4 ရက် - ဘာသာပြန်ပါ။

လတ်ဗီးယားအား အနိုင်ရကာ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်တဲ့ပွဲတွင် ပရိသတ်များက ဟာသနှော သီချင်းဆိုမှုကြောင့် ပျော်ရကြောင်း တူချယ်‌ ပြောကြားလာ

အောက်တိုဘာ ၁၄

သောမတ်စ်တူချယ်က လတ်ဗီးယားအား ဂိုးပြတ်အနိုင်ရကာ ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်တဲ့ပွဲတွင် ပရိသတ်များက ၎င်းကို ပစ်မှတ်ထား သံချပ်သီဆိုမှုအပေါ် လက်ခံကြောင်း ပြောကြားလာပါတယ်။

ရီဂါသို့ ရောက်လာကြည့်တဲ့ အင်္ဂလန်ပရိသတ်များဟာ ပြီးခဲ့တဲ့အပတ် ဝေးလ်နှင့်ပွဲအပြီးတွင် ဝေဖန်မှု ပြုလုပ်ခဲ့တဲ့ ဂျာမန်လူမျိုးသောမတ်စ်တူချယ်ဟာ တိုက်ရိုက် ပစ်မှတ်ထားကာ သီချင်းသီဆိုမှု ပြုလုပ်ခဲ့ကြပါတယ်။

အင်္ဂလန်နည်းပြသောမတ်စ်တူချယ်ဟာ ကြာသပတေးနေ့တုန်းက ဝင်ဘာလေကွင်းမှာ ဝေးလ်အား ၃-၀ ဂိုးဖြင့် အနိုင်ရတဲ့ပွဲတွင် ပရိသတ်အားပေးသံ မကြားရမှုအပေါ် ဝေဖန်မှု ပြုလုပ်ခဲ့ပါတယ်။

ဒါကြောင့်လည်း အင်္ဂလန်ပရိသတ်များဟာ လတ်ဗီးယားအား ၅-၀ ဂိုးဖြင့် အနိုင်ရတဲ့ပွဲမှာတော့ တူချယ်ကို ပစ်မှတ်ထားကာ သီချင်းသီဆိုမှု အကြိမ်ကြိမ် ပြုလုပ်ခဲ့ကြပါတယ်။

တူချယ်က "ဟာသကောင်းတွေအဖြစ် လက်ခံပါတယ်။ ဟာသကောင်းတယ်။ လက်ခံတယ်။ ကျွန်တော် နောက်ဆုံးပြောခဲ့တဲ့ စကားကြောင့် ဒီလို လုပ်ကြတာပါ။ မျှတတယ်လို့ ထင်တယ်။ ပရိသတ်တွေ ဖန်တီးမှုအားကောင်းတယ်။ ကျွန်တော့်ကို ပြုံးစေတယ်။ ဒါက ဗြိတိန်ဟာသပါ။ ဒါကို လက်ခံတယ်။ ဘာမှ ထိခိုက်တာ မရှိပါဘူး"လို့ ပြောကြားသွားပါတယ်။

ဆက်လက်ပြီး သောမတ်စ်တူချယ်က ယခုကာလမှ လာမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲအထိ ကာလအတွင်း ပရိသတ်များရဲ့ အားပေးထောက်ခံမှုက အလွန်အရေးပါကြောင်းလည်း ပြောကြားသွားပါတယ်။

အင်္ဂလန်ဟာ လတ်ဗီးယားကို အန်တိုနီဂေါ်ဒွန်၊ ဟယ်ရီကိန်း (၂ ဂိုး)၊ တိုနီဆပ်ဗ်(OG)၊ အီးဇီးတို့ရဲ့ သွင်းဂိုးတွေနဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

အင်္ဂလန်အတွက် ပထမပိုင်းမှာ ၂ ဂိုးသွင်းခဲ့တဲ့ အသင်းခေါင်းဆောင်ဟယ်ရီကိန်းဟာ ယခုရာသီတွင် ကလပ်နှင့် နိုင်ငံအတွက် ၁၁ ပွဲကစားထားရာမှာ ဂိုး ၂၀ အထိ သွင်းထားနိုင်ပြီ ဖြစ်ပါတယ်။

Credit - Playmaker Journal

#ဘောလုံးသတင်းစုံ

image