9 w - Translate

realme ကလည်း ကင်မရာပိုင်းအတွက် လက်တွဲဖော် ရှာတွေ့သွားပါပြီ Ricoh ပါတဲ့ သူက ဂျပန် အခြေစိုက် ကင်မရာ ထုတ်လုပ်သူပါ တခြား electronics တွေလဲထုတ်ပါတယ်
realme နဲ့ကတော့ ကင်မရာပိုင်းကို အဓိက ပူးပေါင်းကြမှာပါ လာမယ့် Oct 14 မှာ မိတ်ဆက်မယ့် realme GT 8 Pro က Powered By Ricoh GR ဖြစ်လာမယ့် ဖုန်းတစ်လုံးပါ
အဓိက အပိုင်းကတော့ Color နဲ့ Algorithms ပိုင်းမှာ သိသာတဲ့ ပူးပေါင်းမှုတွေတွေ့လာရမှာပါ အင်တာနက်မှာတော့ Hardware ပိုင်းတွေပါ ပူးပေါင်းမှုရှိလာမယ် ဆိုထားပါတယ်
သတိမထားမိကြတာတစ်ခုက realme နဲ့ Ricoh က အခုမှ ပူးပေါင်းတာတော့မဟုတ်ပါဘူး
Ricoh GR နဲ့ realme တို့က မနှစ်က တုန်းက GT7 Pro Model အတွက် Shenzhen မှာ ပွဲတစ်ခု ပြုလုပ်ခဲ့ကြပါသေးတယ် Street Photography ပိုင်းကို အသားပေးတဲ့ပွဲပါ
အခုနှစ်တော့ realme GT 8 Pro ပေါ်မှာ Ricoh Logo ပါဝင်လာတော့မှာပေါ့
realme က Ricoh
vivo က ZEISS
Xiaomi က Leica
OPPO က Hasselblad ဆိုတော့ ကင်မရာဘရန်းတွေ ဖုန်းဘရန်းတွေနဲ့ပူးပေါင်းတာ ကုန်သလောက်တောင်ရှိနေပါပြီ

image