ကျုံဒိုး-ကော့ကရိတ် ပြည်ထောင်စုကားလမ်းမကြီးအား တပ်မတော်ကပြန်လည်ထိန်းချုပ်
ဒေသတွင်းကုန်စည်စီးဆင်းမှုများပြန်လည်စတင်နိုင်မည်မျှော်မှန်း
KNU ၊ KNLA နှင့် PDF ပူးပေါင်းအဖွဲ့များပိတ်ဆို့ထားသည့် ကျုံဒိုး-ကော့ကရိတ် ပြည်ထောင်စုကားလမ်းမကြီးအား တပ်မတော်မှ ဇူလိုင် ၂၄ ရက်တွင် ပြန်လည်ထိန်းချုပ်ဖွင့်လှစ်နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ အဖွဲ့များသည် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွင် အဓိကကျသည့် ဘားအံ-ကျုံဒိုး-ကော့ကရိတ်- မြဝတီ အာရှလမ်းမကြီးနှင့် ကျုံဒိုးမြို့နှင့် ကော့ကရိတ်မြို့တို့အား ယခုနှစ် ဧပြီ ၁၃ ရက်မှစ၍ အောက်ဘိုတဲ- ရန်ကုတ်- ကော့ကရိတ် လမ်းကြောင်း၊ အောက်ဘိုတဲ- မြပတိုင်- အုန်းတပင်- အင်းကြီး- ကျုံဒိုး လမ်းကြောင်း၊ မိကလုံ-နောင်တမံ-တာဝါလဲ- နွားခြံကုန်း-ကျုံဒိုးလမ်း ကြောင်း၊ တောင်ကြာအင်း-မြောက်ကြာအင်း- ကိုးတိုင်- ငါးတိုင် လေးတိုင် လမ်းကြောင်း၊ စက္ကဝက်-အောင်လှိုင်- တမိုင်ကုန်း- ကော့ကရိတ် လမ်းကြောင်းများဖြင့်ဝင်ရောက်ကာ ကျုံဒိုး-ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးအားပိတ်ဆို့ပြီး ကျုံဒိုးမြို့နှင့် ကော့ကရိတ်မြို့တို့အားတိုက်ခိုက်ခဲ့၍ ဒေသတွင်းကုန်စည်စီးဆင်းမှုများရပ်တန့်ခဲ့ကြောင်း သိရသည်။
ထို့ကြောင့် တပ်မတော်မှ ဧပြီ ၁၃ ရက်မှစ၍ ယင်းအဖွဲ့များကို ချေမှုန်းခဲ့သဖြင့် စစ်ဆင်ရေးကာလ ၃ လကျော်အတွင်း တိုက်ပွဲကြီး(၇)ကြိမ်၊ ထိတွေ့တိုက်ပွဲ(၈၅)ကြိမ်ဖြစ်ပွားခဲ့ပြီး လက်နက်ကိုင်အဖွဲ့များ၏ ခေါင်းဆောင်ပိုင်းအချို့ ပြင်းထန်စွာ ဒဏ်ရာရရှိခြင်းအပါအဝင် အလေ-ာင်း(၁၇)လေ-ာင်း၊ လက်နက်မျိုးစုံ(၃ဝ)လက်နှင့် ဆက်စပ်ပစ္စည်းများအား သိမ်းပိုက်ရရှိခဲ့ပြီးနောက် ဇူလိုင် ၂၄ ရက်တွင် ကျုံဒိုး-ကော့ကရိတ်လမ်းကြောင်းတစ်လျှောက်အားပြန်လည်ထိန်းချုပ်ဖွင့်လှစ်ပေးနိုင်ခဲ့ကြောင်း သိရသည်။
ထို့နောက် လမ်းမကြီးတစ်လျှောက်တွင် ဒေသခံများ၊ ခရီးသွားများ၊ ကုန်စည်ပို့ဆောင်သည့်ကားများ၊ ခရီးသွားကားများ ဘေးကင်းစွာပုံမှန်အတိုင်း ပြန်လည်သွားလာနိုင်ရေးအတွက် ဖောက်ခွဲဖျက်ဆီးခံခဲ့ရသည့် လမ်း၊ တံတားများအား ပြန်လည်ပြုပြင်ခြင်းနှင့် မိုင်းရှင်းလင်းရေးလုပ်ငန်းများကိုဆောင် ရွက်လျက်ရှိကြောင်း သိရသည်။
ထို့အတူ မြဝတီမှတစ်ဆင့် အာရှလမ်းမကြီးအား ပုံမှန်အတိုင်းပြန်လည်ဖွင့်လှစ်နိုင်ရန် ကျန်ရှိနေသည့် လမ်းပိုင်းအချို့အား အမြန်ဆုံးဆက်လက်ရှင်းလင်းနိုင်ရေးအတွက် စီမံဆောင်ရွက်လျက်ရှိကာ ကျုံဒိုး-ကော့ကရိတ်မြို့များ၏ ဒုတိယအကြိမ် ပြန်လည်ထူ ထောင်ရေးလုပ်ငန်းများနှင့် အနီးဝန်းကျင်ကျေးရွာများအား တရားဥပဒေစိုးမိုးရေး၊ နယ်မြေတည်ငြိမ်ရေးနှင့် နယ်မြေစိုးမိုးရေးလုပ်ငန်းများကိုလည်း တစ်ပြိုင်တည်း ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။




