13 w - Translate

Spotify မှာ ဖော်လိုဝါအများဆုံးကေပေါ့ပ်အမျိုးသမီးတစ်ကိုယ်တော်အဆိုရှင်ဖြစ်လာခဲ့တဲ့ ရို့စ်
ကမ္ဘာကျော်မိန်းကလေးအဆိုအဖွဲ့ BLACKPINK ရဲ့ အဖွဲ့ဝင် ရို့စ်က Spotify မှာ သူ့ရဲ့အောင်မြင်ကျော်ကြားမှုကို ဆက်လက်သက်သေပြနေပါတယ်။ "Rosie" ဆိုတဲ့ တစ်ကိုယ်တော်အယ်လ်ဘမ်နဲ့ အောင်မြင်မှုကတော့ အံ့မခန်းပါပဲ။ ရို့စ်ကဆိုရင် သူနဲ့အတူအဖွဲ့ဝင်ဖြစ်တဲ့ လီဆာကို ကျော်ပြီး ဖော်လိုဝါအများဆုံးကေပေါ့ပ်အမျိုးသမီးတစ်ကိုယ်တော်အဆိုရှင်ဖြစ်လာခဲ့တယ်လို့ Spotify အရ သိရပါတယ်။ အရင်က လီဆာဟာ ဒီစံချိန်ကို ချိုးခဲ့တာပါ။
ရို့စ်က Spotify မှာ ဖော်လိုဝါ ၁၂.၆၉၉ သန်းရှိပါတယ်။ ဒါ့အပြင် ရို့စ်ရဲ့ Rosie ကလည်း Spotify မှာ Stream တဲ့သူ ၃ ဘီလျံရှိကာ ကေပေါ့ပ်အမျိုးသမီးတစ်ကိုယ်တော်အဆိုရှင်ရဲ့ ပထမဆုံးအယ်လ်ဘမ်နဲ့ ဒီစံချိန်အထိ ရောက်တဲ့ အမြန်ဆုံးအယ်လ်ဘမ်ဖြစ်လာခဲ့ပါတယ်။ ဒီအောင်မြင်မှုကို ရက်ပေါင်း ၂၆၆ ရက်ထက်မနည်းတဲ့အချိန်ကာလအတွင်း ရခဲ့တာဖြစ်ပါတယ်။

image

⚠️ Windows Update ကို ဘယ်လိုလူတွေ ပိတ်သင့်သလဲ? ဘယ်လိုပိတ်မလဲ?
Windows Update ကို ပိတ်ခြင်းဟာ အကျိုးကျေးဇူးရှိသလို အန္တရာယ်လည်းရှိပါတယ်။ ဒါကြောင့် ဘယ်သူတွေ ပိတ်သင့်တယ်၊ ဘယ်လိုပိတ်ရမယ် ဆိုတာကို သေချာနားလည်ထားဖို့ အရေးကြီးပါတယ်။ ဒီ Post လေးမှာ ခွဲခြားပြီး ရှင်းပြပေးသွားမှာပါ။
✅ ဘယ်လို User တွေ Windows Update ကို ပိတ်ထားသင့်လဲ?
1. Crack Software သုံးစွဲသူများ
· အကြောင်းအရင်း: Photoshop, Office, Game စတဲ့ Crack version software တွေသုံးနေရင် Update ဖြစ်သွားခြင်းဖြင့် Crack ပျက်သွားတတ်ပြီး Software ကို ဆက်လက်အသုံးပြုခွင့်ပျောက်ဆုံးနိုင်ပါတယ် ။
· သတိပြုရန်: Crack Software တွေဟာ Virus, Malware တွေပါဝင်နိုင်တဲ့အတွက် လုံခြုံရေးအန္တရာယ်မြင့်မားပါတယ်။
2. အင်တာနက်ဒေတာ/သိုလှောင်မှု ကန့်သတ်ချက်ရှိသူများ
· အကြောင်းအရင်း: Update File တွေဟာ GB ဂဏန်းအထိကြီးမားတတ်ပြီး ဒေတာအကန့်အသတ်ဖြင့် သုံးစွဲနေရသူများ (ဥပမာ - Mobile Hotspot သုံးသူများ) အတွက် ဒေတာအမြန်ကုန်ဆုံးစေနိုင်ပါတယ် ။
· ပြီးတော့ Storage နေရာအလွန်အမင်းနည်းပါးနေတဲ့ စက်ပစ္စည်းတွေမှာလည်း Update ဆွဲယူပြီး တင်ဖို့ အခက်အခဲရှိနိုင်ပါတယ်။
3. စက်ပစ္စည်းဟောင်းများ/စွမ်းဆောင်ရည်နိမ့်သည့် ကွန်ပျူတာသုံးစွဲသူများ
· အကြောင်းအရင်း: Update အသစ်တွေဟာ Hardware requirement မြင့်မားတတ်တာမို့ စက်ဟောင်းတွေမှာ တင်လိုက်ရင် စက်ပိုမိုနှေးကွေးသွားခြင်း၊ Error များဖြစ်ပေါ်ခြင်းကို ကြုံတွေ့ရနိုင်ပါတယ် ။
4. အလုပ်လုပ်နေချိန် နှောင့်ယှက်ခံရခြင်းကို မလိုလားသူများ
· အကြောင်းအရင်း: အရေးကြီး Presentation လုပ်နေချိန်၊ File တစ်ခုခု Save မလုပ်ရသေးချိန်မှာ Windowsက Auto Update လုပ်ပြီး Restart ချမှာကို စိုးရိမ်နေရသူများ ။
❌ Windows Update ပိတ်ထားခြင်းရဲ့ အန္တရာယ်များ
ဒီအချက်ကိုတော့ မမေ့ထားသင့်ပါဘူး။
· လုံခြုံရေးအားနည်းခြင်း: Windows Update တွေမှာ Hacker တွေရဲ့ အန္တရာယ်ကနေ ကာကွယ်ပေးမယ့် Security Patch တွေ ပါဝင်ပါတယ်။ Update ပိတ်ထားရင် ဒီအကာအကွယ်တွေ မရှိတော့ဘဲ Hacking ခံရနိုင်ခြေ ပိုများလာပါတယ် ။
· ဆော့ဖ်ဝဲလ်တည်ငြိမ်မှု ပြဿနာ: Update တွေမှာ Software တွေရဲ့ Error တွေကို ပြင်ဆင်ပေးတဲ့ Bug Fixes တွေလည်း ပါဝင်တတ်ပါတယ်။
အကြံပြုချက်: တတ်နိုင်သမျှ Windows Update ကိုပိတ်မထားဘဲ၊ အောက်က နည်းလမ်းတွေနဲ့ ထိန်းချုပ်အသုံးပြုတာ ပိုကောင်းပါတယ်။
---
🔧 Windows Update ကို ပိတ်ဆို့/ထိန်းချုပ်နည်းများ
✅ Method 1: Metered Connection (Wi-Fi သုံးစွဲသူများအတွက်) ဒီနည်းက Data သုံးစွဲမှုကိုကန့်သတ်ပေးတာမို့ Update တွေ Auto Download မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ် ။
1. Settings (Win + I) > Network & Internet > Wi-Fi ကိုဝင်ပါ။
2. သင်ချိတ်ဆက်ထားတဲ့ Wi-Fi Network ကို နှိပ်ပါ။
3. Set as metered connection ကို On လုပ်လိုက်ပါ။
✅ Method 2: Services.msc မှတစ်ဆင့် ပိတ်ဆို့နည်း ဒီနည်းက Update Service ကိုလုံးဝပိတ်လိုက်တာဖြစ်ပါတယ်။
1. Win + R နှိပ်ပြီး services.msc လို့ရိုက်ထည့်ကာ Enter နှိပ်ပါ။
2. List ထဲမှ Windows Update Service ကိုရှာပြီး Double-Click နှိပ်ပါ။
3. Startup type ကို Disabled လုပ်ပါ။
4. Stop button ကိုနှိပ်ပါ (Service လည်ပတ်နေရင်)။
5. Apply > OK နှိပ်ပါ။
✅ Method 3: Group Policy Editor (Windows Pro/Enterprise အတွက်) ဒီနည်းကတော့Windows 10/11 Pro နဲ့ Enterprise Edition တွေမှာပဲရှိပါတယ် ။
1. Win + R နှိပ်ပြီး gpedit.msc လို့ရိုက်ထည့်ကာ Enter နှိပ်ပါ။
2. Computer Configuration > Administrative Templates > Windows Components > Windows Update ကိုသွားပါ။
3. Configure Automatic Updates Policy ကို Double-Click နှိပ်ပါ။
4. Disabled ကိုရွေးပြီး Apply > OK နှိပ်ပါ။
✅ Method 4: Update ကို ယာယီရပ်ဆိုင်းထားနည်း လုံးဝမပိတ်ချင်ဘူး၊ခဏပဲဆိုင်းထားချင်တယ်ဆိုရင် ဒီနည်းကို သုံးနိုင်ပါတယ် ။
1. Settings > Windows Update ကိုဝင်ပါ။
2. Pause updates ဆိုတဲ့ option မှာ 1 week ကနေ 5 weeks အထိ ရွေးချယ်ရပ်ဆိုင်းထားနိုင်ပါတယ်။
✅ Method 5: Active Hours သတ်မှတ်ခြင်း သင့်အလုပ်လုပ်နေချိန်မှာRestart မချအောင် သတ်မှတ်ပေးလို့ရပါတယ် ။
1. Settings > Windows Update > Advanced Options ကိုဝင်ပါ။
2. Active hours မှာ သင်ပုံမှန်အလုပ်လုပ်နေကျ အချိန်အတွင်းကို သတ်မှတ်ပေးပါ (ဥပမာ - 90 AM to 50 PM)။
💡 သတိပြုရန် အချက်များ
· Antivirus အသစ်တင်ထားပါ: Windows Update ပိတ်ထားပါက နောက်ဆုံးထွက် Virus Definition တွေ မရနိုင်တော့တဲ့အတွက် Third-Party Antivirus Software (ဥပမာ - Bitdefender, Kaspersky) တစ်ခုခုကို သုံးစွဲဖို့ အထူးအကြံပြုပါတယ် ။
· မကြာခဏ Manual Update စစ်ဆေးပါ: ပိတ်ထားပြီးရင်တောင်မှ လစဉ် (သို့) သုံးလတစ်ကြိမ်လောက်တော့ Manual ပြန်ဖွင့်ပြီး Update Check လုပ်ပေးသင့်ပါတယ် ။ Settings > Windows Update > Check for updates။
· System Restore Point လုပ်ထားပါ: Update တစ်ခုခုတင်ပြီးနောက် ပြဿနာတက်ခဲ့ရင် နောက်ပြန်ဆုတ်လို့ရအောင် Restore Point တစ်ခုကို အမှတ်မထင်လုပ်ထားသင့်ပါတယ်။
“အကောင်းဆုံးကတော့ လုံခြုံရေးအရ Update တင်သင့်တယ်၊ ဒါပေမယ့် ကိုယ့်ရဲ့အခြေအနေနဲ့အညီ ဆင်ခြင်ပြီး ထိန်းညှိအသုံးပြုဖို့ပါပဲ”

image

တွဲရင် ပြ၊တ်သွာ:မှာစို:လို့
ကြို၊က်လည်း မတွဲဘူ:

image

ဘုန်းဘုန်းပေးသော ဆေ:တစ်ခွက် လူတိုင်းကိုမျှဝေပေးကြနော်
ရက်၂၀ ကျော်ထိ နေ့စဉ် ရက်ဆက် ချောင်းဆိုး ရင်ကြပ်နေရာမှ လက်တွေ့ ပျောက်ကင်းခဲ့သည့် ဆေ:နည်း
နေ့စဉ်ရက်ဆက် ချောင်းဆိုးရင်ကျပ် ဖြစ်နေတာရက်၂၀ ကျော်နေပြီ။ ဖြစ်ခါစ တပါတ်လောက်အထိ နေ့တိုင်း ဆေ:ခန်းသွားပြတယ်။ မသက်သာဘူး။ လေပြွန်ရောင်တာနဲ့ ချောင်းဆိုးရင်ကျပ်တွဲဖြစ်တော့ နေရဆိုး ဆေ:မျိုးစုံ ဝယ်သောက် ဒါလဲ မပျောက်ပါဘူး။
ရက် ၂၀ ကျော်လာတော့ လူကြီးတွေက စိုးရိမ်လာလို့ အထူးကုနဲ့ ပြတော့ ဒီတိုင်းမဖြစ်ဘူး ဆိုပြီး ဆေ:ရုံသွားဖို့ စီစဉ်နေတုန်း အိမ်ကိုရွာက ဦးလေး အလည်ရောက်တာနဲ့ ကြုံရော။ ဦးလေးက နေဦး ဆရာတော်ပေးတဲ့နည်းရှိတယ်တဲ့ ဆေ:ရုံမသွားသေးနဲ့ဦး သင်္ဘောရွက် ရေနွေးစိမ်သောက်ကြည့်စမ်း ဆိုတာနဲ့ အဲ့ဒီနေ့ တစ်နေ့လုံး ဝင်သလောက် သင်္ဘောရွက်ကို ရေနွေးစိမ် သောက်တာ။ ညကျ အိပ်နိုင်တယ်။
ဒါနဲ့ရောဂါ သက်သာတာပဲ ဆိုပြီး နောက်ရက်တွေ ဆက်တိုက်သောက်ပေးတာ၊ ၅ ရက်လောက်နေတော့ ချောင်းဆိုး ရင်ကျပ် လေပြွန်ရောင်တာ အရှင်းပျောက်သွားတယ်။
သင်္ဘောရွက်ကို အသုံးပြုပုံက အရွက်စိုကိုပဲဖြစ်ဖြစ် အရွက်ခြောက်ကိုပဲ ဖြစ်ဖြစ်၊ ခွက်ထဲထည့် အပေါ်ကနေ ရေနွေးပူပူကို လောင်းထည့်၊ မပူမအေးလေးမှာ သောက်လို့ရပီ။ သောက်ခါစမှာ အရွက်စိမ်းစော် နံနေပေမဲ့ သုံးခွက်လောက် သောက်ပြီးသွားရင် အဆင်ပြေပြေသောက်နိုင်သွားပြီး ငွေမကုန်ပဲ ရောဂါ သက်သာစေတဲ့ ဆေ:နည်းမို့ ကျမနဲ့ ရောဂါတူသူများရှိရင် စမ်းသောက်ကြည့်စေချင်ပါတယ်။

image
13 w - Translate

၂၀၂၅–၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ သဘာဝဓါတ်ငွေ့ပိုက်လိုင်းများ အစားထိုး လဲလှယ်ဆောင်ရွက်မည်
***********************
(ပြည်တွင်း) စက်တင်ဘာ ၂
ရန်ကုန်တိုင်းဒေသကြီးအတွင်း သွယ်တန်းထားတဲ့ သဘာဝဓါတ်ငွေ့ပိုက်လိုင်းများ အစားထိုးလဲလှယ်ခြင်း၊ Upgrading ပြုလုပ်ခြင်းများကို ၂၀၂၅ -၂၀၂၆ ခုနှစ် ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်မည်ဖြစ်ကြောင်း ပြည်တွင်းသဘာဝ ဓါတ်ငွေ့သုံးစွဲမှုအား အကျိုးထိရောက်စွာ အသုံးပြုနိုင်ရေးညှိနှိုင်းအစည်းအဝေးမှာ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကိုကိုလွင် က ပြောကြားခဲ့ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း သဘာဝဓါတ်ငွေ့ပိုက်လိုင်းများ သွယ်တန်းဖြန့်ဝေမှုများ လုပ်ဆောင်နေခြင်းမှ နေ့စဉ်သဘာဝဓါတ်ငွေ့စုစုပေါင်း ၅ ကုဗပေသန်းဆုံးရှုံးလျက်ရှိပြီး တန်ဖိုးအနေနဲ့ အမေရိကန် ဒေါ်လာ ၅၀,၀၀၀ ခန့် ဆုံးရှုံးလျက်ရှိကြောင်း သိရပါတယ်။

ဒါကြောင့် ဓါတ်ငွေ့ဆုံးရှုံးမှုလျော့ချနိုင်ရေးအတွက် စက်ရုံများသို့ Main Header ဖြင့် တိုင်းတာဖြန့်ဖြူးခြင်း အစီအမံများဖြစ် လုပ်ဆောင်မည်ဖြစ်ကြောင်း သိရပါတယ်။

လက်ရှိ ပြည်တွင်းသုံးသဘာဝဓါတ်ငွေ့၏ ၈၅ ရာခိုင်နှုန်းကို လျှပ်စစ်ဓါတ်အားကဏ္ဍတွင် အသုံးပြုနေပြီး ၈ ရာခိုင်နှုန်းကို စက်မှုကုန်ထုတ်လုပ်မှုကဏ္ဍ၊ ၇ ရာခိုင်နှုန်းကို သယ်ယူ ပို့ဆောင်ရေးတွင် အသုံးပြုနေကြောင်း သိရပါတယ်။ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်းသဘာဝ ဓါတ်ငွေ့သုံးစွဲမှုအား အကျိုးထိရောက်စွာ အသုံးပြုနိုင်ရေးညှိနှိုင်းအစည်းအဝေးကို ဩဂုတ်လ ၃၁ ရက်က ရန်ကုန်မြို့မှာ ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

image
13 w - Translate

◾️HR Assistant - Yangon
Company: တိတ်လီ ရတနာရွှေဆိုင်
Salary Range: MMK 300,000 - 400,000
https://www.joimyanmar.com/job/detail/25048

◾️Assistant Teacher - Yangon
Company: Diamond Knowledge International School
Salary Range: MMK 300,000 - 400,000
https://www.joimyanmar.com/job/detail/25047

◾️Senior Accountant - Yangon
Company: Diamond Knowledge International School
Salary Range: MMK 900,000 - 1,000,000
https://www.joimyanmar.com/job/detail/25046

image

3:30amမှ အိပ်တဲ့ ငါက ဘာခွေးလဲ

image

#ငါးခေါင်းမျှစ်ချဉ်ပာင်းရည်ချက်နည်း
****************

ငါးတန်ခေါင်း.............၁ ခု( ပါးပာပ်များထုတ်၊ ရေဆေးသန်.စင်ပြီးရင် ခပ်ကြီးကြီးအတုံးများရအောင်ပိုင်းပါ။

(ငါးခေါင်းပာင်းရည်မှာငါးတန်ခေါင်းကအကောင်းဆုံးဖြစ်ပါတယ် )

မျှစ်ချဉ်.................... ၃၀ ကျပ်သား
ကြက်သွန်နီ..............၂လုံး ( ၈ စိတ်ခွဲပါ)
ခရမ်းချဉ်သီး............. ၃ လုံး( ..... ။.....)
ပဲပြား.......................၂ တုံး ( ၁လက္မအရွယ်ပိုင်းဖြတ်ပါ)
စပါးလင်...................၂ ချောင်း( အဖြူရောင်အပိုင်းသာ. ရိုက်ပြားပြီးထုံးချည်ထားပါ)
ချင်း..........................၁ တက် ( ရိုက်ပြား )
ကြက်သွန်ဖြူ...............၅ တက် ( ....။......)
ပဒဲကော...................အသေး၁တက်( အခွံခွာပြီးပါးပါးလှီးပါ)
ရှမ်းနံနံ..................... ၃ပင် (ပါးပါးလှီး)
နံနံပင်.......................အနည်းငယ်..(အလှဆင်ရန်)
ကောက်ရိုးမှို (သို.)ငွေနှင်းမှို......အနည်းငယ် (သင့်တော်သလောက်ပိုင်းဖြတ်ပါ)
ငုံးဥ............................၂၀ လုံး( ပြုတ်ပြီးအခွံခွာထားပါ )
တုံယမ်းချဉ်စပ်တုံး..........၂ တုံး
ကြက်ပြုတ်ရည်.............၄ လီတာခန်.
ငရုတ်သီးစိမ်း...............နှစ်သက်သလောက်
တောရှောက်ခါး၇ွက်.......၄ ၇ွက်ခန်. (မရှိလည်းရ )

ပထမဆုံးဒယ်အိုးတစ်လုံးမှာဆီအနည်းငယ်နှင့် ချင်း၊ ကြက်သွန်ဖြူ၊ ပဒဲကော ၊စပါးလင် တို.ကို တုံယမ်းချဉ်စပ်တုံး(၂) ခုနဲ.အတူဆီသတ်လိုက်ပါ...။နနွင်းမှုန်.
အနည်းငယ်နှင့်အရောင်တင်မှုန်.အနည်းငယ်ကိ်ုလည်းထည့်ပေါင်းပါ...။

ပာင်းခတ်အမွှေးအကြိုင်တွေ..မွှေးလာပြီဆိုရင်..ငါးခေါင်းတွေကိုထည့်ပေါင်း
ပြီးဆီဆီသတ်ပေးပါ..တောရှောက်ခါးရွက်၅ရွက်လောက်ကိုလည်း...ဖဲ့ခြွေ
ထည့်ပေးပါ..။

ထို.နောက်မျှစ်ချဉ်တွေကိုရောထည့်ပြီး(၅)မိနစ်ခန်.လောက်လုံးချက်လိုက်ပါ.။

ပာင်းရည်တည်မည့်အိုးထဲသို.ပြောင်းရွှေ.ထည့်လိုက်ပြီး...ပဲပြားတုံး ၊ ငုံးဥ ၊မှို ကြက်ပြုတ်ရည်တို.ပေါင်းထည့်ပြီး.ငါးငံပြာရည်၊ ပာင်းခတ်မှုန်.၊ သကြား ၊ ရှောက်ရည်(သို.) သံပုရာရည်တို.ဖြင့်အရသာသွင်းပါ....။
မိမိနှစ်သက်သလောက်ငရုတ်သီးစိမ်းကိုလည်းဓါးပြားရိုက်ပြီးထည့်ပါ...။

တစ်ပွက်ဆူအောင်မီးပြင်းပြင်းဖြင့်အပူပေးပါ..ထွက်လာသောအညစ်အကြေးများ၊အမြှုပ်များကိုစစ်ထုတ်ပေးပါ..။

တစ်ပွက်ဆူလာလျှင်မီးကိုလျှော့ချပြီး..ကြက်သွန်နီ ၊ခရမ်းချဉ်သီး ၊ ရှမ်းနံနံတို.ကိုဖြည့်စွက်ပါ..။ နောက်ဆုံးငါးခေါင်းတွေနှုးအိပြီး ချိုချဉ်စပ်အရသာလေးရပြီဆိုရင်နံနံပင်လေးအလှဆင်ပြီးသုံးဆောင်နိူင်ပါ
သည်...။

image

·
🔴Dario sp.’Myanmar’ ( Black Tiger Dario )🔴
Black Tiger Dario လေးတွေဟာ မြန်မာ့မြေမှထွက်‌ေသာ သက်ရှိအဖိုးတန်ငါးတစ်မျိုးဖြစ်ပါတယ်။
ခန္ဓာကိုယ်ပေါ်က စုံလင်လှသောအရောင်အသွေးများကြောင့် Pyjamas Dario ( Small is Beautiful ) ဆိုတဲ့နာမည်ကိုလဲ ပိုင်ဆိုင်ထားပါတယ်။ နို့နှစ်ရောင် ခန္ဓာကိုယ်ပေါ်မှာတောက်ပတဲ့ အနီရောင်ရင့်ရင့် နဲ့ အနက်ရောင်ဒေါင်လိုက်စင်းကြောင်းတွေဟာ တစ်ဝက်စီနီးပါး ပါရှိပြီး အမြှီးအတောင်တွေရဲ့အနားစွန်းကို လျှပ်ပြာရောင် လေးတေွနဲ့အနားသတ်ထားပါတယ်။
မြန်မာမျိုးရင်းဖြစ်ပေမဲ့ ဒီငါးလေးတွေဟာ လက်ရှိအချိန်မှာ မြန်မာနိုင်ငံထဲမှာကို မွေးမြူထားသူအရေအတွက်ကအလွန်နဲပါးပြီး ရှိလို့ရှိမှန်းတောင်မသိကြပါဘူး ။ အကယ်၍ ဒီငါးလေးကိုစိတ်ဝင်စားလို့မွေးမြူချင်တယ်ဆိုရင် ဘယ်လိုအချက်အလက်တွေသိသင့်လဲဆိုတာကို အောက်မှာလေ့လာကြည့်လို့ရပါတယ်နော် 😊
* မူလဇာတိ = Black Tiger Dario တွေကို မြန်မာနိုင်ငံမြောက်ပိုင်း ၊ ကချင်ပြည်နယ် မြစ်ကြီးနားမြို့အနီးမှာရှိတဲ့ မြစ်ဆုံဒေသမှာတစ်ဝိုက်မှာတွေ့ရှိရပါတယ်။ လက်ရှိအချိန်ထိတော့ ထိုဒေသမှာပဲတွေ့ရှိရသည်ဟုဖော်ပြပေးထားပြီး ကမ္ဘာ့ဈေးကွက်မှာပါရှားပါးမျိုးစိတ်အဖြစ်မှတ်တမ်းတင်ထားပါတယ်။
*ရေအမျိုးအစား = ရေချိုအမျိုးအစားနဲ့မွေးမြူပေးရပြီး water hardness 18 – 90ppm အတွင်းမှာမွေးမြူပေးရပါမယ်။
* အပူချိန် / pH = ကချင်ပြည်နယ်ရာသီဥတုက အေးမြတဲ့အနေထားရှိတဲ့အတွက် ကန်အတွင်းမှာလဲသူတို့ရဲ့မိခင်သဘာဝအတိုင်း ပြင်ဆင်ပေးရပါမယ် ။ အပူချိန် 15 – 25°C ( 59 – 77°F ) နဲ့ pH 7.0 – 9.0 ကြားမှာမွေးမြူရပါမယ်။
* အကြီးဆုံးရောက်နိုင်သောအရွယ်အစား = အရွယ်အစားသေးငယ်သောငါးမျိုးများဖြစ်သည့်တွက် အကြီးဆုံး 1 – 1.5 လက်မ ( 2.5 – 3.8 cm ) လောက်ထိပဲကြီးထွားနိုင်ပါတယ် ။ အတွေ့ရများတာက‌တော့ 0.5 – 1 လက်မ ( 1.3 – 2.5 cm ) ပဲဖြစ်ပါတယ်။
* ကန်အရွယ်အစား = အရွယ်အစားသေးငယ်တဲ့အတွက် သူတို့တွေတစ်မျိုးထဲမွေးမယ်ဆို 1′ × 1′ ပတ်လည်ကန်တွေကအဆင်ပြေပေမဲ့ အခြားသောငါးများပါရောထည့်ရင် 2 ‘ × 1’ကန်‌ေတွမှသာအဆင်‌ေပြပါမယ်။
* သက်တမ်း = သဘာဝသက်တမ်းက 3-6 yrs အထိနေနိုင်တဲ့အတွက် လိုအပ်သောစောင့်ရှောက်ပေးနိုင်ပါကသက်တမ်းစေ့နေနိုင်မှာပဲဖြစ်ပါတယ်။
* အမူအကျင့် = သူတို့လေးတွေက သဘာဝထဲမှာဆိုရင် ရေစီးဆင်းမှုနှေးတဲ့ ရေတိမ်ချောင်းလေးတွေထဲမှာရှိတဲ့ ကျောက်တုံးကျောက်ဆောင်ကြား ၊ သစ်တုန်း ၊ သစ်ရွက်ဆွေး ၊အပင်တွေကြားထဲမှာ ကိုယ်ပိုင်နယ်နိမိတ်သတ်မှတ်ပြီးနေထိုင်ကြပါတယ်။ အထီးအမနှိုင်းယှဉ်မယ်ဆို အထီးတွေကအမတွေထက် ပိုရန်လိုမှုများပါတယ်။ မိမိ နယ်နိမိတ်ကျော်လာတဲ့အခြားငါး ၊ သို့မဟုတ် ငါးထီးအချင်းချင်းဖြစ်ပါက ပို၍တိုက်ခိုက်ကြပါတယ်။
* အစားအစာ = သဘာဝမှာ ချောင်းတွေထဲမှာမျှောပါလာသော ပိုးမွှားအသေးများ ၊ ရေတီ ၊ ဆိုက်ကလိုစ့်( cyclops ) ၊ ရေပိုး ၊ စသည်တို့ကိုစားသုံးကြတဲ့အတွက် သူတို့တွေကိုငါးကန်အတွင်းမွေးတဲ့အခါမှာ အစာခြောက်ကျွေးမရခြင်းကလဲအခက်အခဲတစ်ခုဖြစ်ပါတယ်။
အစာရှင်များမကျွေးလိုပါက အေးခဲထားသော အစာစိုများကျွေးနိုင်ပါတယ်။
* အုပ်စုဖွဲ့နေထိုင်မှုရှိမရှိ = အုပ်စုဖွဲ့နေထိုင်ကြပေမဲ့ ငါးတစ်အုပ်မှာ အထီး၁ကောင် အမ ၂ကောင်သို့မဟုတ် ၄ ကောင်ခန့်တွဲမွေးရပါမယ်။ အထီးအရေအတွက်များခြင်းက ကန်ကျယ်ပြီး ပုန်ခိုစရာများပါကပြဿနာမရှိပေမဲ့ ကန်ကျဉ်းပြီးပုန်းခိုစရာနဲတဲ့အခါ စိတ်ဖိစီးမှုများ‌ေစပါတယ်။
* တွဲဖက်မွေးနိုင်သောငါးအမျိုးအစား = Black Tiger Dario တေွက အရွယ်အစားအလွန်သေးငယ်တဲ့အတွက် tankmate ရွေးတဲ့အခါ ရန်လိုမှုနဲသော ၊ ‌အကောင်အရွယ်အစားတူညီသောငါးများသာရွေးချယ်သင်ါပါတယ်။ ဥပမာ neon tetra , Rosy Barb , Tiger Barbs , etc…
* ထိန်းသိမ်းဂရုစိုက်မှု = အရွယ်အစားသေးငယ်ပြီး ၊ အညစ်အကြေးစွန့်ပစ်မှုနည်းတဲ့အတွက် တစ်ပတ်တစ်ခါ 30% ရေလဲပေးခြင်းက ရေအရည်အသွေးကိုထိန်းသိမ်‌းပေးနိုင်ပါတယ်။
* ကန်အပြင်အဆင် = သူတို့တွေကိုအများအားဖြင့် အပင်ကန် တွေမှာအမွေးများကြပါတယ်။ အပင်ကန်မဟုတ်ရင်တောင် သဘာဝနဲ့အနီးစပ်ဆုံးတူအောင်ဖန်တီးပေးသင့်ပါတယ်။ အောက်ခံမြေကိုချောင်းသဲ ၊ ကျောက်စရစ်အသေးများခင်းပေးနိုင်ပြီး ၊ ကျောက်တုန်းကျောက်ဆောင်တွေ သစ်ဆွေးတုန်းတွေနဲ့အလှဆင်နိုင်ပါတယ် ။ ရေစီးဆင်းမှုပေးနိုင်ဖို့ flow rate နှေးတဲ့ hanging filter , canister filter , wave maker များတပ်ဆင်နိုင်ပါတယ်။ နောက်တစ်ခုက အပူချိန် 15 – 25° C အတွင်းအမြဲရှိနေအောင်ထိန်းပေးဖို့ပါပဲ။ ဒါကြောင့် Fan သို့မဟုတ် chiller တပ်ပေးထားသင့်ပါတယ်။
* အထီးအမခွဲနိုင်ခြင်း = အရွယ်ရောက် အထီးများရဲ့ အရောင်အသွေးကပိုတောက်ပပြီး ကျယ်ပြန့်သော အမြှီးအတောင်‌များရှိပါတယ်။ အမများ ကတော့ ဖျော့တော့သောအရောင်အသွေးနဲ့ အမြှီးအတောင်သေးငယ်ပါတယ်ပါတယ်။
* သားဖောက်ခြင်း = အကယ်၍အထီးရောအမရော အရွယ်ရောက်ပြီဆိုပါက သားဖောက်ကန်သီးသန့်ပြင်ပြီးသားဖောက်နိုင်ပါတယ်။ သားဖောက်ကန်ကိုလဲ အောက်ခံ ချောင်းသဲနဲ့ ပုန်းခိုစရာသစ်ဆွေးတုန်း ကျောက်ဆောင်များထည့်ပေးရပါမယ်။ ထိုသားဖောက်ကန်အတွင်းမှာ အပူချိန် 22 – 25°C ထားပေးရပြီး အထီးနဲ့အမ တစ်စုံထည့်ကာ အစာစို အစာရှင်များ ပြည့်ဝအောငိကျွေးပေးရပါမယ်။ ဥချချိန်မတိုင်ခင်အထိ အထီးသည် အမဘေးနားမှာ လိုက်ကပ်လျက် လျှောက်သွားနေပါမယ် ၊ အမလက်ခံသောအချိန်မှာ Betta ငါးများကဲ့သို့ အထီးအမရစ်ပတ်လျက်ဥညှစ်ချပါတယ်။
တစ်ခါညှစ်ချပြီးတိုင်း ကန်အနှံ့လျောက်သွားကာ နောက်ထပ်ဥညှစ်ဖို့ရန်နေရာရှာပါတယ်။ ထိုအပြုအမူများမတွေ့ရတော့ပါက အထီးအမဖယ်ကာ ဥများသီးသန့် airpump‌ေပးထားရပါမယ်။ 2 – 3ရက်အတွင်းမှာအကောင်ပေါက်ပြီး ထိုငါးပေါက်များဟာ အခြားသားပေါက်များနှင့်မတူဘဲ အလွန်သေးငယ်၍ infusoria ကဲ့သို့ ဇီဝသက်ရှိလေးများကျွေးရပါမယ် ၊ အကောင်ပေါက်အနည်းငယ်ကြီးလာပါက အာသီးမီးယား ၊ ရေတီ ၊ ရေပိုးများဖြင့် ဆက်လက်ပျိုးထောင်နိုင်ပါပြီ။
* အခြားအရောင်များ = Blue Dario ကိုတွေ့ရှိရပြီ မြန်မာမျိုးရင်းမဟုတ်ပါဘူး။
* အခြားမျိုးကွဲများ = —-
* ဆောင်ရန်ရှောင်ရန် = အရေးကြီးဆုံးအချက်က ကန် အပူချိန် ၊ pH နဲ့ အစားရွေးချယ်တာ မှန်ကန်ဖို့လိုအပ်ပါတယ်။