4 d - Translate

အိန္ဒိယနိုင်ငံ ရာဂျက်စ်သန်၌ဘတ်စ် မီးလေ-ာင်၍လူ ၂၀ ‌ေ-သဆုံး
နူးဒေလီ၊ အောက်တိုဘာ ၁၅
အိန္ဒိယနိုင်ငံ အနောက်ပိုင်းရာဂျက်စ်သန်ပြည်နယ်တွင် ကိုယ်ပိုင်ဘတ်စ်တစ်စီး မီးလေ-ာင်ရာ လူ ၂၀ ထက်မနည်း ‌ေ-သဆုံးခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
ဘတ်စ်ကားသည် ရာဂျက်စ်သန်ပြည်နယ်၏ မြို့တော် ဂျိုင်ပူးရ်မှအနောက်ဘက် ၅၄၈ ကီလိုမီတာအကွာ ဂျိုင်စာလမာ ခရိုင်ရှိ သိုင်ရက်ရွာအနီးအရောက်၌ လမ်းပေါ်တွင် မီးလေ-ာင်ခဲ့ခြင်းဖြစ်သည်။
ခရီးသည် ၅၇ ဦး ကို တင်ဆောင်လာသည့် ဘတ်စ်ကားသည် အနောက်ဘက်ခြမ်းမှ မီးခိုးငွေ့များ ထွက်ပေါ်လာသဖြင့် ယာဉ်မောင်းသည် ဘတ်စ်ကားကို ရပ်လိုက်သော်လည်း ဘတ်စ်ကားသည် ချက်ခြင်းမီးလေ-ာင်ကျွမ်းခဲ့ပြီး ယာဉ်ပေါ်ပါ ခရီးသည်တွေများသည် မီးထဲပိတ်မိနေခဲ့သည်။ ဒ-ဏ်ရာရသူအချို့၏ အခြေအနေမှာ စိုးရိမ်ရကြောင်း သိရှိရသည်။
မီးလေ-ာင်ရသည့် အကြောင်းရင်းကို ချက်ချင်းမသိရ‌သေးကြောင်းတွေ့ရသည်။ သို့သော်လည်း ယာဉ်အတွင်း၌ ဝါယာရှော့ဖြစ်ကာ မီးလေ-ာင်ခြင်းဖြစ်နိုင်သည်ဟု ရဲတပ်ဖွဲ့ကယူဆကြောင်း သိရသည်။
Ref: ရှင်းဟွာ

image