8 w - Translate

ငလျင်ဒဏ်သင့် ဒေသများသို့ သွားရောက်ခြင်းဖြင့် ခရီးသွားလုပ်ငန်းကို အထောက်အပံ့ဖြစ်စေရန် အကြံပြုထား
ရန်ကုန်၊ မေ ၉
ငလျင်ဒဏ်သင့် ဒေသတွေက ထိခိုက်ပျက်စီးခဲ့ရမှုတွေကို ပြည်တွင်းပြည်ပခရီးသည်တွေက သွားရောက်လေ့လာကြည့်ရှုကြခြင်းဖြင့် ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းတွေကို အထောက်အကူဖြစ်စေနိုင်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက အကြံပြုထားပါတယ်။
ငလျင်ဘေးအန္တရာယ်နဲ့ ပတ်သက်တဲ့ ဗဟုသုတတွေ ရရှိစေနိုင်တဲ့အပြင် ဒေသခံတွေရဲ့ အလုပ်အကိုင်အခွင့်အလမ်းနဲ့ ဝင်ငွေတွေ တိုးပွားရရှိစေနိုင်ကာ ဒေသရဲ့ အကျိုးစီးပွားကိုလည်း အထောက်အပံ့ဖြစ်စေနိုင်မယ်လို့ ဆိုပါတယ်။
ငလျင်ဘေးသင့်ရာ ဒေသတွေက ငလျင်ကြောင့် ထိခိုက်ပျက်စီးမှုမရှိတဲ့ ဟိုတယ်တွေ၊ ခရီးသွားအေဂျင်စီတွေ၊ ဟိုတယ်နဲ့ ခရီးသွားဆိုင်ရာ အသင်းအဖွဲ့တွေအနေနဲ့ ပုံမှန်အတိုင်း လုပ်ငန်းတွေ ပြန်လည် လည်ပတ်ဆောင်ရွက်နေကြတယ်လို့လည်း ခရီးသွားအကြံပြုချက်အရ သိရပါတယ်။
ဒါ့ကြောင့် ပြည်တွင်းပြည်ပခရီးသည်တွေအနေနဲ့ ငလျင်ဘေးသင့်ရာ ဒေသတွေနဲ့ မြန်မာနိုင်ငံရဲ့ ခရီးစဉ်ဒေသတွေ၊ ခရီးသွားဆွဲဆောင်ရာ နေရာတွေထံ ယခင်ပုံမှန်အတိုင်း သွားလာလည်ပတ်နိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။
ခရီးသွားတွေအနေနဲ့လည်း သက်ဆိုင်ရာ ဒေသအာဏာပိုင်တွေထံမှ အချိန်နဲ့တစ်ပြေးညီ ထုတ်ပြန်တဲ့ ကြေညာချက်တွေကို တရားဝင်သတင်းများမှ စောင့်ကြည့်လေ့လာကြဖို့နဲ့ ခရီးစဉ်အတွင်း ဒေသဆိုင်ရာ ညွှန်ကြားချက်တွေကို လိုက်နာကြဖို့လည်း ဝန်ကြီးဌာနဘက်က အကြံပြုထားပါတယ်။
မတ်လ ၂၈ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ အင်အားပြင်း မန္တလေးငလျင်ကြီးကြောင့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ နေပြည်တော်၊ ပဲခူးတိုင်းနဲ့ ရှမ်းပြည်နယ်တို့မှာ အသက်အိုးအိမ် ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ပေါ်ခဲ့ရပါတယ်။
နကစရဲ့ ထုတ်ပြန်ချက်အရ မေလ ၈ ရက်နေ့အထိ ငလျင်ဒဏ်ကြောင့် သေဆုံးသူ ၃၇၉၅ ဦး၊ ထိခိုက်ဒဏ်ရာရသူ ၅၁၀၄ ဦးနဲ့ ပျောက်ဆုံးသူ ၈၆ ဦး ရှိလာကြောင်း သိရပါတယ်။

image
8 w - Translate

ငလျင်ဒဏ်သင့် ဒေသများသို့ သွားရောက်ခြင်းဖြင့် ခရီးသွားလုပ်ငန်းကို အထောက်အပံ့ဖြစ်စေရန် အကြံပြုထား
ရန်ကုန်၊ မေ ၉
ငလျင်ဒဏ်သင့် ဒေသတွေက ထိခိုက်ပျက်စီးခဲ့ရမှုတွေကို ပြည်တွင်းပြည်ပခရီးသည်တွေက သွားရောက်လေ့လာကြည့်ရှုကြခြင်းဖြင့် ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းတွေကို အထောက်အကူဖြစ်စေနိုင်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက အကြံပြုထားပါတယ်။
ငလျင်ဘေးအန္တရာယ်နဲ့ ပတ်သက်တဲ့ ဗဟုသုတတွေ ရရှိစေနိုင်တဲ့အပြင် ဒေသခံတွေရဲ့ အလုပ်အကိုင်အခွင့်အလမ်းနဲ့ ဝင်ငွေတွေ တိုးပွားရရှိစေနိုင်ကာ ဒေသရဲ့ အကျိုးစီးပွားကိုလည်း အထောက်အပံ့ဖြစ်စေနိုင်မယ်လို့ ဆိုပါတယ်။
ငလျင်ဘေးသင့်ရာ ဒေသတွေက ငလျင်ကြောင့် ထိခိုက်ပျက်စီးမှုမရှိတဲ့ ဟိုတယ်တွေ၊ ခရီးသွားအေဂျင်စီတွေ၊ ဟိုတယ်နဲ့ ခရီးသွားဆိုင်ရာ အသင်းအဖွဲ့တွေအနေနဲ့ ပုံမှန်အတိုင်း လုပ်ငန်းတွေ ပြန်လည် လည်ပတ်ဆောင်ရွက်နေကြတယ်လို့လည်း ခရီးသွားအကြံပြုချက်အရ သိရပါတယ်။
ဒါ့ကြောင့် ပြည်တွင်းပြည်ပခရီးသည်တွေအနေနဲ့ ငလျင်ဘေးသင့်ရာ ဒေသတွေနဲ့ မြန်မာနိုင်ငံရဲ့ ခရီးစဉ်ဒေသတွေ၊ ခရီးသွားဆွဲဆောင်ရာ နေရာတွေထံ ယခင်ပုံမှန်အတိုင်း သွားလာလည်ပတ်နိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။
ခရီးသွားတွေအနေနဲ့လည်း သက်ဆိုင်ရာ ဒေသအာဏာပိုင်တွေထံမှ အချိန်နဲ့တစ်ပြေးညီ ထုတ်ပြန်တဲ့ ကြေညာချက်တွေကို တရားဝင်သတင်းများမှ စောင့်ကြည့်လေ့လာကြဖို့နဲ့ ခရီးစဉ်အတွင်း ဒေသဆိုင်ရာ ညွှန်ကြားချက်တွေကို လိုက်နာကြဖို့လည်း ဝန်ကြီးဌာနဘက်က အကြံပြုထားပါတယ်။
မတ်လ ၂၈ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ အင်အားပြင်း မန္တလေးငလျင်ကြီးကြောင့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ နေပြည်တော်၊ ပဲခူးတိုင်းနဲ့ ရှမ်းပြည်နယ်တို့မှာ အသက်အိုးအိမ် ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ပေါ်ခဲ့ရပါတယ်။
နကစရဲ့ ထုတ်ပြန်ချက်အရ မေလ ၈ ရက်နေ့အထိ ငလျင်ဒဏ်ကြောင့် သေဆုံးသူ ၃၇၉၅ ဦး၊ ထိခိုက်ဒဏ်ရာရသူ ၅၁၀၄ ဦးနဲ့ ပျောက်ဆုံးသူ ၈၆ ဦး ရှိလာကြောင်း သိရပါတယ်။

image
image
image
image

ဆီးနှင့် ကျောက်ကပ်အတွက် ရေဝါးရွက်
“ရေဝါးရွက်အကြောင်းဆေးနည်းများကိုအတော်များများဖျန့်ဝေခဲ့ကြတာတွေ့ရပါတယ်အင်မတန်လည်းအကျိုးရှိပါတယ် ”
သို့သော်လည်း တချို့မသိသေးသောသူများလည်းရှိပါတယ် ထို့ကြောင့်မသိသေးသောသူများရောသိပြီးသားသူများအတွက်ပါ ကြိုးစားပြီးရေဝါးပင်၏ဆေးအစွမ်းများကိုစုစည်းတင်ပြထားပါသည်။
ဆေးနည်းနှင့်စာများအပြင်ပုံများပါလေ့လာပေးပါလို့တိုက်တွန်းလိုက်ပါတယ် ။
ကျွန်မရဲ့ ကျောက်ကပ်မှာ ကျောက်တွေမရှိတော့ဘူးတဲ့ လှိုက်ခနဲဝမ်းသာသွားမိတယ် ။
၄ နှစ်နီးပါးခံစားခဲ့ရတဲ့ကျောက်တည်တဲ့ဝေဒနာ အထူးကုဆေးခန်းများစွာပြခဲ့ပီး သက်သာလိုက်ပြန်ဖြစ်လိုက်နဲ့ အချိန်တွေ ကိုကုန်လွန်ခဲ့ရင်းက ဟိုစာအုပ်ဖတ်ဆေးနည်းလေးတွေတွေ့လိုက်လုပ် ကြည့် ကြားဖူးနားဝပြောပြတဲ့ဆေးတွေလိုက်သောက်ကြည့် ဆေးမှန်သမျှ အကုန်သောက်ကြည့်ခဲ့ပါတယ် ။
ကျွန်မရဲ့ဘယ်ဘက်ကျောက အမြဲအောင့်နေခဲ့တာရင်းနှီးသူတွေတောင်သိကြပါတယ် အဲ့လိုသောက်နေရင်းက ကျွန်မသံမနိုင်ကျောက်မနိုင်ဆေးပြားကို အညွှန်းအတိုင်းမှန်မှန်သောက်ခဲ့ပါတယ် ကျောအောင့်တာသက်သာလာတယ် ။
မေမေက ငါးပြေမနဲ့ဇောင်းခါးသီး ခဏခဏချက်ကျွေးတယ် ကျောက်ကျတယ်ဆိုလို့ ကျွန်မဖြစ်နေတဲ့ကျောက်က အနည်ဆိုတော့ရေများများသောက်ပီးအိုးနဲ့ ဆီးကိုကြည့်ရတာ သူများလိုဒေါက်ခနဲကျမှန်းသိတဲ့အနေအထားတော့မဟုတ်ပါဘူး ငါးပြေမကိုတခါမှမစားဘူး အရိုးများလို့ ရောဂါကြောင့် ကြိတ်ပီး စားခဲ့ပါတယ် ။
ကျောက်ကွဲရွက်ကိုကြိုသောက်တယ် သိပ်ခါးတာပေါ့ ခါးတူးနေတာ ဒါပေမဲ့ ရေဆာတိုင်းသောက်တယ် ။
နောက်ဆုံးတခုက တော့ ရေဝါးပင်ပါ ကျောက်ကပ်ဆေးနေရတဲ့သူတောင် ပကတိပြန်ကောင်းတယ် ဆိုလို့ ကျိုပြီး နေ့စဉ်သောက်တာခုထိပါပဲ ။
မြန်မာ့ဆေးနည်းတွေကို ကျွန်မသိပ်ယုံကြည်သွားပါပီ ယနေ့ကျွန်မရဲ့ ကျောက်ကပ်ထဲမှာ ရှိနေတဲ့ ကျောက်တွေမရှိတော့ဘူး လက်တွေ့လေ ကျွန်မလိုပဲ ဆီးရောဂါ ကျောက်တည်တဲ့ရောဂါရှိတဲ့ ဝေဒနာရှင်များလည်းအထက်ပါဆေးနည်းများကို သုံးစွဲမှီဝဲကြည့်ကြစေလိုပါတယ် ယုံယုံကြည်ကြည်နဲ့သောက်ပီး ပျောက်ကင်းနိုင်ကြပါစေရှင် …ဖတ်မိသမျှ_ကျန်းမာ_လှပ_သုတ
ကျောက်ကပ် အသက်ကယ်ဆေး ရေဝါးပင်
အခေါ်အဝေါ် နဲ့ ကုသပုံ ပြောလိုပါတယ် တရုတ် အခေါ် ရွှေကြူ ဆောင်။မြန်မာပြန် တော့ ရေဝါး ။မြန်မာအခေါ် မြက်ကြွတ်ပြာပင် (မြက်ကြွပ်ပင်ကသီးခြားရှိ) ခေါ်ပါတယ်။
ခေါ်လို့လွယ်တာနဲ့ ရေဝါးလို့ခေါ်တာပါ။ ဝါး အမျိုး အစား မဟုတ်ပါဘူး။
မျိုးကွဲ များရှိတယ်လို့သိရပေမဲ့ အိမ်မှာတော့ မြန်မာစိမ်း။ မြန်မာကျား။ နိုင်ငံခြား စိမ်း(အရွက်နဲနဲသေး)သုံးမျိုး ရှိပါတယ်။
အရွက် နောက်ကျောက ခရမ်းရောင် ဖြစ်ပါတယ်။မြေပေါ်မှာ ကပ်သွားပင်မျိုးဖြစ်လို့ အဆစ်တိုင်းမှာ အမြစ်ထွက်ပါတယ်။
” ကျောက်ကပ်ဝေဒနာကို ကုသပုံ ”
ကျောက်ကပ်ရောဂါ ဖြစ်နေရင် မျက်နှာအမ်း။လက် ခြေ ရောင်။ ဝမ်းဗိုက်ကယ် ထမင်းမစားနိုင်။ ဆီး မသွားနိုင် ဖြစ်ပါတယ်။အဲဒီ အခြေအနေကို ရောဂါ ပြင်းတယ်လို့ သတ်မှတ်ပါတယ်။
ရေဝါးပင် တပင်လုံး ၁၅ ကျပ်သား ကိုမြေအိုးနဲ ရေ သုံးခွက်တခွက် တင်အောင်ကြိုပြီး သောက်ရပါ့မယ်။တရက်စာပါ။
ဒုတိယနေ့ လဲ ဒီလိုဘဲ ကြိုသောက်ပြီးတာနဲ့ အရောင်စလျော့လာမယ်။ထမင်းစား လာပါမယ်။ တတိယနေ့ ကြသာက်ပြီး တာနဲ့ သက်သာ လာတော့တာပါဘဲ။ တဦး နဲ့ တဦး မတူတာလဲ ရှိပါတယ်။
တပတ် လောက် သောက်ပြီးတာနဲ့ လူကောင်းနီးပါးဖြစ်လာပါတယ်။ နောက်တပတ်လောက် ဆက်သောက်ပြီး ဆေးပြန်စစ်ကြည့်ပါ။ထူးခြားမှု တွေ့ရမှာပါ။
ဆေးကြိုသောက်တာကလဲ ရောဂါ သက် သာမှု ကိုကြည့်ပြီး ချဲ သောက်ပါ။ သဘောက၃၀ကျပ်သား နှစ်ရက်အစား သုံး ရက် ပေါ့။
လူနာ တယောက် အတွက် ရေဝါးပင် က၂ ပိသာကနေ ၄ပိသာ အထိ ကုန်ပါတယ်။၁/၂ ကြိမ် သောက်ရုံ နဲ့ အဆင်မပြေပါဘူး။
ဆေးပင်ကို ကြိုတဲ့အခါ သာမန်မတ်ခွက် အသေးနဲ့တောင် တနာရီခွဲလောက် ကြာလို့မီးသွေး မီးဖိုမှ အဆင်ပြေပါတယ်။
ကြုံလို့ ဆက်ပြောပါ့မယ်။ ရေဝါးပင်ကို ထောင်းပြီးအရည်ဟာ အဆိပ်ပြေလို့ အဆိပ် မိတဲ့ ခွေးတိုကြောင်တို့ ကိုတိုက်ပါက မိနစ်ပိုင်း အတွင်းပျောက်တယ်။
အပူလောင်ရင်လဲ အရည် လိမ်း။ ကင်း/ပျား အကိုက်ခံရ လဲ အရည်လိမ်းပါ။ခဏလေးနဲ့ ပျောက်ပါတယ်။လက်တွေ့ပါ။
Crd

image

သားဖတွေ ကြိုညှိထားရသေး🥹

image

🌿သွေးတိုးရှိတဲ့သူတွေ သိထားသင့်တဲ့ ဆယ်မိနစ်အတွင်း သွေးတိုးကျစေမဲ့ နည်းလမ်း (၅)ခု

🌿မကြာခဏ ခေါင်းကိုက်တတ်တယ်၊ မောပန်းလွယ်တယ်၊ ရင်ဘတ်အောင့်တတ်တယ်။ ဒါတွေအပြင် သွေးတိုးတတ်တယ်ဆိုရင် အဲ့ဒါတွေဟာ အိပ်ရေးပျက်တာများလို့၊ စိတ်ဖိစီးမှုများလို့၊ ကိုယ်အလေးချိန်များနေလို့စသဖြင့် ဖြစ်နိုင်ပါတယ်။

🌿ဘာကြောင့်ပဲဖြစ်ဖြစ် ကိုယ်တိုင်လည်း သွေးတိုးတတ်တယ်၊ အိမ်က လူကြီးတွေ သွေးတိုးတတ်တယ်ဆိုရင် ဒီနည်းလမ်းလေးတွေက ဆယ်မိနစ်အတွင်း သွေးတိုးကျစေပြီး သွေးတိုးကြောင့်ဖြစ်တဲ့ နောက်ဆက်တွဲပြဿနာတွေကို သက်သာစေနိုင်ပါတယ်။

(၁) နားရွက်အနောက်နဲ့ လည်ပင်းကို နှိပ်ပေးပါ။

နားရွက်အနောက်ကနေ ညှပ်ရိုးနေရာအထိ ဖြည်းဖြည်းလေး နှိပ်ပေးတာက သွေးလှည့်ပတ်မှုကောင်းစေပြီး သွေးဖိအားများနေတာကို လျှော့ချပေးနိုင်ပါတယ်။ ပြီးရင် ပုံမှာပြထားတဲ့ နံပါတ် ၃ နေရာကို လက်ချောင်းထိပ်လေးတွေနဲ့ ဖွဖွလေးနှိပ်ပေးတာက သွေးတိုးပြီးခေါင်းမူးနေတာကို အမြန်ဆုံးသက်သာစေနိုင်ပါတယ်။

(၂) ဘယ်ဘက်နှာခေါင်းနဲ့ပဲအသက်ရှူပါ။

သွေးတိုးနေတာကို အမြန်ဆုံးကျစေမယ့် နောက်တနည်းကတော့ ညာဘက်နှာခေါင်းကို ပိတ်ထားပြီး ဘယ်ဘက်နှာခေါင်းနဲ့ပဲ အသက်ရှူတာပါ။ ခန္ဓာကိုယ်ကို မတ်မတ်ထိုင်ပြီး လည်ပင်းကိုဖြောင့်ဖြောင့်ထားပါ။ ညာဘက်လက်မနဲ့ ညာဘက်နှာခေါင်းကို ပိတ်ပြီး ဘယ်ဘက်နှာခေါင်းနဲ့ အသက်ရှူပေးလိုက်မယ်ဆိုရင် သွေးဖိအားတိုးနေတာကို ၁၀ မိနစ်အတွင်း ကျသွားစေပါတယ်။

(၃) ရေတဖန်ခွက်သောက်ပါ။

တခါတလေ ခန္ဓာကိုယ်မှာ ရေဓာတ်လိုအပ်နေတဲ့အခါမှာလည်း သွေးတိုးတတ်ပါတယ်။ ဒီတော့ သွေးတိုးတဲ့အခါမှာ အသက်ပြင်းပြင်း ရှူလိုက်ပြီး ရေတဖန်ခွက်သောက်ပေးလိုက်ပါ။

(၄) ပက်လက်လှဲပြီး ကြွက်သားတွေကိုဖြေလျှော့ပေးပါ။

သွေးတိုးတဲ့အခါ ကြမ်းပြင်ပေါ်မှာ လဲအိပ်ပြီး ခန္ဓာကိုယ်ကို ဖြေလျှော့ထားပါ။ မျက်လုံးမှိတ်ပြီး အသက်ကိုဖြည်းဖြည်းချင်းရှူပေးတာက သွေးလှည့်ပတ်မှုကိုပုံမှန်ဖြစ်စေပြီး သွေးဖိအားတိုးနေတာကို ဖြည်းဖြည်းချင်းလျော့သွားစေပါတယ်။

(၅) ခြေထောက်ရေနွေးစိမ်ပေးပါ။

သွေးတိုးနေတဲ့အခါ လည်ပင်းနဲ့ဦးခေါင်းကို အေးနေအောင် ထားပေးဖို့လိုပါတယ်။ ပြီးတော့ ရေဇလုံထဲမှာ ရေနွေးထည့်ပြီး ခြေထောက်ကို ၁၅ မိနစ်လောက် စိမ်ပေးမယ်ဆိုရင် သွေးလှည့်ပတ်မှုကို ပုံမှန်ဖြစ်စေပြီး ချက်ချင်းသွေးတိုးကျစေပါတယ်။

image

ရောဂါအလိုက်အသုံးပြုနည်းများ…..
ဝက်ရူးနာရောဂါ….
ပေါက်ပန်းဖြူ ရွက်ကို ငြုပ်ကောင်းနှင့်အတူ နွားကျင်ငယ်နှင့် ကြိတ်၍ ရှုသော် ဝက်ရူးနာ ပျောက်၏။
မျက်စေ့အားနည်း…..
ပေါက်ပန်းဖြူ အပွင့်၏ သတ္တု ရည်ကို မျက်စေ့၌ ခပ်ပါက မျက်စေ့မှုန်ခြင်း၊ မျက်စေ့ဝေခြင်းတို့ကို ပျောက်ကင်းစေ၏။
မီးယပ်ဖြူ ရောဂါ…..
ပေါက်ပန်းဖြူ အစိုအခေါက်ကို ထောင်း၍ အရည်ညှစ်ယူပါ။ ၎င်းသတ္တုရည်ကို စင်ကြယ်သော အဝတ် (သို့မဟုတ်) ဂွမ်းတွင် စိုအောင် ဆွတ်၍ ယောနိတွင်ထည့်၍ ပေးပါက မီးယပ်ဖြူ ရောဂါ ပျောက်ကင်း၏။
အဆစ်အဆက်ရောင်ရောဂါ…..
ပေါက်ပန်းဖြူ (အနီပွင့်)၏ အမြစ်ကို ရေနှင့်ရောကြိတ်၍ မီးဖြင့် နွေးအောင်ပြုပြီးလျှင် ရောင်သောအဆစ်အဆက်များကို လိမ်းပေးမူ အဆစ်ရောင်ရောဂါ ပျောက်၏။
ခေါင်းတခြမ်းကိုက်ခြင်း….
အပွင့်'(သို့)အရွက်ကို အရည်ညှစ်ယူ၍ ၎င်းအရည်ကို ခေါင်းမကိုက်သော တဘက်ရှိ နှာခေါင်းမှ ရှုပါက ပျောက်ကင်း၏။
ရောင်ရမ်းခြင်း…..
ပေါက်ပန်းဖြူ မြစ်နှင့် ပန်းတိုင်းမြစ်ကို ရေနွေးနှင့်သွေး၍ ရောင်ရမ်းသောနေရာသို့လိမ်းမူ ပျောက်ကင်း၏။
ကြက်မျက်သင့်ရောဂါ…..
ပေါက်ပန်းဖြူ ပွင့်ကို ပြုတ်စားပါက ကြက်မျက်သင့်ရောဂါ ပျောက်ကင်း၏။
စိတ်ဖောက်ပြန်သောရောဂါ……
၎င်းအရွက်၏ သတ္တုရည်တွင် ချင်းခြောက်, ပိတ်ချင်း, ကြံသကာတို့ကို ဆတူရော၍ ရှု၍ ရှု၍ ပေးပါက စိတ်ပျံ့လွင့်ခြင်း ပျောက်ကင်း၏။
(အရှင်နာဂသိန်ပုံပြဆေးအဘိဓာန်မှပေါက်ပန်းဖြူ ပင်အား ရောဂါအလိုက်အသုံးပြုနည်းမှ ကူးယူဖော်ပြပါသည်။ Thura Htay Aung)
ပေါက်ပန်းဖြူရွက် သတ္ထုရည်ကို မျက်စဉ်း ခတ်ပေးပါက မျက်စိမှုန်ခြင်း၊ ဝေခြင်းတို့ ကို သက်သာစေသည်။
အဆစ်ရောင်ရောဂါ ဝေဒနာ ခံစားရပါက ပေါက်ပန်းနီပွင့်၏ အမြစ်ကို ရေနှင့်သွေး၍ မီးဖြင့်နွေးအောင်ပြုပြီး ရောင်သော အဆစ်များကို လိမ်းပေးခြင်းဖြင့် သက်သာစေသည်။
အတက်ရောဂါ၊ ဝက်ရူးရောဂါ ခံစားနေရသူ များ ပေါက်ပန်းဖြူရွက်ကို ငရုတ်ကောင်းနှင့် ရောစပ်ကာ ကြိတ်ပြီး ရှူပေးခြင်းဖြင့် သက်သာစေသည်။
ခေါင်းတစ်ခြမ်းကိုက်ပါက အပွင့်နှင့်အရွက်ကို အရည်ညှစ်ပြီး ရှူပေးပါက သက်သာစေသည်။ အရိုးကျီးပေါင်း ရောဂါ၊ ကြက်မျက်သင့်ရောဂါဖြစ်ပါ က ပေါက်ပန်းဖြူပွင့်ကို ပြုတ်၍ စားပေးနိုင်သည်။
တုပ်ကွေးဖျား(သို့မဟုတ်) ရိုးရိုးဖျားခြင်းများဖြစ်ပါက ပေါက်ပန်းဖြူရွက်ကို ကြက်သွန်နီနှင့် ကြော်စားနိုင်သည်။
ဆီးနီ၊ ဆီးနည်းရောဂါများအတွက် ပေါက်ပန်းဖြူရွက်ကို ဟင်းချက်စား၍သော် လည်းကောင်း၊ အပွင့်ကို ကြော်ချက်စားခြင်းဖြင့်သော်လည်းကောင်း ဆီးရောဂါ သက်သာစေသည်။
အပူလောင်နာကို ပေါက်ပန်းဖြူရွက်သတ္ထုရည်ကို ထည့်ပေး အုံပေးပါက သက်သာစေသည်။ ထိခိုက်ဒဏ်ရာ ရလျှင် ပေါက်ပန်းဖြူရွက် သတ္ထုရည်ကို လက်ဖက်ရည်အကြမ်းပန်းကန် တစ်လုံးခန့် သောက်ပေးပါက အနာမန်းဝင်ခြင်း ကို ကင်းဝေးစေသည်။
ကွမ်းစားသူများ၊ သည်းခြေ၊ ကျောက်ကပ်တွင် ကျောက်ရှိ သူများ မကြာခဏပြုတ်တို့စားပေးရသည်။
မီးယပ်ဖြူဆင်းရောဂါ၊ သွေးအန်သွေးကျရောဂါဖြစ်လျှင် ပေါက်ပန်းဖြူပွင့်ကို သုပ်စားရသည်။
(မှတ်ချက်။ ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ဝေသော အသုံးဝင်ဆေးပင် များနှင့် မြန်မာ့တိုင်းရင်းဆေးနည်း လက်စွဲ စာအုပ်မှ ကောက်နှုတ်ဖော်ပြပါသည်။)
ပေါက်ပန်းဖြူ ၊ ပေါက်ပန်းနီ ဆိုပြီး နှစ်မျိုးရှိသည် (အပွင့်ရဲ့ အရောင်ကို လိုက်ပြီး) ပေါက်ပန်းနီသည် ပိုပြီး ဆေးဖက်ဝင်သည်။
အသီး ၊ အစေ့ ၊ အမြစ်တို့ ဆေးဘက်ဝင်၏။အရွက်ကို ဟင်းခါးအဖြစ် ချက်သောက်ကြသည်။သွေးကို သန့်စေတယ်။
ကြက်မျက်သင့် ရောဂါအတွက် ပေါက်ပန်းဖြူ ပွင့်ရဲ့ သတ္ထုရည်ကို မျက်စဉ်းခပ်လျှင် ကောင်း၏။
တက်တတ်သော ကလေးငယ်များအား အရွက်ကို ထောင်းသတ္ထုရည်နှင့် ဂျင်း (သို့မဟုတ်) ကြက်သွန်ဖြူနှင့် ရောရရှိသော အရည်ကို ရှုပေးရမည်။Original Uploader

image

အားသာချက် - ဟင်းချက်ရတာကြိုက်
အားနည်းချက် - ချက်ရမှာပျင်း

image

ဖုန်းလာအားပေးတာကို မပျော်တဲ့ဆိုင်ကရှိသေး

image
8 w - Translate

မေတ္တာတရားမှာ ဘဘ်သူကမှ
အတင်းချစ်ခိုင်းလို့လဲမရပါဘူး။
မချစ်နဲ့လို့လဲ တားလို့မရပြန်ဘူးလေ။

#စာတို

8 w - Translate

တိတ်ဆိတ်ခြင်းမှာ တရားရှိတယ်။
ဘာတရားလဲဆိုရင် မေတ္တာတရားပေါ့..

တစ်ဖက်က လိုလိုလားလားမရှိတော့ရင်
တစ်ဖက်က တိတ်ဆိတ်ပေးရတာမျိုးပေါ့။

#စာတို