝင်တိုက်မိရာ Light Truck ကားယာဉ်မောင်း ကားခေါင်းအတွင်းညပ်နေတာကြောင့် လူနာကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၊ အရန်မီးသတ်တပ်ဖွဲ့၊ နယ်မြေခံလူမှုကူညီရေးပရဟိတအသင်းအဖွဲ့တို့က အတူပူးပေါင်း ကူညီကယ်ထုတ်ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။
ယာဉ်တိုက်မိတဲ့ ဖြစ်ရပ်ကြောင့် Light Truck ယာဉ်မောင်းအမျိုးသားမှာ ဘယ်ဘက်ခြေထောက် ဆိုးရွားစွာ ထိခိုက်ခဲ့ပြီး လူမှုကယ်ဆယ်ရေးအဖွဲ့မှ မြေပြင်အကူအညီရောက်ရှိခဲ့တဲ့ ရောင်စဉ်မဲ့ လူမှုကူညီရေးအသင်းတာဝန်ရှိသူက “ယနေ့ ဗားကရာချောက်မှာ ယာဉ်တိုက်မှု ဆိုးဆိုးရွားရွား ဖြစ်သွားပါတယ်။ Light Truck ယာဉ်က လူနာ ၃ ယောက်ထွက်ပါတယ်။ တစ်ယောက်ကတော့ ဘယ်ဖက်ခြေထောက် ဒူးလောက်ကနေ ဖြတ်ရမယ်ထင်ပါတယ်။ နောက်တစ်ယောက်က ဒူးရိုးထိသွားတယ်။ တစ်ယောက်က ပွန်းပဲ့။ ယာဉ်စည်းကမ်းအရ ဘယ်သူမှားတယ် မှန်တယ် မပြောချင်ပါဘူး။ ကားကို ဂရုစိုက်မောင်းကြပါ။ ဖြစ်သွားရင် ဆုံးရှုံးမှုကြီးပါတယ်။ စိတ်မကောင်းပါဘူး။ အမြန်ဆုံး ပြန်လည် ထူထောင်နိုင်ပါစေ” လို့ ဖြစ်စဉ်ကို မှတ်တမ်းတင် မှတ်ချက်ပြုထားပါတယ်။
အဆိုပါ ယာဉ်မတော်တဆမှုမှ ဒဏ်ရာရ လူနာ သုံးဦးကို စမ်းချောင်းမြို့နယ်အခြေပြု အနာဂတ်အလင်းတန်း လူမှုကူညီရေးအသင်းယာဉ်နဲ့ ရန်ကုန်ဆေးရုံကြီးဆီ ပို့ဆောင်ကူညီပေးခဲ့တယ်လို့ သိရပါတယ်။
Credit - Myanmar Transparency News Agency
#centralnewsnaypyitaw
