NCA (၁၀) နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားသို့ ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက် ဖွင့်လှစ်

အောက်တိုဘာ ၁၅

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) (၁၀) နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားကို ယနေ့ အောက်တိုဘာ ၁၅ ရက် နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၁) (MICC-I) တွင် ကျင်းပလျက်ရှိသည်။

အခမ်းအနားသို့ မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်‌ရောက်ဖွင့်လှစ်ပေးခဲ့ပြီး ယာယီသမ္မတနှင့်အတူ ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော၊ ကော်မရှင်အဖွဲ့ဝင် အမှုဆောင်ချုပ် ဦးအောင်လင်းဒွေးနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စု အဆင့်ပုဂ္ဂိုလ်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ တက်ရောက်လျက်ရှိသည်။

ယနေ့ ကျင်းပသည့် NCA (၁၀) နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားသို့ NCA လက်မှတ်ထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအပြင် ၂၀၂၅ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများနှင့် ဖိတ်ကြားထားသည့် ပြည်ပနိုင်ငံများနှင့် နိုင်ငံတကာအဖွဲ့အစည်းများ တက်ရောက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ အခမ်းအနားအား သိရှိလေ့လာသူများ အချိန်နှင့်တစ်ပြေးညီ ကြည့်ရှု့နိုင်ရန်အတွက်လည်း ယနေ့ နံနက် ၈ နာရီ ၄၅ မိနစ်မှ စတင်ကာ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား MRTV HDI MRTV News MRTV Parliament NRC Channel Farmers' Channel MITVI အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ရုပ်သံလိုင်းများဖြစ်သော MNTVI Skynet Up to Date နှင့် Readers' Channel တို့အပြင် မိတ်ဖက်ရုပ်သံလိုင်းများဖြစ်ကြသည့် MWD HD၊ MWD Variety Channel တို့မှလည်းကောင်း၊ MOI Website၊ MOI Youtube၊ MRTV APP အပါအဝင် MRTV Online Platform တို့မှလည်းကောင်း တိုက်ရိုက်(LIVE) ထုတ်လွှင့်ပြသလျက်ရှိသည်။

Credit - MT News Agency

#centralnewsnaypyitaw

imageimage
+8