တိုက်စစ်မှူး အေဘရာဟမ်ကို ဗီလာအသင်းခေါ်ယူ
-------------------
ဗီလာအသင်းဟာ အခုဇန်နဝါရီအပြောင်းအရွှေ့မှာ အသင်းတိုက်စစ်ကို အင်အားဖြည့်တင်းမှုအဖြစ် အင်္ဂလန် တိုက်စစ်မှူး အေဘရာဟမ်ကို တူကီယဲကလပ် ဘက်ဆစ်တပ်အသင်းကနေ ခေါ်ယူလိုက်ပါတယ်။ အသက် ၂၈ နှစ် အရွယ် အေဘရာဟမ်အတွက် ဗီလာအသင်း ပြောင်းရွှေ့ကြေး ပေါင် ၁၈.၂၅သန်း ပေးခဲ့ရပြီး ၄ နှစ်ခွဲစာချုပ် ချုပ်ဆို ခဲ့တာဖြစ်ပါတယ်။
ချဲလ်ဆီးလူငယ်အသင်းကနေ ထွက်ပေါ်လာခဲ့တဲ့ အေဘရာဟမ်ဟာ ချဲလ်ဆီးအသင်းကြီးမှာ ပုံမှန် ပွဲထွက်ခွင့်မရ တာကြောင့် ၂၀၂၁ မှာ ရိုးမားအသင်းကို ပြောင်းရွှေ့ခဲ့ပြီး ၅ နှစ်နီးပါးအကြာမှာ အင်္ဂလန်မြေကို ပြန်လည်ရောက် ရှိလာတာဖြစ်ပါတယ်။ ဘက်ဆစ်တပ်အသင်းဟာ ပြီးခဲ့တဲ့နွေရာသီမှာ အေဘရာဟမ်ကို ရိုးမား အသင်းဆီကနေ တစ်ရာသီအငှားနဲ့ခေါ်ယူခဲ့ပြီး ဇန်နဝါရီ ၂၆ ရက်နေ့မှာ ပေါင် ၁၁ သန်းနဲ့ အပြီးသတ်ခေါ်ယူလိုက် ကြောင်းကြေညာ ခဲ့တာဖြစ်ပါတယ်။
အဲဒီနောက် ဇန်နဝါရီ ၂၇ ရက်နေ့မှာ အေဘရာဟမ်ကို ဗီလာအသင်းဆီကို ပေါင် ၁၈.၂၅ သန်းနဲ့ ရောင်းချလိုက် တယ်လို့ ဘက်ဆစ်တပ်အသင်း အတည်ပြုလိုက်တာပါ။ ဗီလာနည်းပြ အမ်မရီဟာ အသင်းတိုက်စစ်မှာ ဝက်ကင်းစ် ကို အကူအညီပေးနိုင်မယ့်သူအဖြစ် အေဘရာဟမ်ကို စိတ်ဝင်စား နေခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ သူ့ရဲ့ဆန္ဒကို အကောင်အထည်ဖော်နိုင်ခဲ့ပြီဖြစ်ပါတယ်။ အေဘရာဟမ်ကို ခေါ်ယူ နိုင်ခဲ့တဲ့ တစ်နေ့တည်းမှာပဲ ဗီလာအသင်းဟာ ကွင်းလယ်လူဟောင်း ဒေါက်ဂလက်စ် လုဇ်ကို ရာသီကုန်အထိ အငှားခေါ်ယူဖို့အတွက် သဘောတူညီမှုရခဲ့ပြီလို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

image