❝ရွေးကောက်ပွဲပျက်အောင် ရန်ရည်ရွယ် နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်း ပြုလုပ်သည့် အသက် ၁၄/၁၆/၁၇ နှစ်အရွယ် တရားခံများအပါအဝင် ၉ ဦးကို အရေးယူ❞

စက်တင်ဘာ ၂၃

ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပမှုကိုပျက်ပြားစေရန် ရည်ရွယ်၍ နှောက်ယှက်ဟန့်တားဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့သည့် အသက် ၁၄/၁၆/ ၁၇ နှစ်အရွယ် တရားခံများအပါအဝင် လူ ၉ ဦးတို့ကို အရေးယူလိုက်ကြောင်း နိုင်ငံပိုင်သတင်းများက ယနေ့ စက်တင်ဘာ ၂၂ ရက်တွင် အသိပေးထုတ်ပြန်ခဲ့သည်။

၎င်းတရားခံများမှာ လွိုင်ကော်မြို့၊ ဒေါနိုးကူးရပ်ကွက်နေ ပိုင်ပိုင်စိုး(ခ) မျိုးမင်းခန့်(ခ) ပိုင်စိုး (၁၈)နှစ်၊ ဟန်ထွန်းအောင်(ခ) ရဲမင်းကိုကို (ခ)ဟန်ကြီး (၁၈)နှစ်၊ အောင်နိုင်လင်း (၁၇)နှစ်၊ ဖြိုးပိုင်ဇေအောင် (၁၆)နှစ်နှင့် ထွန်းနေဦးလှိုင် (၁၄)နှစ်တို့ဖြစ်ကြပြီး ၎င်းတို့ (၅) ဦးကို စက်တင်ဘာလ ၁၄ ရက်နေ့တွင် လွိုင်ကော်မြို့မရဲစခန်း(ပ)၂၁၈/၂၀၂၅ ဖြင့် အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။

အလားတူ ရွှေပြည်သာမြို့နယ်၌ ရွေးကောက်ပွဲ လုပ်ငန်းစဉ်များ ပျက်ပြားစေရန် ဆန္ဒပြ၊ လှုံ့ဆော်ခြင်းပြုလုပ်ခဲ့သူ ရွှေပြည်သာမြို့နယ် အမှတ် (၅) ရပ်ကွက်နေသူများဖြစ်ကြသည့် ရဲသူရအောင် (၃၆)နှစ်၊ ကျော်ဝဏ္ဏ (၂၅)နှစ်၊ ချစ်ဝင်း (၄၅)နှစ်နှင့် ပြေထွန်း (၃၄)တို့ကိုလည်း စက်တင်ဘာလ ၁၆ ရက်နေ့က ရွှေပြည်သာမြို့မရဲစခန်း (ပ) ၃၄၇/၂၀၂၅ ဖြင့် အမှုဖွင့်ခဲ့ခြင်းလည်းဖြစ်သည်။

လက်ရှိတွင် ၎င်းတရားခံ (၉) ဦးတို့ကို ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၃ (က)ဖြင့် အသီးသီးအမှုဖွင့် ဖမ်းဆီး အရေးယူစစ်ဆေးလျက်ရှိကြောင်း သိရသည်။

#သတင်းဟင်းလေးအိုးကြီး

image
38 w - Translate

#စတော်ဘယ်ရီပျိုးပင်
Credit

image
38 w - Translate

#စတော်ဘယ်ရီပျိုးပင်
Credit

image
38 w - Translate

#စတော်ဘယ်ရီပျိုးပင်
Credit

image
38 w - Translate

#စတော်ဘယ်ရီပျိုးပင်
Credit

image
image
image
image
38 w - Translate

တိလေးတွေမှာ Medical Check Up မလုပ်ရင် မသိနိုင်တဲ့ရောဂါမျိုးဖြစ်နေတဲ့အခါ အပြင်ပန်းပုံစံကတော့ ကျန်းမာကောင်းကျန်းမာနေပါလိမ့်မယ်။ 🐶😺
တိလေးတွေကိုယ်တိုင်က နာကျင်မှုကိုလစ်လျူရှုပြီး ရောဂါမခံစားရသလို ဖုံးကွယ်နေထိုင်တတ်တဲ့ သဘာဝရှိလို့ပါရှင့် 🥺
ရောဂါဖြစ်နေမှန်းသိနိုင်တဲ့ တစ်ခုတည်းသောနည်းလမ်းကတော့ ဆေးစစ်တာပဲဖြစ်ပါတယ်။
ဒီနေ့မှာတော့ တိဆေးခန်းမှာ စမ်းသပ်စစ်ဆေးမှုတွေလုပ်မှ တိလေးတွေမှာ ဝေဒနာခံစားနေရမှန်းသိနိုင်မဲ့ ရောဂါတချို့ကို ပြောပြသွားပါမယ်နော်...
1️⃣ နှလုံးရောဂါနဲ့နာတာရှည်ကျောက်ကပ်ရောဂါ
သက်ကြီးမြှောင်တွေနဲ့ အာဝုတို့မှာ အဖြစ်များတဲ့ရောဂါတွေပါ။ အသံတိတ်သတ်ဖြတ်သူတွေလို့တောင် တင်စားကြတဲ့ဒီရောဂါမျိုးဖြစ်ရင် လက္ခဏာပြလေ့မရှိပါဘူး။ နှလုံးနံရံထူလာတဲ့ရောဂါက အစောပိုင်းလက္ခဏာပြပေမဲ့ မသိသာတဲ့အထဲပါဝင်ပါတယ်။
2️⃣ အူလမ်းကြောင်းဆိုင်ရာရောဂါများ
မြှောင်တို့ရဲ့ အူထဲမှာကပ်ပါးကောင်တွေနဲ့သန်ကောင်တွေ ရှိနေတာ၊ အူလမ်းကြောင်းမှာ အကျိတ်ဖြစ်တာနဲ့ အူသိမ် အူရောင်ရမ်းတာတွေဖြစ်ရင် လက္ခဏာတွေက မသိသာပါဘူး။ ဝုတို့ ခြင်ကိုက်ခံရလို့အဖြစ်များတဲ့ နှလုံးသန်ကောင်ရောဂါကလည်း တူတူပါပဲနော်
အချိန်မီမသိရင် အသက်ဆုံးရှုံးနိုင်ချေလည်း များပါတယ်။
3️⃣ HSA( Canine Hemangiosarcoma )
ဒီရောဂါကတော့ သွေးကြောဖွဲ့စည်းပုံကြောင့်ဖြစ်ပြီးတော့ German Shepherds, Golden Retrievers, Labrador Retrievers ကိုယ်ခန္ဓာကြီးတဲ့ မျိုးစိတ်တွေမှာ အဖြစ်များပါတယ်။ သွေးကြောအတွင်းက ဆဲလ်တွေမကျန်းမာလို့ဖြစ်တဲ့ရောဂါဖြစ်ပြီး လက္ခဏာတွေကလည်း အပြင်ပန်းကြည့်ရင် ပုံမှန်နေမကောင်းဖြစ်တာတွေနဲ့ ရောထွေးနေနိုင်ပါတယ်။
4️⃣ IBD (Inflammatory Bowel Disease)
ဝုရော မြှောင်ရောမှာဖြစ်နိုင်ပြီး
အူထဲမှာရှိတဲ့ ဘတ်တီးရီးယားတွေကြောင့်အပါအဝင် အဆိပ်အတောက်ပါတာတွေကို စားမိရင်ဖြစ်တဲ့ အူလမ်းကြောင်းဆိုင်ရာ ရောဂါပါနော်
အစောပိုင်းလက္ခဏာမပြင်းထန်ပေမဲ့ နောက်ပိုင်းမှာ ကလေးတွေမှာ အစာမစားနိုင်ဘဲ အာဟာရပြတ်တာ၊ ဝမ်းပျက်တာတွေအပြင် အိပ်ယာထဲလဲတဲ့အထိ ဖြစ်စေနိုင်ပါတယ်။
5️⃣ Heartworm နဲ့ Blood parasite
ဒီနှစ်မျိုးစလုံးက ခြင်ကိုက်ခံရတာကနေ ဖြစ်တဲ့ရောဂါတွေဖြစ်ပြီး သန်ကောင်က နှလုံးနဲ့သွေးကြောတွေအထဲထိဝင်ရောက်ပြီး အဆုတ်၊ အသည်း၊ နှလုံး၊ သွေးနီဥတွေကို ထိခိုက်ပျက်စီးစေပါတယ်။ Blood parasite ကတော့ မွှားတွယ်ကပ်ရာကနေ ကူးဆက်နိုင်​ပြီး သာမန်အဖျားရောဂါလက္ခဏာတွေ ဆင်တူရိုးမှားဖြစ်လို့ ရောဂါနှစ်မျိုးစလုံးက သွေးစစ်မှသာပေါ်နိုင်ပြီး ဆိုးဆိုးရွားရွားကို အသက်အန္တရာယ်ရှိပါတယ်။
6️⃣ Anemia (သွေးနီဥနည်းခြင်း)
သွေးနီဥနည်းတာက အရင်းခံရောဂါတစ်ခုကြောင့် ထပ်ဆင့်ဖြစ်ပွားတဲ့ ရောဂါနောက်တစ်မျိုးပါ။ ခွဲစိတ်ကုသမှုခံယူထားဖူးတဲ့၊ ပြင်းထန်တဲ့သွေးဆုံးရှုံးမှု ဖြစ်ဖူးတဲ့ကလေး​တွေဆီမှာ အဖြစ်များပါတယ်။
ရိုးတွင်းခြင်ဆီနဲ့ကျောက်ကပ်လို ကိုယ်တွင်းအင်္ဂါပြဿနာများ၊ ခန္ဓာကိုယ်အတွင်းအပြင်ကပ်ပါးကောင်များ(သန်ကောင်၊သန်းမွှား) စတာတွေကြောင့်လည်း သွေးနီဥပျက်စီးပြီး ဖြစ်လာနိုင်တာမို့ ဆေးစစ်ပြီ သေချာအတည်ပြုနိုင်တဲ့ရောဂါပါ။
‼️အခုပြောပြပေးသွားတာတွေက အဖြစ်များတတ်တဲ့ရောဂါတွေပဲ ရှိသေးတာပါ။‼️
သားသားမီးမီးတွေကို ရုပ်ပိုင်းဆိုင်ရာစမ်းသပ်မှုတွေအပြင် ခန္ဓာကိုယ်တွင်း၊ ​ဆီး၊ ဝမ်း၊ သွေးစစ်ဆေးမှုတွေပြုလုပ်မှ သိနိုင်တဲ့ရောဂါတွေရှိသေးတာမို့ ထွေထွေထူးထူးကိစ္စရှိမှ ဆေးစစ်ပေးတာမျိုး လုံးဝ မလုပ်သင့်ပါဘူးရှင် 🙅🏼‍♀️
တိဖေဖေမေမေတို့အနေနဲ့
✅ ဝုတို့ဆိုရင် အသက် (၆) ပတ်၊
✅ မြှောင်တို့ဆိုရင် အသက် (၈) ပတ်ကနေစပြီး ဆေးစစ်မှုပြုလုပ်လို့ရပြီဖြစ်ပြီး ကလေးတွေ ကျန်းမာရေးပြဿနာစတင်တဲ့ အသက် (၇) နှစ်ရောက်ရင်တော့ "အနည်းဆုံး (၆) လကိုတစ်ကြိမ်" ဆေးစစ်ပေးပါနော်..

image

ပြုသူက နစ်နာသူအဖြစ် တွေ့ရသောအခါ 🙂
အေးပါ ငါပဲ လူယု/တ်မာ😌

Credit

image

1.(ကွေ့တီယိုအတွက် အသုပ်ဆော့စ် )ပြုလုပ်နည်း
ငရုတ်သီးဆော့စ် ၁ ဇွန်း (chilli sauce)
ပဲငံပြာရည် အကျဲ ၁ ဇွန်း light soy sauce
ခရုဆီ ၁ဇွန်းခွဲ Oyster sauce
ခေါင်းစိမ်းပဲငံပြာရည် ၁ဇွန်းခွဲ
ရှာလကာရည် ၁ဇွန်း
ပဲငံပြာရည်အနောက် ၁ဇွန်း (dark soy sauce)
ထိုင်းအုန်းသကြား 2 ဇွန်း (ရိုးရိုးသကြား သုံးလည်းရပါတယ်)
ငရုတ်သီးမှုန့် ၁ဇွန်း (အလှော်မှုန့်)
ရေ 3 ဇွန်း
2. (​ဆော့စ်ချက်တဲ့နည်းလမ်း)
ပါဝင်ပစ္စည်းများအားလုံးကို ရောမွှေပြီး
ပျစ်လာတဲ့အထိ မီးအေးအေးနဲ့ မွှေပြီး ပျစ်လာတဲ့အထိ ကျိုချက်ပေးပါ။
ကွေ့တီယို ခေါက်ဆွဲဖက်ကို ရေနွေးနဲ့ပြုတ်ပြီးတော့ မိမိကြိုက်နစ်သက်ရာ ကြက်သား, ဝက်သား ,အသားလုံးများနဲ့အတူ ချက်ထားသော ဆော့စ်ကို ရောနယ်ထည့်ပြီး သုပ်လိုက်ရင် စားကောင်းတဲ့ ကွေ့တီယို အသုပ်ရရှိပါပြီ,

image

image

မင်းဟိဏ်းတို့ နိုင်လူတို့ အသံကြီးနဲ့ ဆိုတော့လဲ

image