သည်းခံပြီးတော့ နေလိုက်ပါ
အဆင်မပြေတာလည်း
အခိုက်အတန့်လေးတွေပါပဲ။
နောက်တော့ အဆင်ပြေသွားမှာပါ။
စိတ်တိုရတာလည်း
အခိုက်အတန့်လေးတွေပါပဲ။
နောက်တော့ စိတ်ပြေသွားမှာပါ။
အထင်လွဲခံရတာလည်း
အခိုက်အတန့်လေးတွေပါပဲ။
နောက်တော့ နားလည်သွားမှာပါ။
ကဲ့ရဲ့ခံရတာလည်း
အခိုက်အတန့်လေးတွေပါပဲ။
နောက်တော့ နေသားကျသွားမှာပါ။
အခိုက်အတန့်အချိန်လေးတွေမှာ
သည်းမခံနိုင်တဲ့အတွက်ကြောင့်
မပျက်စီးသင့်ဘဲ ပျက်စီးကြရတယ်။
ကိုယ့်ရဲ့သိက္ခာတွေ မကျသင့်ဘဲ
အဖတ်ဆယ်မရ ဖြစ်သွားတယ်။
ဒါကြောင့်…
ဘာပဲဖြစ်ဖြစ် တဇွတ်ထိုးမဆန်ဘဲ
သည်းခံ ရှောင်လွဲနေလိုက်တာဟာ
ကိုယ့်ရဲ့ဘဝအတွက်
အမှားကင်းပြီး ချမ်းသာရပါတယ်။
🍀🍂🌱