ပရီးမီးယားလိဂ်စံချိန်တင် တစ်နှစ်ပေါင်သန်း ၇၀ တန်ဖိုးရှိ အင်္ကျီစပွန်ဆာစာချုပ်ချုပ်ဆိုလာတော့မယ့် လီဗာပူး
အောက်တိုဘာ ၁၅
လီဗာပူးဟာ တစ်နှစ်လျှင် ပေါင်သန်း ၇၀ အထိ ရရှိလာမယ့် ပရီးမီးယားလိဂ်စံချိန်တင် အင်္ကျီစပွန်ဆာစာချုပ်ချုပ်ဆိုလာတော့မှာ ဖြစ်ကြောင်း သိရပါတယ်။
ပရီးမီးယားလိဂ်ချန်ပီယံရဲ့ လက်ရှိ အင်္ကျီရင်ဘတ်စပွန်ဆာရှင်မှာ နိုင်ငံတကာဘဏ်တစ်ခု ဖြစ်တဲ့ Standard Chartered ဖြစ်ပြီး ၂၀၂၇ ခုနှစ်တွင် စာချုပ်သက်တမ်းကုန်ဆုံးပါမယ်။
Standard Chartered ဟာ လီဗာပူးနှင့် ကာလရှည်ကြာ လက်တွဲလာတာ ဖြစ်ပြီး အစောပိုင်းက အသင်းနှင့် ဆက်လက် လက်တွဲလိုပေမယ့်လည်း မြင့်မားတဲ့ စပွန်ဆာကြေးပေးရန် ငြင်းဆိုခဲ့ပါတယ်။
ဒါပေမယ့်လည်း ယခုအခါမှာတော့ လီဗာပူးနှင့် Standard Chartered တို့အကြားတွင် အကြမ်းဖျင်းသဘောတူညီမှု ရရှိလာခဲ့ပြီ ဖြစ်ပြီး မကြာမီ သဘောတူညီမှု ရရှိလာဖို့ ရှိပါတယ်။
တဖက်တွင် လီဗာပူးဟာ Standard Chartered နှင့် အပြီးသတ် သဘောတူညီမှု ရရှိထားခြင်း မရှိသေးမှုနှင့်အတူ အခြား အစားထိုးနိုင်မယ့် အဓိကဘဏ်များကိုလည်း စဉ်းစားထားပါသေးတယ်။
Standard Chartered ဟာ ၂၀၁၀ ခုနှစ်ကတည်းက လီဗာပူးရဲ့ အင်္ကျီရင်ဘတ်စပွန်ဆာရှင်အဖြစ် ရပ်တည်လာခဲ့တာပါ။
လက်ရှိအချိန်မှာ လီဗာပူးဟာ Standard Chartered ရဲ့ အင်္ကျီရင်ဘတ်စပွန်ဆာမှ ပေါင်သန်း ၅၀ ရရှိနေတာ ဖြစ်ပါတယ်။
လက်ရှိ ပရီးမီးယားလိဂ်ရဲ့ စံချိန်တင် အင်္ကျီရင်ဘတ်စပွန်ဆာကြေးပိုင်ရှင်များအဖြစ် ယူနိုက်တက်နှင့် မန်စီးတီးတို့က ရပ်တည်နေပြီး ပေါင်သန်း ၆၀ စီ ရရှိနေကြပါတယ်။
လီဗာပူးဟာ နောက်ဆုံး ၃ ပွဲဆက် ရှုံးပွဲ ကြုံတွေ့ထားပြီး လာမယ့် တနင်္ဂနွေနေ့တွင် အန်ဖီးလ်မှာ မန်ချက်စတာယူနိုက်တက်အား ဧည့်ခံကစားရပါမယ်။
Credit - Playmaker Journal
#ဘောလုံးသတင်းစုံ
