ဘရာဇီးတိုက်စစ်မှူး ရာယန်ကို ဘုန်းမောက်ခေါ်ယူ
--------------------
ဘုန်းမောက်အသင်းဟာ ဘရာဇီးကလပ် ဗာစကိုဒဂါးမားအသင်းရဲ့ အသက် ၁၉ နှစ်အရွယ် ဘရာဇီးတိုက်စစ်မှူး ရာယန်ကို ၄ နှစ်ခွဲစာချုပ်နဲ့ ခေါ်ယူလိုက်ပါတယ်။ ဗာစကိုဒဂါးမားအသင်းနဲ့အတူ ခြေစွမ်းပြနေတဲ့ ရာယန်ကို ဥရောပနဲ့ ဆော်ဒီကလပ်တစ်ချို့ စိတ်ဝင်စားခဲ့ပေမယ့် ဘုန်းမောက်အသင်းက အပိုဆုကြေးနဲ့ နောက်ထပ် ခံစားခွင့် တွေအပါအဝင် ပြောင်းရွှေ့ကြေး ပေါင် ၂၄.၇ သန်းနဲ့ ခေါ်ယူလိုက်တာပါ။
ဘုန်းမောက် အသင်းသမိုင်းမှာ ပေါင် ၃၂ သန်းနဲ့ခေါ်ယူခဲ့တဲ့ တိုက်စစ်မှူး အီဗာနီလ်ဆင်ပြီးနောက် ဒုတိယအမြင့် ဆုံး ပြောင်းရွှေ့ကြေးလည်းဖြစ်ပါတယ်။ ဘုန်းမောက်အသင်းဟာ အခုအပြောင်းအရွှေ့အစောပိုင်းမှာ တောင်ပံ တိုက်စစ်မှူး ဆီမန်ညိုကို မန်စီးတီးအသင်း ဆီ ပေါင် ၆၅ သန်းနဲ့ရောင်းချခဲ့ပြီးနောက် ရာယန်ကို အစားထိုး ခေါ်ယူလိုက်တာဖြစ်ပါတယ်။
ဘရာဇီး ယူ-၂၀ လက်ရွေးစင် ရာယန်ဟာ ဘယ်ခြေအားသန်သူဖြစ်ပေမယ့် တောင်ပံတိုက်စစ် ၂ ဖက်စလုံးမှာ အသုံးပြုနိုင်သူ ဖြစ်ပြီး ပြီးခဲ့တဲ့ ဘရာဇီးလိဂ်ရာသီမှာတော့ ရာယန်က ၃၄ ပွဲမှာ ၁၄ ဂိုးအထိ သွင်းယူပေးထားနိုင်ခဲ့ ပါတယ်။ ဘုန်းမောက်အသင်းရဲ့ စီမံကိန်းက ကစားသမားဘဝကို တိုးတက်မှုတွေရှိလာစေမယ်လို့ ယုံကြည်တာ ကြောင့် အခုလိုပြောင်းရွှေ့လာဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်တယ်လို့ တိုက်စစ်မှူး ရာယန်က ပြောပါတယ်။ ဘုန်းမောက် အသင်း ဟာ လာဇီယိုအသင်းရဲ့ ဂရိဂိုးသမား မန်ဒက်စ်ကို ပေါင် ၁ ဒသမ ၃ သန်းနဲ့ရာသီကုန်အထိ အငှားခေါ်ယူ လိုက် တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။