9 w - Translate

💅🩷🩷🩷💅

image
9 w - Translate

💅🩷🩷🩷💅

image
9 w - Translate

💅🩷🩷🩷💅

image
9 w - Translate

💅🩷🩷🩷💅

image
image
image
image
image
9 w - Translate

Cute😍

image

image
9 w - Translate

ကောင်းတဲ့အလုပ်တော့လုပ်ပါရဲ့၊ ဒါပေမယ့်
ချမ်းသာမလာဘူးဆိုရင် ကိုယ့်မှာလိုအပ်ချက်
အားနည်းချက်တွေရှိနေလို့ပဲ ဖြစ်ပါလိမ့်မယ် ....
"တရုတ်တွေပြောသော တစ်နေ့တစ်ခြား ပိုဆင်းရဲသွားစေတဲ့ အကြောင်းရင်း ၉ ချက်" ဒီအထဲက ၆ ချက် တိုက်ဆိုင်နေရင် ဘဝပြန်ထူထောင်ဖို့ အရမ်းခက်ခဲပါမယ် တဲ့။
(၁) အလုပ်လုပ်ရုံပဲလုပ်ပြီး ကိုယ့်စွမ်းရည်ကို
မမြှင့်တင်ချင်သူ။
တစ်ရက်ပြီးတစ်ရက် အချိန်ကို ပိုက်ဆံနဲ့ လဲနေရပေမဲ့ ကျွမ်းကျင်မှု တစ်ခုမှ မရှိတဲ့အတွက် အချိန်မရွေး လူစားထိုးခံရနိုင်ပါတယ်။
(၂) ဝင်ငွေလမ်းကြောင်းတစ်ခုတည်း၊
ပုံသေလစာကိုပဲ မှီခိုသူ။
လစဉ်ပုံသေလစာအပြင် တခြားဝင်ငွေ လမ်းကြောင်းမရှိတဲ့အတွက် အလုပ်လက်မဲ့ ဖြစ်တာနဲ့ အခက်အခဲ ကြုံရပါလိမ့်မယ်။
(၃) ဂုဏ်မာနကြီးလွန်းပြီး အကူအညီမတောင်းသူ။
မာနကြီးလွန်းတာကြောင့် ကိုယ့်ဘာသာ ရုန်းကန်နေရပေမဲ့ သူများရဲ့ အကူအညီနဲ့ အကြံဉာဏ်ကို မယူတတ်သူပါ။
(၄) လူမှုဆက်ဆံရေးမကောင်းသူ၊ အဆက်အသွယ်
ရှားပါးသူ။
သူငယ့်ချင်းနည်းပြီး ပတ်ဝန်းကျင်ကျဉ်းတဲ့ အတွက် အခွင့်အရေးကြုံလာရင် ဘယ်သူကမှ မကူညီနိုင်သလို အခဲအခဲကြုံရင်လည်း ဘယ်သူကမှ မဆွဲတင်ပေးနိုင်ပါဘူး။
(၅) အရှုံးပေါ်မှာကြောက်လို့ ဘာမှမစမ်းသပ်ရဲသူ။
တစ်ခုခုကို လုပ်ဖို့ဆိုရင် အရမ်းတွန့်ဆုတ်နေတတ်ပြီး အမြတ်ရဖို့ထက် ဆုံးရှုံးမှုကိုပဲ စိုးရိမ်နေတဲ့အတွက် အခွင့်အရေးကောင်းတွေ အားလုံးကို လက်လွတ်ခံသူပါ။
(၆) ဘယ်တော့မှငွေမစုတတ်သူ။
လတိုင်းရှိရှိသမျှအကုန်ပြောင်။ ရှာနိုင်သမျှ အကုန်ပြန်သုံးတာကြောင့် အရေးပေါ်အခြေအနေအတွက် စုမိဆောင်းမိငွေ မရှိပါဘူး။
ဘဝမှာ မထင်မှတ်တဲ့ အသေးအမွှားကိစ္စလေး တစ်ခုကတောင် သူ့ဘဝကို လုံးဝပြိုလဲ သွားစေနိုင်ပါတယ်။
(၇) ရည်ရွယ်ချက်မရှိ၊ ယောင်လည်လည်နဲ့
ဖြတ်သန်းနေသူ။
နေ့စဉ်နဲ့အမျှ ဘာလုပ်ရမှန်းမသိဘဲ အချိန်ကုန်နေတဲ့အတွက် ဘာလိုချင်လဲဆို တာလည်း မသိပါဘူး။ ဒါ့အပြင် ဘယ်လို ကြိုးစားရမယ်ဆိုတာကိုလည်း မသိပါဘူး။
(၈) ငွေသုံးတဲ့နေရာမှာ လက်ဖွာသူ။
ဝင်ငွေက သိပ်မရှိပေမဲ့ လူအထင်ကြီးအောင် မသုံးသင့်တဲ့နေရာတွေမှာ မလိုအပ်ဘဲ သုံးတတ်သူ။
(၉) စိတ်ကူးယဉ်သမား၊ လက်တွေ့မလုပ်သူ။
တစ်နေကုန် ချမ်းသာဖို့အတွက် စိတ်ကူး ယဉ်နေတတ်ပေမဲ့ လက်တွေ့ အကောင်အထည်ဖော်ဖို့ ခြေလှမ်းမစတတ်သူပါ။
အမြဲတမ်း "အကယ်၍ဒီလိုသာ ဆိုရင်..." ဆိုတဲ့ အတွေးမျိုးနဲ့ပဲ ရပ်တန့်နေသူပါ။
Credit to allina (ဘာသာပြန်သူ)

image
9 w - Translate

ဤဘဒ္ဒကမ္ဘာလောကမှာ ကမ္ဘာဦးအစကတည်းက ဆင့်ကဲပြောင်းလဲခြင်းတွေ များမြောင်စွာဖြစ်ပေါ်လာခဲ့ပါတယ်..

လူသားတွေ ပြောင်းလဲလာတယ်...မြစ်ချောင်းအင်းအိုင်တွေ ပြောင်းလဲလာခဲ့တယ်..နိုင်ငံတွေ ဖြစ်ပေါ်လာတယ်
လူ့စိတ်သဘောထားတွေ ပြောင်းလဲလာတယ်...

ဒီထဲမွာမွ မပြောင်းလဲဘဲ တည်မြဲနေတာဆိုလို အချစ်စစ်ပဲရှိပါတယ်...

ဟုတ်ပါတယ် ဒီဇာတ်လမ်းလေးက ကစ္စနဆိုတဲ့ ကောင်လေးတစ်ယောက်ရဲ့
အချစ်စစ်တိုသက်သေထူရာကို ဖေါ်ပြထားတဲ့ ကားလေးပါ..

၁၉၄၇ခုနှစ် အစောပိုင်း အိန္ဒိယနိုင်ငံလွတ်လပ်ရေးမရခင် ဗြိတိသျှတို အိန္ဒိယမြေပေါ် အုပ်စိုးခဲ့စဉ်က...။

ကစ္စန..ကက်သရင်း..လက်ရှမီးဆိုတဲ့ သူငယ်ချင်းသုံးယောက်ရဲ့ အချစ်ဇာတ်လမ်းလေးကို ဖေါ်ကျူးရိုက်ကူးထားပါတယ်...

ဒီကားလေးဟာ သိပ်ကိုနူးညံ့လွန်းတယ်..
ရင်ထဲလည်း ပီတိဖြစ်ရပါတယ်

အိန္ဒိယကို လွတ်လပ်ရေးပေးဖို ကြေညာလိုက်တော့ နိုင်ငံတွင်း ဗြိတိသျှအရာရှိတွေကို အင်္ဂလန်အမီ ပြန်ခိုင်းတယ်..
ဒီထဲမွာ ကက်သရင်းရဲ့အဖေနဲ့ အေမဟာ အသတ်ခံလိုက်ရပါတယ်

တစ်ဦးတည်းကျန်ခဲ့တဲ့ သူငယ်ချင်းမလေး ကက်သရင်းကို အိန္ဒိယသားလေး ကစ္စနက ဘေးမသီရန်မခဘဲ ဘေးကင်းရာကို ပိုပေးရမှာပါ...

ကိုယ့်မိသားစုက သူ့မိဘတွေကို ရန်သူလို သတ်မှတ်ပြီး လိုက်သတ်နေတဲ့ကြားထဲက မိသားစုနဲ့ အတိုက်အခံလုပ်ပြီး
ကက်သရင်းကို ကယ်တင်ရင်းနဲ့....။

ပိုင်ဆိုင်ရမှ အချစ်မဟုတ်ပါဘူး
ခွဲခွာခြင်းဟာလည်း အချစ်ရဲ့တစ်စိတ်တစ်ဒေသပါပဲ

တစ်ခါတလေကျရင် စွန့်လွှတ်ခြင်းက အချစ်ကို ပိုလိုတိုးလာစေပါတယ်
အချစ်မှာ ကောင်းခြင်းတွေရတတ်သလို
ခွဲခွါခြင်းမှာလည်း ကောင်းခြင်းတွေ ရတတ်ပါတယ်

အချစ်ဆိုတာက အတူတူနေရဖိုပဲမှ
မဟုတ်တာ..

image
9 w - Translate

Dandadan Season 2 Key Visual အသစ်

image
9 w - Translate

ရန်ကုန်မြို့မှ လက်ကားဝယ်ယူရန် ဈေးအတန်ဆုံးနေရာများ✅
ရန်ကုန်မြို့မှာ ပစ္စည်းမျိုးစုံကို လက်ကားစျေးနှုန်းနဲ့ ပြန်လည်ရောင်းချဖို့ ဒါမှမဟုတ် အများအပြားဝယ်ယူဖို့ စဉ်းစားနေတယ်ဆိုရင် အောက်ဖော်ပြပါ နေရာတွေက သင့်အတွက် အသင့်တော်ဆုံးပါပဲ။ ဒီနေရာတွေဟာ လက်လီဆိုင်တွေမှာထက် ပိုမိုသက်သာတဲ့စျေးနှုန်းနဲ့ ပစ္စည်းမျိုးစုံကို ဒိုင်စျေးနှုန်းနဲ့ ရရှိနိုင်မှာဖြစ်လို့ လုပ်ငန်းရှင်တွေနဲ့ ဝယ်ယူသူတွေအတွက် အထူးသင့်တော်ပါတယ်။
၁။ ဖိနပ်အမျိုးမျိုး
* ၂၉ လမ်း မှာ ဖိနပ်အမျိုးအစားပေါင်းစုံကို လက်ကားစျေးနှုန်းနဲ့ ဝယ်ယူနိုင်ပါတယ်။
၂။ ဆေးဝါးနှင့်ပရဆေး
* ကုန်ဈေးတန်း မှာ ပရဆေးနဲ့ပတ်သက်တဲ့ပစ္စည်းမှန်သမျှ အစုံအလင်ဝယ်ယူလို့ရပါတယ်။
၃။ ကလေးကစားစရာနှင့် အရုပ်များ
* ၂၄ လမ်း (အပေါ်ဘလောက်) မှာ မွှေးပွအရုပ်ကြီးတွေ၊ ကော်ရုပ်တွေနဲ့ ကလေးကစားစရာအစုံအလင်ကို ရရှိနိုင်ပါတယ်။
၄။ မျက်မှန်
* ရွှေဘုံသာလမ်း (အလယ်ဘလောက်) မှာ မျက်မှန်နဲ့ပတ်သက်တဲ့ ပစ္စည်းအများအပြားကို ရှာဖွေနိုင်ပါတယ်။
၅။ ရွှေထည်ပစ္စည်း
* ရွှေဘုံသာလမ်း (အောက်ဘလောက်) ကိုသွားပြီး ရွှေအတိုအစကစလို့ ရွှေတုံးအထိ ဝယ်ယူနိုင်ပါတယ်။
၆။ ဆိုးဆေး၊ ဆပ်ပြာ၊ ဆီမွှေးနှင့် အနံ့အရသာပစ္စည်းများ
* ၂၇ လမ်း မှာ ဆိုးဆေး၊ ဆပ်ပြာ၊ ဆီမွှေးနဲ့ အနံ့အရသာ ပစ္စည်းမျိုးစုံကို ဝယ်ယူနိုင်ပါတယ်။
၇။ စက္ကူဂျပ်ဖာနှင့် ကတ်ထူပုံးများ
* ၂၈ လမ်း (အပေါ်ဘလောက်) မှာ စက္ကူဂျပ်ဖာနဲ့ ကတ်ထူပုံးမျိုးစုံကို လိုသလောက် ဝယ်ယူနိုင်ပါတယ်။
၈။ လျှပ်စစ်ပစ္စည်းများ
* လမ်း ၃၀ (အလယ်ဘလောက်) မှာ လျှပ်စစ်ပစ္စည်းအစုံအလင်ကို ရှာဖွေနိုင်ပါတယ်။
၉။ စာရေးကိရိယာ
* ၃၁ လမ်း (အလယ်ဘလောက်) မှာ စာရေးကိရိယာနဲ့ ပတ်သက်တဲ့ ပစ္စည်းမျိုးစုံကို ဝယ်ယူနိုင်ပါတယ်။
၁၀။ အစားအသောက်ဆိုင်ရာများ
* ငါးကင်ကောင်းကောင်း စားချင်တယ်ဆိုရင် လှည်းတန်း ကိုသွားပါ။
* ဝက်သားကောင်းကောင်း စားချင်တယ်ဆိုရင် ဆင်မလိုက်သုံးထောင့်ကွေ့ မှာရှိတဲ့ ဝက်သား Specialist ဆိုင်ကိုသွားပါ။
* မာလာမောက်ချိုက် နဲ့ မာလာရှမ်းကော စားချင်တယ်ဆိုရင် စဉ်းအိုးတန်း (အပေါ်ဘလောက်) ကိုသွားပါ။
* ပင်လယ်စာ အကင်ပစ္စည်းအစုံအလင် ကို ၁၈ လမ်း (အပေါ်ထိပ်) မှာရှိတဲ့ ရွှေငါးမောင်မောင် ဆိုင်မှာ ရရှိနိုင်ပါတယ်။
၁၁။ ပန်းအမျိုးမျိုး
* လှိုင်ဘတ္တာ မှာ စပယ်ပန်း၊ ခရေပန်း ကုံးသီးပြီးသားတွေကို အများအပြား ဝယ်ယူနိုင်ပါတယ်။
၁၂။ အီလက်ထရောနစ် ပစ္စည်းများ
* မောင်ခိုင်လမ်း (အပေါ်ဘလောက်) မှာ ချစ်ပြား၊ ထရန်စစ္စတာနဲ့ မိုက်ခရိုပစ္စည်းတွေ အပါအဝင် အီလက်ထရောနစ်ပစ္စည်းမျိုးစုံကို ဝယ်ယူနိုင်ပါတယ်။
၁၃။ ဘေထုပ် (အဝတ်အထည်)
* ကြည့်မြင်တိုင် ညဈေး မှာ Brand ပစ္စည်းဘေထုပ်တွေကို ဈေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ပါတယ်။
၁၄။ ဘုရားတည်ခြင်းနှင့် လှူဒါန်းခြင်းဆိုင်ရာ ပစ္စည်းများ
* ပန်းတင်တန်း (ကြည့်မြင်တိုင်) မှာ ဘုရားတည်ရန်၊ ဘုန်းကြီးကျောင်းလှူရန်နဲ့ တိုက်ပေါ်တွင် ပေါ့ပေါ့ပါးပါး စေတီတည်လိုသူများအတွက် လိုအပ်တဲ့ ပစ္စည်းတွေကို ဝယ်ယူနိုင်ပါတယ်။
၁၅။ အောင်ဘာလေထီ
* ၂၇ လမ်း (အပေါ်ဘလောက်) မှာ အောင်ဘာလေထီကို လက်လီ/လက်ကား ဝယ်ယူနိုင်ပါတယ်။
၁၆။ ကွန်ပျူတာပစ္စည်းများ
* ဆိပ်ကမ်းသာလမ်း (အလယ်ဘလောက်) မှာ ကွန်ပျူတာနဲ့ပတ်သက်တဲ့ ပစ္စည်းအစုံအလင်ကို ရရှိနိုင်ပါတယ်။
၁၇။ သီတင်းကျွတ် မီးပုံးနှင့် ဆီမီး
* မဟာဗန္ဓုလလမ်း (၂၃ လမ်းနှင့် ၂၄ လမ်းကြား) မှာ သီတင်းကျွတ်အတွက် ဆီမီးနဲ့ မီးပုံးလှလှလေးတွေကို အစုံအလင် ဝယ်ယူနိုင်ပါတယ်။
ဒီနေရာတွေဟာ ရန်ကုန်မြို့မှာ ပစ္စည်းတွေကို ဒိုင်စျေးနှုန်းနဲ့ အများအပြားဝယ်ယူလိုသူတွေအတွက် အထူးအသုံးဝင်မှာပါ။ တစ်ဆင့်ပြန်လည်ရောင်းချလိုသူများအတွက်လည်း အကျိုးအမြတ်များရ‌စေရန် ဝေမျှပေးလိုက်ပါတယ်။✨
#ဖိနပ်#ဆေးဝါး#ကလေးကစားစရာ#မျက်မှန်#ရွှေထည်
#ရန်ကုန်မှလက်ကားဝယ်ရန်ဈေးအတန်ဆုံးနေရာများ

image