8 w - Translate

New York is set to lower the minimum hiring age for prison guards from 21 to 18, seeking to boost the ranks of corrections officers during a shortage that was exacerbated by the firing of more than 2,000 guards after a strike crippled the state’s prison system.
State lawmakers approved the measure on Wednesday and Gov. Kathy Hochul is expected to sign it into law.
Read more: https://abcnews.visitlink.me/6XJvxR

image

#နိုင်ငံတကာသတင်း
◼အိန္ဒိယနှင့် အမျိုးသားလုံခြုံရေးကောင်စီအဆင့် အဆက်အသွယ်ရှိကြောင်း ပါကစ္စတန်သံအမတ်ကြီးပြောကြား
အိန္ဒိယနှင့်ပါကစ္စတန်ကြား အမျိုး သားလုံခြုံရေးကောင်စီအဆင့်များတွင် အဆက်အသွယ်ရှိကြောင်း အမေရိကန်နိုင်ငံဆိုင်ရာ ပါကစ္စတန်သံအမတ်ကြီး က ယမန်နေ့တွင် ပြောကြားသည်။
နျူကလီးယားလက်နက်ပိုင်ဆိုင်သော တောင်အာရှ အိမ်နီးချင်းနှစ်နိုင်ငံကြားတွင် လက်ရှိအချိန်၌ ဆက်သွယ်ပြောဆိုမှုရှိပါသလားဟု အမေရိကန်သတင်းဌာန CNN ၏ မေးမြန်းမှုအပေါ် သံအမတ်ကြီး ရစ်ဇဝမ်ဆာအက်ရှိက် က ယင်းသို့ ပြောကြားခြင်းဖြစ်ကာ နှစ်ရက်ကြာတိုက်ခိုက်မှုများ ဖြစ်ပေါ်ခဲ့ပြီး‌နောက် နှစ်နိုင်ငံကြားတင်းမာမှုများ လျော့ ကျလာရေးမှာ အိန္ဒိယပေါ်တွင် မူတည်ကြောင်းလည်း ၎င်းက ပြောသည်။
“ အမျိုးသားလုံခြုံရေးကောင်စီအဆင့်မှာ အဆက်အသွယ်ရှိတယ်လို့ ကျွန်တော်ထင်ပါတယ်။” ဟု သံအမတ်ကြီးက ပြောကြားပြီး နှစ်ရက်အတွင်းဖြစ်ပေါ်ခဲ့သော လုပ်ရပ်များ၊ ပြောစကားများကို ရပ်တန့်ရန် လိုအပ်ကြောင်း ၎င်းက ဆက်ပြောခဲ့ကာ နှစ်ဘက်ကြားဆက်သွယ်မှုအကြောင်းကိုမူ ရှိက်က အကျယ်ချဲ့မပြောခဲ့ပေ။
“အခုဆိုရင်တင်းမာမှုလျော့ပါးအောင်လုပ်ဖို့ အိန္ဒိယမှာ တာဝန်ရှိပါတယ်။ သည်းခံနိုင်စွမ်းမှာ အကန့်အ သတ်ရှိ ပါတယ် ။ ပါကစ္စတန်က လက်တုံ့ပြန်ခွင့်ကို စွဲကိုင်ထားပြီး တုံ့ပြန်မှုလုပ်ဖို့ ပြည်သူလူထုကလည်း အစိုးရကို ဖိအားပေးနေပါတယ်။" သံအမတ်ကြီးက ဆက်ပြောသည်။
အမေရိကန်အပါအဝင် ကမ္ဘာ့နိုင်ငံများကလည်း တင်းမာမှုများ လျော့ပါးအောင် လုပ်ဆောင်ရန်နှင့် ဆက်သွယ်‌‌ရေးလမ်းကြောင်းများဖွင့်ထားရန် နယူးဒေလီ နှင့် အစ္စလာမ္မာဘတ် အား တိုက်တွန်းထားပြီးတိုက်ရိုက်ဆွေးနွေးကြရန် ဝါရှင်တန်က တောင်းဆိုထားသည်။
ထိုအတော အတွင်းမှာပင် အိန္ဒိယ နှင့် ပါကစ္စတန်ကြားက စစ်ပွဲမှာမိမိတို့နှင့် မပတ်သက်ကြောင်း နှင့် ယင်းနှစ်နိုင်ငံကို အမေရိကန်ကလည်း မထိန်းချုပ်နိုင်ကြောင်း အမေရိကန်ဒုတိယသမ္မတ ဂျေဒီဗန့်စ် က ပြောကြားသည်။
“ ဒါကြီးကို အမြန်ဆုံး လျော့ပါးသွားတာကို ကျွန်တော်တို့လိုလားပါတယ် ။ ဒါပေမယ့်လည်း ဒီနိုင်ငံတွေကို ကျွန်တော်တို့ မထိန်းချုပ်နိုင်ပါဘူး” ဟု ဖောက်စ်သတင်းဌာန၏ "The Story with Martha MacCallum" ရုပ်သံအစီအစဉ် တွင် ဗန့်စ်က ပြောကြားသည်။
“ ကျွန်တော်တို့လုပ်နိုင်တာကတော့ တင်းမာမှုတွေ နည်းနည်း အရှိန်လျော့လာအောင် ဒီလူတွေကို ကြိုးစားတိုက်တွန်းတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အခြေခံအားဖြင့် အမေရိကန်ထိန်းချုပ်နိုင်စွမ်းနဲ့ဘာမှမဆိုင်၊ ကျွန်တော်တို့နဲ့ဘာမှမပတ်သက်တဲ့ စစ်ပွဲထဲကို ကျွန်တော်တို့ ပါဝင်ပတ်သက်မှု လုပ်မှာ မဟုတ်ပါဘူး။” ဟု အမေရိကန် ဒုတိယသမ္မတ က ဆက်လက်ပြောကြားခဲ့သည်။
သတင်း-ရဲမင်း
ကိုးကား-Reuters

image

#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ အရှေ့ဘက်ကမ်းလွန်ရေပြင်အတွင်းသို့ ဒုံးကျည်များ မြောက်ကိုရီးယားပစ်လွှတ်
မြောက်ကိုရီးယားနိုင်ငံသည် အရှေ့ဘက်ကမ်းရိုးတန်း ကမ်းလွန်ရေပြင်အတွင်းသို့ တာတိုပစ်ဒုံးကျည်များဟု ယူဆရသော ဘလစ်စတစ်ဒုံးကျည်များကို မေ ၇ ရက်တွင် စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယားစစ်ဘက်က သတင်းထုတ်ပြန်ထားသည်။
မြောက်ကိုရီးယားနိုင်ငံအနေဖြင့် ပြည်ပသို့တင်ပို့ရောင်းချရန် ရည်ရွယ်ထားသည့်ဒုံးကျည်လက်နက်အမျိုးမျိုးကို စမ်းသပ်ခဲ့ခြင်းဖြစ်နိုင်ကြောင်း တောင်ကိုရီးယားတာဝန်ရှိသူများက သုံးသပ်ထားသည်။
မြောက်ကိုရီးယားနိုင်ငံက ပစ်လွှတ်ခဲ့သော အဆိုပါဒုံးကျည်များသည် အကွာအဝေး ကီလိုမီတာ ၈၀၀(၄၉၇မိုင်) ပျံသန်းခဲ့ပြီး နောက်ပင်လယ်ရေပြင်အတွင်း ကျရောက်ခဲ့ကြောင်း သိရသည်။
လက်ရှိအချိန်တွင် မြောက်ကိုရီးယားနိုင်ငံအနေဖြင့် မေ ၇ ရက် ဒုံးကျည်စမ်းသပ်မှု၌ ဒုံးကျည်အစင်းရေမည်မျှပစ်လွှတ်ခဲ့သည်ကို မသိရသေးကြောင်း တောင်ကိုရီးယားတာဝန်ရှိသူများက ပြောကြားထားသည်။
မြောက်ကိုရီးယားနိုင်ငံ၏ မေ ၇ ရက်ဒုံးကျည်စမ်းသပ်မှုကို ဂျပန်နိုင်ငံကလည်း ထောက်လှမ်းသိရှိခဲ့သည်။
မြောက်ကိုရီးယားနိုင်ငံ၏ ဘလစ်စတစ်ဒုံးကျည် အစီအစဉ်များကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက ပိတ်ပင်ထားသော်လည်း ပြီးခဲ့သည့် နှစ်များအတွင်း မြောက်ကိုရီးယားအစိုးရသည် အကွာအဝေး အမျိုးမျိုးရောက်နိုင်သော ဘလစ်စတစ်ဒုံးကျည်များကို တည်ဆောက်စမ်းသပ်မှုများ ပြုလုပ်လာခဲ့သည်။
ရိုက်တာ

image

#နိုင်ငံတကာသတင်း
◼နိုင်ငံအနောက်ဘက်နယ်စပ်တစ်လျှောက် ပါကစ္စတန်က တိုက်ခိုက်မှုများလုပ်ဆောင်ခဲ့ကြောင်း အိန္ဒိယပြောကြား
တောင်အာရှ အိမ်နီးချင်းနှစ်နိုင်ငံကြား ပဋိပက္ခမြင့်တက်နေစဉ် အိန္ဒိယ၏ အနောက်ဘက်နယ်စပ်တစ်လျှောက်တွင် ပါကစ္စတန်တပ်ဖွဲ့များက ယမန်နေ့ညမှစ၍ ယနေ့နံနက်ပိုင်းအထိ ဒရုန်းများ ၊ အခြားလက်နက်များဖြင့် တိုက်ခိုက်ခဲ့ကြောင်း အိန္ဒိယစစ်တပ်က ပြောကြားသည်။
မငြိမ်မသက်မှုများရှိသည့် ကက်ရှ်မီးယားဒေသတွင် ပြီးခဲ့သည့် လက ဖြစ်ပေါ်ခဲ့သည့် လူ ၂၆ ဦး သေဆုံးခဲ့သောတိုက်ခိုက်မှုကို လက်တုံ့ပြန်၍ အကြမ်းဖက်စခန်းများဟု ၎င်းတို့ပြောသော ပါကစ္စတန်မှ နေရာအများအပြားကို အိန္ဒိယက ဗုဒ္ဒဟူးနေ့တွင် တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း ရန်ဘက်နှစ်နိုင်ငံကြား တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပေါ်နေသည်။
ပါကစ္စတန် က အိန္ဒိယ၏ စွပ်စွဲချက်များကို ငြင်းဆိုခဲ့သော်လည်း နှစ်နိုင်ငံကြားတွင် လက်နက်ကြီး ငယ်များ ဖြင့် အပြန်အလှန်ပစ်ခတ်မှုများ ၊ ဒရုန်းဖြင့်တိုက်ခိုက်မှုများ ဖြစ်ပေါ်ခဲ့ကာ လူပေါင်း ၅၀ နီးပါး သေဆုံးခဲ့သည်။
နှစ်ဖက်စလုံးက ၎င်းတို့ပိုင်အဖြစ် ပြောဆိုကြပြီး လက်တွေ့တွင်တစ်ခြမ်းစီ ပိုင်ဆိုင်ထားကြသော ကက်ရှ်မီးယားဒေသ နယ်စပ်မျဉ်းတစ်လျှောက်တွင် အပစ်ရပ်ရေး သဘောတူညီချက်ပါ အချက်များကို ပါကစ္စတန်က အကြိမ်များစွာ ချိုးဖောက်ခဲ့ကြောင်း အိန္ဒိယစစ်ဘက် က ပြောကြားသည်။
ဒရုန်းတိုက်ခိုက်မှုများအား ထိရောက်စွာတွန်းလှန်ခဲ့ကြောင်း နှင့် အပစ်ရပ် ချိုးဖောက်မှုများကိုလည်း လိုက်ဖက်ညီစွာ တုံ့ပြန်ခဲ့ကြောင်း နှင့် ပိုဆိုးလာခဲ့ပါက အင်အားအလုံးအရင်းဖြင့် တုံ့ပြန် သွား မည် ဖြစ်ကြောင်းအိန္ဒိယစစ်ဘက် က ထုတ်ပြန်ပြောကြားသည်။
အိန္ဒိယဘက်က ထုတ်ပြန်ချက်နှင့် ပတ်သက်၍ ပါကစ္စတန်ထံမှ တုံ့ပြန်မှုချက်ခြင်း ထွက်ပေါ်မလာသေးကြောင်း ရိုက်တာသတင်းက ဖော်ပြသည်။
အိန္ဒိယနိုင်ငံ ပန်ဂျပ်ပြည်နယ်မှ ပသန်ကော့မြို့ ၊ ကက်ရှ်မီးယားချိုင့်ဝှမ်းဒေသမှ ဆရီနာဂါ၊ ရာဂျက်စသန်ပြည်နယ် ဂျိုင်ဆယ်မာ မြို့တို့အား တိုက်ခိုက်ခဲ့သည် ဆိုသော သတင်းများကို ပါကစ္စတန်က စောစောပိုင်းက ငြင်းဆိုခဲ့ပြီး ယင်းစွပ်စွဲချက်များမှာ အခြေအမြစ်မရှိဘဲ နိုင်ငံရေးပယောဂ မကင်းကြောင်း ပြောဆိုသည်။
ကက်ရှ်မီးယား ဆမ်ဘာဒေသတွင် ကြီးမားသော စိမ့်ဝင်ထိုးဖောက်မှုတစ်ရပ်ကို တားဆီးနိုင်ခဲ့ကြောင်း အိန္ဒိယနယ်စပ်လုံခြုံရေးတပ်ဖွဲ့ က ရိုက်တာသတင်းကို ပြောကြားခဲ့ပြီး အူရီဒေသတွင် ယနေ့နံနက်ပိုင်းအထိ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ ဆက်ရှိနေကြောင်း အမည်မဖော်လိုသော လုံခြုံ‌ရေး အရာ ရှိကြီးတစ်ဦးကလည်း ပြောကြားသည်။
ဆစ်ခ် လူမျိုးများအတွက် အမြင့်မြတ်ဆုံးဘာသာရေးအဆောက်အဦ ရွှေကျောင်းတော်ကြီး တည်ရှိရာ အိန္ဒိယနယ်စပ် အမ်ရစ်စတာမြို့တွင် ယနေ့နံနက်ပိုင်းက နှစ်နာရီကျော်ကြာ လေကြောင်းအချက်ပေးသံများ ထွက်ပေါ်ခဲ့ပြီး အိမ်ထဲမှာပင် နေကြရန် ဒေသခံများအား ပြောကြားခဲ့သည်။
ပေါက်ကွဲသံများသည် ယနေ့ နံနက် လေး နာရီခန့်တွင် ပိုမိုကျယ်လောင်ခဲ့ကြောင်း ဂျမ်မူးမြို့၊ ရှာအီကက်ရှ်မီးယား စိုက်ပျိုးရေး ၊ သိပ္ပံနှင့် နည်းပညာ တက္ကသိုလ်ကျောင်းသူ အန်ဆက်ဘ် က ပြောကြားသည်။
သတင်း-ရဲမင်း
ကိုးကား-Reuters

image
8 w - Translate

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ
(မေ - ၉ ရက်)

#ရွှေဈေး
-ကမ္ဘာ့ရွှေဈေး
တအောင်စ ၃၃၀၄ ဒေါ်လာ
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း
- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၅၇၁၀၀၀၀ ကျပ်
ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း
* စနစ်ဟောင်း
(၁ိ - ၁၆.၆၀၆ ဂရမ် = ၁၂၈ ရွေး)
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၇၅၀၀၀၀၀ ကျပ်
ဝယ်ဈေး ၇၄၆၀၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၇၁၀၀၀၀၀ ကျပ်
ဝယ်ဈေး ၇၀၆၀၀၀၀ ကျပ်
* စနစ်သစ်
(၁ိ - ၁၆.၃၂၉၃၂၅ ဂရမ် = ၁၂၀ ရွေး)
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၇၃၈၀၀၀၀ ကျပ်
ဝယ်ဈေး ၇၃၄၀၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၆၉၈၀၀၀၀ ကျပ်
ဝယ်ဈေး ၆၉၄၀၀၀၀ ကျပ်
“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”
(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)
#နိုင်ငံခြားငွေလဲလှယ်နှုန်း
-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၅၉၉ ကျပ်
ပြင်ပပေါက်စျေး
-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၄၀၀ ကျပ်
ဝယ်ဈေး - ၄၃၅၀ ကျပ်
-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၃၈၀ ကျပ်
ဝယ်ဈေး - ၃၃၃၀ ကျပ်
-ယူရို
ရောင်းဈေး - ၄၉၅၅ ကျပ်
ဝယ်ဈေး - ၄၈၅၅ ကျပ်
-ထိုင်းဘတ်
ရောင်းဈေး - ၁၃၃.၃၃ ကျပ်
ဝယ်ဈေး - ၁၃၀.၇၂ ကျပ်
-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၂၅ ကျပ်
ဝယ်ဈေး - ၁၀၁၀ ကျပ်
-တရုတ်ယွမ်
ရောင်းဈေး - ၆၀၈ ကျပ်
ဝယ်ဈေး - ၅၉၆ ကျပ်
-ဂျပန်ယန်း
ရောင်းဈေး - ၃၀.၃၁ ကျပ်
ဝယ်ဈေး - ၂၉.၇၁ ကျပ်
-အိန္ဒိယရူပီး
ရောင်းဈေး - ၅၁.၃၇ ကျပ်
ဝယ်ဈေး - ၅၀.၃၇ ကျပ်
-ကိုရီးယားဝမ်
ရောင်းဈေး - ၃.၁၄ ကျပ်
ဝယ်ဈေး - ၃.၀၇ ကျပ်
-စတာလင်ပေါင်
ရောင်းဈေး - ၅၈၄၀ ကျပ်
ဝယ်ဈေး - ၅၇၂၅ ကျပ်
-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၂၈၁၅ ကျပ်
ဝယ်ဈေး - ၂၇၆၅ ကျပ်
-ကနေဒါဒေါ်လာ
ရောင်းဈေး - ၃၁၆၅ ကျပ်
ဝယ်ဈေး - ၃၁၀၅ ကျပ်
-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၆၇ ကျပ်
ဝယ်ဈေး - ၅၅၆ ကျပ်
-ယူအေအီး
ရောင်းဈေး - ၁၂၀၁ ကျပ်
ဝယ်ဈေး - ၁၁၇၇ ကျပ်
ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
***သတ်မှတ်ဈေးအတိုင်း အရောင်းအဝယ်မလုပ်ပါက အရေးယူခံရနိုင်သည်။

image
8 w - Translate

#ပြည်တွင်းသတင်း
◼ ယာယီရပ်နားထားသည့် မော်လမြိုင်-ရန်ကုန် ရထားခရီးစဉ်များပြန်လည်ပြေးဆွဲမည်
ယခုရက်ပိုင်းအတွင်း မော်လမြိုင်-ရန်ကုန် နှင်းပုလဲဘူတာနှင့်တောင်စွန်းဘူတာကြားရှိ ရထားလမ်းပိုင်း မိုင်းခွဲဖျက်ဆီးခံရခြင်းကြောင့် ယာယီရပ်နားထားသည့်ခရီးစဉ်များကို ယခုမေလ ၁၀ ရက်တွင် ပုံမှန်အတိုင်းပြန်လည်ပြေးဆွဲသွားမည်ဖြစ်ကြောင်း မော်လမြိုင်ဘူတာကြီးမှတာဝန်ရှိသူတစ်ဦးက ပြောသည်။
"ပြင်ဆင်မှုလက်ရှိအခြေနေကပြီးသလောက်ဖြစ်နေပါပြီ။ စမ်းသပ်မောင်းနှင်တာတွေလုပ်နေပြီ။ ခရီးစဉ်ကို မေ ၁၀ ရက်မှာ အားလုံးပုံမှန်အတိုင်းပြန်လည်ပြေးဆွဲသွားမှာပါ" ဟု မော်လမြိုင်ဘူတာကြီးမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ပြန်လည်ပြေးဆွဲသွားမည့်ရထားခရီးစဉ်အတွက် အထက်တန်းရက်ကြိုလက်မှတ်များကို မော်လမြိုင်ဘူတာကြီးရက်ကြိုလက်မှတ်ရုံ၌ ယနေ့(မေ ၈ ရက်) နံနက် ၇ နာရီမှ မွန်းလွဲ ၃ နာရီထိရောင်းချပေးမည်ဖြစ်ပြီး ရိုးရိုးတန်းရက်ကြိုလက်မှတ်များကို မနက်ဖြန်(မေ ၉ ရက်) တွင် ရောင်းချပေးမည် ဖြစ်ကြောင်းသိရသည်။
သတင်း - ပိုင်လေး

image
8 w - Translate

#ယနေ့ထုတ်သတင်းစာ_သတင်း
◼ ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသည့် မြန်မာရွှေ့ပြောင်းလုပ်သား ၇၁ ဦး ဖမ်းဆီးခံရ
ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်ပြီး မလေးရှားသွားမည့်သူများပါဝင်သော မြန်မာအလုပ်သမား ၇၁ ဦးကို ကန်ချနဘူရီခရိုင် တောထဲတွင်ဖမ်းမိခဲ့ကြောင်း ကန်ချနဘူရီရဲတပ်ဖွဲ့က မေ ၆ ရက်တွင် သိရသည်။
မြန်မာအလုပ်သမား ၇၁ ဦးသည် မေ ၆ ရက် ကန်ချနဘူရီခရိုင် နံနက်အစောပိုင်း ၁ နာရီခွဲခန့်တွင် ကန်ချနစန်ခရာဘူရီဒေသရှိတောအစပ်တွင် ပုန်းအောင်းပြီး ကားသမားများလာခေါ်ရန် စောင့်ဆိုင်းနေစဉ်ရခြင်းဖြစ်ကြောင်း ထိုင်းစုပေါင်းရဲတပ်ဖွဲ့၏ ဖမ်းဆီးခံရခြင်း သိရသည်။
မြန်မာအလုပ်သမား ၇၁ ဦးတွင် အမျိုးသား ၃၂ ဦးနှင့် အမျိုးသမီး ၃၉ ဦး ပါဝင်ပြီး မည်သည့်စာရွက်စာတမ်းမှ မပါရှိကြောင်း၊ ထိုင်းဘာသာစကားဖြင့် ဆက်သွယ်ပြောဆိုနိုင်ခြင်း မရှိသည့်အတွက် စန်ခရာဘူရီရဲစခန်းသို့ ထပ်မံစစ်ဆေး မေးမြန်းရန် ပို့ဆောင်ခဲ့ကြောင်း၊ စကားပြန်မှတစ်ဆင့်မေးမြန်းချက်အရ အဆိုပါအလုပ်သမားများသည် ထိုင်းနိုင်ငံအတွင်းပိုင်းပြည်နယ်များ၊ တောင်ပိုင်းဒေသနှင့် မလေးရှားတို့တွင်အလုပ်လုပ်ရန် လာရောက်ကြကြောင်း၊ ပွဲစားများကို အကွာအဝေးအပေါ်မူတည်၍ တစ်ဦးလျှင် ဘတ် ၁၈ဝဝဝ မှ ၃၅ဝဝဝ အထိပေးခဲ့ကြောင်း ဝန်ခံခဲ့သည်ဟု ထိုင်းသတင်းများက ဖော်ပြထားသည်။
မြန်မာအလုပ်သမား ၇၁ ဦးကို စန်ခရာဘူရီရဲစခန်းမှ လူဝင်မှုကြီးကြပ်ရေးဥပဒေဖြစ်သည့် နိုင်ငံခြားသားများ တရားမဝင် ဝင်ရောက်နေထိုင်ခြင်းဖြင့် တရားစွဲဆိုခဲ့ပြီး မူရင်းနိုင်ငံသို့ ပြန်လည်ပို့ဆောင်မည်ဖြစ်ကြောင်း သိရသည်။
ဧပြီ ၂၇ ရက် ည ၁၁ နာရီခန့်ကလည်း ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်တွင် တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၂ဝ ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း Kanchanaburi News တွင်ဖော်ပြချက်အရသိရသည်။

image
8 w - Translate

ဒါသုံးပြီးရင် တခြား ဘာ sunscreen မှ မလိမ်းချင်လောက်အောင် ကြိုက်သွားစေရမဲ့ sunscreen ပါ
Dry Skin, Combination skin, Oily Skin, Dehydrated Skin, Acne သမားတွေအထိအကုန်ရတဲ့ Sun Gel လေး
အဓိကပါဝင်တာက Hyaluronic Acid ,Centella asiatica ,Niacinamide ,Adenosine Ceramide ပါလို့ Sun Gelလိမ်းရုံနဲ့
အသားအရည်ချောမွတ်စေမယ်၊ အမဲစက်အမာရွတ် သက်သာစေမယ်၊ Skin Barrier ကိုသန်မာစေတယ်
SPF 50+ PA ++++ဖြစ်လို့ UVAရော UVB ရော Blockလုပ်ပေးပါတယ် ပြီးတော့ Sun Screenတစ်ခုမှာ ပါရမယ့်အချိုးအစားကွက်တိပါပါတယ်
Hyaluronic အမျိုးအစား(8)မျိုးတောင်ပါတယ်လို့
အသားအရည်ကို ကျန်းမာစေပြီး ကြည်လင်ချောမွေ့စေပြီး အသားအရေအတွင်းပိုင်းထဲထိ ရေဓာတ်ဖြည့်ပေးတယ်နော်
Textureကတော့ လိမ်းလိုက်ရင် Wateryဆိုတဲ့အတိုင်း စိမ့်ဝင်လွယ်တယ်၊ လိမ်းရတာ နူးညံ့တယ်၊
White cast မကျန်ဘူး
ဒီလောက် perfect ဖြစ်တဲ့ Suncream ထပ်မရှာနဲ့မရှိတော့ဘူး 😉
Price - 47000k
Instock

image
8 w - Translate

ဒါသုံးပြီးရင် တခြား ဘာ sunscreen မှ မလိမ်းချင်လောက်အောင် ကြိုက်သွားစေရမဲ့ sunscreen ပါ
Dry Skin, Combination skin, Oily Skin, Dehydrated Skin, Acne သမားတွေအထိအကုန်ရတဲ့ Sun Gel လေး
အဓိကပါဝင်တာက Hyaluronic Acid ,Centella asiatica ,Niacinamide ,Adenosine Ceramide ပါလို့ Sun Gelလိမ်းရုံနဲ့
အသားအရည်ချောမွတ်စေမယ်၊ အမဲစက်အမာရွတ် သက်သာစေမယ်၊ Skin Barrier ကိုသန်မာစေတယ်
SPF 50+ PA ++++ဖြစ်လို့ UVAရော UVB ရော Blockလုပ်ပေးပါတယ် ပြီးတော့ Sun Screenတစ်ခုမှာ ပါရမယ့်အချိုးအစားကွက်တိပါပါတယ်
Hyaluronic အမျိုးအစား(8)မျိုးတောင်ပါတယ်လို့
အသားအရည်ကို ကျန်းမာစေပြီး ကြည်လင်ချောမွေ့စေပြီး အသားအရေအတွင်းပိုင်းထဲထိ ရေဓာတ်ဖြည့်ပေးတယ်နော်
Textureကတော့ လိမ်းလိုက်ရင် Wateryဆိုတဲ့အတိုင်း စိမ့်ဝင်လွယ်တယ်၊ လိမ်းရတာ နူးညံ့တယ်၊
White cast မကျန်ဘူး
ဒီလောက် perfect ဖြစ်တဲ့ Suncream ထပ်မရှာနဲ့မရှိတော့ဘူး 😉
Price - 47000k
Instock

image
8 w - Translate

ဒါသုံးပြီးရင် တခြား ဘာ sunscreen မှ မလိမ်းချင်လောက်အောင် ကြိုက်သွားစေရမဲ့ sunscreen ပါ
Dry Skin, Combination skin, Oily Skin, Dehydrated Skin, Acne သမားတွေအထိအကုန်ရတဲ့ Sun Gel လေး
အဓိကပါဝင်တာက Hyaluronic Acid ,Centella asiatica ,Niacinamide ,Adenosine Ceramide ပါလို့ Sun Gelလိမ်းရုံနဲ့
အသားအရည်ချောမွတ်စေမယ်၊ အမဲစက်အမာရွတ် သက်သာစေမယ်၊ Skin Barrier ကိုသန်မာစေတယ်
SPF 50+ PA ++++ဖြစ်လို့ UVAရော UVB ရော Blockလုပ်ပေးပါတယ် ပြီးတော့ Sun Screenတစ်ခုမှာ ပါရမယ့်အချိုးအစားကွက်တိပါပါတယ်
Hyaluronic အမျိုးအစား(8)မျိုးတောင်ပါတယ်လို့
အသားအရည်ကို ကျန်းမာစေပြီး ကြည်လင်ချောမွေ့စေပြီး အသားအရေအတွင်းပိုင်းထဲထိ ရေဓာတ်ဖြည့်ပေးတယ်နော်
Textureကတော့ လိမ်းလိုက်ရင် Wateryဆိုတဲ့အတိုင်း စိမ့်ဝင်လွယ်တယ်၊ လိမ်းရတာ နူးညံ့တယ်၊
White cast မကျန်ဘူး
ဒီလောက် perfect ဖြစ်တဲ့ Suncream ထပ်မရှာနဲ့မရှိတော့ဘူး 😉
Price - 47000k
Instock

image