❝ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ထံသို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူးကိုယ်စားလှယ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ လာရောက်ဂါရဝပြုတွေ့ဆုံ❞

အောက်တို့ဘာ ၁၅

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံသို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာအထူးကိုယ်စားလှယ် H.E. Mr. Deng Xijiun ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိတပ်မတော်ဧည့်ဂေဟာ၌ လာရောက်ဂါရဝပြုတွေ့ဆုံခဲ့သည်ဟု သိရသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်အတူ ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင် ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ကော်မရှင်အဖွဲ့ဝင် နယ်စပ်ရေးရာဝန်ကြီးဌာနပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကိုဦး တို့ တက်ရောက်ကြပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှ ရေးရာအထူးကိုယ်စားလှယ်နှင့်အတူ ကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ကြ သည်။

ထိုသို့တွေ့ဆုံရာတွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ် (NCA) (၁၀)နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားကျင်းပပြု လုပ်သွားမည့် အခြေအနေများ၊ NCA လက်မှတ်ရေးထိုးရာတွင် တရုတ်နိုင်ငံအပါအဝင် နိုင်ငံတကာမှ အသိသက်သေများ ပါဝင်ခဲ့မှုအခြေအနေများ၊ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလေးထား ကူညီဆောင်ရွက် ပေးလျက်ရှိမှုနှင့် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုအပေါ် အလေးထား လျက်ရှိမှုအခြေအနေများ၊ မြန်မာ-တရုတ်နှစ်နိုင်ငံသည် အိမ်နီးချင်းကောင်းနိုင်ငံများ ဖြစ်သည်နှင့်အညီ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးစွာဖြင့် အေးအတူပူအမျှ မဟာ ဗျူဟာမြောက် ဆက်ဆံရေးရှိသည့်အခြေအနေများ၊ မြန်မာနိုင်ငံတွင် ဒီဇင်ဘာလအတွင်း လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲကျင်းပပြုလုပ်ရန်အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိမှု အခြေအနေများနှင့် ရွေးကောက်ပွဲကျင်းပပြု လုပ်မည့်အပေါ် တရုတ်နိုင်ငံအနေဖြင့် အားပေးထောက်ခံလျက်ရှိမှုအခြေအနေများ၊ ရွေးကောက်ပွဲကျင်းပရာတွင် လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲဖြစ်စေရေး မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)များဖြင့် ဆန္ဒမဲပေးနိုင်ရေးစီစဉ်ဆောင်ရွက် ထားရှိမှုအခြေအနေများ၊ ရွေးကောက်ပွဲကျင်းပပြုလုပ်ချိန်တွင် တရုတ်နိုင်ငံ အပါအဝင် နိုင်ငံတကာမှ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေးအဖွဲ့များ ဖိတ်ခေါ်ထားရှိမှုအခြေ အနေများ၊ နှစ်နိုင်ငံနယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်း ဆောင်ရွက် ရေးဆိုင်ရာကိစ္စရပ်များနှင့် နှစ်နိုင်ငံအကြားချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက် မှုများ ဆက်လက်မြှင့်တင်ဆောင်ရွက်သွားမည့်အခြေအနေများ နှင့်ပတ်သက်၍ ရင်းနှီး ပွင့်လင်းစွာအမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင်ဥက္ကဋ္ဌ က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာအထူး ကိုယ်စားလှယ်အား ရွေးကောက်ပွဲကျင်းပပြု လုပ် စဉ်အသုံးပြုမည့် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) စက်များအားပြသရာ ရွေးကောက်ပွဲကော်မရှင်မှ တာဝန် ရှိသူများ ကမဲပေးစက်၏ လုပ်ငန်းလုပ်ဆောင်မှု အဆင့်ဆင့်အား ရှင်းလင်းပြသခဲ့ပြီး တရုတ်နိုင်ငံ ခြားရေးဝန်ကြီးဌာန၊ အာရှရေးရာအထူး ကိုယ်စားလှယ်၏ သိရှိလိုသည့် မေးမြန်းမှု များကို ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

#သတင်းဟင်းလေးအိုးကြီး

image
image
image
image
image