Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ
( ၂၀၂၆ - ဇူလိုင် ၂၅ ၊ နံနက် ၁၀ နာရီ)
#ရွှေဈေး
-ကမ္ဘာ့ရွှေဈေး
တအောင်စ ၄၀၅၃ ဒေါ်လာ
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း
- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၆,၉၅၀,၀၀၀ ကျပ်
ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၉,၆၅၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၆၁၀,၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၉,၂၅၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၂၁၀,၀၀၀ ကျပ်
* စနစ်သစ်
(၁ိ - ၁၆.၃၂၉၃၂၅ ဂရမ် = ၁၂၀ ရွေး)
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၉,၅၃၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၄၉၀,၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၉,၁၃၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၀၉၀,၀၀၀ ကျပ်
“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”
(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)
#နိုင်ငံခြားငွေလဲလှယ်နှုန်း
-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၆၆၃ ကျပ်
ပြင်ပပေါက်စျေး
-အမေရိကန်ဒေါ်လာ
ရောင်းဈေး - ၄၄၅၀ ကျပ်
ဝယ်ဈေး - ၄၃၅၀ ကျပ်
-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၄၄၉ ကျပ်
ဝယ်ဈေး - ၃၃၅၇ ကျပ်
-ယူရို
ရောင်းဈေး - ၅၀၇၀ ကျပ်
ဝယ်ဈေး - ၄၉၄၀ ကျပ်
-ထိုင်းဘတ်
ရောင်းဈေး - ၁၃၂.၄၅ ကျပ်
ဝယ်ဈေး - ၁၂၉.၀၃ ကျပ်
-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၈၉ ကျပ်
ဝယ်ဈေး - ၁၀၆၁ ကျပ်
-တရုတ်ယွမ်
ရောင်းဈေး - ၆၅၈ ကျပ်
ဝယ်ဈေး - ၆၄၁ ကျပ်
-ဂျပန်ယန်း
ရောင်းဈေး - ၂၇.၂၂ ကျပ်
ဝယ်ဈေး - ၂၆.၅၂ ကျပ်
-အိန္ဒိယရူပီး
ရောင်းဈေး - ၄၆.၁၇ ကျပ်
ဝယ်ဈေး - ၄၄.၉၈ ကျပ်
-ကိုရီးယားဝမ်
ရောင်းဈေး - ၃ .၀၂ ကျပ်
ဝယ်ဈေး - ၂.၉၅ ကျပ်
-စတာလင်ပေါင်
ရောင်းဈေး - ၅၉၄၀ ကျပ်
ဝယ်ဈေး - ၅၇၈၅ ကျပ်
-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၃၁၁၀ ကျပ်
ဝယ်ဈေး - ၃၀၃၀ ကျပ်
-ကနေဒါဒေါ်လာ
ရောင်းဈေး - ၃၁၆၀ ကျပ်
ဝယ်ဈေး - ၃၀၈၀ ကျပ်
-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၆၈ ကျပ်
ဝယ်ဈေး - ၅၅၄ ကျပ်
-ယူအေအီး
ရောင်းဈေး - ၁၂၁၄ ကျပ်
ဝယ်ဈေး - ၁၁၈၃ ကျပ်
ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
***သတ်မှတ်ဈေးအတိုင်း အရောင်းအဝယ်မလုပ်ပါက အရေးယူခံရနိုင်သည်။
ပေါင်မြို့နယ်အတွင်း ကြက်ခြံ၊ ဥယျာဉ်ခြံနှင့် ဆပ်ပြာစက်ရုံများကို မွန်ပြည်နယ်ဝန်ကြီးချုပ် ကွင်းဆင်း
ဒေသတွင်း ကြက်ဥလိုအပ်ချက် ဖြည့်ဆည်းရေးနှင့် စက်မှု၊ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ လည်ပတ်မှုကို စစ်ဆေးရန် မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပေါင်မြို့နယ်အတွင်းရှိ လုပ်ငန်းအချို့သို့ (ဇူလိုင် ၂၃ ရက် )နံနက်ပိုင်းက သွားရောက်ခဲ့ကြောင်း သိရသည်။
ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပေါင်မြို့နယ်၊ ပန်းကုန်းကျေးရွာတွင် တည်ဆောက်ရန် လျာထားသည့် အဆင့်မြှင့် အအေးခန်းစနစ်သုံး ဥစားကြက် မွေးမြူရေးခြံ (Evaporative Cooling Systems Layer Farm) မြေနေရာသို့ သွားရောက်ကာ မြေပြင်အခြေအနေ၊ ရေနှင့် လျှပ်စစ်မီး ရရှိနိုင်မှု၊ လမ်းပန်းဆက်သွယ်ရေး အခြေအနေများကို ကြည့်ရှုခဲ့သည်။
ယင်းစေ့စပ်ဆွေးနွေးမှုတွင် ဒေသတွင်း ကြက်ဥဈေးနှုန်း သက်သာစွာ ဖြန့်ဖြူးနိုင်ရေး စနစ်တကျ အကောင်အထည်ဖော်ရန် မှာကြားခဲ့သည်။
ထို့အပြင် ကျုံက ဥယျာဉ်ခြံသို့ သွားရောက်၍ ဒေသထွက် မင်းကွတ်၊ ကြက်မောက်နှင့် ဒူးရင်း အပါအဝင် မျိုးကောင်းမျိုးသန့် ပျိုးပင်များ ထုတ်လုပ်နေမှု အခြေအနေများ၊ သုတေသနရလဒ်များကို တောင်သူများထံ အသိပညာပေးရေး လုပ်ငန်းစဉ်များကို စစ်ဆေးခဲ့ပြီး ခြံအတွင်းရှိ နှစ် ၅၀ သက်တမ်းရှိ မင်းကွတ်ပင်ကြီးများနှင့် ပျိုးပင် အရောင်းအဝယ်ဖြစ်ထွန်းမှုကို မေးမြန်းခဲ့သည်။
ဆက်လက်၍ သဲဖြူကုန်းကျေးရွာရှိ ပဒုမ္မာ ဆပ်ပြာစက်ရုံ၏ ထုတ်လုပ်မှု လိုင်းများနှင့် စက်ယန္တရားများ လည်ပတ်နေမှုကို လှည့်လည်ကြည့်ရှုကာ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေး၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု မရှိစေရေးနှင့် ဈေးကွက်အတွင်း အရည်အသွေးမီ ကုန်ပစ္စည်းများ ဖြန့်ဖြူးနိုင်ရေး ကိစ္စရပ်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။
မတ္တရာနှင့် ပတ်ဝန်းကျင်ကျေးရွာအချို့ လျှပ်စစ်ဓာတ်အား ပြန်လည်ရရှိ
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်နှင့် ပတ်ဝန်းကျင် ကျေးရွာများတွင် ပျ-က်စီးသွားသည့် ဓာတ်အားခွဲရုံနှင့် ဓာတ်အားလိုင်းများကို ပြန်လည်ပြင်ဆင်ပြီးနောက် လျှပ်စစ်ဓာတ်အား ပြန်လည်လွှတ်ပေးနေပြီဖြစ်ကြောင်း မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းထံမှ သိရသည်။
မတ္တရာမြို့နယ်အတွင်းရှိ ဓာတ်အားခွဲရုံများနှင့် လိုင်းအချို့မှာ အကြောင်းအမျိုးမျိုးကြောင့် ပြ-တ်တေ-ာက် ပျ-က်စီးခဲ့ရာမှ ပြန်လည်ပြင်ဆင်မှုများ ပြုလုပ်ခဲ့ပြီးနောက် ဇူလိုင် ၂၃ ရက်တွင် တိုင်းဒေသကြီး တာဝန်ရှိသူများ တက်ရောက်ကာ လျှပ်စစ်ဓာတ်အား ပြန်လည်လွှတ်ပေးခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် မတ္တရာမြို့နယ် တောင်ပြုံးဓာတ်အားခွဲရုံနှင့် မတ္တရာဓာတ်အားခွဲရုံတို့မှတစ်ဆင့် ထရန်စဖော်မာ ၁၂၆ လုံးဖြင့် ဓာတ်အားဖြန့်ဖြူးပေးနေပြီး အိမ်ထောင်စု/ပြည်သူ ၁၂,၀၀၀ ကျော် လျှပ်စစ်မီး ပြန်လည်ရရှိထားကြောင်း သိရသည်။
မီးမလင်းသေးသည့် ကျေးရွာများတွင်လည်း လျှပ်စစ်ဓာတ်အား မြန်မြန်ဆန်ဆန် ပြန်လည်ရရှိရေးအတွက် စီစဉ်ဆောင်ရွက်နေသည်ဟု ဆိုသည်။
အဆိုပါ လျှပ်စစ်ဓာတ်အား ပြန်လည်လွှတ်ပေးသည့် အခမ်းအနားအပြီးတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် မတ္တရာမြို့နယ်၊ ဘိုကုန်းကျေးရွာရှိ အခြေခံပညာ အလယ်တန်းကျောင်း (ခွဲ) သို့ သွားရောက်ခဲ့ပြီး အောင်မြေသာစံခရိုင် ပုသိမ်ကြီးမြို့နယ် ရွှေကျင်ဂိတ်တွင် တပ်ဆင်ထားသည့် လူမျက်နှာမှတ်သားသိရှိမှုစနစ် (Face Recognition System - FRS) စစ်ဆေးဆောင်ရွက်နေမှု အခြေအနေများကိုလည်း သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။
သြဂုတ် ၁၀ ရက်နံနက် ၁၀ နာရီ၌ တတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေးစတင်ကျင်းပမည်
လာမည့် သြဂုတ် ၁၀ ရက်နံနက် ၁၀ နာရီ၌ တတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေးကို ပြည်နယ်လွှတ်တော်ရုံးတွင် စတင်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၇၄၊ ၂၀၁၃ ခုနှစ်၊ တိုင်း (သို့) ပြည်နယ်လွှတ်တော်ဆိုင်ရာဥပဒေပုဒ်မ ၃၀ နှင့် ၂၀၁၃ ခုနှစ်၊ ကရင်ပြည်နယ်လွှတ်တော်ဆိုင်ရာနည်းဥပဒေ ၃၊ နည်းဥပဒေခွဲ(ခ)တို့အရ တတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေးကျင်းပမည့်ရက်ကို အသိပေးကြေညာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဗဟိုဘဏ်က စားသုံးဆီတင်သွင်းသည့်ကုမ္ပဏီများသို့ အမေရိကန်ဒေါ်လာ ၂.၇၂ သန်းကျော် ထုတ်ရောင်း
မြန်မာနိုင်ငံဗဟိုဘဏ်သည် CMP ကုမ္ပဏီများထံမှ ဝယ်ယူထားသည့် နိုင်ငံခြားငွေများအနက် အမေရိကန်ဒေါ်လာ ၂,၇၂၁,၆၀၀ ကို စားသုံးဆီတင်သွင်းသည့် ကုမ္ပဏီများထံ ရောင်းချပေးခဲ့ကြောင်း ထုတ်ပြန်ထားသည်။
ထို့ပြင် အမေရိကန်ဒေါ်လာ ၁၇,၄၅၀ ကိုလည်း CMP ကုမ္ပဏီများထံသို့ ရောင်းချပေးခဲ့ကြောင်း သိရသည်။
ယင်းအပြင် FX Trading တွင် နိုင်ငံခြားငွေ ဝယ်ယူရရှိမှုအရ စားသုံးဆီကဏ္ဍမှ ၂၆ ရာခိုင်နှုန်းနှင့် စက်သုံးဆီကဏ္ဍမှ ၂၆ ရာခိုင်နှုန်း ဖြင့် အများဆုံးပါဝင်ခဲ့သည်။
ယင်းနောက် Non Trade Transaction များနှင့်အခြားကုန်ပစ္စည်းများက (၁၃ ရာခိုင်နှုန်း)၊ ကားနှင့် ဆိုင်ကယ်အပိုပစ္စည်းများက (၇ ရာခိုင်နှုန်း)၊ ဓာတ်မြေဩဇာက (၇ ရာခိုင်နှုန်း)၊ ဆေးနှင့် ဆေးဝါးကုန်ကြမ်းပစ္စည်းများက (၆ ရာခိုင်နှုန်း)၊ တိရစ္ဆာန်အစာက (၅ ရာခိုင်နှုန်း)၊ စက်မှုကုန်ကြမ်းနှင့် စာရေးကိရိယာကဏ္ဍတို့မှ (၄ ရာခိုင်နှုန်း) စီ၊ ထုတ်ပိုးမှုပစ္စည်းနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းကဏ္ဍတို့မှ (၁ ရာခိုင်နှုန်း) စီအသီးသီး နိုင်ငံခြားငွေ ဝယ်ယူရရှိခဲ့ကြောင်း ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ သိရသည်။